Thursday, February 5, 2026

CATEGORY

လူ့အခွင့်အရေး

မူဆယ်-မန္တလေး မောင်းသည့် ကားသမား ဓားပြတိုက်ခံရ

သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့မှ မန္တလေးမြို့သို့ ကားမောင်းသည့် ခရီးသည်တင်ကားသမားတစ်ဦးသည် ဓားပြတိုက်ခံရကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် အောက်တိုဘာလ ၉ ရက်နေ့ ည ၈ နာရီကျော်ဝန်းကျင်အချိန်တွင် မန္တလေးမြို့မှ မူဆယ်မြို့သို့ ခရီးသည် လာပို့သည့် ကားသမားတစ်ဦးသည် မူဆယ်မြို့နယ် တုန်ခန်အနီးတွင် အမည်မသိလက်နက်ကိုင်တပ်ဖွဲ မှ ဓားပြတိုက်ခြင်းကို...

ပင်လောင်းမြို့နယ် ကိုဗစ် ကာကွယ်ဆေးထိုးပြီး သေဆုံးသူ(၃)ဦးထိရှိ

သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ်တွင် ကိုဗစ်- ၁၉ ကာကွယ်ဆေးထိုးပြီးနောက်ပိုင်း သေဆုံးသူ( ၃) ဦး ရှိနေကြောင်း စုံစမ်းသိရှိရသည်။ ပင်လောင်းမြို့ အရှေ့ဘက် ရပ်ကွက်တွင် စက်တင်ဘာ လလယ်က စတင်ပြီး ကိုဗစ် ၁၉ ကာကွယ်ဆေးထိုးပြီးသူများ (၂) ရက်ကြာတွင် သေဆုံးသွားကြောင်း၊ လက်ရှိတွင် သေဆုံးသူ (၃)...

(၁) လနီးပါး ထွက်ပြေးလာသည့် စစ်ရှောင်တစ်ချို့ နေရပ်သို့ ပြန်သွား

သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ်အတွင်းရှိ စစ်ရှောင်များအချို့ နေရပ်သို့ ပြန်သွားပြီဖြစ်ကြောင်း စုံစမ်းသိရှိရသည်။ စက်တင်ဘာ (၁၄) ရက်နေ့ကတည်းက သျှမ်းတပ် (၂) တပ်တိုက်ပွဲကြောင့် ဟိုခဲကျေးရွာအုပ်စုရှိ ဒေသခံများ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း သိရှိရသည်။ “မနေ့တော့ တစ်နေ့လုံး လက်နက်သံတွေ မကြားရတော့ဘူး။ ဒီနေ့တော့ မပြောတတ်သေးဘူး။ ဟိုခဲကျေးရွာအုပ်စုထဲက ကျေးရွာ တွေ အများကြီး...

ဟူးကွက်ကျေးရွာ သောက်သုံးရေ ပိုးသတ်ဆေးအနံ့ရ

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် ဟူးကွက်ကျေးရွာ အရှေ့ဘက်ခြမ်း သဘာဝတောင်ကျ သောက်သုံးရေ ပိုးသတ်ဆေးအနံ့ရနေကြောင်း ဒေသခံများ ပြောပြချက်အရသိရသည်။ ကျောက်မဲမြို့နယ် ဟူးကွက်ကျေးရွာ အရှေ့ဘက်ခြမ်းရှိ သဘာဝ တောင်ကျရေသည် ယမန်နေ့ (အောက်တိုဘာ ၇) မနက် ၉ နာရီမှ စပြီး ရေများအမြှုပ်ထကာ ပိုးသတ်ဆေးနံ့ရနေကြောင်း ဒေသခံများက ပြောသည်။ “...

ဖယ်ခုံမြို့နယ် စစ်ကောင်စီမှ ဖမ်းသွားသည့် လူငယ်များ ထောင်ဝင်စာတွေ့ခွင့်မရှိ

သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ်အတွင်းတွင် ပြီးခဲ့သည့် စက်တင်ဘာလနှောင်းပိုင်းနှင့် ယခု အောက်တိုဘာ လဆန်းပိုင်းအတွင်း စစ်ကောင်စီတို့၏ မတရားဖမ်းဆီးမှုကို ခံရသည့် လူငယ်များသည် ထောင်ဝင်စာတွေ့ခွင့် မရှိကြောင်း စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် စက်တင်ဘာလ ၃၀ ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် ကုန်းသာတိုက်ပွဲအပြီးတွင် စစ်ကောင်စီတို့သည် ဖယ်ခုံမြို့နယ်အတွင်း ခြေကျင်လှည့်လည်ပြီး အပြစ်မဲ့ လူငယ်...

မိုင်းကိုင် မြေမြုပ်မိုင်းနင်းမိပြီးနောက် စစ်ရှောင်များ စိုးရိမ်နေ

သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ်အတွင်းရှိ အရပ်သား သွားလာသည့်နေရာထိ မြေမြုပ်မိုင်းများ လာရောက်ထောင်ထားသည့်အတွက် စစ်ရှောင်ပြည်သူများ နေရပ်ပြန်ပါက မိုင်းအခြေအနေကို စိုးရိမ်နေကြကြောင်း စုံစမ်းသိရသည်။ အောက်တိုဘာ (၅) ရက်နေ့က ဟမ်းငိုင်းကျေးရွာအုပ်စု နော်ဆိုင်ကျေးရွာရှိ လိမ္မော်ခြံအတွင်း အမျိုးသား (၂) ဦးမြေမြုပ်မိုင်း နင်းမိသည့်အတွက် စစ်ရှောင်များသည် နေရပ်သို့ ပြန်လျှင် မိုင်းအန္တရာယ်ကို...

စစ်ကောင်စီ ဖမ်းဆီးသွားသည့် တောင်ကြီးဆေးကျောင်းသူ ပုဒ်မ ၅၀ (ည) ဖြင့် အမှုဖွင့်ခံရ

သျှမ်းပြည် တောင်ကြီးမြို့ ဆေးတက္ကသိုလ်မှ ပထမနှစ် ကျောင်းသူ မကြယ်စင်လင်းလက် ကို စစ်ကောင်စီတို့က အကြမ်းဖက်ဖမ်းဆီးခေါ်ဆောင်သွားပြီး ပုဒ်မ ၅၀ (ည) ဖြင့် အမှုဖွင့် တရားစွဲဆိုထားကြောင်း စုံစမ်းသိရှိရသည်။ တောင်ကြီးမြို့သို့ ကျောင်းလာတက်ပြီး စစ်အာဏာသိမ်းမှုနှင့် ကိုဗစ် - ၁၉ ရောဂါအခြေအနေကြောင့် နေအိမ်သို့ ပြန်နေသည့်...

မိုင်းကိုင်မြို့နယ်အတွင်း စစ်ရှောင် (၅၀၀၀) ကျော်ထိရှိလာ

သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ်အတွင်း စစ်ရှောင်များ (၅၀၀၀) ကျော်ရှိပြီး ကိုဗစ်-၁၉ ကာကွယ်ရေးသုံး ပစ္စည်း နှင့် အသိပညာပေးများ အရေးပေါ် လိုအပ်နေကြောင်း စုံစမ်းသိရှိရသည်။ ထိုစစ်ရှောင်များသည် မိုင်းကိုင်မြို့နယ် ပန်ကေတုကျေးရွာအုပ်စုမှာ (၃၆၀၀) ကျော် ရှိပြီး၊ ဟမ်းငိုင်းကျေးရွာအုပ်စုမှာ (၁၂၀၀) ကျော်ရှိပြီး ၊ ဝိန်းငင်းဘုန်းကြီးကျောင်း (၁၀၀)ကျော်...

ကလောပြည်သူ့ဆေးရုံမှ CDM လုပ်သည့် ဝန်ထမ်းများ ဖိအားပေးခြိမ်းခြောက်ခံနေရ

သျှမ်းပြည်တောင်ပိုင်း ကလောမြို့ရှိ မြို့နယ်ပြည်သူ့ဆေးရုံမှ CDM လုပ်သည့် ဝန်ထမ်းများ ဖိအားပေးခြိမ်းခြောက် ခံနေရကြောင်း စုံစမ်းသိရှိရသည်။ ကလောမြို့ပြည်သူ့ဆေးရုံမှ CDM မပြုလုပ်သည့် ဝါရင့် သူနာပြုဆရာမကြီး တစ်ဦးသည် CDM လုပ်ဆောင်သည့် ဝန်ထမ်းများ၏ အမည်စာရင်းနှင့် ကိုယ်ရေးအချက်အလက်များကို ထွေအုပ်ရုံးသို့ ပို့ဆောင်ပေးပြီး အလုပ်ပြန်ဆင်းရန် ခြိမ်းခြောက်စာများ ပေးပို့လာကြောင်း...

မိုင်းငေါ့ မှတ်ပုံတင် မရှိ စစ်ရှောင်များ ကိုဗစ်ကာကွယ်ဆေးထိုးရန် အခက်ကြုံနေ

သျှမ်းမြောက် ကျောက်မဲမြို့နယ် မိုင်းငေါ့မြို့တွင် ရောက်ရှိခိုလုံနေကြပြီး မှတ်ပုံတင်မရှိသည့် စစ်ရှောင်များ ကိုဗစ်ကာကွယ်ဆေးထိုးရန် အခက်ခဲ ကြုံနေကြောင်း သတင်းရရှိသည်။ မိုင်းငေါ့တွင် စစ်ရှောင် (၂၀၀)ကျော် ရှိနေပြီး မှတ်ပုံတင် မရှိသည့်အတွက် ကာကွယ်ဆေးထိုးရန် အခက်ခဲ ကြုံနေတာဖြစ်ကြောင်း စစ်ရှောင်ကူညီသူများက ပြောသည်။ “သူတို့တွေ စစ်ရှောင်လာတော့ စာရွက်စာတမ်းတွေ ဘာမှ မပါလာဘူး၊...

Latest news