အောင်ပန်းမြို့ စစ်ကောင်စီမှ အမျိုးသမီးကိုလာရှာစဉ် အိမ်ပစ္စည်း မွှေနှောက် ဖုန်းယူသွား

သျှမ်းပြည်တောင်ပိုင်း အောင်ပန်းမြို့ မင်္ဂလာရပ်ကွက်တွင်နေထိုင်သည့် အမျိုးသမီး တစ်ဦးကို စစ်ကောင်စီအုပ်စုက လာရောက်ရှာဖွေစဉ် နေအိမ်ရှိပစ္စည်းများကို ဝင်ရောက်ဖျက်ဆီးပြီး ဖုန်းများကိုလည်း သိမ်းယူသွားကြောင်း စုံစမ်းသိရသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၂ ရက်နေ့ ည ၁၁ နာရီခွဲဝန်းကျင်တွင် အောင်ပန်းမြို့ မင်္ဂလာရပ်ကွက်ရှိ နေအိမ်တစ်ခုအား စစ်ကောင်စီတို့မှ အင်အားအလုံးအရင်းဖြင့် လာပြီး တံခါးကို ဖျက်ဆီးဝင်ရောက်စီးနင်းကာ အမျိုးသမီးတစ်ဦးကို လာရောက် ရှာဖွေခဲ့ကြောင်း သိရသည်။

“၁၁ နာရီခွဲလောက်ရှိနေပြီ ကားနဲ့ ရောက်လာကြတာ၊ ရဲရော စစ်သားရော၊ အရပ်ဝတ်နဲ့ ရပ်ကွက်ထဲက လူတချို့ ကလည်းပါတယ်၊ စုစုပေါင်း ၂၀ ကျော်လောက်ရှိတယ်၊ စာရွက်တစ်ရွက်နဲ့ အိမ်ထဲဝင်လာတယ်၊ သူ့နာမည်ပြောပြီး မေးစရာရှိလို့လာခေါ်တာတဲ့၊ မရှိဘူး၊ ခရီးထွက်နေတယ် ပြောတော့ ပစ္စည်းတွေကို မွှေနှောက်ဖျက်ဆီးပြီး တွေ့သမျှ ဖုန်းတွေ ယူသွားတယ်” ဟု ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

စစ်သားတို့လာရှာသည့် အိမ်မှ အမျိုးသမီးသည် ခရီးထွက်နေတာ တစ်ပတ်ခန့်ရှိနေပြီး မည်သည့်အကြောင်းကြောင့် စစ်ကောင်စီတို့မှ လာရှာသည်ကိုလည်း မသိရကြောင်း မိသားစုဝင်နှင့် နီးစပ်သူများက ပြောသည်။

“သူခရီးထွက်နေတာ တစ်ပတ်ခန့်ရှိနေပြီ၊ အိမ်မှာ သူ့အမေရယ်၊ သူ့သမီးရယ်ပဲ ကျန်ခဲ့တယ်၊ ပြီးတော့ အမေဖြစ် သူကလည်း လူကြီးရောဂါနဲ့ အိပ်ရာထဲလှဲနေတာ၊ အဲ့ညက စစ်သားတွေ လာသောင်းကျန်းသွားလို့ အောက်စီဂျင် တောင် တပ်ပေးလိုက်ရတယ်” ဟု အထက်ပါပုဂ္ဂိုလ်က ပြောသည်။

စစ်ကောင်စီတို့သည် ၎င်းတို့လာရှာသည့် အမျိုးသမီးကို မတွေ့သဖြင့် ယူဆောင်သွားသည့် လက်ကိုင် ဖုန်း(၃) လုံးကို နောက်တစ်ရက်(နိုဝင်ဘာ ၃ရက်) မနက်ပိုင်းအချိန်တွင် ပြန်လည်ယူဆောင်လာပြီး Lock ဖွင့်ခိုင်းကြောင်းလည်း မျက်မြင်တွေ့ရသည့် ဒေသခံများက ပြောသည်။

“အိမ်နီးချင်းတွေ သွားပြီး အိမ်တွင်းသန့်ရှင်းရေး ကူလုပ်နေတဲ့အချိန်မှာ စစ်သားတွေ ပြန်ရောက်လာတယ်၊ ဖုန်း Lock ဖွင့်ပေးပါ၊ မဖွင့်ရင် လက်ဖြတ်ပစ်မယ်ဆိုလို့ တစ်လုံးက ဖွင့်ပေးလိုက်တယ်၊ ကျန်တဲ့ဟာတွေတော့ သူ(အမျိုးသမီး၏ သမီး)လည်းမသိလို့တဲ့” ဟု ဒေသခံတစ်ဦးကလည်း ပြောသည်။

ယခုရက်ပိုင်းတွင် အောင်ပန်းမြို့နယ်အတွင်း ရပ်ကွက်နေပြည်သူများနှင့် လူငယ်များစွာတို့ကို စစ်ကောင်စီတို့မှ အကြောင်းမဲ့ ဖမ်းဆီး ရိုက်နက်ခြင်းများ နေ့စဥ်ရက်ဆက်ရှိလာကြောင်းလည်း သတင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မာရီဂိုးလ်ပန်းစက်ရုံထွက်အနံ့ကြောင့် ဒေသခံများ ခေါင်းမူး၊ အော့အန်မှုဖြစ်

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်းတယမြို့နယ် ပွေးလှကျေးရွာ နှင့် တောင်ကြီးမြို့နယ် ရေပူကျေးရွာ၊ တောင်နီကျေးရွာတွင် ရှိသည့် မာရီဂိုးလ် ပန်းစက်ရုံထွက် အညစ်အကြေးနှင့် အနံ့ဆိုးကြောင့် ‌ ခေါင်းမူး၊ အော့အန်မှုများဖြစ်၍ ချောင်းအတွင်း ငါးများလည်း သေဆုံးမှုရှိနေကြောင်း သတင်းရရှိသည်။ သျှမ်းတောင်တွင် မာရီဂိုးလ်ပန်းများကို တရုတ်ကုမ္ပဏီများနှင့် စာချုပ်ချုပ်ဆို၍ စိုက်ပျိုးသူများလာပြီး တရုတ်ကုမ္ပဏီဘက်မှ...

ဘဏ်အကောင့်ဖွင့်ပေးမည်ဆိုပြီး မှတ်ပုံတင်များကို ပုံရိုက်ယူကာ ကျားဖြန့်ထံရောင်းစားသူများရှိ

0
သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့နယ်အတွင်းတွင် ကားရပ်နားရာ နေရာများနှင့် အခြားသော လူသွားလူလာ များပြားသည့် နေရာများတွင် လူတစုမှ ဧရာဝတီဘဏ်အကောင့်နှင့် ကမ္ဘောဇဘဏ် အကောင့် ဖွင့်ပေးမည်ဆို၍ မှတ်ပုံတင်နှင့် မျက်နှာကို ပုံရယူကာ ကျားဖြန့်များထံ ရောင်းစားမှုရှိနေကြောင်း စုံစမ်းသိရသည်။ သျှမ်းတောင်၊ တောင်ကြီးမြို့နယ် အောင်ပန်းမြို့ ဘက်တွင် သက်လတ်ပိုင်းလူတစုက...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

အောင်ပန်းမြို့ အသက် (၆) နှစ်အရွယ် ကလေးထံ နားကပ်လုပြီး သတ်ခဲ့သူကို ဖမ်းမိ

0
သျှမ်းပြည်တောင်ပိုင်း၊ အောင်ပန်းမြို့အနီး နောင်ရဲကျေးရွာမှ အသက် (၆) နှစ် ကလေးငယ်ထံမှ နားကပ်လုပြီး သတ်ဖြတ်ခဲ့သူကို ဖမ်းဆီးမိကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ (၆) ရက် ညနေ ၅ နာရီခွဲ တွင် အောင်ပန်းမြို့ နောင်ရဲကျေးရွာရှိ အသက် (၆) နှစ်အရွယ် မဆောင်းနှင်းကို...

အောင်ပန်းတွင် အသက် (၆) နှစ်အရွယ်ကလေး နားကပ်လုခံရပြီး ရေထဲပစ်ချခံရ

0
သျှမ်းပြည်တောင်ပိုင်း၊ အောင်ပန်းမြို့ နောင်ရဲကျေးရွာနေ အသက် (၆)နှစ်အရွယ် ကလေးတဉီးသည် နားကပ် လုခံရပြီး ရေတွင်းထဲ ပစ်ချခံရကာ သေဆုံးသွားကြောင်း သတင်းရရှိသည်။   ဖြစ်စဉ်မှာ ယမန်နေ့ ဩဂုတ်လ (၆) ရက်နေ့ ညနေ ၅ နာရီခွဲ တွင် အောင်ပန်းမြို့ နောင်ရဲကျေးရွာရှိ အသက် (၆)...