Friday, February 13, 2026

CATEGORY

လူ့အခွင့်အရေး

စယ်လန့်ကျေးရွာ စစ်ကောင်စီ လက်နက်ကြီးဖြင့် ပစ်ခတ်မှုပြုလုပ်၊ ကလေးများကျောင်းပြန်ပိတ်ရ

မြန်မာ-တရုတ်နယ်စပ်ဒေသ မူဆယ်မြို့နယ် စယ်လန့်ရွာတွင် စစ်ကောင်စီသည် ဆုတောင်းပြည့်တောင်ပေါ် စခန်းချမှနေပြီး လွိုင်တေးမိန်းတောင်ပေါ် ဘုရားသို့ လက်နက်ကြီးဖြင့် ၁၀ လုံးထက်မနည်း ပစ်ခတ်နေကြောင်း ဒေသခံတစ်ဦးက ပြောသည်။ ယနေ့ (အောက်တိုဘာလ ၁၉) ရက် နံနက်ပိုင်းအချိန်မှစပြီး ဆုတောင်းပြည့်တောင်ပေါ် ဘုရားနေမှနေ၍ စစ်ကောင်စီသည် တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး...

မိုင်းရယ်မြို့နယ် အမည်မသိလူတစ်စုမှ ခြိမ်းခြောက်ပြီး အခွန်ဆောင်ခိုင်းနေ

သျှမ်းပြည် မိုင်းရယ်မြို့နယ် ဟိုယကျေးရွာအုပ်စုအတွင်း ဈေးဆိုင်ဖွင့်လှစ်ထားသူများကို အမည်မသိ လူတစ်ခုမှ ခြိမ်းခြောက်ပြီး အခွန်ဆောင်းခိုင်းနေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် (အောက်တိုဘာလ ၁၇ ) ရက်မှစပြီး မိုင်းရယ်မြို့နယ် ဟိုယကျေးရွာအုပ်စုအတွင်း မျက်နှာဖုံးစွပ်နှင့် အရပ်ဝတ် (အမည်မသိ) လူတစ်စုမှ ဈေးဆိုင်ဖွင့်လှစ်ရောင်းချသူများကို တရုတ်စာဖြင့် ရေးသားထားသော စာအိတ်ပေး၍ တစ်ဆိုင်လျှင်...

ကိုးကန့် နှင့် “ဝ” ဒေသ တရုတ်ရာဇာဝတ်ဂိုဏ်းတို့၏ ညှဉ်းပန်းနှိပ်စက်၊ လိင်ကျွန်ပြုခံရပြီး သေဆုံးသူရှိ

သျှမ်းပြည် ကိုးကန့် နှင့် “ဝ” ဒေသတွင် ငွေလိမ်လုပ်ငန်း၊ လောင်းကစား နှင့် လိင်ဖျော်ဖြေရေးလုပ်ငန်းများကို လုပ်ကိုင်နေသော တရုတ်ရာဇာဝတ်လူမိုက်ဂိုဏ်းသားတို့၏ ညှဉ်းပန်းနှိပ်စက်မှုများကြောင့် သေဆုံးသည်အထိ ရှိကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်အဖွဲ့ (SHRF) ထံမှ သိရသည်။ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်အဖွဲ့ (SHRF) ၏ အောက်တိုဘာလ ၁၈ ရက်တွင် ထုတ်ပြန်ခဲ့သည့်...

ကလေးငယ်ကို ရိုက်နှက်ခဲ့သည့် ဆရာမကို အရေးယူမှုမရှိသေး

သျှမ်းပြည် မိုင်းရှူးမြို့နယ် ဟိုနမ့်ရွာအတွင်း နေထိုင်သည့် ကလေးငယ်တစ်ဦး ဆရာမက ညိုမဲအောင် ရိုက်နှက်ခဲ့သော်လည်း လက်ရှိအချိန်ထိ အရေးယူမှု မရှိသေးကြောင်း စုံစမ်းသိရသည်။ ထိုရိုက်နှက်သည့် ညိုမဲသည့် ဒဏ်ရာကြောင့် ကလေးငယ်သည် စိတ်ပိုင်းဆိုင်ရာ ခံစားမှုပြသာနာ ကြုံတွေ့နေရကြောင်း ၎င်းနှင့်နီးစပ်သူတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ “ အခု လူကြောက်နေတယ်။ စကားမပြောရဲဘူး။ မျက်နှာလည်း...

နေရပ်ပြန်သည့် စစ်ရှောင်များ တောင်ယာသို့သွားရန် မြေမြုပ်မိုင်းစိုးရိမ်နေရ

သျှမ်းပြည် သိန္နီမြို့နယ် ကွန်ကောက်ကျေးရွာအုပ်စုမှ ကျေးရွာအတွင်း နေရပ်ပြန်သွားသည့် စစ်ရှောင်များသည် တောင်ယာသို့သွားရန်အတွက် မြေမြုပ်မိုင်းအန္တရာယ်ကို စိုးရိမ်နေရကြောင်း စုံစမ်းသိရသည်။ အောက်တိုဘာလ (၆) ရက်မှစတင်၍ ကွန်ကောက်ကျေးရွာအတွင်း စစ်ကောင်စီနှင့် ကချင်လွတ်လပ်ရေး တပ်ဖွဲ့တို့အကြား လက်နက်ဖြင့် အပြန်အလှန် ပစ်ခတ်တိုက်ခဲ့ရာ ဒေသခံ (၅၀၀) နီးပါးက ဘုန်းကြီးကျောင်း၊ ကျေးရွာနှင့်...

တန်းတူရေးထက် ခေါ်ယူ ဗိုလ်ကျ အမြတ်ထုတ်နေလား NCA ?

တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ၈ နှစ်မြောက် အခမ်းအနားကို အာဏာသိမ်း စစ်ခေါင်းဆောင် ရဲ့ဖိတ်ကြားချက်အရ တိုင်းရင်းသားလက်နက်ကိုင် ကိုယ်စားလှယ်အဖွဲ့များသည် အောက်တိုဘာ ၁၃ ရက်တွင် နေပြည်တော်သို့ ချီတက်သွားကြသည်။ NCA (၈)နှစ်မြောက် အခမ်းအနားကို အောက်တိုဘာ ၁၅ရက် (တနင်္ဂနွေနေ့)တွင် နေပြည်တော်ရှိ...

ဖယ်ခုံမြို့နယ် ရေကြီးရေလျှံမှုကြောင့် စစ်ရှောင်များနှင့် ဒေသခံများ အကူညီလိုအပ်နေ

စိုင်းဟန်လင်း၊ ၂၀၂၃ အောက်တိုဘာလ ၁၈ ရက် သျှမ်းပြည် ဖယ်ခုံမြို့နယ်အတွင်း ရေကြီးရေလျှံဖြစ်ပွားမှုကြောင့် ဒေသခံနေအိမ်များအပါအဝင် စစ်ရှောင်ယာယီတဲများနစ်မြုပ်သွားခဲ့ကြောင်း စုံစမ်းသိရသည်။ သျှမ်း-ကရင်နီ နယ်စပ်ဒေသ ရေလွှမ်းခံရသည့် စစ်ရှောင်ယာယီတဲ အောက်တိုဘာလ ပထမပတ်မှစပြီး မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဖယ်ခုံမြို့ရှိ အင်းရေကန် မြင့်တက်လာရာမှ အင်းအနီးတဝိုက်ရှိ လယ်ဧကပေါင်း ထောင်နှင့်ချီ ရေလွှမ်းမိုးခြင်းခံခဲ့ရသည်။ အလားတူ မိုးဗြဲဆည်မှ...

မူဆယ်မြို့အတွင်း ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် ( BPLA ) နာမည်သုံးပြီး ငွေလိမ်လည်မှု ရှိနေ

မြန်မာ-တရုတ်နယ်စပ်ဒေသ မူဆယ်မြို့အတွင်း ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) နာမည် အသုံးပြုပြီး ဒေသအတွင်း ငွေလိမ်လည်မှု ပြုလုပ်နေကြောင်း စုံစမ်းသိရသည်။ ယခုရက်ပိုင်း လူမှုကွန်ရက်စာမျက်နှာပေါ်မှ ပြန့်နှံ့လာနေသည့် BPLA အဖွဲ့အစည်း နာမည်နှင့်အတူ မူဆယ်မြို့ရှိ စီးပွားလုပ်ငန်းလုပ်ရှင်များအနေထံ BPLA တပ်မဟာ (၂) အား အခွန်ငွေပေးဆောင်ခြင်းမရှိဘဲ လုပ်ငန်းဆက်လက် လုပ်ကိုင်မည်ဆိုပါက...

စစ်ကောင်စီတပ်နှင့် မန္တလေးPDF တို့၏ တိုက်ပွဲကြောင့် နောင်ချိုဒေသခံများ လုံခြုံရေးစိုးရိမ်

သျှမ်းပြည် နောင်ချိုမြို့နယ် ဒိုးပင်ရွာအနီး ပြင်ဦးလွင်-မိုးကုတ်ကားလမ်းတွင် စစ်ကောင်စီတပ်နှင့် မန္တလေးPDFတို့ တိုက်ပွဲဖြစ်ပွားခဲ့သည့်အတွက် ဒေသခံများက လုံခြုံရေးအခြေအနေ စိုးရိမ်နေကြကြောင်း စုံစမ်းသိရှိရသည်။ အောက်တိုဘာလ ၉ ရက်တွင် ပြင်ဦးလွင်-မိုးကုတ်လမ်းပေါ်ရှိ ဒိုးပင်ကျေးရွာအနီး စစ်ကောင်စီ၏ ခြေလျင်တပ်ရင်း ခလရ ၂၅၂ စစ်ကြောင်းနှင့် မန္တလေးPDF တို့ တစ်နေကုန် တိုက်ပွဲဖြစ်ပွားခဲ့ပြီး...

သိန္နီမြို့နယ် KIA ဆက်ကြေးမဆောင်နိုင်သည့် ကားများ သိမ်းဆည်းခံရ

သျှမ်းပြည် လားရှိုးခရိုင်၊ သိန္နီမြို့နယ်အတွင်း ကချင်လွတ်လပ်ရေး တပ်မတော် (KIA) မှ ဆက်ကြေးကောက်ယူမှုကို မပေးဆောင်နိုင်သည့် ကားများ သိမ်းဆည်းခံရကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (အောက်တိုဘာလ ၁၅) ရက် မွန်းလွဲပိုင်း ၂ နာရီကျော်တွင် သိန္နီမြို့နယ်၊ စယ်အူကျေးရွာ အုပ်စု ဟိုမိန်းကျေးရွာ (ဝၢၼ်ႈႁူဝ်မိူင်း) နှင့်...

Latest news