တိုင်းရင်းသားအရေးမျက်ကွယ်ပြုသော် ရွှေပြည်တော်မျှော်တိုင်းဝေးနေဦးမယ်

မြန်မာ့ဆိုရိုးစကားတခုဖြစ်တဲ့ “အရေးကြီး၊ သွေးနီး” ဆိုတာ တိုင်းပြည်အရေး အမျိုးသား အရေးမှာ အရေးအကြောင်း ကြုံလာရင် လက်တွဲဖြေရှင်းရမယ်၊ အဲ့ဒီ့ဘုံရန်သူကို လက်တွဲ တိုက်ခိုက်ရမယ် လို့  သဘောပေါက်ပါတယ်။

လက်ရှိတိုင်းပြည်မှာ ကိုဗစ် ၁၉ ကူးစက်ပျံ့ပွားနေတာဟာ တိုင်းပြည်အရေးအကြောင်း ဖြစ်ဒါကြောင့် အဲဒီ့ ကပ်ရောဂါကို လက်တွဲ ကာကွယ်တိုက်ဖျက်ရမယ့် အချိန်ဖြစ်ပါတယ်။ သို့ပေမယ့် လူထု တင်မြှောက်ထားတဲ့ နိုင်ငံခေါင်းဆောင် နိုင်ငံတော် အတိုင်အပင်ခံရဲ့ ပြောစကားတခွန်းက ဒို့တာ၀န် အရေးသုံးပါး ထဲက တပါး ဖြစ်တဲ့ တိုင်းရင်းသား စည်းလုံးညီညွှတ်ရေးကို ထိခိုက်စေပါတယ်။

ဧပြီ ၂၂ ရက်နေ့ အစိုးရပိုင် သတင်းစာ ခေါင်းကြီးပိုင်းမှာ – Coronavirus Disease 2019 (COVID-19) ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသနိုင်ရေးအတွက် နိုင်ငံတစ်ဝှမ်းလုံးရှိ အစိုးရ၊ ပြည်သူ၊ စေတနာ့ဝန် ထမ်း များက အလေးထားကြိုးပမ်းဆောင်ရွက်နေချိန်တွင် ULA/AA အကြမ်းဖက်အုပ်စုက ရခိုင်ပြည် နယ် နှင့် ချင်းပြည်နယ်အတွင်း အဖျက်၊ အမှောင့်လုပ်ရပ်များ လုပ်ဆောင်နေသဖြင့် ပြည်သူလူထု၏ အသက်၊ အိုးအိမ်၊ စည်းစိမ်ကိုထိန်းသိမ်းကာကွယ်စောင့်ရှောက်နိုင်ရန်အတွက် အသက်စွန့်ကာရွပ်ရွပ် ချွံချွံတာ၀န်ထမ်းဆောင် လျက်ရှိသော တပ်မတော်သားအရာရှိ၊ စစ်သည်များအားလုံးကို အသိအမှတ် ပြု ချီးကျူးဂုဏ်ပြုပါတယ် – လို့ နိုင်ငံတော်၏ အတိုင်အပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မှ ရေးသား ထုတ်ပြန်ထားပါတယ်။

ဒီထုတ်ပြန်ချက်ဟာ တဘက်ကို နှိမ့်ချပြီး၊ တဘက်ကို ဂုဏ်ပြုထားတာဟာ လက်ရှိ တိုင်းပြည် အနေ အ ထားအရ တိုင်းပြည်မှာ ဖြစ်ပွားနေတဲ့ပြသနာများကြား ကြား၀င်ဖြေရှင်းနိုင်မယ့် လူထုအစိုးရ တရပ်ဖြစ်ဖို့ မျှော်လင့် ချက်ကင်းဝေးသွားစေခဲ့ပါတယ်။ တိုင်းရင်းသားအရေးဟာ ပြည်ထောင်စု အရေးပါ။ တိုင်းရင်းသား ပြဿနာ မဖြေရှင်းနိုင်ရင် တိုင်းပြည်လည်း အေးချမ်းနိုင် မှာမဟုတ်ဘူး။ တိုင်းပြည်မငြိမ်းချမ်းရင် ပြည်ထောင်စုကြီးလဲ ဖွံ့ဖြိုးတိုးတက်မှာမဟုတ်ပါဘူး။ လူနေမှုအဆင့် အတန်းနိမ့်ကျပြီး ကမ္ဘာ့အလည်မှာ မြန်မာဆိုတာကလဲ မျက်နှာ ငယ်နေအုန်းမှာပါဘဲ။

ရခိုင်တွေ ဘာကြောင့်လက်နက်ကိုင်ရတာလဲ၊ ကချင်၊ ကရင်၊ မွန်၊ သျှမ်း အပါ အ၀င် တခြား တိုင်းရင်းသားတွေ ဘာ့ကြောင့် လက်နက်ကိုင် နေတာလဲ ဆိုတာ မြန်မာ့ ခေါင်းဆောင်တွေ အနေနဲ့ စတင်ဖြစ်ပေါ်လာတဲ့ အရင်းဇစ်မြစ်ကို သွားပြီး အဖြေရှာရမှာပါ။ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွှတ်မှု မပြိုကွဲရး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေး ထုတ်ပြန်နေဖို့ အော်နေဖို့ မလိုဘဲ လက်တွေ့ကျတဲ့ အပြောအဆို အလုပ်အကိုင် တွေလုပ်ပြရမှာဖြစ်ပါတယ်။

ကျင်းပလာခဲ့တဲ့ ၂၁ ရာစု ပင်လုံညီလာခံ အမည်ရ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံက ဘာကြောင့်တစ်ဆို့နေတာလဲ။ အားလုံးပါ၀င်တဲ့ ညီလာခံကြီး ဖြစ်ဖို့ ဘာလို့မလုပ်နိုင်တာလဲ။ ရခိုင် AA ၊ ပလောင်(တအာင်း) TNLA ၊ ကိုးကန့် MNDAA ကို ဘာကြောင့်ချန်ထားခဲ့သလဲ။ ချန်ထားခဲ့တဲ့အတွက် ဘယ်လို အကျိုး သက် ရောက်မှုတွေဖြစ်လာသလဲ။ ကျင်းပလာခဲ့တဲ့ ညီလာခံကြီးကလဲ တဘက်က တဘက်ကို လက်နက်ဖြုတ် သိမ်းဖို့၊ နိုင်ငံရေးအမြတ်ထုတ်ဖို့ အပေါ်စီးကနေ ဖိအားပေးလို့ တစ်ဆို့လာခဲ့တယ်လို့ ပြောရင်လဲမှားမယ်မ ထင်ပါဘူး။

လက်ရှိအနေအထားအရ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေကို အကြမ်းဖက်အဖွဲ့ ၊ တိုင်းပြည်ကို လက်ဝါးကြီးအုပ်ချယ်လှယ်လာတဲ့တပ်မတော်ကို ရွပ်ရွပ်ချွံချွံ တာဝန်ထမ်းဆောင်တဲ့ တပ်မတော် သားတွေပါ ဆိုပြီးဂုဏ်ပြု ချီးမွှမ်းတဲ့စကားဟာ အာဏာဂတ် အိပ်မက်လှလှ လေးအတိုင်း ဖြစ်လာမဲ့တိုင်းပြည်အတွက် အခြေအနေမကောင်းပါဘူး။

လွတ်လပ်ရေးရယူပြီးချိန် ပြည်ထောင်စုမြန်မာနိုင်ငံတော်ဟာ အရှေ့တောင်အာရှ မှာ စံပြတိုင်းပြည်၊ တခြားတိုင်းပြည်ကနေ မြန်မာပြည်ဆီကို ပညာလာသင်ချင်တဲ့ တိုင်းပြည်ကြီးပါ။ နှစ်ပေါင်း ၇၀ အကြာမှာတော့ မြန်မာနိုင်ငံသားတွေ ဘယ်ဘဝ ရောက်နေလဲ ဆိုတာ ဆင်ခြင်သတိထား သင့်ပါပြီ။

WHO ကားပစ်ခံရလို့ ကုလ ဝန်ထမ်းတစ်ဉီးသေဆုံးသွားတဲ့ အမှုမှာ ရခိုင်လက်နက်ကိုင်တပ် AA ကို အကြမ်းဖက်အဖွဲ့၊ တပ်မတော် ကို ဂုဏ်ပြုတိုက်ပွဲ၀င်တဲ့ တပ်မတော်လို့ချီးမြင့်ရုံနဲ့ တိုင်းပြည်အရေး ဖြေရှင်းနိုင်မှာ မဟုတ်ပါဘူး။ ပိုမိုရှုပ်ထွေးလာစေတာ ဘဲဖြစ်ပါတယ်။

လက်ရှိတိုင်းပြည်မတည်မငြိမ်ဖြစ်မှု ဆင်းရဲမွဲသေမှု ကမ္ဘာ့အလည်မှာ မြန်မာမျက်နှာငယ်မှု ဖြစ်နေတာဟာ ပင်လုံ ကတိကို သွေဖယ်လို့ ဖြစ်လာခဲ့တာပါ။

ဗိုလ်ချုပ်အောင်ဆန်းက တိုင်းရင်းသားခေါင်းဆောင်တွေ ကျင်းပနေတဲ့ ပင်လုံညီလာခံကို အခွင့်ကောင်းယူပြီး ပြည်ထောင်စုကြီးကို ရအောင်တည်ဆောက် လာခဲ့တယ်။ ဗိုလ်ချုပ်ထက် ပညာအရည်အချင်းမြင့်တဲ့ ဘိလပ်ဘွဲ့ရ ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည် ဗိုလ်ချုပ် အောင်ဆန်းသမီးက လက်တွေ့ကျတဲ့ တိုင်းပြည်အရေးကို ဖြေရှင်းပေးလိမ့်မယ်လို့ တိုင်းရင်းသားခေါင်းဆောင်တွေက အထူးမျှော်လင့် ခဲ့ပါတယ်။

မျှော်လင့်ချက် အိပ်သွန် ဖါမှောက် သဲထဲရေရောက် ဘဝ လုံးလုံးမဖြစ်ခင်၊ ကိုဗစ် ၁၉ တိုက်ဖျက်ရေးကို အခွင့်အလှမ်းအဖြစ်မှတ်ယူပြီး နိုင်ငံတဝှမ်းလုံးဆင်နွဲနေတဲ့တိုက်ပွဲအားလုံးရပ်တန့်ကြောင်း အစိုးရ နဲ့ တပ်မတော်က အမြန်ဆုံး ပူးတွဲ ထုတ်ပြန်ပြီး ကိုဗစ်ကို လက်တွဲတိုက်ဖျက်ဖို့ လိုအပ်နေပါပြီ။ ကိုဗစ် ပြီးသွားရင်လဲ ရွေးကောက်ပွဲမှာ အနိုင်ရဖို့ပဲ ကြိုးစားနေတာ ထက် အားလုံးပါဝင်တဲ့ နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးပွဲ ပြုလုပ်ဖို့ ပြင်ဆင်ချမှတ်ထားသင့်ပါပြီ။

လူထုအသံ

သျှမ်းသံတော်ဆင့်အသံ

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်ဘေးကင်းနေကြောင်း သက်သေပြရန် အာဆီယံလွှတ်တော်အမတ်များ တောင်းဆို

0
ဖိလစ်ပိုင်နိုင်ငံတွင် အစည်းအဝေး တက်ရောက်ရန် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ ရောက်နေချိန် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အသက်ရှင် ဘေးကင်းနေကြောင်း သက်သေပြရန် စစ်အစိုးရအား ဖိအားပေးရေး အာဆီယံပါလီမန်အမတ်များ လူ့အခွင့်အရေးအဖွဲ့ (APHR)က အာဆီယံခေါင်းဆောင်များကို စာပေးပို့ တိုက်တွန်းလိုက်သည်။ ယမန်နေ့ (ဇူလိုင်လ ၁၀ ရက်) ရက်စွဲဖြင့် အာဆီယံဥက္ကဋ္ဌ ဖိလစ်ပိုင်သမ္မတနှင့်...

ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်ပြုရန် ထိုင်းတောင်းဆို၊ မြန်မာ့ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ကူညီရန် ကမ်းလှမ်း

0
ထိန်းသိမ်းခံထားရသည့် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေး အခြေအနေကို အာဆီယံအထူးသံတမန် လူကိုယ်တိုင်သွားရောက်စစ်ဆေးရန် တောင်းဆိုလိုက်ပြီး၊ မြန်မာ့ပဋိပက္ခကို ဖြေရှင်းရန် ဖြစ်လာနိုင်ခြေရှိသော ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို ထိုင်းနိုင်ငံတွင် အိမ်ရှင်အဖြစ်လက်ခံကျင်းပရန်နှင့် ကူညီဆောင်ရွက်ရန် ကမ်းလှမ်းလိုက်သည်။ အဆိုပါ ကမ်းလှမ်းချက်သည် ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆတ် နှင့် အာဆီယံအထူးသံတမန် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး မာရီယာ ထရီဆာ...

ဗိုလ်ချုပ်မွေးနေ့မှာ ဒေါ်အောင်ဆန်းစုကြည်ကိုလွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်တယ်ဆိုတဲ့သတင်းမှား

0
စစ်ကောင်စီက ဒီကနေ့ဖေဖော်ဝါရီ၊ ၁၃ရက်မှာ ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့မွေးနေ့ကို ဂုဏ်ပြုတာကြောင့်ရယ်၊ ပါတီစုံဒီမိုကရေစီလမ်းကြောင်းကို လျှောက်လှမ်းတဲ့အခါ အထောက်အပံ့ဖြစ်စေဖို့အတွက်ရော၊ တနိုင်ငံလုံးလက်နက်ကိုင်ပဋိပက္ခတွေချုပ်ငြိမ်းနိုင်ဖို့ပါရည်ရွယ်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ပြစ်ဒဏ်ကျခံရန်ကျန်ရှိတဲ့ ပြစ်ဒဏ်အားလုံးကနေ လွှတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်တယ်ဆိုတဲ့သတင်းတခု လူမှုကွန်ရက်စာမျက်နှာတွေမှာ ကျယ်ကျယ်လောင်လောင်ထွက်ပေါ်နေပါတယ်။ အဲ့ဒီပျံ့နှံ့လာတဲ့သတင်းကို MFCN အဖွဲ့ဝင်ဖြစ်တဲ့ DNA Fact Check အဖွဲ့နဲ့ Shan News Fact...

ဒေါ်အောင်ဆန်းစုကြည်၏ အသက်အန္တရာယ်ရှိစေရန် စစ်ကောင်စီ ရည်ရွယ်ဖန်တီးနေဟု NLD ထုတ်ပြန်

0
ဒေါ်အောင်ဆန်းစုကြည်၏ အသက်အန္တရာယ်ရှိစေရန် စစ်ကောင်စီက ရည်ရွယ်ဖန်တီးနေကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD ) က ယနေ့ (စက်တင်ဘာ ၁၄) ရက် ရက်စွဲဖြင့် ထုတ်ပြန်ပြောဆိုလိုက်သည်။ . ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက ဥပဒေမဲ့ မတရား ဖမ်းဆီးထိန်းသိမ်းခြင်းသည် ၎င်းတို့ ဆက်လက်ရပ်တည်နိုင်ရေးအတွက် ကြားခံ တစ်ဦးအဖြစ် ပြန်ပေးဆွဲထားသလို လျှို့ဝှက်ထားသော...

ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံတော် သမ္မတ ဦးဝင်းမြင့် ကို အမှုအချို့ လွတ်ငြိမ်းချမ်းသာခွင့်ပြု

0
စစ်ကောင်စီ မှ ယနေ့ ( သြဂုတ် ၁) ရက် ဝါဆိုလပြည့်နေ့ ဓမ္မစကြာအခါတော်နေ့မှာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် အပါအဝင် ဒေါ်အောင်ဆန်းစုကြည် တို့ကို အမှု အချို့ လွတ်ငြိမ်းချမ်းသာခွင့် ပြုခဲ့ကြောင်း စစ်ကောင်စီ လက်အောက်ခံ သတင်း နှင့် ပြန်ကြားရေးက ထုတ်ပြန်သည်။ . ၂၀၂၁...