Thursday, February 5, 2026

CATEGORY

လူ့အခွင့်အရေး

အမျိုးသမီးတွေကိုပါ ခြိမ်းခြောက်လာတဲ့ စစ်မှုထမ်းဥပဒေ

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်တွင် မြန်မာနိုင်ငံအထွေထွေရွေးကောက်ပွဲမဲရလဒ်များကို လက်မခံဟုဆိုကာ စစ်တပ်မှ အာဏာသိမ်းခဲ့သည်မှာ ၃ နှစ်ကျော်ရှိလာခဲ့ပါပြီ။  အာဏာသိမ်းမှုကိုလက်မခံသော လူငယ်များမှ နည်းမျိုးစုံဖြင့် ဆန့်ကျင်လာခဲ့ပြီး လက်နက်ကိုင်တော်လှန်ရေးကို စတင်ခဲ့သည်မှာလည်း ၂ နှစ်ကျော် ကြာမြင့်လာပြီဖြစ်သည်။  ထိုကဲ့သို့တော်လှန်ရေးအင်အားစုများ ပေါင်းစုကာ စစ်ကောင်စီအား ပြန်လည် ခုခံတိုက်ခိုက်ခဲ့သည့်အတွက် စစ်ကောင်စီ၏...

ပြင်ဦးလွင်မြို့ စစ်ကောင်စီမှ မတရားလိုက်လံဖမ်းဆီးပြီး တပ်သားစုဆောင်းနေ

ပြင်ဦးလွင်မြို့ပေါ်ရှိရပ်ကွက်များနှင့် မြို့အနီးနားကျေးရွာများကို စစ်ကောင်စီမှ စစ်မှုထမ်းရန်အတွက် မတရားလိုက်လံဖမ်းဆီးပြီး တပ်သားစုဆောင်းနေကြောင်း စုံစမ်းသိရသည်။ လက်ရှိစစ်မှုထမ်းရန်အတွက် စစ်ကောင်စီမှ မြို့တွင်း နှင့် မြို့အနီးတဝိုက် ကျေးရွာများတွင် မတရားလိုက်လံဖမ်းဆီးကြောင်း၊ တစ်ရပ်ကွက်လျှင် ၇ ဦးထက်မနည်းလိုက်လံဖမ်းဆီးကာ စစ်သင်တန်းသို့ ပို့ဆောင်နေသည်ဟု မြို့နယ်ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “ အခုတလော ရပ်ကွက်နဲ့...

သီပေါမြို့နယ် စစ်ကောင်စီ လေကြောင်း ဗုံးကြဲ အရပ်သားတစ်ဦး သေဆုံး

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့တောင်ရပ်ကွက်ကို ယနေ့ (စက်တင်ဘာ ၁၆)ရက် နံနက် ၉နာရီကျော်၌ စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် အရပ်သား ၁ ဦးသေဆုံးသွားကြောင်း စုံစမ်းသိရှိရသည်။ သီပေါမြို့ တောင်ရပ်ကွက် ယနေ့ (စက်တင်ဘာ ၁၆) ရက် နံနက် ၉ နာရီကျော်တွင် စစ်ကောင်စီက လေကြောင်းဖြင့်...

လားရှိုးနှင့် နောင်ချို လေကြောင်းဖြင့် ဆက်တိုက်ဗုံးကြဲခံရ၊ အရပ်သား ၅ ဦး သေဆုံးပြီး ၁၀ ဦးထက်မနည်း ဒဏ်ရာရ

သျှမ်းပြည် လားရှိုးမြို့နယ်နှင့် နောင်ချိုမြို့နယ်သို့ စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဆက်တိုက်ဗုံးကြဲ တိုက်ခိုက်နေခြင်းကြောင့် အရပ်သား (၅) ဦး သေဆုံးပြီး (၁၀) ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (စက်တင်ဘာလ ၁၃ ရက်) ည ၇ နာရီခန့်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA...

နောင်ချို စစ်ကောင်စီလေကြောင်းဗုံးကြဲ အမျိုးသမီး နှစ်ဦးသေဆုံး၊ အမျိုးသား တစ်ဦးဒဏ်ရာရ

သျှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့နယ် ပင်တီးအုပ်စု ပန်စုံကျေးရွာတွင် စစ်ကောင်စီ၏ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် အမျိုးသမီး နှစ်ဦး သေဆုံးပြီး၊ အမျိုးသား တစ် ဦးဒဏ်ရာရရှိသည်ဟု စုံစမ်းသိရသည်။ ယနေ့ (စက်တင်ဘာလ ၁၃ ရက်)နံနက်ပိုင်း ၂ နာရီဝန်းကျင်တွင် စစ်ကောင်စီမှ လေကြောင်းဖြင့် ဗုံး နှစ်လုံးကြဲချပြီး ပေါက်ကွဲမှုကြောင့် နေအိမ်တစ်လုံး...

နိုင်ငံတဝှမ်း ရေဘေးသင့်နေစဥ် စစ်တပ် ဗုံးကြဲ၍ ဖားကန့် ဆိုင်းတောင်ရွာ မီးလောင်နေ

နိုင်ငံတဝှမ်း ရေဘေးကြောင့် ပြည်သူများ အတိဒုက္ခရောက်နေစဥ် ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ရွာကို စစ်ကောင်စီ လေကြောင်းက ဗုံးကြဲသဖြင့် မီးလောင်နေကြောင်း ဒေသခံများက ယနေ့ ( စက်တင်ဘာလ ၁၂ ရက်) တွင် ပြောသည်။ ပြီးခဲ့သည့် စက်တင်ဘာလ ၇ ရက်နေ့က ဆိုင်းတောင်ရွာရှိ လပ်ကီးမန်း...

တိုင်းရင်းသားလက်နက်ကိုင်ထိန်းချုပ်ထားသည့် နယ်မြေ ဗုံးကြဲခံရမည်ကို ဒေသခံများစိုးရိမ်နေ

သျှမ်းပြည် မြောက်ပိုင်းရှိ မြို့များတွင် စစ်ကောင်စီတပ်မှ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ပြီးနောက် ဒေသခံများ မြို့အတွင်း၌ မအိပ်ရဲတော့ဘဲ ညအိပ်ချိန်ကို နီးစပ်ရာ ကျေးရွာများသို့ ရှောင်တိမ်းနေကြောင်း သတင်းရရှိသည်။ စစ်ကောင်စီတပ်မှ နမ့်ခမ်းမြို့ပေါ်သို့ ပြီးခဲ့သည့် စက်တင်ဘာ ၆ ရက်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ပြီးနောက် ဒေသခံများသည် ထပ်မံ ဗုံးကြဲတိုက်ခိုက်ခံရမည်ကို...

သီပေါလှိုဏ်ဂူထဲ စစ်ရှောင်သူများ စားနပ်ရိက္ခာ အရေးပေါ်လိုအပ်

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နှင့် တစ်မိုင်လောက်‌ဝေးသည့် လှိုဏ်ဂူအတွင်းသို့ စစ်ဘေးရှောင်နေသည့် ပြည်သူများ စားနပ်ရိက္ခာ အရေးပေါ်လိုအပ်နေကြောင်း စုံစမ်းသိရသည်။ ထိုလှိုဏ်ဂူအတွင်းသို့ စစ်ဘေးရှောင်နေသည့် သူများသည် တစ်ထောင်ဝန်းကျင်ရှိသည့်အတွက် ပရဟိတ အဖွဲ့များက သွားရောက်လှူဒါန်းခဲ့သော်လည်း လောက်ငှခြင်းမရှိကြောင်း၊ စစ်ကောင်စီမှ နေ့စဉ်လေယာဉ်ဖြင့် ပျံဝဲနေသဖြင့် နေရပ်ပြန်ကာ စားနပ်ရိက္ခာ မယူနိုင်ကြောင်းလည်း စစ်ဘေးရှောင်နေသည့် အမျိုးသမီး...

လားရှိုး နမ္မကျောက်မီးသွေးတွင်း ဗုံးထပ်ကြဲခံရ၊ လေကြောင်းအန္တရာယ် သတိထားရန် ညီနောင်မဟာမိတ် သတိပေး

သျှမ်းပြည် လားရှိုးမြို့နယ်ရှိ နမ္မကျောက်မီးသွေးတွင်းကို စစ်ကောင်စီတပ်က လေကြောင်းဖြင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခဲ့ပြီး ပြည်သူများ လေကြောင်းအန္တရာယ် သတိထားရန် ညီနောင်မဟာမိတ် (၃)ဖွဲ့က သတိပေးလိုက်သည်။ ယမန်နေ့ (စက်တင်ဘာလ ၁၀ ရက်) နံနက် ၁ နာရီခန့်တွင် လားရှိုးမြို့နယ် နမ့်ပေါင်ကျေးရွာအနီးရှိ နမ္မကျောက်မီးသွေးတွင်းကို စစ်ကောင်စီတပ်ကလေကြောင်းဖြင့် ထပ်မံဗုံးကြဲ...

မိုင်းဖြတ်မြို့ စစ်ကောင်စီမှ အသက် ၃၆ မှ ၆၅ နှစ်အရွယ်များကို စစ်မှုထမ်းစာရင်းကောက်ခံနေ

သျှမ်းပြည်နယ်အရှ့ပိုင်း ၊ မိုင်းဖြတ်မြို့တွင် စစ်ကောင်စီမှ အသက်၃၆ မှ ၆၅ နှစ်ထိ စစ်မှုမထမ်းရန် စာရင်းကောက်ခံနေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၀ ရက်တွင် စစ်ရှုံးနေသည့် စစ်ကောင်စီသည် စစ်အင်အားချီနဲ့လာသည့်အတွက် စစ်မှုမထမ်းမနေရ ဥပဒေကို အတည်ပြုပြဌာန်းခဲ့သည်။ ထိုသို့ ပြဌာန်းခဲ့ပြီးနောက်ပိုင်း မြို့နယ် ကျေးရွာ အလိုက်...

Latest news