Wednesday, January 28, 2026

ဗိုလ်ချုပ်အောင်ဆန်း ပုံပါ “ငါးမူးသား” ရွှေဒင်္ဂါး ကို ယခုလ တွင် စတင်ဝယ်ယူနိုင်

မြန်မာနိုင်ငံတော် ဗဟိုဘဏ် မှ အသစ်ထုတ်ဝေသည့် ဗိုလ်ချုပ်ပုံ “ငါးမူးသား” ရွှေဒင်္ဂါးကို ယခုလ တွင် စတင် ဝယ်ယူနိုင်ကြောင်း သတင်းရရှိသည်။

Photo by မြန်မာ့အလင်း သတင်းစာ

မြန်မာနိုင်ငံတော် ဗဟိုဘဏ် မှ အသစ် ထုတ်ဝေလိုက်သည့် ရွှေဒင်္ဂါး ၏ မျက်နှာပိုင်း ဗဟိုတွင် ဗိုလ်ချုပ်အောင်ဆန်းပုံ နှင့် ပုံ၏ အောက်တွင် “Aung San” အမည်ပါရှိသည်။

ရွှေဒင်္ဂါး ၏ အနားပတ်လည်တွင် “ Central Bank of Myanmar” “8.164gm 999.9Fine Gold” ဟု အင်္ဂလိပ် စာလုံး ဖြင့် ဖော်ပြထားပြီး၊ အခြား တဖက် မျက်နှာပြင်တွင် “ မြန်မာနိုင်ငံတော် ဗဟိုဘဏ် ၂၀၁၉ ၊ ၅မူးသား၊ ၉၉၉.၉ သန့်စင်ရွှေ” ဟု မြန်မာစာလုံးဖြင့် ဖော်ပြထားသည်။

ထို ဗိုလ်ချုပ်အောင်ဆန်း ပုံ ပါ ငါးမူးသား ရွှေဒင်္ဂါး ကို မြန်မာ့ ကျောက်မျက်ရတနာ ရောင်းဝယ်ရေး လုပ်ငန်း၏ အရောင်းဆိုင်များ(နေပြည်တော်၊ရန်ကုန်၊ မန္တလေး)တွင် နေ့စဉ်ပေါက်ဈေး အပေါ် အလျော့တွက် နှင့် ကုန်ကျစရိတ် ၂၅၀၀၀ ကျပ် ထပ်ပေါင်းသည့် ဈေးနှုန်းဖြင့် ယခု နိုဝင်ဘာ ပထမ ပတ်တွင် ဝယ်ယူနိုင်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ် မှ ထုတ်ပြန်လိုက်သည်။

မြန်မာနိုင်ငံတော် ဗဟိုဘဏ် သည် တကျပ်သား၊ ငါးမူးသား၊ တမတ်သား စံချိန်မီ ရွှေဒင်္ဂါး များကို ၁၉၉၁ ခုနစ်မှ စတင်ထုတ်ဝေခဲ့ပြီး၊ တမတ်သား၊ နှင့် တကျပ်သား ပုံစံသစ် စံချိန်မီ ရွှေဒင်္ဂါး မျာကို ၂၀၁၈ ခုနစ်တွင် ပြန်လည် ထုတ်ဝေခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

Revisiting Panglong: Is it about time to discuss Panglong in the 21st Century Panglong...

0
We don’t solve a problem.We only look for its root cause and find ways to fix it.ကျွနိုပ်တို့သည်ပြဿနာကိုမဖြေရှင်းပါ။ ပြဿနာ၏အကြောင်းရင်းကိုရှာပြီး အကြောင်းရင်းကိုသာဖြေရှင်းပါသည်။Dr Khammai DhammasamiOxford Vihara&Shan State Buddhist...

တိုင်းရင်းသားအရေးမျက်ကွယ်ပြုသော် ရွှေပြည်တော်မျှော်တိုင်းဝေးနေဦးမယ်

0
မြန်မာ့ဆိုရိုးစကားတခုဖြစ်တဲ့ “အရေးကြီး၊ သွေးနီး” ဆိုတာ တိုင်းပြည်အရေး အမျိုးသား အရေးမှာ အရေးအကြောင်း ကြုံလာရင် လက်တွဲဖြေရှင်းရမယ်၊ အဲ့ဒီ့ဘုံရန်သူကို လက်တွဲ တိုက်ခိုက်ရမယ် လို့  သဘောပေါက်ပါတယ်။ လက်ရှိတိုင်းပြည်မှာ ကိုဗစ် ၁၉ ကူးစက်ပျံ့ပွားနေတာဟာ တိုင်းပြည်အရေးအကြောင်း ဖြစ်ဒါကြောင့် အဲဒီ့ ကပ်ရောဂါကို လက်တွဲ ကာကွယ်တိုက်ဖျက်ရမယ့်...

ငွေစက္ကူအသစ်က ပြည်ထောင်စုကို ဖြေရှင်းနိုင်မလား

0
ဗိုလ်ချုပ်အောင်ဆန်းပုံပါသော ကျပ် ၁၀၀၀ တန်ငွေစက္ကူအသစ်ကို လက်ရှိ NLD အစိုးရလက်ထက် နိုင်ငံတော်ဗဟိုဘဏ်က ထုတ်ဝေကာ ဇန်နဝါရီလ ရ ရက်နေ့က လူထုအား စတင်လဲလှယ်ပေးခဲ့သည်။ နှစ်ပေါင်းအတန်ကြာ ပျောက်ဆုံးနေသော ဗိုလ်ချုပ်ပုံပါ ငွေစက္ကူကိုပြန်လည်ထုတ်ဝေသည့်အတွက် မြန်မာ့စီးပွါးရေးဘဏ်တွင် လူထုအများအပြား သွားရောက်တိုးဝှေ့လဲလှယ်ခဲ့ကြသည်။ ချောင်းကူးတံတားအား ဗိုလ်ချုပ်အောင်ဆန်းတံတားဟုအမည်ပေးခြင်း၊ ဗိုလ်ချုပ်အောင်ဆန်းရုပ်ထုများစိုက်ထူရန်ကြိုးစားခြင်းတို့ကြောင့် ယခင်နှစ်များက တိုင်းရင်းသားဒေသတချို့တွင်...