လားရှိုးမြို့နယ် စစ်ကောင်စီဝင်ရောက် နယ်မြေရှင်းလင်း၊ လမ်းမပေါ်ရှိ အရပ်သား ၅ ဦးကို ဖမ်းဆီးခေါ်ဆောင်သွား

သျှမ်းပြည် လားရှိုးမြို့နယ် နမ့်ပေါင်ကျေးရွာအတွင်းသို့ စစ်ကောင်စီတပ်ဖွဲ့ ဝင်ရောက်နယ်မြေရှင်းရေး ပြုလုပ်နေစဉ် လမ်းမပေါ်ရှိ အရပ်သား ၅ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။

လားရှိုးမြို့

ယမန်နေ့ ( နိုဝင်ဘာလ ၂ ရက် ) မွန်းလွဲ ၃ နာရီကျော် အချိန်တွင် လားရှိုးမြို့နယ် နမ့်ပေါင်ကျေးရွာ အုပ်စုအတွင်းသို့ စစ်ကောင်စီတပ်ဖွဲ့ ဝင်ရောက်နယ်မြေရှင်းလင်းရေး ပြုလုပ်နေစဉ် လမ်းမပေါ်ရှိ အမျိုးသား ၅ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟု ဒေသခံတစ်ဦးက ပြောသည်။

“ မနေ့က လမ်းမပေါ်က လူ ၅ ဦးကို စစ်တပ်က ဖမ်းခေါ်သွားတာ။ အခုထိ ပြန်လွှတ်၊ မလွှတ် မသိရသေးဘူး။ ဖမ်းသွားတာကတော့ မနေ့ကတည်းက ဖမ်းသွားတာ “ ဟု ၎င်းဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီ၏ ဖမ်းဆီးခြင်းခံရသူများမှာ အမျိုးသား ၅ ဦးဖြစ်ပြီး လက်ရှိအချိန်ထိ ပြန်လည်လွှတ်မြောက်လာခြင်း မရှိသေးကြောင်း၊ မည်သည့်နေရာ၌ ဖမ်းဆီးချုပ်နှောင်ထားခြင်း မသိရှိရသေးပေ။

ထို့အပြင် စစ်ဆင်ရေးကာလအတွင်း စစ်ရေးတင်းမာနေသည့် ဒေသဖြစ်သည့် လားရှိုး၊ သိန္နီ၊ ချင်းရွှေဟော်၊ ကွတ်ခိုင်၊ မူဆယ်၊ နမ့်ခမ်း စသည့် မြို့နယ်များမှာ မလိုအပ်ဘဲ အိမ်ပြင်ထွက်ခြင်း၊ ခရီးသွားလာခြင်း မပြုလုပ်ကြရန်လည်း ညီနောင်မဟာမိတ်သုံးဖွဲ့တို့က သတိပေးစာ ထုတ်ပြန်ထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

လားရှိုးမြို့ “ခိုင်”သစ်သီးပွဲရုံ မီးလောင်

0
သျှမ်းပြည် လားရှိုးမြို့အဝင် လွယ်လွမ့်ကျေးရွာရှိ “ခိုင်”သစ်သီးပွဲရုံ မီးလောင်ကျွမ်းခဲ့ပြီး ပျက်စီးဆုံးရှုံးမှု များပြားကြောင်း စုံစမ်းသိရသည်။ ယနေ့ (မေလ ၂၇ ရက်) နေ့လယ် ၁ နာရီခန့်မှ စတင်ပြီး လားရှိုးမြို့အဝင်ရှိ ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ် လွယ်လွမ့်ကျေးရွာတွင် ဖွင့်လှစ်ထားသည့် “ခိုင်” သစ်သီးပွဲရုံရှိ ဂိုထောင်တစ်ခု...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

လားရှိုးမှ သယ်ဆောင်လာသည့် ကျပ် ၉ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှ စီးဆင်းလာသည့် ခန့်မှန်းခြေ ကျပ် ၉ ဒသမ ၈၅ ဘီလီယံ တန်ဖိုးရှိ ဘိန်းဖြူနှင့် စိတ်ကြွဆေးပြားများကို သိမ်းဆည်းရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။ ဧပြီလ ၁၂ ရက်မှ ဧပြီလ ၃၀ ရက်အတွင်း ဘိန်းဖြူ ၇၇ ကီလိုဂရမ်နှင့် စိတ်ကြွဆေးပြား...

လားရှိုးတွင် မူးယစ်ဆေးဝါးအကြောင်းပြပြီး MNDAA ဖမ်းဆီးသွားသည့်လူငယ်(၇၀)ကျော် ပြန်မလွတ်သေး

0
သျှမ်းပြည် လားရှိုးမြို့နယ် အီနိုင်းကျေးရွာအုပ်စုတွင် ကိုးကန့်တပ်ဖွဲ့ MNDAA မှ မူးယစ်ဆေးဝါးအကြောင်းပြကာ လူငယ်အမျိုးသား (၇၀) ယောက်ကျော်ကို ဖမ်းဆီးသွားခဲ့ပြီးနောက် သုံးပတ်ကျော် ကြာသည်အထိ ပြန်မလွတ်ပေးသေးကြောင်း စုံစမ်းသိရသည်။ လားရှိုးမြို့နယ်အတွင်း ကိုးကန့်တပ်ဖွဲ့ MNDAA သွားလာလှုပ်ရှားနေသည့် ၁၂ မိုင်၊ ၁၃ မိုင်၊ အီနိုင်းနှင့် မန်တောင်းကျေးရွာများတွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...