Wednesday, January 28, 2026

လင်မယား စကားများရာမှ ဓားထိုးမှုဖြစ်၊ အမျိုးသမီးသေဆုံး

သျှမ်းပြည် တောင်ပိုင်း လွိုင်လင်ခရိုင် လဲချားမြို့နယ် အတွင်း လင်မယား စကားများရာမှ ဓားထိုးမှု ဖြစ်ပွားကာ အမျိုးသမီး သေဆုံးမှု ဖြစ်ခဲ့ကြောင်း သတင်းရရှိသည်။

Photo by လဲချားဒေသခံ တဦး

ဖြစ်စဉ်မှာ အောက်တိုဘာ ၃၁ရက် မွန်လွဲပိုင်း တွင် လဲချားမြို့နယ် မတ်နန်း ကျေးရွာ တွင် လင်မယား စကားများ ရာ ဓားဖြင့်ထိုးမှု ဖြစ်ပွားကာ အမျိုးသမီး သေဆုံးခဲ့ပြီး၊ အမျိုးသားမှာ ဒဏ်ရာဖြင့် ဆေးရုံ တက်နေရကြောင်း ဒေသခံ လုံးပန်တ က သျှမ်းသံတော်ဆင့် သို့ ပြောသည်။

အဆိုပါ လင်မယား စကားများရာမှ သေဆုံးသွားသည့် အမျိုးသမီးသည် အသက် ၂၈ ကျော်သာရှိပြီး ဒဏ်ရာရသည့် အမျိုးသားမှ ၃၀နှစ် ဝန်းကျင်သာရှိကြောင်း သိရသည်။

Photo by လဲချားဒေသခံ တဦး

“ လင်မယားရန်ဖြစ်တာပါ။ ကျနော်တို့ သွားကြည့်ချိန် ၂ယောက်လုံးက ဓားဒဏ်ရာတွေနဲ့ လှဲနေပြီ။ အစ က လဲချား ဆေးရုံကို ပို့တယ်။နောက် ဆေးရုံကနေပြီးတော့ လွိုင်လင်ဆေးရုံကို ပြန်ပို့တယ်။ အမျိုးသမီးကတော့ ဆုံးသွားတယ်။ အမျိုးသားကတော့ လွိုင်လင်ဆေးရုံမှာပါ” ဟု လုံးပန်တ က ဆိုသည်။

လင်မယား ရန်ဖြစ်မှုသည် အိမ်တွင်းရေး ကိစ္စသာဖြစ်ကြောင်း၊ ယခင်တွင် ထို၂ဦး ရန်ဖြစ်မှု သိပ်မရှိကြောင်း၊ လက်ရှိမှာ ကလေး ၄ယောက်ကျန်ခဲ့ကြောင်းလည်း လုံးပန်တ က ပြောသည်။

“ လင်မယား ရန်ဖြစ်တာ စကားများတာတော့ ဖြစ်တက်ပါတယ်။ ဒါပေမယ့် ဓားနဲ့ထိုးကြ၊ သေကြတဲ့အဆင့်တော့ မဖြစ်သင့်ဘူး။ ကလေးတွေကလည်း ကျန်နေသေးတော့ သူတို့အတွက် ကြည့်ပေးဖို့လိုပါတယ်” ဟု လဲချားမြို့ မှ ဒေသခံ စိုင်းမောင် က ပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

Happy Water မူးယစ်ဆေးရည်ကြောင့် ကာလိမြို့တွင် အမျိုးသမီး ထပ်မံသေဆုံးမှုဖြစ်

0
သျှမ်းပြည်တောင်ပိုင်း ကွန်ဟိန်းမြို့နယ် ကာလိမြို့ရှိ ကေတီဗွီ (KTV) တစ်ခုတွင် အသက် ၂၅ အရွယ်ရှိ အမျိုးသမီးတစ်ဉီး Happy Water သောက်သုံးပြီး သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ဇူလိုင်လ ၁၅ ရက်တွင် ကွန်ဟိန်းမြို့နယ် ကာလိမြို့၌ အသက် ၂၅ နှစ်အရွယ်ရှိ...

လဲချားမြို့နယ် စစ်ကောင်စီ ညမထွက်ရအမိန့်ထုတ်၊ ဒေသခံများ သွားလာရေး အခက်အခဲဖြစ်

0
သျှမ်းပြည် လဲချားမြို့နယ် စစ်ကောင်စီမှ ညမထွက်ရ အမိန့်ထုတ်ပြန်ပြီး စစ်ဆေးရေးဂိတ်များတွင် ည (၆) နာရီနောက်ပိုင်း ဖြတ်သန်းသွားလာခွင့်ကို တားမြစ်ကန့်သတ်လိုက်ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဒီဇင်ဘာလ ၁၉ ရက်) ညနေပိုင်းတွင် လဲချားမြို့ရှိ စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးအဖွဲ့များမှ မြို့ပေါ် ရပ်ကွက်များတွင် ည (၆) နာရီမှ...

နွားစာ မြက်သွားရိတ်သည့် မိုင်းနောင်ဒေသခံ (၃)ဦး မိုင်းနင်းမိပြီး တစ်ဦးသေ၊ နှစ်ဦး ဒဏ်ရာပြင်းထန်

0
သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ် မိုင်းနောင်မြို့အနီး ဝမ်စိမ်းကျေးရွာတွင် နွားစာအတွက် ထော်လာဂျီဖြင့် မြက်သွားရိတ်သည့် အရပ်သား (၃) ဦး မိုင်းနင်းမိရာ တစ်ဦး ပွဲချင်းပြီး သေဆုံးပြီး၊ နှစ်ဦးဒဏ်ရာ ပြင်းထန်ကြောင်း စုံစမ်းသိရသည်။ စက်တင်ဘာလ (၂၁) ရက် နံနက် (၇) နာရီကျော်တွင် ကျေးသီးမြို့နယ် မိုင်းနောင်မြို့အနီး...

တရုတ် လူမျိုး ကျားဖြန့်သမားများ လဲချားမြို့နယ်အတွင်း ရောက်ရှိနေ

0
သျှမ်းပြည် လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်အတွင်း တရုတ်လူမျိုး ကျားဖြန့်လုပ်ကိုင်သူများ များစွာ ရောက်ရှိနေကြကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် နိုဝင်ဘာလ အတွင်းမှ စတင်ကာ အွန်လိုင်းမှ တစ်ဆင့် ငွေကြေးလိမ်လည်မှု လုပ်ငန်း လုပ်ကိုင်ကြသည့် တရုတ်လူမျိုး ကျားဖြန့်သမားများသည် လဲချားမြို့အတွင်းသို့ စုစုပေါင်း ၅၀၀ ထက်မနည်း ရောက်ရှိလာကြောင်း အသက်...

သိန္နီတွင် လက်နက်ကြီး ကျရောက်ပေါက်ကွဲခြင်းကြောင့် အမျိုးသမီး ၂ ဦး ပွဲချင်းပြီးသေဆုံး

0
သျှမ်းပြည် သိန္နီမြို့အတွင်း ပိုင်ရှင်မဲ့ လက်နက်ကြီးတစ်လုံး ပြည်သူနေအိမ်အပေါ် ကျရောက်ပေါက်ကွဲခြင်းကြောင့် အမျိုးသမီး နှစ်ဦး သေဆုံးခဲ့ပြီး နေအိမ်မှာလည်း ပျက်စီးသွားကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (နိုဝင်ဘာလ ၁ ရက်) ညနေ ၃ နာရီအချိန်ခန့်တွင် သိန္နီမြို့မှ ကွတ်ခိုင်သို့အတက် လမ်းခွဲ ကုန်းထိပ်နားတွင် ဝက်သားချဉ်ရောင်းသည့် အိမ်ကို...