မြန်မာ့တပ်မတော် ထိုးစစ်များ မရပ်ပါက နောက်ဆက်တွဲများ ကို တပ်၏ တာဝန်သာဖြစ် ဟု ညီနောင် (၃)ဖွဲ့ ပြော

မြန်မာတပ်မတော် အနေဖြင့် ထိုးစစ်များကို မရပ်တန့်ပါက ဖြစ်ပေါ်လာမည့်နောက်ဆက်တွဲများကို မြန်မာတပ်မတော် ၏ တာဝန်သာဖြစ်ကြောင်း ညီနောင် မဟာမိတ် (၃)ဖွဲ့ သဘောထားထုတ်ပြန်လိုက်သည်။

Photo Credit to PSLF/TNLA

ထို ညီနောင် မဟာမိတ်(၃)ဖွဲ့ ဖြစ်သည့် ကိုးကန့် တပ်(MNDAA)၊ တအာင်း(ပလောင်) တပ် TNLA နှင့် ရက္ခိုင်တပ် ( AA) တို့သည် ယနေ့ (အောက်တိုဘာ ၂၉ ) ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံ ပြည်တွင်းစစ် ရပ်တန့်ပြီး လက်ရှိ ဖြစ်ပွားနေသည့် တိုက်ပွဲ များ လျော့ချနိုင်ရန်၊ တွေ့ဆုံဆွေးနွေးပွဲများ၊နှင့် အပစ်ခတ်ရပ်စဲရေး စာချုပ် (Bilateral Ceasefire Agreement) ရေးထိုးနိုင်ရန် အတွက် ၂၀၁၉ ခုနစ် ဒီဇင်ဘာ ၃၁ရက်ထိ တဖက်သတ် အပစ်ခတ်ရပ်ဆိုင်းကြောင်း စက်တင်ဘာ ၂၀ ရက် ကျိုင်းတုံ ဆွေးနွေးပွဲ အပြီး ညီနောင် မဟာမိတ်(၃)ဖွဲ့ ထုတ်ပြန်ကြေညာခဲ့သည်။

Photo by ယနေ့ရက်စွဲဖြင့် ညီနောင် မဟာမိတ်(၃)ဖွဲ့ ထုတ်ပြန်ချက်

သို့သော် မြန်မာတပ်မတော် သည် ကိုးကန့်၊ တအာင်း(ပလောင်) နှင့် ရခိုင်ဒေသ များတွင် ပြင်းထန် သည့် ထိုးစစ် များအရှိန် မြင့်စွာ ဆက်လက်ဖြစ်နေကြောင်း၊ ထို့ကြောင့် ထိုးစစ်ဆင်တိုက်ခိုက်နေမှု များကို မလွဲမရှောင် သာ ခုခံကာကွယ် စစ်များနှင့် ဟန့်တားနေရကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

မြန်မာ့တပ်မတော် အနေဖြင့် ထိုကဲ့သို့ ပြုလုပ်နေခြင်းသည် တွေ့ဆုံ ဆွေးနွေးပွဲ များကို နောက်ပြန်ဆုတ် စေပြီး ရရှိပြီးထားသည့် ယုံကြည်မှု များကို ထိခိုက်စေကြောင်းလည်း ယနေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ကြောင့် မြန်မာ့တပ်မတော် အနေဖြင့်ထိုးစစ်များကို အမြန်ဆုံး ရပ်တန့်ပြီး စစ်မှန်သည့် စိတ်ဆန္ဒ နှင့် တွေ့ဆုံ ဆွေးနွေးမှု များ ပြုလုပ်ရန် လိုကြောင်းလည်း ညီနောင် မဟာမိတ် (၃)ဖွဲ့ ကပြောဆိုလိုက်သည်။

ထို့ပြင် ယမန်နေ့ တွင် ကျင်းပသည့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် ( NCA) ၄နှစ်ပြည့် အခမ်းအနားတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က သြဂုတ်လ အတွင်း သျှမ်းပြည် မြောက်ပိုင်း ပြင်ဦးလွင်၊ နောင်ချို၊ လားရှိုးနှင့် ကွတ်ခိုင်မြို့ များတွင် ညီနောင် မဟာမိတ်(၃)ဖွဲ့တိုက်ခိုက်မှုကို “ တိုင်းရင်းသား အခွင့်အရေးလား” ဟု မေးမြန်းခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...

လုံခြုံရေးအရ သီပေါ စာသင်ကျောင်း (၁၇)ကျောင်း စစ်တပ်က ပိတ်ခိုင်း 

0
သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်အတွင်း စာသင်ကျောင်း ၁၇ ကျောင်းကို  အရှေ့မြောက်ပိုင်းစစ်ဌာနချုပ် (ရမခ) တိုင်းမှူး က  လုံခြုံရေးအရဟုဆိုကာ ပိတ်ဆိုင်းထားခိုင်းကြောင်း သတင်းရရှိသည်။​ ယခု (သြဂုတ်လ)ပထမပတ်မှ စတင်ပြီး ရမခ တိုင်းမှူးညွှန်ကြားချက်အရ သီပေါမြို့နယ် အတွင်းရှိသည့်  စာသင်ကျောင်း (၁၇)ကျောင်းကို ပိတ်ဆိုင်းရပြီး ကျောင်းဆက်တက်လိုသည့် ကျောင်းသားများသည့် သီပေါမြို့ပေါ်သို့ သွားရောက်တက်ရကြောင်း သီပေါမြို့နယ် ကျောင်းပိတ်ဆိုင်းခံရသည့်...

ဆိုလာခွန် တစ်နှစ် ယွမ် ၇၀၀ ပေးဆောင်ရမည်ဟု MNDAA ထုတ်ပြန်

0
ကိုးကန့်တပ်ဖွဲ့ (MNDAA) သည် ၎င်းတို့ထိန်းချုပ်ထားသည့် နယ်မြေအတွင်း ဆိုလာစနစ်အသုံးပြုပါက တစ်နှစ်လျှင် အခွန်ငွေ တရုတ်ယွမ် ၇၀၀ ပေးဆောင်ရမည်ဟု ယမန်နေ့ (ဩဂုတ် ၁၂) တွင် သတင်းထုတ်ပြန်လိုက်သည်။ အဆိုပါထုတ်ပြန်ချက်အရ ဆိုလာစနစ်အသုံးပြုသူများသည် စက်စွမ်းအား ၁ ကီလိုဝပ် (1 kW) လျှင် တစ်နှစ်စာအတွက်...

ရခိုင် လမ်းဆုံလမ်းခွ – လွတ်လပ်ရေး အိပ်မက်နှင့် ကွန်ဖက်ဒရေးရှင်း 

0
ရှေ့ပြေး နိုင်ငံငယ်တစ်ခု ပေါ်ပေါက်စပြုလာခြင်း  ဝါရှင်တန်ဒီစီအခြေစိုက် လွတ်လပ်သော သုတေသနအဖွဲ့တစ်ခုဖြစ်သည့် The Jamestown Foundation ၏ လေ့လာမှုတစ်ခုအရ ရက္ခိုင့်တပ်တော် (AA) သည် နှစ်ပေါင်းများစွာ ကြာမြင့်နေပြီဖြစ်သော မြန်မာ့ ပြည်တွင်းစစ်တွင် အင်အားအတောင့်တင်းဆုံးနှင့် ဩဇာအလွှမ်းမိုးနိုင်ဆုံး တော်လှန်ရေးအဖွဲ့ ဖြစ်လာခဲ့ပြီဖြစ်သည်။ ၂၀၂၆ ခုနှစ် ဇူလိုင်လ ၁၆ ရက်တွင် ထုတ်ဝေခဲ့ပြီး "Arakan...

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...