နမ့်ခမ်းမြို့နယ် ဒေသခံတစ်ဦး လက်နက်ကိုင် တပ်ဖွဲ့ဖမ်းဆီးခေါ်ဆောင်သွား ငွေသား သိန်း (၂) ထောင်တောင်း
SHAN -
သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် မန့်ဟိုင်းကျေးရွာတွင် နေထိုင်သည့် အသက် (၅၀) ကျော် အမျိုးသားတစ်ဦးကို အမည်မသိ လက်နက်ကိုင်တစ်စုက နေအိမ်တွင် လာရောက်ဖမ်းဆီးခေါ်ဆောင်သွားပြီး ငွေကျပ်သိန်း (၂) ထောင် တောင်းခံလာကြောင်း စုံစမ်းသိရှိရသည်။မတ်လ (၇) ရက် (၆) နာရီခွဲခန့်တွင် အသက် (၅၀) ကျော်အရွယ်...
ပင်လောင်းမြို့နယ် ကက်သလစ် ဘုရားကျောင်းနှင့် မယ်တော်ရုပ်ထု ဖျက်ဆီးခံရ
SHAN -
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် ပေါင်းလောင်းမြို့ တတန်ကူးကျေးရွာ ကယန်းကသလစ် တတန်ကူးမယ်တော် နှင့် ဘုရားကျောင်းကို PNO/PNA က ဖျက်ဆီးခဲ့ကြောင်း သတင်းရရှိသည်။ ယမန်နေ့ (မေလ ၁၀ )ရက် မနက်ပိုင်းတွင် PNA အဖွဲ့က ပင်လောင်းမြို့နယ် တတန်ကူးကျေးရွာရှိ မယ်တော်ကို လာရောက် ဖျက်ဆီးခဲ့ပြီး လွန်ခဲ့သည့်...
ရွာငံမြို့နယ် ပြည်သူ ၁၀ ဦးကို စစ်ကောင်စီမှ သတ်ဖြတ်ခဲ့ကြောင်း SHRF ကထုတ်ပြန်
SHAN -
သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ်အတွင်း ဖေဖော်ဝါရီ မှ ဧပြီလအထိ စစ်ကောင်စီမှ ပြည်သူ ၁၀ ဦးကို ရက်စက်စွာ သတ်ဖြတ်ခဲ့ကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် SHRF က ထုတ်ပြန်ခဲ့သည်။ရွာငံမြို့နယ်တွင် စစ်ကောင်စီမှ ပြည်သူ (၁၀) ဦးကိုသတ်ဖြတ်ခဲ့ကြောင်း၊ နေအိမ် (၁၃) လုံးကို မီးရှို့ဖျက်ဆီးပြီး၊ ဒေသခံ...
တာချီလိတ်မြို့ တပ်ထွက် စတိုးဆိုင် ဗုံးပေါက်၊ဆိုင်၀န်ထမ်း (၄)ဦး ဒဏ်ရာရ
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့ စစ်တပ်ထွက် “အဆွေတော်” မီနီမတ် စတိုးဆိုင် ယမန်နေ့ (မေ ၉ ) ရက် ည (၈) နာရီဝန်းကျင်က ဗုံး (၂) လုံးပေါက်ကွဲခဲ့ပြီး ဆိုင်ဝန်ထမ်း (၄) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ “ မနေ့က ဗုံး...
မူဆယ်ခရိုင်အတွင်း တိုင်းရင်းသားလက်နက်ကိုင် ဆက်ကြေးများကောက်နေ
SHAN -
သျှမ်းပြည်မြောက်ပိုင်းရှိ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များထံ ပေးဆောင်ရသည့် အခွန် (ဆက်ကြေး) များကြောင့် ဒေသခံ ပြည်သူများက အခက်ကြုံနေရကြောင်း စုံစမ်းသိရသည်။ ကွတ်ခိုင်မြို့မှ စတင်ကာ သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မှ မြန်မာ - တရုတ်နယ်စပ် ထုန့်မောဝ်ဒေသအထိ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ဝင်များ ကောက်ခံ သည့် ဆက်ကြေးများကြောင့် ခက်ခဲကျပ်တည်းသည့် အခြေအနေရှိကြောင်း ထုန့်မောဝ်ဒေသမှ စိုင်းခမ်းက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “သူတို့ (မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့)...
အင်းလေးဒေသမှ စစ်တပ်သတင်းပေးနှစ်ဦး အသတ်ခံရ ဟုဆို
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးဒေသမှ စစ်ကောင်စီ သတင်းပေးဟု နာမည်ထွက်နေသည့် ဒေသခံအမျိုးသားနှစ်ဦး အသတ်ခံရပြီးနောက် စစ်ကောင်စီတို့က အင်အားဖြည့်တင်းကာ စစ်ဆေးမှုများ တင်းကျပ်စွာ ပြုလုပ်နေကြောင်း စုံစမ်းသိရသည်။ ယနေ့ မေလ ၉ ရက်တွင် ညောင်ရွှေမြို့နယ် သန်းထောင်ဈေးအတွင်း ဈေးရောင်းနေသည့် စစ်တပ်သတင်းပေး ဒလန်ဖြစ်သူ နှင့် သားမက်ဖြစ်သူတို့သည် အမည်မသိလူတစ်စုတို့၏...
ရွာငံ နဘန်းကြီးဒေသခံများ စစ်ကောင်စီဖမ်းဆီးပြီး ငွေကြေးအဆမတန်တောင်း
သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ် နဘန်းကြီးကျေးရွာတွင် စစ်ကောင်စီက ဒေသခံများကို ဖမ်းဆီးပြီး ငွေကြေးအဆမတန်တောင်းခံနေလျက်ရှိကြောင်းစုံစမ်းသိရှိရသည်။ စစ်ကောင်စီ မှ အပြစ်မဲ့ပြည်သူများဖမ်းဆီးခေါ်ဆောင်သွားပြီး ရွာငံမြို့နယ် ရဲစခန်းသို့ ချုပ်နှောင်ကာ ငွေကြေးအဆမတန်တောင်းယူနေကြောင်း ငွေကြေးချမ်းသာသည့် မိသားစုဝင်ကို စစ်ကောင်စီက ပစ်မှတ်ထားပြီး ဖမ်းဆီးလျက်ရှိကြောင်းသိရသည်။ “ နဘန်းကြီးရွာဘက်မှ ငွေကြေးချမ်းသာတဲ့မိသားစုတွေကို အဓိကပစ်မှတ်ထားပြီး ဖမ်းနေကြတာပါ။ ရွာငံမြို့မရဲစခန်းမှာ အပြစ်မရှိတဲ့ ရွာသားတွေကို ဖမ်းပြီး ငွေကြေးအဆမတန်တောင်းခံနေတာတွေရှိတယ်။ ဆိုင်ကယ်ဝပ်ရှော့က အကိုတစ်ယောက်...
သီပေါမြို့နယ် အရက်မူးနေသည့် အမျိုးသားကို စစ်သားများ သေနတ်ပစ် ဖမ်းဆီး
SHAN -
သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် တုံစင်ကျေးရွာတွင် အရက်မူးနေသည့် အမျိုးသားကို စစ်သားများက ရိုက်နှက်မှု ပြုလုပ်သည့်အပြင် သေနတ်ဖြင့်လည်း ပစ်ခတ်ဖမ်းဆီးသွားကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် မေလ ၂ ရက်တွင် သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် တုံစင်ကျေးရွာ နယ်မြေ (၅) မှ အရက်မူးနေသည့် အမျိုးသားကို အထက်အမိန့်များ မပါရှိဘဲ...
ကျောက်မဲမြို့နယ် ကလေးငယ်နှစ်ဦး မိုင်းနင်းမိပြီး ဆေးကုသဖို့ ခက်ခဲနေ
SHAN -
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် ပန်လင်ကျေးရွာအတွင်းတွင် နေထိုင်သည့် ကလေးငယ်နှစ်ဦးသည် မြေမြုပ်မိုင်းနင်းမိပြီး ဆေးကုသရန်အတွက် အခက်အခဲရှိနေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် မေလ ၅ ရက် မွန်းလွဲပိုင်းအချိန်တွင် ကျေးရွာ နှင့် တစ်မိုင်ခန့်ကွာဝေးသည့် ယာတောဘက် မြင်းသွားရှာသည့် ပန်လင်ကျေးရွာမှ ကလေးငယ်နှစ်ဦးသည် မြေမြုပ်မိုင်းနင်းမိပြီး ပြင်းထန်စွာ ဒဏ်ရာရရှိသွား ကြောင်း...
စစ်ကောင်စီ နှင့် TNLA တို့ တိုက်ပွဲကြား ကျဆုံးခဲ့သည့် သျှမ်းလူငယ်နှစ်ဦးကို ယနေ့ သဂြိုလ်မည်
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ် မော်တောင်းကျေးရွာအနီးတွင် စစ်ကောင်စီ နှင့် TNLA တို့ ဖြစ်ပွားသည့်တိုက်ပွဲကြောင့် ကျဆုံးခဲ့ရသည့် သျှမ်းလူငယ် နှစ်ဦးကို ယနေ့ မေ (၅) ရက်မှာ သဂြိုလ်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။ စစ်ကောင်စီ နှင့် TNLA တို့တိုက်ပွဲကြား ကျဆုံးခဲ့ရသည့် အဆိုပါ သျှမ်းလူငယ်နှစ်ဦး၏ ရုပ်အလောင်းကို...





