Tuesday, February 10, 2026

CATEGORY

လူ့အခွင့်အရေး

“၁၀၂၇ စစ်ဆင်ရေး” ကာလ ခိုးယူခံရသည့် ပစ္စည်းများ ပြန်လည်ပေးပို့ရန် TNLA အသိပေး ထုတ်ပြန်

သျှမ်းပြည် အခြေစိုက် လက်နက်ကိုင် တပ်ဖွဲ့ တစ်ခုဖြစ်သည့် တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) မှ “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း ခိုးယူခံရသည့် ပစ္စည်းများ ပြန်လည်ပေးပို့ရန် အသိပေး ထုတ်ပြန်လာခဲ့သည်။ ဇန်နဝါရီလ (၂၃) ရက်စွဲဖြင့် PSLF/TNLA မှ...

ဆီဆိုင်မြို့ကို PNLOနှင့် KNDF၊ PDF ပူးပေါင်းတပ်ဖွဲ့တို့ စတင်ဝင်တိုက်

သျှမ်းပြည် ဆီဆိုင်မြို့ရှိ လမ်းမပေါ်ရှိ စစ်ကောင်စီဂိတ်များကို ပအိုဝ်းအမျိုးသားများ လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO)နှင့် ကရင်နီအမျိုးသား ကာကွယ်ရေးတပ်ဖွဲ့KNDF၊ PDF ပူးပေါင်းတပ်ဖွဲ့တို့ စတင်ထိုးစစ်ဆင် တိုက်ခိုက်၍ မြို့တွင်းတိုက်ပွဲဖြစ်ပွားနေကြောင်း ဆီဆိုင်ဒေသခံများပြောပြချက်အရသိရသည်။ ယနေ့ (ဇန်နဝါရီလ ၂၄ ရက်) နံနက်အစောပိုင်းအချိန်မှစ၍ ဆီဆိုင်မြို့၏ တောင်ဘက် (၃) မိုင်ခန့်ဝေးသော...

ကိုးကန့်တပ်ဖွဲ့က လက်နက်ခဲယမ်းထိန်းချုပ်မှုနှင့် မြေယာငှားရမ်းရောင်းဝယ်မှု စည်းကမ်းချက်ထုတ်ပြန်

သျှမ်းပြည် အထူးဒေသ(၁)တွင် ကိုးကန့်တပ်ဖွဲ့ MNDAA က လက်နက်ခဲယမ်း ထိန်းချုပ်မှုနှင့် မြေယာငှားရမ်းရောင်းဝယ်မှုတို့နှင့် ပတ်သက်ပြီး စည်းကမ်းသတ်မှတ်ချက်များ ထုတ်ပြန်လာသည်။ ကိုးကန့်တပ်ဖွဲ့ MNDAA က သျှမ်းပြည် အထူး‌ဒေသ(၁)အဖြစ် သတ်မှတ်ထားသည့် လွတ်မြောက်ဒေသများတွင် ပုဂ္ဂလိကပိုင် လက်နက်ကိုင်ဆောင်မှုနှင့် ရောင်းဝယ်မှုများကို ဥပဒေနှင့်အညီ တားမြစ်ကြောင်း အထူးဒေသ(၁) စစ်ရေးအုပ်ချုပ်မှုကော်မတီမှ...

ပင်လောင်းမြို့နယ် ဆောင်းပြောင်းဂိတ် စစ်ကောင်စီ ငွေအမြောက်အမြား ကောက်နေ

ပင်လောင်းမြို့နယ် ဆောင်းပြောင်းဂိတ်တွင် စစ်ကောင်စီက စစ်ဆေးရေး တင်းကြပ်နေပြီး ငွေကြေး အမြောက်အမြားတောင်းခံနေကြောင်း စုံစမ်းသိရသည်။ ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်သည် ဖြတ်သန်းသွားလာသော ပြည်သူများကို ယခုဇန်နဝါရီလ နောက်ဆုံးပတ်အတွင်းတွင် စစ်ဆေးမှုများ တင်ကြပ်နေပြီး၊ ငွေကြေးကောက်ခံ မှုများလည်း ပြုလုပ်နေကြောင်း ဒေသခံများက သျှမ်းသံတော်ဆင့်ကိုပြောသည်။ “ဆောင်းပြောင်းဂိတ်က စစ်ကောင်စီတွေကိုလည်း ပေးရတာပဲ။ လွိုင်ကော်ထိ...

သီပေါမြို့နယ် အရပ်သား ၂ဦး မြေမြုပ်မိုင်း ထပ်မံနင်းမိ

သျှမ်းပြည် မြောက်ပိုင်း သီပေါမြို့နယ် တုံစင့်ကျေးရွာနှင့် ကုံးစုံရွာကြားရှိ တောလမ်းတစ်ခုတွင် ယမန်နေ့ ( ဇန်နဝါရီ ၂၃)ရက် တွင် အရပ်သား ၂ဦး မြေမြုပ်မိုင်းနင်းမိခဲ့ကြောင်း စုံစမ်းသိရသည်။ အဆိုပါ မြေမြုပ်မိုင်းနင်းမိသည့် အရပ်သား ၂ဦးသည် အမျိုးသား တစ်ဦး နှင့် အမျိုးသမီး တစ်ဦးဖြစ်သည်။ “အမျိုးသားတစ်ယောက်တော့ ခြေပြတ်သွားတယ်။...

လားရှိုး စစ်ကောင်စီတပ်က ညီနောင်မဟာမိတ် ထိန်းချုပ်နယ်မြေများသို့ ရိက္ခာနှင့်ဆေးဝါး ဖြတ်တောက်နေ

သျှမ်းပြည် လားရှိုးမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်မှ ညီနောင်မဟာမိတ်တပ်များ ထိန်းချုပ်ထားသည့် မြို့နယ်များသို့ ရိက္ခာနှင့်ဆေးဝါးများ မရောက်နိုင်ရန် လမ်းကြောင်းဖြတ်တောက်နေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ တတိယပတ်မှ စတင်ပြီး လားရှိုးမြို့ရှိ စစ်ကောင်စီတပ်သည် ညီနောင်မဟာမိတ်တပ်များ သိမ်းပိုက်ထိန်းချုပ်ထားသည့် မြို့နယ်များအတွင်း ဖြတ်သန်းပြေးဆွဲနေသော ခရီးသည်တင်ယာဉ်များကို တင်းတင်းကျပ်ကျပ် စစ်ဆေးလာပြီး သွားလာနေသည့်လမ်းကြောင်းများကို လိုက်လံပိတ်ပင်ခြင်းနှင့် မိုင်းထောင်ခြင်းများ...

မိုးမိတ်မြို့စစ်ရှောင်များထံ စစ်ကောင်စီပစ္စည်းလုယက်နေ

သျှမ်းပြည် မိုးမိတ်မြို့တွင်း တိုက်ပွဲကြောင့် ဒေသခံများ စစ်ရှောင်လာစဥ် စစ်ကောင်စီ တပ်သားများက ပစ္စည်းလုယက်မှု ပြုလုပ်ခဲ့ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် (ဇန်နဝါရီလ ၁၈ ရက် နှင့် ၁၉ ရက်) နှစ်ရက်အတွင်း မြို့တွင်းတိုက်ပွဲကြောင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်လာစဉ် မြို့ထဲရှိ စစ်ကောင်စီတပ်ဖွဲ့ တပ်မ (၉၉)...

ဆီဆိုင်မြို့နယ် တိုက်ပွဲ မရှိဘဲ စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်

သျှမ်းပြည် ဆီဆိုင်မြို့နယ်၊ နောင်ထော်ကျေးရွာအတွင်း တိုက်ပွဲ ဖြစ်ပွားခြင်း မရှိဘဲ အာဏာသိမ်း စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲ တိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇန်နဝါရီလ ၂၂) ရက် ညပိုင်း ၈ နာရီဝန်းကျင်တွင် စစ်ကောင်စီ တပ်ဖွဲ့သည် ဆီဆိုင်မြို့နယ် နောင်ထော်ကျေးရွာအတွင်း စစ်လေယာဥ်ဖြင့်...

သီပေါ-နမ္မတူကြား မိုးတေတံတားအနီး ကားတစ်စီး မိုင်းထိ ယာဉ်မောင်း ၁ ဦးဒဏ်ရာရ

သျှမ်းပြည် သီပေါ- နမ္မတူကြားရှိ မိုးတေတံတားအနီးတွင် ပစ္စည်းတင်ဆောင်လာသော ကားတစ်စီး မိုင်းနင်းမိပြီး ပေါက်ကွဲကာ ယာဉ်မောင်းသမားတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ ဖြစ်စဉ်မှာ ယနေ့ (ဇန်ဝါရီလ ၂၂ ရက်) နေ့လည် ၁၂ ဝန်းကျင်တွင် နမ္မမြို့ဘက်မှ ပစ္စည်းတင်ဆောင်လာသည့် ကားတစ်စီးသည် မိုးတေကျေးရွာရှိ ချောင်းကူးတံတားအနီးမှ လမ်းမပေါ်သို့...

စစ်ကောင်စီ ဖမ်းဆီးသွားသည့် PNLO ဆက်ဆံရေးရုံးမှ တာဝန်ရှိသူများ ပြန်လည်လွတ်မြောက်လာ

သျှမ်းပြည် တောင်ကြီးမြို့နယ်ရှိ ပအိုဝ်း အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO) ဆက်ဆံရေးရုံးမှ စစ်ကောင်စီ ဖမ်းဆီးသွားသည့် တာဝန်ရှိသူများသည် ပြန်လည်လွတ်မြောက်လာခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နနဝါရီလ ၂၂ )ရက်နေ့ နံနက်ပိုင်း အချိန်တွင် ပြန်လည်လွတ်မြောက်လာခဲ့ခြင်း ဖြစ်ပြီး စစ်ကောင်စီ မှ ခေါ်ယူစစ်ဆေးခြင်းသာဖြစ်ကြောင်း PNLO မှ အမည်မဖော်လိုသူ တာဝန်ရှိ ပုဂ္ဂိုလ် တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “ဖမ်းသွားတယ် ဆိုတာထက် ခေါ်ယူ စစ်ဆေးတာ၊ ဆွေးနွေး မေးမြန်းကြတာပေါ့နော်။ ဘာအကြောင်းလဲဆိုတာ တော့ကာယကံရှင်တွေပဲ အသေးစိတ် ပိုသိလိမ့်မယ်။ ဒါပေမဲ့သူတို့လည်း ဒီမနက်မှ ပြန်လာကြတာဆိုတော့ မအားကြသေးဘူး။ အဲ့ကြောင့် အသေးစိတ် အချက်အလက်ကို ကျနော်တို့ မသိရသေးဘူး” ဟု PNLO မှ အမည်မဖော်လိုသူ တာဝန်ရှိ ပုဂ္ဂိုလ် တစ်ဦးကသျှမ်းသံတော်ဆင့်ကို ပြောသည်။ ယမန်နေ့ (ဇန်နဝါရီလ ၂၁) ရက်တွင် တောင်ကြီးမြို့ ကန်ကြီးရပ်ကွက်ရှိ PNLO ဆက်ဆံ ရေးရုံးသို့ စရဖ နှင့် စစ်ကောင်စီတပ်သားများ ရောက်လာပြီး PNLO၏ ဆက်ဆံရေးရုံး တာဝန်ခံ ဗိုလ်မှူးခွန်မင်းသိမ်းအပါအဝင် ဗိုလ်ကြီးခွန်သိဒ္ဓိနှင့် ဗိုလ်ခွန်လှဝင်း တို့အား ဖမ်းဆီးခေါ်ဆောင်ခဲ့ကြောင်း သိရသည်။ ယင်းကဲ့သို့ ဖမ်းဆီးခေါ်သွားရခြင်းသည် ယမန်နေ့ ဇန်နနဝါရီလ (၂၁) ရက်နေ့ အတွင်း ဖြစ်ပွားခဲ့သည့် ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသ စံဖူးမြောက်ရွာအတွင်း စစ်ကောင်စီ နှင့် လက်အောက်ခံ PNO ပြည်သူ့စစ် ပူးပေါင်း အဖွဲ့ နှင့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO/PNLA တို့၏ တိုက်ပွဲတို့နှင့် ဆက်စပ် ပတ်သက်နိုင်ကြောင်း လည်း အထက်ပါ တာဝန်ရှိ ပုဂ္ဂိုလ်က ဆက်လက်ပြောဆိုထားသည်။ “ကျနော့်အထင်တော့ အဲ့ဒီ တိုက်ပွဲ အကြောင်း ဖြစ်နိုင်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုရင် သူတို့လည်း မြေပြင် အခြေအနေတိတိကျကျ မသိကျဘူးလေ၊ ကျနော်တို့လည်း မသိဘူး။ ခုလိုမျိုးတိုက်ပွဲ ဖြစ်ပွားခဲ့ရတဲ့ အတွက်လည်း စိတ်မကောင်းဘူး” ဟုအမည်မဖော်လိုသည့် PNLO မှ တာဝန်ရှိ ပုဂ္ဂိုလ် တစ်ဦးက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။ အဆိုပါ စစ်ကောင်စီ လက်အောက်ခံ PNO ပြည်သူ့စစ် ပူးပေါင်းတပ်ဖွဲ့ နှင့် PNLO တို့ အကြား ထိတွေ့တိုက်ပွဲကြောင့် ဒေသခံ အရပ်သားနေအိမ် ၂၀ ကျော် မီးလောက်ပျက်စီး ဆုံးရှုံးရသည့် အပြင် ဒေသခံ အများအပြားကလည်း စစ်ရှောင်ထွက်ပြေးရကြောင်း စုံစမ်းသိရသည်။  PNLO /PNLA သည် စစ်ကောင်စီနှင့် အပစ်အခတ်ရပ်စဲရေးသဘောတူညီစာချုပ် (NCA) လက်မှတ်ရေးထိုး ထားသည့် အဖွဲ့တဖွဲ့ဖြစ်ပြီး၊ လက်ရှိမှာလည်း...

Latest news