CATEGORY

လူ့အခွင့်အရေး

မူဆယ်တွင် PGAF အဖွဲ့တစ်ခု ငွေကျပ်သိန်း(၁၀၀) ဆက်ကြေးကောက်နေ

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့ တောင်ရပ်ကွက်တွင် နေထိုင်သည့် နေအိမ်တစ်လုံးကို ယနေ့ (မေ ၂၄)ရက် နံနက် အစောပိုင်း တွင် PGAF ဟု အမည်ရအဖွဲ့က အသံမိုင်းဖောက်ခဲ့ကာ ဆက်ကြေးကောက်သည့် စာရွက်ပစ်ပေးခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မေ ၂၄) နံနက် ၁နာရီတွင် မူဆယ်မြို့ တောင်ရပ်ကွက်တွင်...

တောနက်ထဲမှာ ခက်ခဲ စစ်ရှောင်နေရတဲ့သူများ

၂ ပေ လောက်ရှိ တောလမ်းကျဉ်းကျဉ်းလေးကို လူတစ်စုက အထုတ်တွေ ကိုယ်စီဆွဲကာ တောနက်ကြီးထဲသို့ ခက်ခက်ခဲခဲ လမ်းလျှောက်သွားနေပါတယ်။ ယခုလို မိုးရာသီဖြစ်တဲ့အလျောက် လမ်းတွေကလည်း ချော်ပြီး လူကလည်း ရွံ့တွေနဲ့လူး ၊ တောင်တက်တောင်ဆင်း ခက်ခဲစွာ သွားနေရပါတယ်။ အဲ့ဒီလူတွေဟာ စစ်ကောင်စီရဲ့ တိုက်ခိုက်မှုကြောင့် ရှောင်ပြေးနေရတဲ့ စစ်ရှောင်စခန်းကို သွားနေကြရတာဖြစ်ပါတယ်။ စစ်ရှောင်စခန်းဟာ...

ဖမ်းဆီးခံထားရသည့် ဓနုဒေသ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်မမလေး ဆက်သွယ်မရေသး

သျှမ်းပြည်တောင်ပိုင်း ဓနုဒေသမှ အနိုင်ရရှိထားသည့် NLD အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်မမလေးသည် ဖမ်းဆီးခံထားရပြီးနောက် ယနေ့ မေလ ၂၃ ထိ အဆက်သွယ်မရရှိသေးကြောင်း စုံစမ်းသိရှိရသည်။ ဒေါ်မမလေးကို မေလ ၁၄ ရက်နေ့ ညနေပိုင်အချိန်တွင် စစ်ကောင်စီက အင်အား ၄၀ ခန့်ဖြင့် လာရောက်ဖမ်းဆီးသွားပြီးနောက် ကလောကိုခေါ်ဆောင်သွားပြီး လက်ရှိတွင်...

မိုးဗြဲစစ်ရှောင် ရိက္ခာပြန်ယူရာ တိုက်ပွဲ နှင့် ကြုံ

သျှမ်းပြည်တောင်ပိုင်း မိုးဗြဲမြို့ ဝါရီဆူးဖလိုင်ကျေးရွာအတွင်း ဒေသခံများက ရိက္ခာပြန်ယူရာမှာ စစ်ကောင်စီနှင့် မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တို့ တိုက်ပွဲဖြစ်ပွားမှုနှင့် ကြုံခဲ့ရကြောင်း စုံစမ်းသိရသည်။ယမန်နေ့ (မေလ ၂၂) ရက် ည ၄ နာရီဝန်းကျင် စစ်ဘေးရှောင်နေသည့် ဝါရီဆူးဖလိုင်ကျေးရွာ ဒေသခံများက ရိက္ခာပြတ်တောက်သွား၍ ကျေးရွာအတွင်း ရိက္ခာပြန်ယူရန်အတွက်...

တောင်ကြီး CDM ပါရဂူ ဆရာဝန်လင်မယား ၂ဦးဖမ်းခံရ

သျှမ်းတောင် တောင်ကြီးမြို့ တွင် နေထိုင်သည့် CDM ပြုလုပ်ထားသည့် ပါရဂူ ဆရာ၀န်လင်မယား (၂)ဦးကို စစ်ကောင်စီ က လာရောက်ဖမ်းဆီးသွားကြောင်း စုံစမ်းသိရသည်။ မေလ ၁၉ရက် နံနက် အစောပိုင်းတွင် စစ်ကောင်စီမှ CDM ပြုလုပ်ထားသည့် ပါရဂူ ဆရာ၀န် လင်မယား ၂ဦး၏ နေအိမ်ကို...

ဆီဆိုင် စစ်ရှောင် (၅၀၀၀) ခန့် စားနပ်ရိက္ခာလိုအပ်

သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ်အတွင်းရောက်ရှိနေသည့် စစ်ရှောင် (၅၀၀၀) ခန့် စားနပ်ရိက္ခာ အခက်အခဲ ဖြစ်နေကြောင်း စုံစမ်းသိရှိရသည်။ ထို စစ်ရှောင်များသည် သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ်အတွင်း ပြီးခဲ့သည့် မေလဆန်းပိုင်းတွင် စစ်ကောင်စီ နှင့် ဒေသပြည်သူ့ကာကွယ်ရေးတပ် (PDF)  တို့ တိုက်ပွဲပြင်းထန်သဖြင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်လာ ခဲ့ရကြောင်း သိရသည်။ “ဒီပတ်ထဲပဲ ဖယ်ခုံ၊ မိုးဗြဲဘက်က ဒေသခံတွေ ဆီဆိုင်ထဲရောက်လာတာ...

ပင်းတယစစ်ရှောင်များ စား၀တ်နေရေး ခက်ခဲနေ

သျှမ်းပြည်တောင်ပိုင်း ပင်းတယမြို့သို့ ရောက်ရှိနေသည့် စစ်ဘေးရှောင်များသည် မိုးရာသီရောက်ရှိလာသဖြင့် စား၀တ်နေရေးအတွက် အခက်အခဲများ ကြုံတွေ့နေရကြောင်း သတင်းသိရသည်။ စစ်ကောင်စီတို့ ထိုးစစ်ဆင် တိုက်ခိုက်မှုကြောင့် ပင်းတယမြို့ပေါ်ရောက်ရှိနေသည့် စစ်ဘေးရှောင် ၂၅၀ ကျော်သည် မိုးရာသီကာလအတွင်း ဆေး၀ါး၊ ရေလှဲ၀တ် နှင့် အမျိုးသမီး လစဥ်သုံးများ အရေးပေါ် လိုအပ်နေသည် ဟု...

သီပေါမြို့နယ်အတွင်း လောင်းကစားဝိုင်းများဖွင့်လှစ်နေ

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် နားလွယ်ကျေးရွာအတွင်း လောင်းကစားဝိုင်းများ ဖွင့်လှစ်ထားပြီးသူခိုး ဓားပြ များပြားလာမည်ကို ဒေသခံများ စိုးရိမ်နေကြောင်း စုံစမ်းသိရှိရသည်။ အဆိုပါ သီပေါမြို့နယ်ထဲက လောင်းကစားဝိုင်းများသည် သီပေါဘော်ကြို (တပေါင်းပွဲ) မတ်လမှစတင်ပြီး လက်ရှိချိန်ထိ နေရာပြောင်းရွှေ့ပြီး လောင်းကစားများကို ဆက်တိုက် ဖွင့်လှစ်လာသည့်အတွက် ပြည်သူများ အကျင့်စာရိတ္တပျက်မည်ကို သီပေါဒေသခံ လူငယ်...

ဖယ်ခုံ- ညောင်ရွှေလမ်း ကို စစ်ကောင်စီက ပိတ်ထား

လက်ရှိ တိုက်ပွဲပြင်းထန်နေသည့် သျှမ်းတောင်ဖယ်ခုံမြို့သို့ သွားမည့် ဖယ်ခုံ-ညောင်ရွှေလမ်းမကို စစ်ကောင်စီ တပ်ဖွဲ့ နှင့် ပအို၀်းအမျိုးသားတပ်မတော် (PNA)တို့က ပိတ်ထားကြောင်း စုံစမ်းသိရသည်။ယနေ့ (မေလ ၁၈) ရက်နေ့ နံနက်ပိုင်းတွင် ညောင်ရွှေမြို့နယ်ရှိ ပင်လောင်း- တောင်ကြီး-ကျောက်တလုံး-ဆိုက်ခေါက် နှင့် ဖယ်ခုံမြို့နယ်တို့ ဆက်သွယ်ထားသည့် မှော်ဘီတံတားဂိတ်ကို စစ်ကောင်စီ...

မူဆယ်မြို့ နေ့စဥ်လက်နက်ကြီးသံကြား ပြည်သူများစိုးရိမ်ထိတ်လန့်

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ယခုရက်ပိုင်း လက်နက်ကြီး ပစ်ခတ်မှု ဆက်တိုက် ကြားနေရသဖြင့် ဒေသခံများက စိုးရိမ်ထိတ်လန့်နေကြောင်း စုံစမ်းသိရသည်။ယခု ရက်သတ္တပတ်အတွင်း မူဆယ်မြို့နယ်တွင် ပစ်ခတ်မှုများ၊ အုပ်စုလိုက်လက်နက်ကိုင် လုယက်မှုများ နှင့် လက်နက်ကြီးသံများ အဆက်မပြတ်ကြားနေရမှုတို့ကြောင့် စိုးရိမ်ထိတ်လန့်စွာ နေထိုင်နေရကြောင်း ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။“ကျနော်တို့မူဆယ်မှာတော့ လက်နက်ကြီးလက်နက်ငယ်သံတွေ...

Latest news