ပြင်ဦးလွင်မြို့ စစ်ကောင်စီ တပ်သားသစ် အပြင်းအထန် စုဆောင်းနေ

သျှမ်း-မန္တလေးနယ်စပ် ပြင်ဦးလွင်မြို့တွင် စစ်ကောင်စီတပ်က အတင်းအဓမ္မ တပ်သားသစ် အပြင်းအထန် စုဆောင်းနေကြောင်း စုံစမ်းသိရသည်။

ယမန်နေ့ (အောက်တိုဘာလ ၂၈ ရက်)တွင် ပြင်ဦးလွင်မြို့ရှိ ရပ်ကွက်ကြီး(၁၈) ဒိုးကွင်းရွာမှ စစ်ကောင်စီတပ်ခန့် အုပ်ချုပ်ရေးမှူး ဦးအောင်လွင်သည် ရပ်ကွက်အတွင်း တစ်လလျှင် လူငယ် (၂) ဦးကို တပ်သားသစ်အဖြစ် စစ်မှုထမ်းသင်တန်းသို့ မဖြစ်မနေပို့ဆောင်ရမည်ဆို ပြောဆိုခဲ့သည်။

ထို့ပြင် စစ်မှုမထမ်းဘဲ တိမ်းရှောင်လိုသည့် လူငယ်တစ်ဦးလျှင် ကျပ်သိန်း (၈၀) ခန့်အထိ ပေးဆောင်ရမည်ဖြစ်ပြီး၊ ငွေကြေး အဆင်မပြေသည့် မိသားစုဝင်များကို စစ်မှုထမ်းဆောင်ရန် ဖိအားပေးနေသည်ဟု မြို့နယ်ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“မနေ့ကလည်း ဒိုးကွင်းရပ်ကွက်ဘက်ကို အုပ်ချုပ်ရေးမှူး အောင်လွင်က တစ်ရပ်ကွက်ကို လူငယ် (၂) ယောက် စစ်မှုထမ်းရမယ်။ မထမ်းနိုင်ရင် တစ်ယောက်ကို သိန်း (၈၀) နီးပါး ပေးဆောင်ရမယ်။ အတင်းအဓမ္မ စစ်မှုထမ်းခိုင်းနေတယ်၊ စစ်တပ်က တပ်သားသစ်တွေ အပြင်းအထန် စုဆောင်းနေတယ် အခု။ ပိုက်ဆံမရှိတဲ့ မိသားစုကို ပိုရွေးပြီး စစ်မှုထမ်းခိုင်းတယ်”ဟု ၎င်းဒေသခံ အမျိုးသားက‌ ပြောသည်။

၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်းတွင် စစ်ကောင်စီတပ်သည် တိုင်းရင်းသားလက်နက်ကိုင်များ၊ ပြည်သူ့ကာကွယ်ရေးတပ် PDF တို့နှင့် နေ့စဉ်ထိတွေ့တိုက်ပွဲ ဖြစ်ပွားလျက်ရှိသဖြင့် စစ်အင်အား အလုံအလောက် မရှိတော့သဖြင့် ယခင်ကဲ့သို့ တပ်သားသစ်များကို အတင်းအဓမ္မ စုဆောင်းခိုင်းနေကြောင်း မြို့နယ်ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ပြင်ဦးလွင်မြို့ရှိ စစ်ကောင်စီတပ်နှင့် နီးစပ်သည့် ရပ်ကွက်တစ်ချို့တွင် ခေါင်းစဉ်အမျိုးမျိုးဖြင့် နေအိမ်တစ်အိမ်လျှင် ကျပ် (၂) သိန်းဝန်းကျင်အထိ ကောက်ခံနေပြီး လက်ရှိမြို့ထဲတွင် တပ်သားသစ်များ နေ့စဉ် အင်အားဖြည့်နေကြောင်း ၎င်းအမျိုးသားက ဆက်ပြောသည်။

“အာဏာသိမ်းပြီးကတည်းက စစ်တပ်ဘက် လက်လွတ်လိုက်ရတဲ့ မြို့တွေ များလာတော့ သူတို့ပြန်တိုက်ခိုက်ဖို့ စစ်အင်အားတွေ အတင်းအဓမ္မ နေ့စဉ်စုဆောင်းနေတယ်။ ပြည်သူရဲ့ သဘောဆန္ဒမပါပဲ ဒီလိုလုပ်ခြင်းအားဖြင့် လူငယ်တွေရဲ့ ပညာရေး၊ စီးပွားရေး၊ လူမှုရေး စသဖြင့် လုပ်ငန်းအမျိုးမျိုးတွေ ဆုံးရှုံးလိုက်ရတယ်။ လူငယ်တွေရဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေလည်း ရှိလာတယ်” ဟု ၎င်းအမျိုးသားက ဆက်ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာလ (၁၉) ရက်နေ့မှ စတင်ကာ ပြင်ဦးလွင်အနီး နောင်ချိုမြို့နယ်အတွင်း ဂန့်ကော်ရွာ တိုက်ပွဲများ စတင်ခဲ့ရာ ယမန်နေ့ (အောက်တိုဘာလ ၂၈ ရက်) နံနက်ပိုင်း အထိ တိုက်ပွဲများ ပြင်းထန်နေပြီး ပြင်ဦးလွင် စစ်ကောင်စီတပ်မှ လက်နက်ကြီး ပစ်ကူပေးနေကြောင်း စစ်ရေးသတင်းရင်းမြစ်က ဆိုသည်။

အလုပ်သင် သတင်းထောက် နန်းလရောင် ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...