Friday, April 19, 2024

Revisiting Panglong: Is it about time to discuss Panglong in the 21st Century Panglong Conference? ၂၁ ပင်လုံမှာ ၄၇ ပင်လုံကိုဆွေးနွေးသင့်ပြီလား?

Must read

We don’t solve a problem.
We only look for its root cause and find ways to fix it.
ကျွနိုပ်တို့သည်ပြဿနာကိုမဖြေရှင်းပါ။ ပြဿနာ၏အကြောင်းရင်းကိုရှာပြီး အကြောင်းရင်းကိုသာဖြေရှင်းပါသည်။
Dr Khammai Dhammasami
Oxford Vihara&Shan State Buddhist University

All problems become smaller when you confront them, instead of dodging them.
ပြဿနာဟူသမျှသည် မရှောင်လေ,ရင်ဆိုင်လေသေးငယ်လာပါသည်။
Admiral William F. Halsey

ပြည်ထောင်စုရဲ့ပေတံကပင်လုံပဲ။
Kipp Kho Lian

အကြောင်းကိုပယ်လိုက်ရင်အကျိုးကရပ်စဲသွားမယ်။
Take away the cause, and the effect seases.
Miguel de Cervantes, author of Don Quixote

စကားဦး

၂၀၁၁ မှစ ၍ပြည်တွင်းစစ်ဖြင့် အမိုက်မှောင်ချခံရသည့် ဤပြည်ထောင်စုအမည်ခံနိုင်ငံ၌ ငြိမ်းချမ်းရေး-ပြည်ထောင်စုပြန်လည်တည်ဆောက်ရေးရောင်ခြည်သန်းခဲ့ပါသည်။

TMD သည်၄င်း၊ EAO အများသည်၄င်း၊ Federal စနစ်ကိုလက်ခံလာကြသည်။

နိုင်ငံရေးပြဿနာကို စစ်ရေးဖြင့်ဖြေရှင်းခြင်းမပြုလုပ်ဘဲ နိုင်ငံရေးနည်းဖြင့်ဖြေရှင်းသည့် နိုင်ငံရေးယဉ်ကျေးသစ်တစ်ရပ်စ, တင်အမြစ်တွယ်လာသည်။

ပင်လုံစိတ်ဓာတ်နှင့်ဒို့အရေးသုံးပါးအခြေခံသည့် NCA ကို လက်မှတ်ရေးထိုးပြီး ငြိမ်ချမ်းရေးဖြစ်စဉ်ကိုစတင်ခဲ့သည်။

၂၁ ရာစုပင်လုံအမည်ခံ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို ၄ ကြိမ်ကျင်းပခဲ့သည်။
သို့သော်ဤဖြစ်စဉ်သည် သမတကြီးဦးသိန်းစိန် နိုင်ငံရေး ပိတ်ကားနောက်ကွယ်ရောက်သွားပြီးသည့်နောက် ရှေ့မတိုးနိုင်သော အခြေအနေသို့ ရောက်ရှိနေသည်။

အကြောင်းရင်းတစ်ရပ်ကိုငြိမ်းချမ်းရေးဖြစ်စဉ်တွင် ပါ၀င်သည့်အစိုးရဘက်မှ ပုဂ္ဂိုလ်တစ် ဦးကဤသို့မှတ်ချက်ချခဲ့သည်။

“ပင်လုံအမည်တပ်ပြီးပင်လုံအကြောင်းမဆွေးနွေးတဲ့ညီလာခံကြီးကိုးဗျ”

သို့ဖြစ်ပါ၍ပင်လုံအကြောင်းဆွေးနွေးသင့်မသင့်မေးခွန်းကိုဖြေကြားရန်လိုအပ်လာ ပါသည်။

To move ahead, we should look back.
(ရှေ့ကိုတိုးနိုင်ရန်နောက်ကိုကြည့်သင့်ပါသည်)

1957 ခုနှစ်ကလည်းရှမ်းပြည်၏နိုင်ငံရေးဂုရုတစ်ဦးဟု သတ်မှတ်ခြင်းခံရသည့် ဦးထွန်းမြင့် (၁၉၂၀-၁၉၉၇) က “ရှမ်းပြည်၏နစ်နာချက်များ” စာတမ်းဖြင့်ပင်လုံ မှသဘောတူညီချက်များနှင့်လက်တွေ့ကျင့်သုံးမှုမတူမှုကိုတင် ပြခဲ့သည်။

ပင်လုံစိတ်ဓါတ် ပင်လုံ ကတိကဝတ် ပင်လုံစာချုပ်ကိုမလိုက်နာသရွေ့ပင်လုံကို မေ့ခိုင်း ၍မရ။ ငြိမ်းချမ်းရေးကိုလည်း တည်ဆောက်၍ မရ။ ပြည်ထောင်စုတည်မြဲရေး တိုင်း ရင်းသားစည်းလုံးညီညွှတ်မှုတည်တံ့ခိုင်မြဲရေး နှင့်အချုပ်အခြာအာဏာမပြိုကွဲရေးကို လုပ်နိုင်မည်မဟုတ်ဆိုသည်ကိုနားလည်သိရှိရန်အချိန်တန်လှပါပြီ။

ထိုကြောင့်ပင်လုံသို့ ဒုတိယအကြိမ် ပြန်လည် လည်ပတ်ကြပါစို့ဟုတိုက်တွန်းယင်း ဤစာတမ်းကိုမူလတန်းမြန်မာစာဖြင့်ရေးသားတင်ပြအပ်ပါသည်။

သမိုင်း

သမိုင်းသည် ဆရာဖြစ်သည်။ သခင်မဟုတ်။
(အမည်မသိ)

ဗမာ/ မြန်မာ elite များနှင့်တိုင်းရင်းသားများသည် သမိုင်းချင်းမတူကြပါ။

ဗမာ/ မြန်မာ elite သမိုင်း

၂၀၁၅-တပ်မတော်စက္ကူဖြူစာတမ်းအရ ပြည်ထောင်စုသမတမြန်မာနိုင်ငံတော်သည် ရှေးနှစ်ပေါင်းတစ်ထောင်ကျော်ပုဂံခေတ်မှစ၍ ပေါ်ထွန်းခဲ့သည်ဟုဆိုသည်။

နေပြည်တော်ရှိရုပ်ထုသုံးခုကိုသက်သေထူကြသည်။ NLD ကလည်း အနော်ရထာ, ဘုရင့်နောင်, အလောင်းဘုရား တွင်မကပါဘူးဗိုလ်ချုပ်အောင်ဆန်းလဲပါပါတယ်ဟု ပြနိုင်ရန်အောင်ဆန်းရုပ်ထုများကို မြို့အများအပြားတွင်ထူထောင်နေသည်။

ပြည်ထောင်စုတည်ဆောက်ရာတွင်ပါ၀င်သည့် တိုင်းရင်းသားခေါင်းဆောင်များ အနက် ပဌမဦးဆုံး သမတဖြစ်ခဲ့ယူ ညောင်ရွှေစော်ဘွားကြီး စဝ်ရွှေသိုက်၏ရုပ်ထုကိုမူ ထူထောင်ခွင့်ပေးခဲ့သည် တွေ့ရသည်။ ကရင်အမျိုးသားတို့၏ခေါင်းဆောင်စောဘဦး ကြီး မှာကား ဤအခွင့်အရေးမရခဲ့ပါ။

အထက်ပါစာတမ်းအရပင်လုံသည် holding together agreement ဖြစ်သည်။ coming together treaty မဟုတ်ဟုမြင်သည်။

ထိုကြောင့် 1952 တွင်ရှမ်းပြည်ကိုစစ်အင်အားဖြင့် သိမ်းခဲ့သည်။ 1962 တွင် ပြည်ထောင်စု မပြိုကွဲရေးကြွေးကြော်သံဖြစ် နိုင်ငံတော်အာဏာကိုသိမ်းယူခဲ့သည်။

ယခုဆိုလျှင် assimilation (Burmanization) သည်အောင်မြင်နေပြီ။ ကိုယ့်လူမျိုးဘာသာ စကားပြောတတ်သူအနည်းအကျဉ်းသာ ကျန်တော့သည်။ ဤအမျိုးသားပြည်နယ်များ သည်လည်းအမည်ခံ titular state တွေပဲဖြစ်နေပြီဟုပြောဆိုမှု ရှိလာသည်။

တိုင်းရင်းသားများဘက်မှအမြင်

ဤတိုင်းပြည် ပြည်ထောင်စုဖြစ်လာသည်မှာ ပင်လုံကြောင့်ဖြစ်သည်။ ယခင်က ဗြိတိသျှကိုလိုနီများအနေဖြင့်တသီးတခြားရှိခဲ့သည်။ ထို့အယင်ကလည်း သီးခြားနိုင်ငံများ ဖြစ်ခဲ့သည်။ အင်အားကြီးသည့်ဗမာဘုရင်များခေတ်တွင် ပဏ္ဏာဆက်နိုင်ငံ (tributary state) သြဇာခံနိုင်ငံ (vassal state)များဖြစ်ခဲ့သည်။ (In Search of Panglong Spirit, P.74)

သီးခြားမဟုတ်ပါက ပင်လုံစာချုပ်လက်မှတ်ထိုးစရာမလို။ ရခိုင် မွန် ကရင် တို့ကဲ့သို့ပင် ဗမာနှင့် အတူ လွတ်လပ်ရေးယူသွားရန်သာရှိသည်။ (ISOPS, P.108)

1947 အခြေခံဥပဒေသည် quasi federal ဖြစ်သည်။ ဦးချန်ထွန်း ပြောသလိုဆိုလျှင် Federal in theory, Unitary in practice.(သဘောတရား အရဖက်ဒရယ်- လက်တွေ့အရတစ်ပြည်တောင်)

ပညာရှင်အချို့က Unitary မက, empire ဖြစ်သွားပြီ။ ပြည်နယ်တွေပာာလဲ ဗမာကိုလိုနီဖြစ်သွားပြီဟုဆိုသည်။ (Tun Myint P.133,177)

1947 ကိုလက်ခံခဲ့သည်မှာအောက်ပါအကြောင်းတို့ကြောင့်ဖြစ်။

  1. 1947 သည်ယာယီသာဖြစ်။ နောင်တွင်ပြန်လည်ပြင်ဆင်မည်။
  2. လွတ်လပ်ရေးလိုချင်မှုစိတ်စောနေကြသည်။
  3. လွတ်လပ်ရေးရပြီးနောက်မလိမ့်တပတ်အလုပ်ခံရမည်ပာုမထင်ခဲ့ကြ။

အောင်ဆန်းသည် စစ်အင်အားမသုံးပဲတိုင်းရင်းသားများကိုအောင်နိုင်ခဲ့သည့်တစ်ပါး တည်းသော သရဖူမဆောင်းသည့်ဘုရင်ဖြစ်သည်ဟုခေါ်ဆိုမှုရှိသည်။ အချို့ကပင်လုံနောက်ပိုင်းတွင် ဗမာ/မြန်မာ elite များက he has outlived his usefulness ဆိုပြီးသုတ်သင်ရှင်းလင်း ခဲ့သည်ဟုစွပ်စွဲမှုလည်းရှိသည်။

စာစကားတူသည့်ကိစ္စနှင့်ပတ်သက်၍အငြင်းပွားစရာရှိနိုင်သည်။ သို့သော်သေချာသည် မှာစကားတူမှုဖြင့် လူမျိုးတူသွားပြီ, တသီးတခြားမဟုတ်တော့ဟုမပြောနိုင်။ ယခု အင်္ဂလိပ် စကား အင်္ဂလိပ်စာ အဓိက သုံးနေသည့် USA, Ireland, Australia တို့ကိုကြည့်နိုင်။

ထိုကြောင့် ယခုဖြစ်ပွား နေသည့်စစ်ပွဲကိုအချို့က armed conflict ဟူ၍ပင်မခေါ်။
War of Resistance, Anti Neo-Imperialist War ဟုပင်ခေါ်ကြသည်။

ပင်လုံ

ပင်လုံနှင့်စပ်လျဉ်းလာလျှင်လည်း ရှုမြင်ပုံမတူကြ။
ဗမာ/မြန်မာ elite အမြင်။

KIO- တပ်မတော်တို့တရုတ်ပြည်တာလီမြို့တွင် 1/2/18 တွင်တွေ့ဆုံစဉ်ကလည်း တပ်မတော်ဘက်မှအောက်ပါအတို်င်းပြောဆိုခဲ့သည်ဟု မှတ်တမ်းတွင်တွေ့ရပါသည်။

၄-၁၂. တပ်မတော်ဘက်မှပင်လုံစာချုပ်ဆိုသည်မှာကြာမြှင့်လှပြီးဖြစ်၍၄င်း စာချုပ် ပါ အချက်များကို “စွဲ” မနေသင့်ကြောင်းပြောဆိုသည်။

ဤကိစ္စနှင့်စပ်လျဉ်း၍တနိုင်းမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးလင်းလင်းဦးမှ 21/12/16 ရက်တွင်စာဖြင့်အောက်ပါအတိုင်းမေးခွန်းထုတ်ခဲ့ပါသည်။

(က) ယခုအချိန်ကာလတွင် ၁၉၄၇ ခုနှစ်ဖေဖေါ်ဝါရီလ (၁၂) ရက်နေ့တွင်ချုပ်ဆိုခဲ့သော ပင်လုံစာချုပ်သည်တရားဝင်တည်မြဲလျက်ရှိနေပါသလား?

(ဂ) ပြည်ထောင်စုုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံတွင် ၄င်းပင်လုံစာချုပ်သည် မည်သည့်အခန်းအဏ္ဍ၌တည်ရှိမည်ဖြစ်ကြောင်း

ဤမေးခွန်းနှစ်ရပ်ကိုနိုင်ငံတော်၏အတိုင်ပင်ခံရုံးမှအောက်ပါအတိုင်း 3/5/17 တွင်ဖြေကြားပေးခဲ့ပါသည်။

အဖြေ (၁) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတွင်ဖွဲ့စည်းပုံအခြေခံဥပဒေကို ၁၉၄၇ ခုနှစ်၊ ၁၉၇၄ ခုနှစ်နှင့် ၂၀၀၈ ခုနှစ်တို့တွင်ပြဌာန်းခဲ့ပြီး၊ ယခုအချိန်တွင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေသည်အာဏာသက်ဝင်အတည်ဖြစ်လျက်ရှိပါသည်။ သို့ဖြစ်ပါ၍ ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင်ချုပ်ဆိုခဲ့သော ပင်လုံစာချုပ်ပါအချက်များ သည် ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဠာန်းချက်များကိုမဆန့်ကျင်လျှင် လက်ရှိအချိန်အထိ အကျုံးဝင်မည်ဖြစ်ပါသည်။

အဖြေ (၃) ပြည်ထောင်စုုငြိမ်းချမ်းရေးညီလာခံ (၂၁) ရာစုပင်လုံတွင် မတူကွဲပြားမှုများ အကြားမှ စည်းလုံးညီညွတ်မှု ရယူကာ ငြိမ်းချမ်းရေးပန်းတိုင်သို့ ရောက်ရှိရန်အတွက် အတူလက်တွဲသွားရန်ပာူသည့် စိတ်ဆုံးဖြတ်ချက် ပင်လုံစိတ်ဓာတ်သာလျှင် အဓိကအခန်းကဏ္ဍ၌ တည်ရှိမည်ဖြစ်ကြောင်းဖြေကြားအပ်ပါသည်။

နိုင်ငံတော်၏အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်ကလည်း 17/7/16 နေ့တွင် UNFC ခေါင်းဆောင်များနှင့်တွေ့ဆုံစဉ်ကအောက်ပါအတိုင်းပြောကြားခဲ့သည်။

ပင်လုံညီလာခံဆိုတာ ပင်လုံ Agreement ပေါ်မှာအခြေခံမှာလား။ ပင်လုံစိတ်ဓာတ်အ ပေါ်မှာ အခြေခံတာလား၊ ပင်လုံသဘောတူညီချက်ပာာ ရေဘုယျသဘောဆန်ပါတယ်။ တိတိကျကျရယ်လို့တော့ မဟုတ်ပါဘူး။ ပြန်ဖတ်ကြည့်မယ်ဆိုရင်တော့ အဓိကပါနေတာက ကချင်နဲ့ ပတ်သက်တဲ့ပာာ ပါတာပါ။ တခြာတိုင်းရင်းသားတွေနဲ့ စာလို့ရှိရင်တော့ အပိုဒ် (၅?)၊ အပိုဒ် (၆) နဲ့အပိုဒ် (၉) မှာ သေသေချာချာကို ကချင်ဆိုပြီးတော့ ဖော်ပြထားတာ ရှိပါတယ်။ (၈) မှာတော့ရှမ်းကို ဖော်ပြထားပါတယ်။ ရှမ်းကိုဖော်ပြထားရာမှာလည်း တကယ်တော့ General ဖြစ်ပါတယ်။ ဥပမာ (8) The arrangements accepted in this Agreement are without prejudice to the financial autonomy now vested in the Federated Shan States.

အဲ့ဒီတော့ Without prejudice ဆိုတာအဓိပ္ပာယ်အမျိုးမျိုးဖော်လို့ရပါတယ်။ အဲ့ဒီတော့ ပင်လုံစာချုပ်အတိုင်းသွားမယ်ဆိုလို့ရှိရင်တောင်မှ လိုတိုးပိုလျှော့တွေ အများကြီးလုပ်နိုင်တဲ့ အခြေအနေရှိပါတယ်။ ဒါပာာကျွန်မတို့အတွက်ပြဿနာ မဖြစ်နိုင်ပါဘူး။ ပြဿနာကတကယ်ကျွန်မတို့ သဘောတူညီမှု ယူချင်တယ်ဆိုလို့ရှိရင် ဘာမှပြဿနာမှ မရှိပါဘူး။ ကျွန်မက ပင်လုံစိတ်ဓာတ်လို့ပြောတာပာာ ပူးပေါင်းဆက်ဆံရေး၊ ပူးပေါင်းချင်းအားဖြင့်ပေါ့နော်။ ဒါပေမဲ့ကျွန်မတို့က စိတ်ဓာတ်ပဲ ယူရမယ်၊ ဒီထဲမှာရှမ်း၊ ကချင်၊ ချင်း၊ ဗမာ ပါတယ်။ မွန်မပါ၊ ကယားမပါ၊ မပါတာတွေ အများကြီးပဲ။ ဒါ့ကြောင့်ကျွန်မက ပင်လုံစိတ်ဓာတ်ကို အခြေခံပါလို့ ပြောတာ၊ ပင်လုံစာချုပ် ကိုအခြေခံမယ်ဆိုရင် ကချင်၊ ချင်း၊ ဗမာ၊ ရှမ်း နဲ့ပဲ ပြီးသွားရောလားဆို တာမဖြစ်နိုင်ဘူး။ နောက်ပင်လုံစာချုပ်ထဲကအတိုင်းလို့ မပြောတာပာာ တိုင်းရင်းသားတွေ ရဲ့အခွင့်အရေးတွေကို ကန့်သတ်ချင်လို့မဟုတ်ပါဘူး။ ပြောရမယ်ဆိုရင် ပင်လုံစာချုပ်က ကျဉ်းလွန်းလို့ပါ။ ဒါ့ထက်ပိုပြီးတော့ ကျယ်ပြန့်ဖို့ ကျွန်မတို့လိုပါတယ်။ တကယ့်ဖက်ဒရယ် ပြည်ထောင်စုထူထောင်ဖို့ဆိုလို့ရှိရင်ပေါ့။

တိုင်းရင်းသားများဘက်မှအမြင်

ဦးစွာအမြင်မတူမှုများရှိကြောင်းပလ္လင်ခံရပါမည်။

တစ်ဖက်

The reality is that the (ethnic leaders) had no choice. The British had already decided to give up their colonies and the various territories they governed to Bogyoke Aung San. The ethnic leaders had to accept the best deal they could get. Hence the Panglong Agreement.
တိုင်းရင်းသားခေါင်းဆောင်များသည်ရွေးခြယ်စရာလမ်းမရှိခဲ့ပါ။ ဗြိတိသျှတို့က သူတို့ အုပ်ချုပ်ခဲ့သောကိုလုနီများနှင့်နယ်မြေများကိုအောင်ဆန်းကိုပေးရန်ဆုံးဖြတ်ခဲ့ပြီး၍ဖြစ်သည်။ ထိုကြောင့် ပင်လုံစာချုပ်ဖြင့်အဆိုးထဲမှ အကောင်းကိုရယူခဲ့ရသည်။

အခြားတစ်ဖက်


ပင်လုံစာချုပ် သာမချုပ်ဆိုဖြစ်ခဲ့လျှင် “တောင်တန်းဒေသစုံစမ်းရေးကော်မရှင်” သည်လည်းပေါ်ပေါက်လာမည်မဟုတ်။ ကရင်နီနယ်သည် ဘေးလူအဖြစ်အကဲခတ်နေသည့်အဆင့်သာရှိသေးရာ မြန်မာပြည်မနှင့်ပူးပေါင်းရန် လည်းဖြစ်ပေါ်လာမည်မဟုတ်။ သို့ဖြစ်လျှင်လွတ်လပ်သောပြည်ထောင်စုမြန်မာနိုင်ငံ တော်သည်လည်း ပေါ်ပေါက်လာမည်မဟုတ်။ (၁) လွတ်လပ်သောမြန်မာနိုင်ငံတော် (ပြည်ထောင်စုမဟုတ်၊ တစ်ပြည်ထောင်ပုံစံပင်ဖြစ်မည်။) နှင့် (၂) အင်္ဂလိပ်လက် အောက်ခံတောင်တန်းဒေသများဟူ၍ နှစ်ပိုင်းကွဲသွားမည်။ (တတိယပြည်ထောင်စုမြန်မာ နိုင်ငံသို့၊ ဦးရွှေအုံး၊ စာမျက်နှာ ၅၃)

တောင်တန်းဒေသများသည် ဗြိတိသျှကိုလိုနီအဖြစ် ကျွန်ဘဝတွင်ဆက်လက်သက်ဆိုး ရှည်နေဦးမည်သာဖြစ်ပါသည်။

သို့သော် ကျွန်ဘဝဖြင့်နှစ်ပေါင်းမည်မျှကြာမည်နည်း။ လွတ်လပ်ရေးမရနိုင်တော့ပြီး လော။ ထိုကိစ္စကို မလေးရှားနိုင်ငံနှင့်ပူးတွဲစဉ်းစားဖြေဆိုရမည်ထင်ပါသည်။ မလေးရှား နှင့်ရှမ်းပြည်နယ်တို့သည်တူညီသောသမိုင်းကြောင်းနှင့် အဆက်အသွယ်ရှိခဲ့ဖူးသည်။ ထိုအချိန်အခါ တွင်မလေးရှားတွင် ဆူလတန်ခေါ်စော်ဘွားနယ် (၉) နယ်မျှဖြင့်သီးခြားအုပ်စိုး နေထိုင်ခဲ့ပြီး ဗြိတိသျှကိုလိုနီနိုင်ငံတစ်ခုဖြစ်သည်။ မလေးရှားတွင်ထိုသို့ဆူလတန် များသီးခြားစီအုပ်ချုပ်လာခဲ့ရာမှ ပိုမိုထိရောက်စေရန်စုပေါင်းထားသောမလေးနယ်များ (Federated Malay States) ဟူ၍ပြောင်းလဲဖွဲ့စည်းခဲ့သည်။ ထို့ကြောင့်မြန်မာ နိုင်ငံ၏-ဒုတိယဘုရင်ခံဆာရယ်ဂျီနယ်ကရက်ဒေါက်သည် ၁၉၁၉-ခုနှစ်အတွင်း မစ္စတာလစ်စတာ ခေါ်အိုင်စီအက်အရာရှိတစ်ဦးကို မလေးနယ်များသို့စေလွှတ် လေ့လာစေခဲ့သည်။ ငါးလကြာမျှလေ့လာပြီးနောက် မလေးနယ်များ၏အုပ်ချုပ်ရေးစီမံ ကိန်းကိုပြုပြင်ချက်အနည်းငယ်မျှပြုလုပ်ပြီး ပဒေသရာဇ်ရှမ်းပြည်နယ်များ ခေါ်ပြည်ထောင်စုရှမ်းပြည် (Federated Shan States) အဖြစ် ၁၉၂၂-ခုနှစ် အောက်တိုဘာလ (၁) ရက်နေ့မှစ၍စတင်အ ကောင်အထည်ဖော်ခဲ့ခြင်းဖြစ်သည်။

မလေးနယ်များသည် ၁၉၅၇-ခုနှစ်တွင် ဗြိတိသျှဓနသပာာယအဖွဲ့ဝင်ဒိုမိုနီယံ နယ်တစ်ခု ဖြစ်လာပြီး ၁၉၆၃-ခုနှစ်တွင် လွတ်လပ်သောမလေးရှာပြည်ထောင်စုအဖြစ်ထွက်ပေါ် လာနိုင်ခဲ့သည်။ ပဒေသရာဇ်ရှမ်းပြည်နယ်သည် အကယ်၍မြန်မာပြည်ထောင်စုတွင်ပါ ၀င်ခြင်းမရှိပါက တောင်တန်းဒေသများအဖြစ် အခြား ကချင်၊ ကရင်၊ ကရင်နီ၊ ချင်း-စ သောနယ်ပယ်များနှင့်ပူးပေါင်း၍ကျန်ရစ်နေမည်။

ထို့ကြောင့်အကယ်၍ ပြည်ထောင်းစု မြန်မာနိုင်ငံတော်ကြီးမဖြစ်ပေါ်လာခဲ့သော် မလေးရှားနှင့်မရှေးမနှောင်းပင် လွတ်လပ် သောတောင်တန်းဒေသနိုင်ငံတော်သည် ပေါ်ပေါက်ကောင်းပေါ်ပေါက်လာမည်ဖြစ်ပါ သည်။ ၁၉၄၇-ခုနှစ်တွင် အခြေအနေမပေးသဖြင့် သီးခြားနိုင်ငံများထူထောင်ခဲ့ကြသည့် တိုင်အောင် နောက်ပိုင်းတွင်ပြန်လည်စေ့စပ်ညှိနှိုင်းပြီး မြန်မာသမ္မတနိုင်ငံနှင့်လွတ်လပ် သောတောင်တန်းဒေသနိုင်ငံနှစ်ခုပူးပေါင်းပြီး တန်းတူညီမျှသောပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အဖြစ်ပြန်လည်ပူးပေါင်းမိကောင်း ပူးပေါင်းနေမိမည်ဖြစ်ပါသည်။
(ဦးရွှေအုံး၊ တတိယ ပြည်ထောင်စုမြန်မာနိုင်ငံသို့ စာမျာက်နှာ ၅၆-၅၇)

နောက်တဖက်
In his biography in Freedom Way Magazine, it said that he (Sao Htun Yin, Prince of Nawng Mawn) was not in favor of the Panglong Agreement and accused the senior saohpas who were involved of “wanting to make slaves of us” and “lead us into Burmese prisons and (eat gram peas).”
နောင်မွန်စော်ဘွားစဝ်ထွန်းရင်မှာပင်လုံစာချုပ်ကိုအမြင်မကောင်းသူတစ်ဦးဖြစ်သည်။ ခေါင်းဆောင်စော်ဘွားကြီးများကို “ကျွန်ဇာတ်သွင်းသူများ” “ထောင်ဝင်ပြီးကုလားပဲစားမဲ့သူများ ” ဟုစွပ်စွဲခဲ့သည်။

Sao Sanda Simms, Great Lords of the Sky, 2015, P.357
မှတ်ချက်။ အင်္ဂလိပ်သို့ဘာသာပြန်ရာတွင် “ကုလားပဲစားမဲ့သူများ” ကျန်ရစ်ခဲ့၍ပြန်လည် ထည့်သွင်းပေးထားပါသည်—စာရေးသူ။

ပင်လုံစာချုပ်နဲ့ငါတို့ရှမ်းပြည်ကိုဗမာတွေကလိမ်ယူသွားကြဒါပေါ့ကွာ။
စဝ်ခွန်ဆာ လွိုင်မော်၊MTA ခေါင်းဆောင်။

ပညာရှင်များအမြင်


ပင်လုံစာချုပ်ကိုကြည့်လျှင် အချက် ၉ ချက်ကိုတွေ့ရမည်ဖြစ်သည်။

အချက် ၁-၄ ကြားဖြတ်မြန်မာအစိုးရတွင်နယ်ခြားကိုယ်စာလှယ်များက နယ်ခြားရေးရာဝန်ကြီးများ (Frontier Areas Counsellor i.e.Minister) အဖြစ်ပါ၀င်ရန်။
အချက် ၅ သက်ဆိုင်ရာ internal administration အတွက်တည်ဆဲ autonomy ကိုမထိပါးရ။ Internal administration ရေးရာတွင် Full autonomy ရှိရမည်ကိုမူအရလက်ခံသည်။
အချက် ၆ မြစ်ကြီးနားနှင့်ဗန်းမော်ခရိုင်တို့ပေါင်းစပ်၍ကချင်ပြည်နယ်ထားရှိ ရန်သဘောတူသည်။
အချက် ရ ဒီမိုကရေစီနိုင်ငံများတွင် အခြေခံများအဖြစ် အသိအမှတ်ပြုထားသော အခွင့်အရေးများနှင့်ရ ပိုင်ခွင့်များကိုခံစားခွင့်။
အချက် ၈ ပြည်ထောင်စုရှမ်းပြည်တွင် လက်ရှိရရှိထားသော Financial autonomy ကိုထိခိုက်လျော့ပါးခြင်းမရှိစေရ။
အချက် ၉ ကချင်နှင့်ချင်းတို့သည်လည်းပြည်ထောင်စုရှမ်းပြည်နည်းတူ financial autonomy ရရှိနိုင်ရေးအတွက် ဆောင်ရွက်သွားမည်။

ချုပ်လိုက်လျှင် ကချင်ပြည်နယ်အရေးမှ လွဲ၍အခွင့်အရေး ၄ ချက်ကိုပေးထားကြောင်းတွေ့ရသည်။

  1. ဗဟိုအစိုးရတွင်နယ်ခြားဒေသများကိုကိုယ်စားပြု၍ပါ၀င်ရန်။
  2. တည်ဆဲ semi autonomy (ကိုယ့်ဥပဒေနှင့် ကိုယ့်ဖာသာစီမံပိုင်ခွင့်) ကိုမထိပါးရုံမျှမက Full autonomy ဖြစ်ရေး။
  3. လူ့အခွင့်အရေးနှင့် ဒီမိုကရေစီရေး။
  4. ဘဏ္ဍုာရေးဆိုင်ရာ ကိုယ်ပိုင်ခန့်ခွဲနိုင်ရေး။

• ပင်လုံစာချုပ်ကိုချုပ်ဆိုခဲ့ပြီးပြည်ထောင်စုမြန်မာနိုင်ငံ၏ပဌမဆုံး သမတ အဖြစ် တာဝန်ယူခဲ့သည့်ညောင်ရွှေစော်ဘွားကြီး စစ်ရွှေသိုက်၏သားတော်တစ်ဦး ဖြစ်သောဒေါက်တာစစ်ဇန့်ယောင်ပောွက အထက်ပါကိစ္စနှင့်စပ်လျဦး၍ အောက်ပါအတိုင်းမှတ်ချက်ပေးခဲ့ပါသည်။

“စာချုပ်ချုပ်ဆိုဘို့နယ်ခြားဒေသခေါင်းဆောင်များက ဆုံးဖြတ်ခဲ့သည်မှာ self-rule အခွင့်အရေးများကြောင့်သာမပာုတ်၊ shared rule ဖြစ်သည့် ‘ဗပာုိအစိုး ရတွင်နယ်ခြားဒေသများကိုကိုယ်စားပြုပါ၀င်နိုင်မှု’ ကိုဗိုလ်ချုပ်အောင်ဆန်းက ဖိတ်ခေါ်လက်ခံခဲ့မှုက အထူးအရေးပါအရာ ရောက်ခဲ့သည်။ ဤအချက်မပါလျှင်ပင်လုံစာချုပ်မဖြစ်ပေါ်လာနိုင်ပာုပင်ယတိပြတ်ကောက် ချက်ချနိုင်သည်။”

• In Search of Panglong Spirit ရေးသူ Michael Siegner က နိုင်ငံတော်အတိုင်ပင်ခံနည်းတူ “9 vague points” (မရေမရာသောအချက် ၉ ချက်)ပာုကောက်ချက်ချသည်။ (P.92)
• Written as a hastily agreed constitutional arrangement to ensure the unity of the entire colony prior to independence, it has been interpreted as a set of constitutional principles guaranteeing rights to ethnic groups. It did not, and in law, it could not.

The Panglong Agreement terminated in law, if not in politics, within months of it being signed. ပင်လုံစာချုပ်သည်နိုင်ငံရေးအရမဟုတ်သော် လည်း ဥပဒေရေးအရလပိုင်းအတွင်းသက်တမ်းကုန်ဆုံးခဲ့ပြီဖြစ်သည်။


Robert H.Taylor, Ethnicity, Federalism Citizenship and Politics in Myanmar, 26 June 2015


• တိုင်းရင်းသားဥပဒေပညာရှင် ဖြတန်ဥက္ကာကမူအောက်ပါအတိုင်းအဓိပ္ပါယ်ဖွင့် ခဲ့သည်။
ပင်လုံစာချုပ်၏အားသာချက်များ
o တရားဝင်တည်ရှိသောတိုင်းပြည်များဖြစ်သည်။
o တရားဝင်ကိုယ်စားလှယ်များဖြစ်သည်။
o တရားဝင် ညီလာခံဖြစ်သည်။
o တရားဝင်စာချုပ်ဖြစ်သည်။

၄င်း၏အားနည်းချက်မှာ
o စာချုပ်တွင်မည်သို့အကောင်အထည်ဖေါ်မည်ကိုမထည့်သွင်းထား။
o ဗြိတိသျှတို့သည်အစမ်းကာလ (Trial period) တွင်ဆက်လက်နေသင့် သည်။ သို့သော်အလျင်စလိုထွက်ခွာသွားသည်။

အခြားသုံးသပ်ချက်များ

– NCA တောင်မှ ပါလီမန်မှာ အတည်ပြုပြီး ဥပဒေဖြစ်လာတော့ ပင်လုံထက်ပိုမြင့်နေတယ်။
– ပင်လုံကိုမဆွေးနွေးရင်လက်ရှိပြည်နယ်တွေပာာဗမာကိုလိုနီတွေပဲလို့ပြောဒါနဲ့ တူတူပဲပေါ့။
– ပြည်ထောင်တွေလာပေါင်းကြလို့ ပြည်ထောင်စုလို့ခေါ်ဒါပေါ့။ လူမျိုးတွေလာပေါင်းကြလို့ဆို ရင်လူမျိုးစုလို့ခေါ်ရမှာပေါ့။

ပင်လုံစိတ်ဓာတ်
19/11/17 တရုတ်နိုင်ငံခြားရေးဝန်ကြီးနှင့်ဒေါ်စုတို့တွေ့စဉ်က အောက်ပါအတိုင်း ပြောဆိုခဲ့သည်။

China expects that the Myanmar government could adhere to the “Panglong Spirit”, and conduct friendly negotiation with ethnic and armed groups to reach political consensus featuring national unity and high degree of autonomy under the framework of the Constitution of the Republic of the Union of Myanmar. (www.fmprc.gov.cn)

17/11/18 နေ့ 2+2 အစည်းအဝေးတွင်လည်းတရုတ်ဖက်မှအောက်ပါအတိုင်းတိုက် တွန်းခဲ့သည်။

The Chinese officials reiterated respect for Myanmar’s sovereignty and territorial integrity as well as support for the Myanmar peace process, calling on all parties in Myanmar to adhere to the “Panglong Spirit” and reach consensus on ethnic unity under the framework of federal constitution. (Xinhua)

ထိုကြောင့်ပင်လုံစိတ်ဓာတ်ဆိုဒါဘာလဲမေးခွန်းထုတ်ဖို့လိုပါသည်။
အစိုးရဘက်မှ ရပ်တည်ချက်ကိုကားဖေါ်ပြခဲ့ပြီးပြပြီ။ EAO ဘက်မှ ၂၀၁၈ ခုနှစ်တွင် ထုတ်သည့် ပင်လုံလက်စွဲတွင်အောက်ပါအတိုင်းဖေါ်ပြထားသည်။

ပင်လုံစိတ်ဓာတ် ဆိုသည်မှာ ၁၉၄၇ ခုနှစ် ဖေဖော်၀ါရီလ ၁၂ ရက်နေ့တွင် ရှမ်းပြည်တောင်ပိုင်း ပင်လုံမြို့၌ ချုပ်ဆိုခဲ့ကြသော ပင်လုံစာချုပ်နှင့် ထိုစာချုပ်၏ အစိပ်အပိုင်းများဖြစ်ကြသည့် အောင်ဆန်းအက်တလီစာချုပ် အပိုဒ် ၈ နယ်ခြားဒေသ စုံစမ်း စစ်ဆေးရေးကော်မတီထံသို့ Supreme Council of United Hills Peoples (SCOUHP) တင်ပြချက်နှင့် နယ်ခြားဒေသစုံစမ်းစစ်ဆေးရေး ကော်မတီ အစီရင်ခံစာတို့အပါအဝင် ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသား ခေါင်းဆောင်များအကြား အခိုင်အမာအပြန်အလှန်ပေးခဲ့ကြသော ကတိကဝတ် များနှင့် သဘောတူညီချက်များကို လိုက်နာစောင့်ထိန်းပြီး အကောင်အထည်ဖော် လိုသော စိတ်ဓာတ် ကို ဆိုလိုသည်။


ပင်လုံစာချုပ်ကို ချုပ်ဆိုရခြင်း၏ ရည်ရွယ်ချက်သည် တိုင်းရင်းသားလူမျိုး ပေါင်းစုံ တန်းတူရည်တူပူးပေါင်း၍ ထူထောင်ထားသော ပြည်ထောင် စုကြီးအတွ င်း မှီတင်း နေထိုင်ကြကုန်သော တိုင်းရင်းသားလူမျိုးများသည် မိမိတို့ လူမျိုးများ၏ ကံကြမ္မာကို မိမိတို့ ကိုယ်တိုင် လွတ်လပ်စွာ ဖန်တီးခွင့် ၊ ဆုံးဖြတ်ခွင့် နှင့် ပြဌာန်းခွင့်အပြည့်အ၀ ရှိ ၍ ပြည်ထောင်စုတခုလုံး၏ အရေးအရာ အားလုံးကိုလည်း စုပေါင်း၍ စီ မံ ခန့်ခွဲခွင့်ရှိ ရမည် ဟူသော အချက် ပင်ဖြစ် သည် ။ထို့ကြောင့် ပင် လုံ စိ တ် ဓာတ် သည် ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အခွင့်အရေးများ ကို အပြည့်အဝအာမခံချက် ပေးနိုင်သည့် စစ်မှန်သောဖက်ဒရယ်ပြည်ထောင်စု ထူထောင်ရေးကိုအခြေခံသည့် စိတ်ဓာတ်ပင် ဖြစ်သည်။

အောင်ဆန်းစိတ်ဓာတ်

ရှမ်းပြည်မှ နိုင်ငံရေးခေါင်းဆောင်များဖြစ်သည့် ဦးထွန်းမြင့်တောင်ကြီးနှင့် ဦးရွှေအုန်းတို့ အဆိုအရဆိုလျှင် အောင်ဆန်းစိတ်ဓာတ်ကြောင့်ပင်လုံစာချုပ်ဖြစ်ခဲ့သည်။ ပင်လုံစာချုပ်ကြောင့် ပြည်ထောင်စုကြီးပေါ်ထွန်းလာခဲ့သည်။ ထိုကြောင့်ပြည်ထောင်စု ကြီးတည်မြဲလိုသူတိုင်း အောင်ဆန်းစိတ်ဓာတ်ရှိဘို့လိုသည်ဟု ၄င်းတို့၏စာတမ်းများ အရသိရသည်။

ခွဲထွက်ခွင့်နှင့်ပတ်သက်လိုလဲ ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင်ကပြည်နယ်များကို “ခွဲထွက်ခွင့်ပေးရမည်၊ မခွဲထွက်ချင်အောင်လုပ်ပြရမှာက ကျုပ်တို့တာဝန်” လို့ရှင်းလင်းပြတ်သားစွာမိန့်ကြားခဲ့ပါတယ်။

ကြီးနိုင်ငယ်ညှင်းဆဲဝါဒကို ရှမ်းပြည်သူပြည်သားများအပေါ်မှာ မကျင့်သုံးဘို့ကိုလဲ ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် ရှမ်းပြည်ရှိမြန်မာလူမျိုးများအား မိန့်ကြားခဲ့ပါတယ်။ “ရှမ်းပြည်မှာနေတဲ့ဗမာတွေ၊ ရှမ်းအမျိုးသားများနဲ့ ချစ်ချစ်ခင်ခင် ညီရင်းအစ်ကိုလိုနေ ထိုင်သွားကြပါ။ အနိုင်မကျင့်ချင်ကြပါနဲ့။ အနိုင်ကျင့်မယ်ကြံရင် ကျုပ်နဲ့အရင်အိုးစားကွဲ ရလိမ့်မယ်” လို့ပြတ်သားစွာပြောခဲ့ပါတယ်။

ပြည်ထောင်စုမြန်မာနိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲစဉ်က ခွဲထွက်နိုင်တဲ့အခွင့် အရေးအခဏ်းမှာ “ဤအခြေခံဥပဒေအာဏာတည်သည့်နေ့မှ ဆယ်နှစ်အတွင်းခွဲထွက် နိုင်သော အခွင့်အရေးကိုအသုံးမပြုရ” ဟုပုဒ်မ ၂၀၂-ကို ထည့်သွင်းတဲ့အခါ။ ကျနော်တို့ ရဲ့ကိုယ်စားလှယ်များက ပြင်းပြင်းထန်ထန်ကန့်ကွက်ခဲ့ကြပါသည်။

ဘာပြုလို့ ကန့်ကွက်ရသလဲဆိုတော့ ပြည်ထောင်စုသဘောတရားများကို ထိခိုက်လို့ ပါဘဲ။ လူမျိုးစုတို့ရဲ့အခွင့်အရေးကို ချုပ်ချယ်ထိပါးလို့ ကန့်ကွက်ခဲ့ပါတယ်။

ဒါပေမဲ့ဗိုလ်ချုပ်အောင်ဆန်းတို့က ထိုစဉ်အခါမှာ ကမ္ဘာ့အခြေအနေ၊ နိုင်ငံရဲ့လွတ်လပ် ရေးအခြေအနေကို ရှင်းပြပြီး ၁၀-နှစ်ကာလအတွင်း ၅-နှစ်စီမံကိန်း ၂-ခုလောက်ဂဂနန လုပ်ပြီး၊ ပြည်ထောင်စု တဝှမ်းလုံးရဲ့ကြီးပွားတိုးတက်ရေးကို လက်ဆုပ်လက်ကိုင်ပြ ပါရစေ။ အဲသလို ၁၀ နှစ်လောက် လုပ်ပြပြီးမှ ကျေနပ်မှုမရှိလျှင် သဘောအတိုင်း ခွဲထွက်ကြပါလို့ စိတ်ထိခိုက်လောက်အောင် ရိုးသားစွာတင်ပြပြောဆိုတဲ့အတွက် ၁၀ နှစ်ကန့်သတ်ခြင်းကိုလိုက်လျောသဘောတူခဲ့ကြပါတယ်။
ရှမ်းပြည်၏နစ်နာချက်များ, 29/9/57

ကျွန်တော်တို့သည်ဗိုလ်ချုပ်အောင်ဆန်း၏ စေတနာကိုလည်းကောင်း၊ ပြည်ထောင် စနစ်မူကိုလည်းကောင်း၊ သံသယမရှိကြပါ။ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော ဗမာပြည်နှင့် ကျွန်တော်တို့ရှမ်းပြည်အား တပြည်ထောင်စနစ်အရ ပူးပေါင်းစေကာမူ ကျနော်တို့အဘို့စိုးရိမ်ပူပန်စရာမရှိဘု ကျွန်တော်တို့ယူဆသည်။

ပြည်ထောင်စုတွင်းမှတန်းတူသောရှမ်းပြည်, 24/2/61

“ပင်လုံစာချုပ်အရဖြစ်စေ၊ တောင်တန်းဒေသဆိုင်ရာစုံစမ်းရေးအစီရင်ခံစာမှ ထောက်ခံ ချက်များကိုဖြစ်စေ စဉ်းစားရာ၌၊ အဲဒီလိုလက်ခံထားခဲ့သည့် စာသဘောတွင်သာမကဘဲ (Not only the letter of agreement) သဘောတူညီခဲ့တဲ့ အရင်းခံသဘောတရားကို (The spirit of agreement) လက်ခံပြီးတော့ သည်အတိုင်းဘဲသည်တိုင်းပြည်ပြု လွှတ်တော်မှာလုပ်မှာပါဘဲ”

“ကျွန်တော်တို့ပာာသဘောတူညီထားခဲ့တဲ့ တကယ့်အရင်းခံသဘောတရားမှ သွေဖည်သွားမလားဆိုတာကိုတချို့လူမျိုးစုခေါင်းဆောင်များက သံသယဖြစ်နေကြ တယ်လို့သိရတယ်။ ဒီနေရာကနေကျွန်တော်ပြောချင်တာကတော့ ကျွန်တော်တို့အပေါ်ဒီလိုထင်ခဲ့လို့ရှိရင် ကျွန်တော်တို့ရဲ့ (Sense of honour) နဲ့(Sense of pride) ကိုစော်ကားတာဘဲ”

၁၆၊၆၊၄၇- တိုင်းပြုပြည်ပြုလွှတ်တော်၏ပထမ အကြိမ်ညီလာခံတွင်ပြောဆို သောမိန့်ခွန်း

I hate imperialism whether British, Japanese or Burmese.
(နယ်ချဲ့စနစ်ဆိုလျှင် ဗြိတ်သျှဂျပန်မပြောနှင့်၊ ဗမာနယ်ချဲ့စနစ်ကိုတောင်မှမကြိုက်ပါ)
At meeting of Anglo-Burma Council, at the City Hall, Rangoon, 8 December 1946.



ပင်လုံညီလာခံသို့ရောက်ရောက်ချင်းပြောဆိုသည့်မိန့်ခွန်း, ၁၉၄၇ ဖေဖေါ်ဝါရီလ ၈-ရက်, ဦးအုန်းဖေ ”ပင်လုံစစ်တမ်း” မှ။


တောင်တန်းနယ်ကို ဗြိတိသျှတို့က တိုက်ရိုက် အုပ်ချုပ်ခြင်းကို ဗမာတို့က မကြိုက်ကြောင်း တောင်တန်းနယ်ကို တောင်တန်းသားများက အုပ်ချုပ်သည်ကိုသာ ဗမာတို့ ကြိုက်ကြောင်း၊ ပြည်မလွတ်လပ်ရေးရသည်နှင့် တစ်ပြိုင်နက် တောင်တန်းနယ်များလည်း လွတ်လပ်ရေးရစေလိုကြောင်း၊ ထိုကဲ့သို့ပြောဆိုခြင်းမှာ လည်းဗမာတို့က တောင်တန်းနယ်များကိုစိုးမိုးလို၍မပာုတ်ကြောင်း၊ ဗမာတို့နှင့်အတူ တောင်တန်းသားများလည်း တန်းတူအဆင့်အတန်းနှင့်အခွင့်အရေးရစေလို၍သာ ဖြစ်ကြောင်း။
ပင်လုံညီလာခံ ၉.၂.၁၉၄၇ တွင်ဗိုလ်ချုပ်အောင်ဆန်းပြောခဲ့သည့်မိန့်ခွန်းမှ။

လူမျိုးရေးဆိုတာမှာလဲ ရှေးခေတ်ကအော်ပာစ်လာကြတဲ့ (အမျိုး၊ နိုင်ငံဘာသာ၊ သာသနာ) ဆိုတဲ့စကားမျိုးကို လက်သုံးပြုလို့မလုံလောက် တော့ဘူး။……………ကရင်စစ်သားတဦးကလူမျိုးအချင်းချင်းညီညွှတ်ဖို့အကြောင်းပြောတဲ့အထဲမှာ (ဗမာကဖဲရိုက်၊ ကရင်ကငါးမျှား) ဆိုတာလို အတူတူပါပဲလို့ ပြောတာကို သတိရပါတယ်။ ကိုယ့်ဒေသအလိုက်ကိုယ်ယုံကြည်တာကို ကိုယ်ကိုးကွယ်နေထိုင်ကြ ပြီးတတိုင်းပြည်လုံးနဲ့သက်ဆိုင်တဲ့ကိစ္စကြီးမှာညီညီညွှတ်ညွှတ်လုပ်ကြရင် ဒါပာာတမျိုး တည်းလို့ယူဆကြရမယ်။ ……………ဗမာကတမျိုး၊ ကရင်ကတဖုံ၊ ရှမ်း၊ ကချင်၊ ချင်းတို့ကတခြား အကွဲကွဲအပြားပြားလုပ် နေကြရင်အကျိုးရှိမှာမပာုတ်ဘူး။စုပေါင်းလုပ်ကြမှသာအကျိုးရှိနိုင်မယ်။
ပင်လုံညီလာခံ ၁၁.၂.၁၉၄၇ တွင်ဗိုလ်ချုပ်အောင်ဆန်းပြောခဲ့သည့်မိန့်ခွန်းမှ။

ခွဲထွက်ပိုင်ခွင့်နှင့်ပတ်သက်၍ဖဆပလအဖွဲ့ချုပ်တွင် မနှစ်ခြိုက်သူများရှိခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းက “ခွဲထွက်ပိုင်ခွင့်ကိုအသုံးပြုဖို့၊ မပြုဖို့က သူတို့ရဲ့အလုပ်၊ ခွဲထွက်ပိုင်ခွင့်ကိုပေးဖို့က ကျွန်တော်တို့ဗမာတွေရဲ့တာဝန်” ဟုလည်းကောင်း၊ “၁၀ နှစ်ကြာအောင်ပေါင်းပြီးမှ သူတို့တစ်တွေဆက်ပေါင်းချင်အောင် မလုပ်နိုင်လျှင် ကျုပ်တို့ ဗမာတွေညံ့လို့ပေါ့” ဟုလည်းကောင်းပြတ်သားစွာပြောခဲ့သည်။

စိန်ဝဇီ၏မိုင်းပွန်စော်ဘွားစဝ်စံထွန်း (၂၀၁၉ သြဂုတ်လ) စာအုပ်မှ။

ပင်လုံစိတ်ဓါတ်ဟူသည်မှာအသီးအပွင့်


မည်သို့ပင် အနက်အဓိပ္ပါယ်ဖွင့်သည်ဖြစ်စေ ချုပ်လိုက်လျှင်တော့ ပင်လုံစိတ်ဓာတ်ဆိုသည်မှာအသီးအပွင့်ဖြစ်သည်၊ အကျိုးရလဒ်ဖြစ်သည်။ သူ့ဖါသာသူမဖြစ်လာ။ အကြောင်းရှိ၍ ဖြစ်လာသည်။

ပညာရှိတွေက ဆိုပါသည်။ အကြောင်းနဲ့အကျိုးဆိုသည်မှာ ခေါင်းနှင့်ပန်းလိုပဲခွဲ၍မရပါ။

သို့သော်ပင်လုံကိုကြည့်လိုက်လျှင်အကြောင်းကိုလွှင့်ပစ်လိုက်ပြီး အကျိုးကိုပဲ ထားချင်သည့်ပုဂ္ဂိုလ်တွေရှိသည်။ အကြောင်းဖြစ်သည့် ပင်လုံစာချုပ်, ပင်လုံကတိ ကဝတ်တွေကိုဘေးချိတ်ပြီး အကျိုးဖြစ်သည့် ပြည်ထောင်စုကြီးကိုပဲချန်ထားချင်သည်။ ဤသည်ကို common sense ရှိတဲ့သူတိုင်း ကမဖြစ်နိုင်ဘူးလို့ပြောကြမှာဖြစ်သည်။

ကမ္ဘာကျော် Don Quixote ကိုရေးခဲ့သည် Miguel de Cervantes ပြောခဲ့သလိုပင်။ အကြောင်းကိုပယ်လိုက်ပါက အကျိုးကရပ်စဲသွားသည်။ (Take away the cause, and the effect ceases.)

အသီးအပွင့်ကိုသာ ထိန်းသိမ်းထားလိုပြီးသူ့အပင်နဲ့ အမြစ်ကို ဆွဲနှုတ်ပစ်လိုက်သလိုပင်။

ဒီပြည်ထောင်စုကြီးအားအင်ပိုင်ယာအဖြစ်မဟုတ်ပဲ ပြည်ထောင်စုကြီးအဖြစ် ဆက်လက်တည်တဲ့စေလိုသူတိုင်း Cervantes ပြောဒါကို နှလုံးသွင်းထား သင့်ပါကြောင်း။


ပင်လုံစိတ်ဓါတ်ဟူသည်မှာ ပြည်ထောင်စု၏ဝိညာဉ်
ဥပဒေပညာရှင်အချို့အဆိုအရ ပင်လုံစာချုပ်၏စာသဘော သို့မဟုတ်ဥပဒေသက် ရောက်မှု (letter of the agreement) သည်ကုန်ဆုံးသွားပြီဟုဆိုခြင်းကို ဥပဒေပညာရှင်မဟုတ်သည့် စာရေးသူအနေဖြင့်မဝေဖန်တတ်ပါ။

သို့သော်ပင်လုံစာချုပ်၏အရင်းခံသဘောတရား သို့တည်းမဟုတ်ဝိညာဉ် (spirit of the agreement) နှင့်စပ်လျဉ်း၍ပြောစရာရှိပါသည်။
ထိုအရင်းခံသဘောတရားများမှာပင်လုံစာချုပ်မှာဖြစ်ပေါ်လာသည့်မူ ၄ ရပ် ပင်ဖြစ်သည်။

  1. ဗဟိုအစိုးရတွင်နယ်ခြားဒေသများကိုကိုယ်စားပြု၍ပါ၀င်ရန်။
  2. တည်ဆဲ semi autonomy (ကိုယ့်ဥပဒေနှင့် ကိုယ့်ဖာသာစီမံပိုင်ခွင့်) ကိုမထိပါးရုံမျှမက Full autonomy ဖြစ်ရေး။
  3. လူ့အခွင့်အရေးနှင့် ဒီမိုကရေစီရေး။
  4. ဘဏ္ဍုာရေးဆိုင်ရာ ကိုယ်ပိုင်ခန့်ခွဲနိုင်ရေး။
    ထိုကြောင့်ဗိုလ်ချုပ်သုံးသည့်စကားအတိုင်းပြန်ပြောရာလျှင် letter of agreement သည်မရှိတော့သော်လည်း ဤမူ ၄ ရပ်သည် spirit of the agreement သို့ မဟုတ် Panglong Spirit ဖြစ်သည်။ ပြည်ထောင်စု၏ခေါင်းဆောင် အားလုံးက ဆက်လက်ထိန်းသိမ်းရန် sense of honor နှင့် sense of pride ရှိနေရမည်ဖြစ်သည်။

ဤသို့စိတ်ဓါတ်မရှိပဲမည်သို့မျှယခုကြွေးကြော်နေကြသည့် ဒို့တာဝန်အရေးသုံးပါး ကိုထိန်းသိမ်းနိုင်မည်မပာုတ်ပါ။

နိဂုံး

ပင်လုံကတိကဝတ်, ပင်လုံစာချုပ်တို့သည် ဗိုလ်ချုပ်အောင်ဆန်းကပေးခဲ့သော အမွေ အနှစ်များဖြစ်သည်။ ဤအမွေအနှစ်များကိုတန်ဘိုးမထားပဲ ငါတို့ပာာ ဗိုလ်ချုပ်ရဲ့သားတွေ သမီးတွေလို့ဝင့်ကြွားသင့်မသင့်စဉ်းစားဘို့လိုပါသည်။

ကိုယ့်ဖခင်ပေးထားဒါတွေကိုယ်သားသမီးကပြန်ယူချင်ဒါ သားသမီးကောင်းအလုပ်ပာုတ် မပာုတ် မေးခွန်းထုတ်သင့်ပါသည်။

အောင်ဆန်းလိုစိတ်ဓာတ်မရှိပဲ ပင်လုံစိတ်ဓာတ်ရှိရမယ် ဆိုဒါ မှန်မမှန်သုံးသပ်ဖို့လိုပါသည်။

ပင်လုံစိတ်ဓာတ်ကိုဆွေးနွေးလျှင်လည်း လာမည့် UPC များတွင် ပင်လုံစိတ်ဓာတ်ဆိုဒါဘာလဲ မဆွေးနွေးသင့်ဘူးလား။ ပင်လုံ စာချုပ်ပင်လုံကတိကဝတ် ကိုပြန်လည် မသုံးသပ်ပဲ ပင်လုံစိတ်ဓာတ်ကိုသာဆွေးနွေးမယ်ဆိုဒါ ဖြစ်နိုင်မလား?

ပင်လုံကတိကဝတ်, ပင်လုံစာချုပ်မပါရင် အခုတည်ရှိနေတဲ့ပြည်ထောင်စုကြီးပာာ အမည်ခံပဲဖြစ်မယ်ဆိုသည်ကိုစဉ်းစားမိရဲ့လား။ ဤပြည်ထောင်စုအမည်ခံ အင်ပါယာကြီးမှာ နေထိုင်လိုသူတွေရှိပါ့မလား?

အခုဖြစ်နေဒါက ပညာရှင်တွေသုံးသပ်သလို

  1. Entrenched positions ကတုတ်ကျင်းရပ်တည်ချက်များ
  2. Lack of trust မယုံကြည်မှုများ
    ကြောင့်ဖြစ်တယ်ဆိုဒါ ဟုတ်မဟုတ်။ ဒီ ၂ ချက်ပာာအပြန်အလှန်အကျိုးပြုနေတယ်ဆိုဒါ ဟုတ်မဟုတ်။

ဒါကြောင့်ဘယ်လိုလုပ်သင့်တယ်စဉ်းစားထားဘို့လိုပြီလို့ ခေါင်းဆောင်များကိုတိုက်တွန်းသည်။ COVID 19 ရှိနေတုန်း အခွင့်ကောင်းယူပြီးစဉ်း စားကြပါ။ ဆွေးနွေးကြပါ။

Focus not on the negative things of the enemy
On what they have done and left undone for you
Bur on what you have done and not done for yourself

စဉ်းစားရာမှာလဲ ရန်သူရဲ့အနှုတ်လက္ခဏာတွေ မတရားလုပ်ခဲ့ဒါတွေထက်ကိုယ့်ဘက် ကဘာလုပ်သင့်တယ် ဘာမလုပ်ရသေးဘူးလဲ ဆိုဒါကိုဗျုပာာကျကျစဉ်းစားဘို့ လိုပါတယ်။

လူမျိုးအသီးသီး ညီညွှတ်ပါစေ
ပြည်နယ်အသီးသီးညီညွှတ်ပါစေ
ပြည်ထောင်စုကြီးညီညွှတ်ပါစေ

ခွန်းဆေ
(14/5/20)

Leave a Comments

- Advertisement -spot_img

Latest article