ဟဲဟိုးမြို့ ပရဟိတအဖွဲ့ဝင် (၁၀)ဦး ဖမ်းဆီးခံရ၊ ယနေ့ထိမလွှတ်သေး

သျှမ်းပြည်တောင်ပိုင်း ဟဲဟိုးမြို့ “စုပေါင်းအင်အား” ပရဟိတ အဖွဲ့ဝင် (၁၀)ဦးကို စစ်ကောင်စီက အကြောင်းမဲ့ဖမ်းဆီးသွားကြောင်း စုံစမ်းသိရှိရသည်။

ထို ပရဟိတအဖွဲ့ဝင် (၁၀)ဦးကို နိုဝင်ဘာလ (၂)ရက်နေ့ ညသန်းခေါင်ယံ ၁၂ နာရီ ဝန်းကျင်တွင် စစ်ကောင်စီအုပ်စုမှ အကြောင်းပြချက်မဲ့ ဖမ်းဆီးခဲ့ပြီး ထိုဖမ်းဆီးခံရသည့်သူများထဲတွင် အမျိုးသား (၉)ဦးနှင့် အမျိုးသမီး တစ်ဦး ပါဝင်ကြောင်း သိရသည်။

“စစ်ဆေးဖို့ရှိတယ် ဆိုပြီးတော့ ည အချိန်ကြီး လာခေါ်သွားတယ်။ (၁၀)ယောက်လောက်ဖမ်းသွားတယ်။ အမျိုးသမီးတစ်ဦး ပါတယ်။ သူတို့က ကိုဗစ် ၁၉ ကူးစက်နေတဲ့သူတွေကို ကူညီပေးနေတာ။ ပရဟိတအလုပ်တွေဘဲ လုပ်တယ်” ဟု ဖမ်းဆီးခံရသူ၏ မိသားစုဝင် တစ်ဦးက ပြောသည်။

“စုပေါင်းအင်အား” ပရဟိတအဖွဲ့သည် ဟဲဟိုးမြို့ရှိ ကိုဗစ် -၁၉ ပိုးကူးစက်လူနာများအတွက် အောက်စီဂျင် လိုက်ရှာကူညီပေးနေသည့် အဖွဲ့ဖြစ်ပြီး၊ ထိုပရဟိတ အဖွဲ့ဝင်များကို အကြောင်းမဲ့ဖမ်းဆီးနေသည့်အတွက် လက်ရှိမှာ ကိုဗစ်-၁၉ ကူးစက်သူများကို ကူညီပေးမည့်သူမရှိတော့ကြောင်းလည်း ဒေသခံတစ်ဦးက ပြောသည်။

“သူတို့က အောက်စီဂျင်လိုအပ်နေတဲ့သူတွေကို ကူညီပေးနေတာ။ နိုင်ငံရေးနဲ့ပတ်သက်တာတွေလည်း မလုပ်ဘူး။ သူတို့ကိုဖမ်းသွားတော့ ဒီမြို့ရဲ့ ပရဟိတတွေက လျော့ကျသွားမယ်။ အောက်စီဂျင် ကူညီပေးတဲ့သူတွေ မရှိတော့ဘူး။ ဖြစ်နိုင်ရင် အမြန်ဆုံးပြန်လွှတ်ပေးစေချင်တယ်” ဟု ဟဲဟိုးမြို့ ဒေသခံ တစ်ဦးက ပြောသည်။

ဖမ်းဆီးခံထားရသည့် ပရဟိတအဖွဲ့ဝင် (၁၀)ဦးတို့သည် လက်ရှိအချိန်ထိ မိသားစုဝင်များနှင့် အဆက်သွယ် မရရှိသေးကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျောက်မဲတွင် စစ်ကော်မရှင်တပ်နှင့် SSPP ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်အတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို လာရောက်ရှာဖွေသည့် စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၀ ရက်) နံနက် ၁၁ နာရီကျော်တွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို ရှာဖွေရန်...

တာချီလိတ် စုံ၊မ ရက် မောင်းနှင်မှု ချိုးဖောက်လျှင် ထောင်ဒဏ်တစ်လ နှင့် ငွေဒဏ်ချမှတ်မည်

0
သျှမ်းပြည် အ‌‌ရှေ့ပိုင်း တာချီလိတ်မြို့နယ်တွင် စက်သုံးဆီချွေတာရေးအတွက် စစ်ကော်မရှင် သတ်မှတ်ထားသည့် စုံ၊ မရက် မောင်းနှင်မှုချိုးဖောက်လျှင် ထောင်ဒဏ်တစ်လနှင့် ငွေဒဏ်ချမှတ်သွားမည်ဟု သတင်းရရှိသည်။ ယမန်နေ့ (မတ်လ ၉ ရက်) တာချီလိတ်မြို့နယ်တွင် စစ်ကော်မရှင်မှ စက်သုံးဆီချွေတာ‌ရေးအတွက် စုံ၊ မရက်ခွဲခြားပြီး မော်တော်ယာဉ် မောင်းနှင်သည့် စနစ်ကို ၎င်းလက်အောင်ခံတာဝန်ရှိ...

ရှုပ်ထွေးပွေလီ ကိစ္စများကြား တရုတ်အတွက် အိန္ဒိယ သမုဒ္ဒရာထွက်ပေါက်ပေးချင်တဲ့ စစ်ကောင်စီ

0
မြန်မာနိုင်ငံသည် တရုတ်အတွက် အိန္ဒိယသမုဒ္ဒရာထွက်ပေါက် ဖန်တီးပေးနိုင်သည့် နိုင်ငံဖြစ်ကြောင်း ယခုနှစ် ၂၀၂၆ တရုတ်နှစ်သစ်ကူးပွဲတော် အခမ်းအနားတွင် စစ်ကောင်စီ ဒုခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ထည့်သွင်း ပြောကြားခဲ့သည်။ စစ်ရေးပဋိပက္ခများ ပြင်းထန်ခဲ့သည့် သျှမ်းပြည်မြောက်ပိုင်းကို ဖြတ်သန်းသွားမည့် မူဆယ်-မန္တလေး ရထားလမ်းစီမံကိန်းနှင့် အခြားသော စီးပွားရေးစီမံကိန်းကြီးများကိုလည်း တရုတ်နိုင်ငံအတွက် အိန္ဒိယသမုဒ္ဒရာ...

မိုးဗြဲအနောက်ခြမ်းကို စစ်တပ် စစ်ကြောင်းထိုး၊ စစ်ရှောင်များ သတိထားသွားလာရန် 

0
သျှမ်း - ကရင်နီ န​ယ်စပ် မိုးဗြဲမြို့အနောက်ဘက်ခြမ်းရှိ ကျေးရွာများကို စစ်ကောင်စီတပ် နှင့် ၎င်းလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) တို့ အင်အားအလုံးအရင်းဖြင့်  စစ်ကြောင်းထိုးနေကြောင်း မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်က ယမန်နေ့ ( ဖေဖော်ဝါရီလ ၂၅ ရက်)တွင် ထုတ်ပြန်ထားသည်။  ဖယ်ခုံမြို့နယ် မိုးဗြဲမြို့ အနောက်ဘက်ခြမ်းရှိ လွယ်ယင်းမင်္ဂလာကျေးရွာ နှင့် လာမောက်ရွာဖက်ကို  စစ်ကောင်စီတပ်နှင့် PNO စစ်ကြောင်းထိုးမှုများရှိနေကြောင်းကို စစ်ရေးသတင်းအရင်းမြစ်တစ်ဦးက...

လားရှိုးမြို့အဝင်အထွက် MNDAA စစ်ဆေးမှုတင်းကြပ်၊ စစ်တပ်ဘက်မှ လမ်းပိုင်းအချို့ ပိတ်ထား

0
သျှမ်းပြည် လားရှိုးမြို့အထွက်ရှိ ကိုးကန့်တပ်ဖွဲ့ MNDAA စစ်ဆေးရေးဂိတ်တွင် စစ်ဆေးမှု တင်းကြပ်နေပြီး အချိန်ကြာမြင့်စွာ စောင့်ဆိုင်းနေရကြောင်း စုံစမ်းသိရသည်။ စစ်ကော်မရှင်တပ် ပြန်လည်ထိန်းချုပ်ထားသည့် လားရှိုးမြို့ထဲမှ သိန္နီဘက်ထွက်သည့် အေတီတံတားထိပ်ရှိ ကိုးကန့်တပ်ဖွဲ့ MNDAA စစ်ဆေးရေးဂိတ်တွင် ဖေဖော်ဝါရီလ တတိယပတ်မှ စတင်ပြီး ကားအဝင်အထွက် စစ်ဆေးတင်းကြပ်နေခြင်းကြောင့် အချိန်ကြာမြင့်စွာ စောင့်ဆိုင်းနေရကြောင်း...