Sunday, May 19, 2024

CATEGORY

အထွေထွေ

ဗိုလ်ချုပ်အောင်ဆန်း ပုံပါ “ငါးမူးသား” ရွှေဒင်္ဂါး ကို ယခုလ တွင် စတင်ဝယ်ယူနိုင်

မြန်မာနိုင်ငံတော် ဗဟိုဘဏ် မှ အသစ်ထုတ်ဝေသည့် ဗိုလ်ချုပ်ပုံ “ငါးမူးသား” ရွှေဒင်္ဂါးကို ယခုလ တွင် စတင် ဝယ်ယူနိုင်ကြောင်း သတင်းရရှိသည်။ မြန်မာနိုင်ငံတော် ဗဟိုဘဏ် မှ အသစ် ထုတ်ဝေလိုက်သည့် ရွှေဒင်္ဂါး ၏ မျက်နှာပိုင်း ဗဟိုတွင် ဗိုလ်ချုပ်အောင်ဆန်းပုံ နှင့် ပုံ၏ အောက်တွင်...

ချင်းမိုင် တွင် အောက်တိုဘာ အတွင်း သျှမ်းရွှေ့ပြောင်း ၅ဦး သေဆုံး

ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင် အတွင်းလာရောက် အလုပ်လုပ်သည့် သျှမ်းရွှေ့ပြောင်းအလုပ်သမား အောက်တိုဘာ လ အတွင်း ၅ဦး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။ အဆိုပါ သေဆုံးသွားသည့် သျှမ်းရွှေ့ပြောင်းအလုပ်သမား ၅ဦးတွင် ၃ဦးမှာ အသတ်ခံရပြီး တဦးမှာ ကားယာဉ်တိုက်မှု နှင့် ကျန်တဦးမှာ လုပ်ငန်းခွင် ထိခိုက်မှုဖြစ်ပွားကာ သေဆုံးခဲ့ကြောင်း ရွှေ့ပြောင်းအလုပ်သမားအရေးကူညီဆောင်ရွက်ပေးနေသည့်...

တာချီလိတ်မြို့နယ် သိမ်းဆည်းခံထားရသည့် လယ်ယာမြေများ အမြန်ပြန်ပေးရန် တောင်းဆို

သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့နယ် ဟောင်လိတ် (ပေါက်ဆေခမ်း) ကျေးရွာတွင် သိမ်းဆည်းခံထားသည့် မြေယာများ ပြန်ပေးရန် လယ်သမားများက တောင်းဆိုလိုက်ကြောင်း သတင်းရရှိသည်။ မြန်မာ့တပ်မတော် မှ လွန်ခဲ့သည့် ၁၉၉၈-၁၉၉၉ ခုနစ်တွင် တာချီလိတ်မြို့ စက်မှုဇုံ ပြုလုပ်ရန် အတွက် ဟောင်လိတ် ကျေးရွာ ရှိ လယ်ယာမြေ...

လားရှိုးမြို့တွင် အမျိုးသားတဦး ဓားထိုးဒဏ်ရာဖြင့် သေဆုံး

သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့ အမှတ်(၅) ရပ်ကွက်၊ ပန်အုပ် ကျောင်းအနီးတွင် ယမန်နေ့ တွင် အမျိုးသားတဦး ဓားထိုးဒဏ်ရာဖြင့် သေဆုံးကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၃၁ရက် လားရှိုး အမှတ်(၅) ရပ်ကွက်၊ တွင် အသက် ၃၀ အရွယ်ရှိ ကိုသက် သည်...

လင်မယား စကားများရာမှ ဓားထိုးမှုဖြစ်၊ အမျိုးသမီးသေဆုံး

သျှမ်းပြည် တောင်ပိုင်း လွိုင်လင်ခရိုင် လဲချားမြို့နယ် အတွင်း လင်မယား စကားများရာမှ ဓားထိုးမှု ဖြစ်ပွားကာ အမျိုးသမီး သေဆုံးမှု ဖြစ်ခဲ့ကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၃၁ရက် မွန်လွဲပိုင်း တွင် လဲချားမြို့နယ် မတ်နန်း ကျေးရွာ တွင် လင်မယား စကားများ ရာ...

သျှမ်းမြောက် ပဋိပက္ခနယ်မြေက နယ်စပ်ရထားလမ်းစီမံကိန်း

စစ်ရေးပဋိပက္ခများ မကြာခဏဖြစ်ပွားသည့် သျှမ်းမြောက်ဒေသတွင် အမြန်ရထားစီမံကိန်း တည်ဆောက် ရန် အတွက် ဒေသခံပြည်သူများ နှင့် တွေ့ဆုံ ပြီး၊ ကွင်းဆင်းမှုများ စတင်လုပ်ဆောင်နေသည်။     စက်တင်ဘာ လဆန်းမှ စတင်ကာ သျှမ်းမြောက် ရထားလမ်း ဖြတ်သန်းမယ့် မန္တလေး- ပုသိမ်ကြီး-ပြင်ဦးလွင်- နောင်ချို- ကျောက်မဲ- သီပေါ- လားရှိုး-...

မြန်မာ့တပ်မတော် ထိုးစစ်များ မရပ်ပါက နောက်ဆက်တွဲများ ကို တပ်၏ တာဝန်သာဖြစ် ဟု ညီနောင် (၃)ဖွဲ့ ပြော

မြန်မာတပ်မတော် အနေဖြင့် ထိုးစစ်များကို မရပ်တန့်ပါက ဖြစ်ပေါ်လာမည့်နောက်ဆက်တွဲများကို မြန်မာတပ်မတော် ၏ တာဝန်သာဖြစ်ကြောင်း ညီနောင် မဟာမိတ် (၃)ဖွဲ့ သဘောထားထုတ်ပြန်လိုက်သည်။ ထို ညီနောင် မဟာမိတ်(၃)ဖွဲ့ ဖြစ်သည့် ကိုးကန့် တပ်(MNDAA)၊ တအာင်း(ပလောင်) တပ် TNLA နှင့် ရက္ခိုင်တပ် ( AA)...

ရွာငံမြို့နယ် ဘုရားဖူး လိုက်ထရပ် ကားချောက်ထဲကျ ၁၆ဦး သေဆုံး၊ ၁၀ဦး ဒဏ်ရာရ

သျှမ်းပြည် တောင်ပိုင်း ရွာငံမြို့နယ် အတွင်း ယမန် ည ၈နာရီ ဝန်းကျင်တွင် ဘုရားဖူး လိုက်ထရပ် ကားတစီး တိမ်းမှောက်ကာ ခရီးသည် ၁၆ဦး သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။   ဖြစ်စဉ်မှာ အောက်တိုဘာ ၂၈ ရက် ည ၈နာရီဝန်းကျင်တွင် ရွာငံမြို့နယ် ယုန်တောင်ကျေးရွာ နှင့်...

မိုင်းရှူးမြို့ တွင် နေအိမ်တလုံးမီးလောင် အသက် ၆ နှစ် ကလေး သေဆုံး၊ တဦးဒဏ်ရာရ

သျှမ်းပြည် မြောက်ပိုင်း မိုင်းရှူးမြို့နယ်အတွင်းနေအိမ်မီးလောင်မှုကြောင့် ကလေးတဦး သေဆုံးကာ တဦး ဒဏ်ရာရရှိကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၈ ရက်နေ့ ည ၇ နာရီကျော် မိုင်းရှူးမြို့ တောင်ပေါ် (ဝမ်ကန်) ကျေးရွာ တွင် ဖယောင်းတိုင် ထွန်းရာမှ မီး စတင် လောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး...

ခေးနင်းကျောင်းထိုင်ဆရာတော် ပစ်သတ်ခံရသည့် ကိစ္စ တအာင်းသံဃာတော်များကန့်ကွက်ရှုံ့ချ

သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့နယ် ခေးနင်းကျောင်းတိုက် ကျောင်းထိုင်ဆရာတော် အား အမည်မသိသေနတ်သမားမှ လုပ်ကြံသတ်ဖြတ်ခဲ့သည့် ကိစ္စ တအာင်း သံဃာတော်များအနေဖြင့် ကန့်ကွက်ရှုံ့ချကြောင်း ထုတ်ပြန်ကြေညာလိုက်သည်။ အောက်တိုဘာလ ၂၁ ရက် မြန်မာနိုင်ငံလုံးဆိုင်ရာ တအာင်းသံဃာတော်များအဖွဲ့ (ဗဟို) က ထုတ်ပြန်ကြေညာခြင်းဖြစ်သည်။ လားရှိုးမြို့နယ် ခေးနင်းကျောင်းတိုက် ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တပညာဇောတ (ဓမ္မာစရိယ)...

Latest news