ကျောက်မဲ မိုင်းထိ အမျိုးသား တစ်ဦး ခြေတစ်ဖက် ဖြတ်ရ

သျှမ်းမြောက် ကျောက်မဲမြို့နယ် ပုံးလုံကျေးရွာဒေသခံ အမျိုးသားတစ်ဦးသည် ပြီးခဲ့သည့် အောက်တိုဘာတွင် မိုင်းနင်းမိခဲ့ပြီး ထိုမိုင်းထိဒဏ်ရာကြောင့် ခြေတစ်ဖက် ဖြတ်လိုက်ရကြောင်း သတင်းသိရသည်။

ထို အမျိုးသားမှာ အသက် (၅၆)နှစ်ရှိ ဦးစံညွန့်ဖြစ်ပြီး လက်ရှိတွင် ကျောက်မဲဆေးရုံ အရိုးကုဆောင်တွင် ဆေးကုသမှု ဆက်လက်ခံယူနေကြောင်း သိရသည်။

“ညာဘက် ဒူးအောက်ကနေ ဖြတ်လိုက်ရတာ၊ မန္တလေးမှာ သွားဖြတ်ပြီး ကျောက်မဲကို ပြန်သယ်လာတာ၊ လောလောဆယ် ကျောက်မဲဆေးရုံ အရိုးဆောင်မှာ ထားထားတယ်၊ ဆေးတွေဘာတွေ ထည့်ဖို့ လိုသေးတယ်လေ၊ ကျန်းမာရေးတော့ ကောင်းတယ်” ဟု ကျောက်မဲမြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ ဒုတပ်ဖွဲ့ခွဲမှူး ဆရာမ လွေးဥမ္မာက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ဦးစံညွန့်သည် ပြီးခဲ့သည့် အောက်တိုဘာလ (၁၄)ရက်တွင် ကျောက်မဲ − မိုင်းငေါ့လမ်း နမ့်မန်းကျေးရွာအနီး ချောင်းအတွင်း ခရုဆင်းကောက်စဥ် မိုင်းနင်းမိကာ ဒဏ်ရာရရှိခဲ့ပြီးနောက် ဟူးဆွန်ကျေးလက်ဆေးခန်းတွင် ဆေးကုသနေခဲ့တာဖြစ်ကြောင်း သိရသည်။

ထိုချိန်က ဟူးဆွန်ကျေးရွာအုပ်စုအနီး တိုင်းရင်းသားလက်နက်ကိုင်တပ်အကြား တိုက်ပွဲပြင်းထန်နေသည့်အတွက် ကျောက်မဲဆေးရုံသို့ လာရောက်ကုသရန် အခက်အခဲဖြစ်သဖြင့် ရက် (၂၀)ကြာမှ ကျောက်မဲဆေးရုံသို့ ရောက်ရှိလာခဲ့တာဖြစ်ကြောင်း ဒေသခံ တစ်ဦးက ပြောသည်။

အဆိုပါ မိုင်းထိဒဏ်ရာရရှိထားသည့် အမျိုးသား ဆေးကုသမှုခံယူနိုင်ရန်အတွက် ကျောက်မဲ ကြက်ခြေနီတပ်ဖွဲ့မှ သွားရောက်သယ်ယူကာ မန္တလေးဆေးရု့သို့ ပို့ဆောင်ကူညီပေးခဲ့တာဖြစ်ကြောင်း သိရသည်။

“ဒီလ ၄ ရက်နေ့က ကျမတို့အဖွဲ့ သွားသယ်လာခဲ့တာ၊ သယ်လာပြီး ကျောက်မဲဆေးရုံကနေတစ်ဆင့် မန္တလေးဆေးရုံကြီးကို အဲ့နေမှာပဲ ချက်ချင်း သွားပို့ခဲ့တယ်၊ အဲ့ချိန် သူ့ခြေထောက်ဒဏ်ရာက အရမ်းကို ဆိုးရွားနေပြီလေ” ဟု ဆရာမ လွေးဥမ္မာက ပြောသည်။

အထက်ပါ အမျိုးသား မိုင်းနင်းမိခဲ့သည့် နမ့်မန်းကျေးရွာအနီးတွင် ပြီးခဲ့သည့် (၂)လဝန်းကျင်ကလည်း ဒေသခံများ မိုင်းနင်းမိကာ (၃)ဦး ဒဏ်ရာရရှိခဲ့ပြီး (၁)ဦး သေဆုံးခဲ့သည်။

ထို့အပြင် ပြီးခဲ့သည့် နိုဝင်ဘာ (၁၃)ရက်နေ့က နောင်ဗြစ်ကျေးရွာ ဒေသခံ အမျိုးသမီးမှာလည်း လက်ဖက်ခြံသို့ သွားစဥ် မိုင်းနင်းမိမှုကြောင့် နားထင် မိုင်းစထိမှန် ဒဏ်ရာရရှိခဲ့ပြီး လက်ရှိမှာ ကျောက်မဲဆေးရုံတွင် ဆေးကုသမှု ခံရယူနေကြောင်း သိရသည်။

ကျောက်မဲမြို့နယ်အတွင်း မိုင်းထိ ဒဏ်ရာရရှိခြင်း၊ ဆေးကုသရန် အခက်ခဲကြုံနေခြင်းနှင့် ခြေတုလက်တု တပ်ဆင်ရန် အကူအညီများ လိုအပ်နေပါက ကျောက်မဲ ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ ဒုတပ်ဖွဲ့ခွဲမှူး ဆရာမ လွေးဥမ္မာ (ဖုန်းနံပါတ် 09 96355 0001)သို့ ဆက်သွယ်ကာ အကူအညီ တောင်းခံနိုင်ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ္မတူတွင် စစ်တပ် Y-12 လေယာဉ် ကင်းထောက်ပျံသန်းခြင်းကြောင့် ဒေသခံထိတ်လန့်

0
သျှမ်းပြည် နမ္မတူမြို့နယ်တွင် စစ်တပ်ဘက်မှ Y-12 လေယာဉ်ဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ္မတူမြို့နယ်ထဲ ဇွန်လ ဒုတိယပတ်အတွင်း စစ်တပ်ဘက်မှ Y-12 လေယာဉ်တစ်စင်းဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခံရမည်ကို စိုးရိမ်ထိတ်လန့်နေရကြောင်း နမ္မတူ ဒေသခံများက...

မော်တာနိုင်ငံမှ မီးရှူးမီးပန်းစက်ရုံပေါက်ကွဲမှု ရုပ်သံဗီဒီယိုကို နမ့်ခမ်း TNLA ယမ်းသိုလှောင်ရုံပေါက်ကွဲမှုဗီဒီယိုဆိုပြီး ဖြန့်ဝေနေသည့် သတင်းအမှား

0
မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုကြောင့် တရုတ်ကျွမ်းကျင်ပညာရှင် ၂၅ ဦးနှင့် လူ ၁၇၀ ဦး သေဆုံးသည်ဆိုသည့် ရုပ်သံဖိုင်တစ်ခု ပျံ့နှံ့နေပါသည်။ အဆိုပါရုပ်သံဖိုင်ကို NameisEmil Chan အမည်ရှိ လူမှုကွန်ရက်အကောင့်တစ်ခုမှ စတင်ဖြန့်ဝေခဲ့ခြင်း ဖြစ်သည်။ မူရင်းလင့်ခ် - https://archive.ph/0yLgJ ပျံ့နှံ့နေသော...

နမ့်ခမ်း ယမ်းဂိုဒေါင်ပေါက်ကွဲမှုတွင် TNLA နှင့်အတူ တရုတ်လည်း တာဝန်ရှိဟု ဒေသခံများ ပြော

0
သျှမ်းပြည် နမ့်ခမ်းမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် ယမ်းဂို‌ဒေါင်ပေါက်ကွဲမှုအတွင်း တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့်အတူ တရုတ်နိုင်ငံလည်း တာဝန်ရှိကြောင်း ဒေသခံများက ပြောဆိုလိုက်သည်။ မေလ (၃၁) ရက် နေ့လယ်ပိုင်းတွင် နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA စီးပွားရေးဌာနမှ မိုင်းတွင်းကျောက်ထုတ်လုပ်ရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် သိုလှောင်ထားသော ယမ်းဂိုဒေါင်တစ်ခု...

နမ့်ခမ်းပေါက်ကွဲမှုအပြီး အကူအညီပေးဝေမှုအပေါ် TNLA ဝေဖန်ခံနေရ

0
မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာရှိ လူနေရပ်ကွက်အတွင်း TNLA က သိုလှောင်ထားသည့် ယမ်းများပေါက်ကွဲမှုဖြစ်ပွားပြီးနောက် အကူအညီပေးဝေမှုနှင့် အလှူငွေ စီမံခန့်ခွဲမှု အပေါ် TNLA ကို ဒေသခံများက ဝေဖန်နေကြကြောင်း သတင်းရရှိသည်။  ပြီးခဲ့သည့် (မေလ ၃၁ ရက်)က နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာတွင် မိုင်းတွင်းကျောက်ထုတ်လုပ်ရေး လုပ်ငန်းတွင် အသုံးပြုရန် သိုလှောင်းထားသော ယမ်းများ...

နမ့်ခမ်းမြို့အနီး ပေါက်ကွဲမှုကြီး ဖြစ်ပွား၊ သေဆုံးသူ ၂၀ ကျော်အထိရှိလာ၊ ထိခိုက်ဒဏ်ရာရသူ (၇၀)ကျော်ရှိ

0
သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာအနီးတွင် ယနေ့ နံနက်ပိုင်း၌ ပေါက်ကွဲမှုကြီး တစ်ခုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ အဆိုပါ ပေါက်ကွဲမှုအတွင်း ၂၀ ဦးကျော် သေဆုံးကြောင်း ကနဦး သိရှိရပြီး ထိခိုက်ဒဏ်ရာရသူ (၇၀)ကျော်နှင့် ပိတ်မိနေသူများကိုလည်း ဆက်လက် ကယ်ထုတ်နေဆဲ ဖြစ်ကြောင်း နမ့်ခမ်းမြို့ခံတစ်ဦးက ပြောသည်။ “သေတဲ့လူကတော့ ၂၀...