Tuesday, January 27, 2026

ငွေစက္ကူအသစ်က ပြည်ထောင်စုကို ဖြေရှင်းနိုင်မလား

ဗိုလ်ချုပ်အောင်ဆန်းပုံပါသော ကျပ် ၁၀၀၀ တန်ငွေစက္ကူအသစ်ကို လက်ရှိ NLD အစိုးရလက်ထက် နိုင်ငံတော်ဗဟိုဘဏ်က ထုတ်ဝေကာ ဇန်နဝါရီလ ရ ရက်နေ့က လူထုအား စတင်လဲလှယ်ပေးခဲ့သည်။


နှစ်ပေါင်းအတန်ကြာ ပျောက်ဆုံးနေသော ဗိုလ်ချုပ်ပုံပါ ငွေစက္ကူကိုပြန်လည်ထုတ်ဝေသည့်အတွက် မြန်မာ့စီးပွါးရေးဘဏ်တွင် လူထုအများအပြား သွားရောက်တိုးဝှေ့လဲလှယ်ခဲ့ကြသည်။

ချောင်းကူးတံတားအား ဗိုလ်ချုပ်အောင်ဆန်းတံတားဟုအမည်ပေးခြင်း၊ ဗိုလ်ချုပ်အောင်ဆန်းရုပ်ထုများစိုက်ထူရန်ကြိုးစားခြင်းတို့ကြောင့် ယခင်နှစ်များက တိုင်းရင်းသားဒေသတချို့တွင် ဆန့်ကျင်ကန့်ကွက်မှုများ ၊ အာဏာပိုင်တို့၏ ဖမ်းဆီးမှုများရှိသည်အထိဖြစ်ခဲ့ကြသည်။

ထိုသို့ဖြစ်ပေါ်နေစဉ် မြန်မာ့ငွေကြေးတွင် ဗိုလ်ချုပ်အောင်ဆန်းပုံ ထည့်သွင်းအသုံးပြုခြင်းမှာ မြန်မာ့ခေါင်းဆောင်များအနေဖြင့် လူမျိုးကြီးဝါဒ ကျင့်သုံးနေဆဲ ဟုခံစားမိကြောင်း ကယားပြည်နယ် ခေါ် ကရင်နီပြည်နယ်တောင်သူလယ်သမား သမဂ္ဂက မှ ကိုဒီးဒီ က ပြောသည်။

ပိုက်ဆံကတော့ တိုင်းပြည်တခုမှာ လိုအပ်တဲ့အရာဆိုတော့ နိုင်ငံရေးအရအသုံးချတာတို့ မဲဆွယ်ခြင် းအရအသုံးချတာတို့မဟုတ်ဘူးဆိုရင်တော့ အားလုံးအတွက်အကျုံးဝင်တဲ့ တိုင်းရင်းသားခေါင်းဆောင်ပုံတွေ ထည့်ရင်တော့ ပိုကောင်းတာပေါ့။ ပိုက်ဆံတွေထုတ်တာ ကြေးရုပ်တွေလုပ်တာတို့ဟာ ကျနော်တို့အတွက် မဟာလူမျိုးကြီးဝါဒနဲ့ လူမျိုးကြီးတခုကနေပြီးတော့ ကျနော်တို့လွမ်းမိုးတဲ့ဟာဆိုတဲ့ မဲ့ဆေ့ ကို ကျနော်တို့ပိုပြီးမြင်ပါတယ်။ ပိုက်ဆံပေါ်က အရုပ်ထက်၊ ရုပ်ထုတွေထက် ဗိုလ်ချုပ်အောင်ဆန်းရဲ့ တန်းတူရေးဂတိကိုကျနော်တို့က ပိုလိုချင်ပါတယ်။ ”- ဟု ကိုဒီးဒီ ကပြောသည်။

ဗိုလ်ချုပ်အောင်ဆန်းအမည်ကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုဖို့ ထက် အောက်ခြေလူထု လိုအပ်ချက်ကပိုအရေးကြီးကြောင်း မွန်ပြည်နယ်အရပ်ဘက်အဖွဲ့အစည်းများကွန်ယက် ညှိနှိုင်းရေးမှူး မင်းအောင်ထူးကလည်းပြောသည်။

ပိုက်ဆံတန်ဖိုးထက် နေ့တဓူဝ ဖြတ်သန်းနေရတဲ့ဘဝအတွက်က ပိုအရေးကြီးနေ တယ်လို့မြင်ပါတယ်။ တဖက်မှာ လက်ရှိ အန်အယ်ဒီအစိုးရသည် ရွေးကောက်ပွဲနီးလာလေလေ ပိုက်ဆံကိစ္စကြီးဘဲမဟုတ်ဘူး။ ကျန်တဲ့ တိုင်းရင်းသားရေးရာကော်မတီဖွဲ့တာတို့ ဘာတို့ စသည်ဖြင့်ပေါ့နော် အဲတာတွေလုပ်လာနေ တာတွေ့ရတယ်။ တိုင်းရင်းသားတွေလိုချင်တဲ့နိုင်ငံရေးအနှစ်သာရတွေထက် ဒီပါတီကြီးတခုကဘဲ လွှမ်းမိုးချင်တဲ့စိတ်ဆန္ဒက အဲ့မှာပေါ်နေတာမျိုးတွေ ကျနော်တို့အဲလိုမြင်ပါတယ်။” – ဟု၄င်းကဆိုသည်။

၂၀၁၉ အောက်တိုလ အတွင်းက နေပြည်တော်ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ဗိုလ်ချုပ်အောင်ဆန်း ပုံ အပြင် တိုင်းရင်းသားခေါင်းဆောင်များ၏ ရုပ်ပုံပါ ငွေစက္ကူ ထုတ်ဝေ ဖို့ လွှတ်တော်ကိုယ်စားလှယ်တဦးကတောင်းဆိုမှုကြောင့် ဗိုလ်ချုပ်ပုံပါ ငွေစက္ကူ ထုတ်ဝေရခြင်းဖြစ်ကြောင်း ဗဟိုဘဏ်ဒုတိယ ဥက္ကဌ ဒေါ်ခင်စောဦးက လွှတ်တော် တွင်ဖြေကြားခဲ့ဖူးသည်။

ဗိုလ်ချုပ်ကြေးရုပ်၊ ဗိုလ်ချုပ်ရုပ်ပုံငွေ ရှေ့တန်းတင်မည့်အစား ဗိုလ်ချုပ်လုပ်ရပ်၊ ဗိုလ်ချုပ်စိတ်ဓါတ်များကို ရှေ့တန်းတင်ပါက ပြည်ထောင်စုကြီးအတွက် ပိုပြီ းအကျိုးရှိလိမ့်မည်ဟု ပြည်ထောင်စုအင်စတီကျုက ဒါရိုက်တာ ဦးခွန်စိုင်းက အကြံပြုသည်။

ဗိုလ်ချုပ်အောင်ဆန်းဆိုလို့ရှိရင် ကျနော်တို့ ပင်လုံစာချုပ်ကို ချုပ်ဆိုခဲ့တဲ့ ဗမာခေါင်းဆောင်ဆိုပြီး တိုင်းရင်းသားအများစုက ခုထိ သူ့ကိုကြည်ညိုဆဲပါဘဲ။ ဒါကြောင့် ပိုက်ဆံမှာ သူ့ရုပ်ထည့် တယ်ဆိုတာ ကောင်းတဲ့လက္ခဏာလို့တော့ပြောလို့ရတာပေါ့။ ဒီထက်ပိုကောင်းစေချင်တယ်ဆိုလို့ရှိရင် အစိုးရအနေနဲ့ သူ့ရုပ်ထု သူ့ဓါတ်ပုံကိုရှေ့တန်းတင်မယ့်အစား သူလုပ်ရပ်တွေ သူ့စိတ်ဓါတ်တွေကို ရှေ့တန်းတင်ဖို့ကောင်းပါတယ် ။ ပိုပြီးတော့အကျိုးရှိလိမ့်မယ်လို့ မြင်ပါတယ်။ ပင်လုံစိတ်ဓါတ်လို့ပြောရင် အောင်ဆန်းစိတ်ဓါတ်လို့ပြောကြပါတယ်။ ပင်လုံစိတ်ဓါတ်ကို NCA မှာထည့်ထားတယ်ဆိုခါကျတော့ အောင်ဆန်းစိတ်ဓါတ်မျိုးကို အားလုံးကဝိုင်းမွေးကြဖို့လိုပါတယ်။ ဗမာခေါင်းဆောင်တွေရော ဗမာမဟုတ်တဲ့ခေါင်းဆောင်တွေရော မွေးမြူဖို့လိုပါတယ်။ ရုပ်ထုတွေလုပ်ထာထက်ပိုပြီးတော့အကျိုးရှိလိမ့်မယ်လို့ မြင်ပါတယ်။” – ဟု သျှမ်းသံတော်ဆင့်အားပြောသည်။

ဗိုလ်ချုပ်အောင်ဆန်းပုံပါသည့်ငွေစက္ကူတွေကို စစ်အာဏာရှင်အစိုးရမတိုင်မှီ ကာလက ၁ ကျပ်တန် ၅ ကျပ်တန် ၁၀ တန် ၁၅ ကျပ်တန် ၂၅ ကျပ်တန် တို့တွင်အပြင် ငွေအကြွေစေ့များတွင်လည်း ထည့်သွင်းရိုက်နှက်ပြီးထုတ်ဝေအသုံးပြုခဲ့ကြသည်။ ၁၉၉၀ နောက်ပိုင်း စစ်အစိုးရက ငွေစက္ကူများတွင် ဗိုလ်ချုပ်အောင်ဆန်းပုံအစား ခြင်္သေ့ပုံကိုအစားထိုးရိုက်နှိပ်ပြီး ထုတ်ဝေအသုံးပြုခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ငွေစက္ကူ အတုကြား ခေါင်းခဲနေရ”

0
ကျပ် တစ်သောင်းတန် ငွေစက္ကူကို ကိုင်ပြီး အထပ်ထပ်အခါခါ လှန်ပြီး သိသလောက်မှတ်သလောက် ဒေါ်အေးမာ တစ်ယောက် စစ်ဆေးနေသည်။ ဒေါ်အေးမာ သည် တောင်ကြီးမြို့ ကုန်စုံဆိုင်ဖွင့်ထားသည့်သူဖြစ်ပြီး၊ ကျပ်တစ်သောင်းတန်နှင့်ပတ်သက်ပြီး ကံမကောင်းမှု အကြိမ်ကြိမ်ကြုံတွေ့လာရသူတစ်ဉီးဖြစ်သည်။ ဈေးဝယ်သူက ကျပ်ငွေ တစ်သောင်းတန် ပေးလာတိုင်း ဒေါ်အေးမာ တစ်ယောက် အကြိမ်ကြိမ် စစ်ဆေးသည့်ကြား “ငွေတု”...

ကျပ် နှစ်သောင်းတန် စစ်ကောင်စီ ထုတ်မည်ဟု တရားဝင်ကြေညာ

0
အာဏာသိမ်းပြီး ၂နှစ်ကျော်ကာလအတွင်း စစ်ကောင်စီမှ နှစ်သောင်းကျပ်တန် ငွေစက္ကူကို ယခုလကုန်ပိုင်း ဇူလိုင် ၃၁ရက်တွင် ထုတ်မည်ဟု တရားဝင်ကြေညာလိုက်သည်။ လက်ရှိအခြေအနေမှာ နိုင်ငံရေး မတည်မငြိမ်ဖြစ်နေချိန် မြန်မာကျပ်ငွေ တန်ဖိုး ထိုကျဆင်းနေချိန်ကာလအတွင်း စစ်ကောင်စီမှ နှစ်သောင်းကျပ်တန် ထုတ်မည်ဟု ကြေညာလိုက်ခြင်းသည် ငွေကြေးဖောင်းပွမှုကို ပိုပြီးဖြစ်လာနိုင်ကြောင်း ပြည်သူများက သုံးသပ်ပြောဆိုလိုက်သည်။ ထို...

Revisiting Panglong: Is it about time to discuss Panglong in the 21st Century Panglong...

0
We don’t solve a problem.We only look for its root cause and find ways to fix it.ကျွနိုပ်တို့သည်ပြဿနာကိုမဖြေရှင်းပါ။ ပြဿနာ၏အကြောင်းရင်းကိုရှာပြီး အကြောင်းရင်းကိုသာဖြေရှင်းပါသည်။Dr Khammai DhammasamiOxford Vihara&Shan State Buddhist...

တိုင်းရင်းသားအရေးမျက်ကွယ်ပြုသော် ရွှေပြည်တော်မျှော်တိုင်းဝေးနေဦးမယ်

0
မြန်မာ့ဆိုရိုးစကားတခုဖြစ်တဲ့ “အရေးကြီး၊ သွေးနီး” ဆိုတာ တိုင်းပြည်အရေး အမျိုးသား အရေးမှာ အရေးအကြောင်း ကြုံလာရင် လက်တွဲဖြေရှင်းရမယ်၊ အဲ့ဒီ့ဘုံရန်သူကို လက်တွဲ တိုက်ခိုက်ရမယ် လို့  သဘောပေါက်ပါတယ်။ လက်ရှိတိုင်းပြည်မှာ ကိုဗစ် ၁၉ ကူးစက်ပျံ့ပွားနေတာဟာ တိုင်းပြည်အရေးအကြောင်း ဖြစ်ဒါကြောင့် အဲဒီ့ ကပ်ရောဂါကို လက်တွဲ ကာကွယ်တိုက်ဖျက်ရမယ့်...

ဗိုလ်ချုပ်အောင်ဆန်း ပုံပါ “ငါးမူးသား” ရွှေဒင်္ဂါး ကို ယခုလ တွင် စတင်ဝယ်ယူနိုင်

0
မြန်မာနိုင်ငံတော် ဗဟိုဘဏ် မှ အသစ်ထုတ်ဝေသည့် ဗိုလ်ချုပ်ပုံ “ငါးမူးသား” ရွှေဒင်္ဂါးကို ယခုလ တွင် စတင် ဝယ်ယူနိုင်ကြောင်း သတင်းရရှိသည်။ မြန်မာနိုင်ငံတော် ဗဟိုဘဏ် မှ အသစ် ထုတ်ဝေလိုက်သည့် ရွှေဒင်္ဂါး ၏ မျက်နှာပိုင်း ဗဟိုတွင် ဗိုလ်ချုပ်အောင်ဆန်းပုံ နှင့် ပုံ၏ အောက်တွင်...