CATEGORY

လူ့အခွင့်အရေး

ဟဲဟိုးမြို့ ပရဟိတအဖွဲ့ဝင် (၁၀)ဦး ဖမ်းဆီးခံရ၊ ယနေ့ထိမလွှတ်သေး

သျှမ်းပြည်တောင်ပိုင်း ဟဲဟိုးမြို့ “စုပေါင်းအင်အား” ပရဟိတ အဖွဲ့ဝင် (၁၀)ဦးကို စစ်ကောင်စီက အကြောင်းမဲ့ဖမ်းဆီးသွားကြောင်း စုံစမ်းသိရှိရသည်။ ထို ပရဟိတအဖွဲ့ဝင် (၁၀)ဦးကို နိုဝင်ဘာလ (၂)ရက်နေ့ ညသန်းခေါင်ယံ ၁၂ နာရီ ဝန်းကျင်တွင် စစ်ကောင်စီအုပ်စုမှ အကြောင်းပြချက်မဲ့ ဖမ်းဆီးခဲ့ပြီး ထိုဖမ်းဆီးခံရသည့်သူများထဲတွင် အမျိုးသား (၉)ဦးနှင့် အမျိုးသမီး...

ကျောက်မဲ မိုင်းထိ အမျိုးသား တစ်ဦး ခြေတစ်ဖက် ဖြတ်ရ

သျှမ်းမြောက် ကျောက်မဲမြို့နယ် ပုံးလုံကျေးရွာဒေသခံ အမျိုးသားတစ်ဦးသည် ပြီးခဲ့သည့် အောက်တိုဘာတွင် မိုင်းနင်းမိခဲ့ပြီး ထိုမိုင်းထိဒဏ်ရာကြောင့် ခြေတစ်ဖက် ဖြတ်လိုက်ရကြောင်း သတင်းသိရသည်။ ထို အမျိုးသားမှာ အသက် (၅၆)နှစ်ရှိ ဦးစံညွန့်ဖြစ်ပြီး လက်ရှိတွင် ကျောက်မဲဆေးရုံ အရိုးကုဆောင်တွင် ဆေးကုသမှု ဆက်လက်ခံယူနေကြောင်း သိရသည်။ “ညာဘက် ဒူးအောက်ကနေ ဖြတ်လိုက်ရတာ၊ မန္တလေးမှာ...

မိုင်းကိုင် ပန်ကေတု စစ်ရှောင်(၃၀၀)ကျော် စားနပ်ရိက္ခာလိုအပ်နေ

သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ် ပန်ကေတုကျေးရွာရှိ နေရပ်မပြန်နိုင်သေးသည့် စစ်ရှောင် (၃၂၀)ကျော် စားနပ်ရိက္ခာလိုအပ်နေကြောင်း စုံစမ်းသိရှိရသည်။ အဆိုပါ နေရပ်သို့ မပြန်နိုင်သေးသည့် ကုန်းလျန်းကျေးရွာက ဒေသခံများသည် ကျေးရွာအတွင်း နှစ်ဘက် စစ်ရေးတင်းမာမှု ရှိနေသောကြောင့် နေရပ်သို့ မပြန်ရဲသေးကြောင်း စစ်ရှောင်အမျိုးသား တစ်ဦးက ပြောသည်။ “စားနပ်ရိက္ခာတွေလည်း မရှိတော့ဘူး။ အလှူရှင်တွေ ရောက်မလာတာ...

ဖယ်ခုံမြို့ စစ်ရှောင်များကို ကူညီပေးနေသူ အပါအဝင် ဆက်စပ်သူ ၇ ဦး ဖမ်းဆီးခံရ

သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့ ညောင်ကုန်း အမှတ် ၃ ရပ်ကွက်တွင် နေထိုင်သည့် စစ်ရှောင်များကို စားနပ်ရိက္ခာများ ကူညီပေးနေသူနှင့် ဆက်စပ်သူ ၇ ဦးတို့ကို စစ်ကောင်စီက ဖမ်းဆီးသွားကြောင်း စုံစမ်းသိရသည်။ ယနေ့ (နိုဝင်ဘာလ ၁၅ ရက်) မနက် ၉ နာရီတွင် ဖယ်ခုံမြို့ ညောင်တုန်း...

ဖယ်ခုံမြို့နယ် စစ်ရှောင်ရှိသည့်နေရာ စစ်ကောင်စီ တပ်စွဲပြီး၊ လူငယ်တစ်ဦးကို ဖမ်းဆီးထား

သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ် ခေါင်းအိကျေးရွာအုပ်စု ကောင်ဝှပ်ကျေးရွာတွင် စစ်ကောင်စီ တပ်ဖွဲ့သည် ရွာထဲတပ်ဝင်စွဲထားပြီး လူငယ်တစ်ဦးကို ထပ်မံဖမ်းဆီးထားကြောင်း စုံစမ်းသိရှိရသည်။ ထို ကောင်ဝှက်ကျေးရွာသည် စစ်ရှောင်များရှိသည့်ကျေးရွာဖြစ်ပြီး ယမန်နေ့ နိုဝင်ဘာ (၁၄)တွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ရွာထဲသို့ လာရောက်တပ်စွဲထားပြီး လူငယ်တစ်ဦးကိုပါ ဖမ်းဆီးသွားသောကြောင့် ရွာတွင်းရှိ ဒေသခံများနှင့်စစ်ရှောင်များ ထပ်မံ...

စစ်ပွဲ အမြန်ရပ်စဲပြီး ဆွေးနွေးညိနှိုင်းနည်းလမ်းဖြင့် ပြဿနာကို အမြန်ဖြေရှင်းရန် လိုအပ်

စစ်ပွဲသည် ပြဿနာဖြေရှင်းသည့် နည်းလမ်းမဟုတ်ကြောင်း၊ စစ်ပွဲအမြန်ဆုံးရပ်စဲပြီး ဆွေးနွေးညှိနှိုင်းသောနည်းလမ်းဖြင့် ပြဿနာကို အမြန်ဖြေရှင်းကြရန် သျှမ်းပြည် သံဃာနှင့် ပြည်သူ ငြိမ်းချမ်းရေး ပူးပေါင်းဆောင်ရွက်ရေး ကော်မတီက တိုက်တွန်းလိုက်သည်။ ထိုတိုက်တွန်း တောင်းဆိုမှုကို သျှမ်းပြည် သံဃာ နှင့် ပြည်သူငြိမ်းချမ်းရေး ပူးပေါင်းဆောင်ရွက်ရေး ကော်မတီက နိုဝင်ဘာ ၁၃ ရက်တွင်...

မိုင်းကိုင်စစ်​ရှောင် ၃၀၀ ကျော် နေရပ်မပြန်ရဲသေး

သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့ နယ် ပန်ကေတု ကျေးရွာအုပ်စုထဲတွင် လာရောက်ခိုးလှုံနေသည့် စစ်ဘေးရှောင်  ၃၀၀ ကျော်က နေရပ်ကို မပြန်ရဲသေးကြောင်း စုံစမ်းသိရှိရသည်။ ယမန်နေ့ (နိုဝင်ဘာ ၁၀)တွင် တိုက်ပွဲအသံငြိမ်နေသည့် ကျေးရွာမှ စစ်ဘေးရှောင် (၁၀၅) ဦး နေရပ် ပြန်သွားခဲ့ကြသော်လည်း ကုန်လျန်းကျေးရွာ ဒေသခံ ၃၂၇...

အောင်ပန်းမြို့အတွင်း နှစ်ညဆက်တိုက် စစ်ကောင်စီက ရပ်ကွက်လှည့်ပြီး သေနတ်ပစ်ခတ်ခြောက်လန့်နေ

သျှမ်းပြည်တောင်ပိုင်း အောင်ပန်းမြို့တွင် စစ်ကောင်စီတပ်ဖွဲ့သည် နှစ်ရက်ဆက်တိုက် ရပ်ကွက်တွင်းလှည့်ပြီး သေနတ်ဖြင့် ပစ်ခတ်ခြောက်လှန့်မှုများ ပြုလုပ်ကြောင်း ဒေသခံများက ပြောသည်။ ယမန်နေ့ အောက်တိုဘာလ ၉ ရက် ည ၁၀ နာရီဝန်းကျင်တွင် အောင်ပန်းမြို့ရှိ ဟိုက်ဒရိုက်ကားကွင်းမှ စတင်ကာ ရပ်ကွက်များဘက်အထိ စစ်ကောင်စီတို့မှ သေနတ်ဖြင့် ပစ်ခတ်ခြောက်လှန့်ခြင်းများ ပြုလုပ်ခဲ့ကြောင်း...

သီပေါစစ်ရှောင် စားနပ်ရိက္ခာလိုအပ်နေ

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်တွင် တိုင်းရင်းသားလက်နက်ကိုင်တိုက်ပွဲကြောင့် ဒေသခံ (၃၀၀)ကျော် ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး စားနပ်ရိက္ခာများ လိုအပ်နေကြောင်း စုံစမ်းသိရှိရသည်။ နိုဝင်ဘာ (၇)ရက်က မြောက်ပိုင်း တပ်ပေါင်းစုနှင့် ( RCSS/SSA) တို့သည် သီပေါမြို့နယ် ဟာလျံကျေးရွာ၊ ဆွန်လုံကျေးရွာ၊ ချောင်းဆုံကျေးရွာအနီး တိုက်ပွဲဖြစ်ပွားမှုကြောင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း သိရှိရသည်။ “ထွက်ပြေးလာတာ (၃၀၀)ကျော်ရှိနေပြီ။...

ကျောက်မဲ ဟိုင်းပုကျေးရွာထိ တပ်ပေါင်းစု ရောက်လာ ဒေသခံများ ထိတ်လန့်ထွက်ပြေး

သျှမ်းမြောက် ကျောက်မဲမြို့ မန်ခါစစ်ရှောင်စခန်းအနီးရှိ ဟိုင်းပုကျေးရွာအတွင်း ယနေ့ (နိုဝင်ဘာ ၉)ရက် မနက်ပိုင်းတွင် တပ်ပေါင်းစု အင်အား (၁၀၀)ခန့် ရောက်ရှိလာသဖြင့် ဒေသခံများ ထိတ်လန့်ကာ ထွက်ပြေး တိမ်းရှောင်ခဲ့ကြကြောင်း သတင်းရရှိသည်။ ဟိုင်းပု ကျေးရွာအတွင်း တပ်ပေါင်းစုတို့ ရောက်ရှိလာပြီးနောက် ဟိုင်းပုဒေသခံ အပါအဝင် အနီးကပ်လျက်ရွာမှ ဒေသခံများလည်း...

Latest news