CATEGORY

သဘာဝအရင်းအမြစ်

ကျောက်မဲမြို့ ရေကြီးရေလျှံမှုဖြစ် နေအိမ် (၄၀၀)ဝန်းကျင် ရေဝင်ရောက်

သျှမ်းမြောက် ကျောက်မဲမြို့ ယနေ့(စက်တင်ဘာ ၂၀ ရက်) မနက်ပိုင်းတွင် ရေကြီးရေလျှံမှု ဖြစ်ပေါ်ခဲ့ပြီး နေအိမ် (၄၀၀)ခန့် ရေဝင်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့(စက်တင်ဘာ ၂၀ ရက်)တွင် နမ့်စမ်းငေါင်းချောင်းရေမြင့်တက်မှုကြောင့် ချောင်းဘေးတစ်လျှောက် ရှိ နေအိမ်များနှင့် တစ်ချို့ရပ်ကွက်များအတွင်း ရေဝင်ရောက်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ “ရေကြီးတာက အဓိက ရပ်ကွက်(၆)ကွက်မှာပါ၊...

တရုတ်ဘက်မှစည်းကျော်ပြီး နမ့်ခမ်းမြို့နယ်အတွင်း ခြံစည်းရိုးလာခတ်

မြန်မာ - တရုတ် နယ်စပ်ရှိ သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ဟတ်ဟင်ကျေးရွာ အနီး တရုတ်ဘက်မှ နယ်မြေခြံစည်းရိုးခတ်မှု သည် မြန်မာဘက်ခြမ်း စည်းကျော်ပြီးလာရောက်ကာထားသဖြင့် ဒေသခံ ပြည်သူများ သွားရောက်ဖျက်ဆီးခဲ့ကြောင်း စုံစမ်းသိရှိရသည်။ တရုတ်ဘက်ခြမ်းမှ စည်းကျော်ပြီး လာခတ်သည့် ခြံစည်းရိုးကို ယမန်နေ့ (စက်တင်ဘာ ၁၂) ရက်...

နမ့်လန်ဒေသရေကြီး နေအိမ်တချို့ ပျက်စီး

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် နမ့်လန်ဒေသတွင် ရေကြီးသဖြင့် နေအိမ်တစ်အိမ် ပျက်စီးပြီး တစ်ချို့နေအိမ်မှာ တစ်ခြားနေရာသို့ ပြောင်းရွေ့ရကြောင်း စုံစမ်းသိရှိရသည်။ ယနေ့ စက်တင်ဘာ (၇) ရက်တွင် နမ့်လန်မြို့ရှိ အနိမ့်ပိုင်း ရပ်ကွက် တစ်ချို့ နှင့် ကျေးရွာ တစ်ချို့ ရေကြီးမှုများ ကြုံတွေ့ခဲ့ရကြောင်း သတင်းရရှိသည်။ “သုံးနှစ်လုံးလုံး...

တာချီလိတ်မတရားသိမ်းယူထားသည့် နေရာ UWSA ပိုင် ကုမ္ပဏီ ထပ်မံမြေညှိ

သျှမ်းရှေ့ တာချီလိတ်မြို့နယ် ဟောင်လိတ်ကျေးရွာအုပ်စု ဝမ်ဟောင်ရွာအတွင်း ယနေ့ (စက်တင်ဘာ ၆)ရက် မနက်ပိုင်းတွင် မတရားသိမ်းယူခံရသည့် နေရာတွင် UWSA ပိုင် ဟုန်ပန်းကုမ္ပဏီက မြေညှိခြင်း ထပ်မံပြုလုပ်ကြောင်း သတင်းရရှိသည်။ ထိုဒေသတွင် UWSA ပိုင် ဟုန်ပန်းကုမ္ပဏီက မြေတူးစက် (၂)စီး၊ လူအင်အား (၆၀)ဝန်းကျင်ဖြင့် လာရောက်ကာ...

ကလောမြို့ ထင်ရှူးပင်များ စီးပွားဖြစ် ခုတ်လှဲနေသည့် အပေါ်ဒေသခံများက ဝေဖန်

သျှမ်းပြည်တောင်ပိုင်း ကလောမြို့အဝင်တွင်ရှိသည့် ထင်ရှုးတောမှ ထင်ရှူးပင်များကို အဖွဲ့အစည်း တစ်ခုက စီးပွားဖြစ် ခုတ်aရာင်းချခြင်းများ ပြုလုပ်နေသည့်အတွက် ဒေသခံ ပြည်သူများက ဝေဖန်ချက်အမျိုးမျိုးပြောဆိုနေကြသည်။ ကလောမြို့အဝင် ရေယားမှာ ရှိနေသည့် ထင်ရှူးပင် အများအပြားကို အဖွဲ့အစည်းတစ်ခုက လာရောက်ခုတ် လှဲ ထုတ်ယူခြင်းများပြုလုပ်နေသော်လည်း သစ်တောတာဝန်ရှိသူများက အရေးယူခြင်းများ မရှိသည့် အပြင်...

တာချီလိတ်တွင် UWSA ပိုင် ကုမ္ပဏီ ပြည်သူပိုင်မြေပေါ် စက်ရုံတည်ဆောက်ခွင့်ရ

သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့နယ် နမ့်ဟုတ်မြစ်ဝှမ်းဒေသတွင် စက်ရုံ(၂)ရုံတည်ဆောက်ရန် UWSA ပိုင် ကုမ္ပဏီ စက်ရုံ တည်ဆောက် ခွင့်ပြုချက်ရထားကြောင်း စုံစမ်းသိရသည်။ “ဝ” သွေးစည်းညီညွတ်ရေး တပ်ဖွဲ့(UWSA) သည် နမ့်ဟုတ်မြစ်ဝှမ်းဒေသရှိ မတရားသိမ်းယူထားသည့် လယ်ယာမြေများပေါ် စစ်ကောင်စီကျောထောက်နောက်ခံဖြင့် စက်ရုံတည်ဆောက်ခွင့်ပြုချက်ရထားပြီး၊ စက်ရုံ တည်ဆောက်ပါက လေထုညစ်ညမ်းမှု ဆိုးရွာစွာဖြစ်ပေါ်လာနိုင်ကြောင်း...

မိုးကုတ် မြေပြိုမှုတွင် အလောင်း (၅)လောင်းပြန်တွေ့၊ (၆)ဦးပျောက်ဆုံးနေဆဲ

မိုးကုတ်မြို့တွင် ယနေ့ ဩဂုတ် (၂၄) မနက်ပိုင်း (၆) ခန့်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေပြိုမှုဖြစ်ပွားခဲ့ပြီး ပြည်သူ(၁၁)ဦးမြေပိခဲ့ပြီး အလောင်း(၅)လောင်းကို ရှာဖွေတွေ့ရှိခဲ့ကြောင်း သတင်းရရှိသည်။ လက်ရှိမှာ မြေပိခံရသည့် အလောင်း (၅)လောင်ကိုသာ တူးဖော်တွေ့ရှိခဲ့ပြီး၊ ကျန် (၆)ဦးကို ဆက်လက်တူးဖော်ရှာဖွေနေဆဲ ဟု မိုးကုတ်မြို့ လူမှုကယ်ဆယ်ရေးအဖွဲ့ထံက သိရသည်။ “...

မူဆယ်မြို့နယ် (၁၉)ရွာအုပ်စု ရေကြီးရေလျှံမှုဖြစ်

သျှမ်းမြောက် မူဆယ်မြို့နယ်တွင် ယခုရက်ပိုင်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ရွှေလီမြစ်ဘေးရှိ ရှမ်းရွာ (၁၉)ရွာအုပ်စု ရေကြီးရေလျှံမှု ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ သြဂုတ်လ ၁၉ ရက် (ယနေ့)တွင် မူဆယ်မြို့နယ်ရှိ ရွှေလီမြစ်(နမ့်မောဝ်း)ရေးမြင့်တက်ပြီး မြေနိမ့်ပိုင်းကျေးရွာများ ရေဝင်ရောက်နစ်မြုပ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ “ဒီနေ့မနက် ရွှေလီမြစ်ရေမြင့်တက်လာပြီး တိန်းလုံရွာ အရှေ့ဘက်( ၁၉ ရွာအုပ်စု အနောက်ဘက်)ထိ...

ကျောက်မဲ − မိုင်းငေါ့လမ်းပိုင်း မြေပြိုမှုဖြစ်ပွား

သျှမ်းမြောက် ကျောက်မဲမြို့နယ် ကျောက်မဲ − မိုင်းငေါ့လမ်းပိုင်းတွင် မိုးဆက်တိုက်ရွာသွန်းမှုကြောင့် မြေပြိုမှုဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ကျောက်မဲ − မိုင်းငေါ့လမ်းပိုင်း တွင် သြဂုတ်လ (၁၈)ရက်နေ့ နေ့လည်ပိုင်းက မိုးရွာသွန်းမှုကြောင့် မြေပြိုပြီး လမ်း(ယာယီ)ပိတ်ဆို့မှု ဖြစ်ပွားခဲ့ပြီး၊ လမ်းကို ယာယီပိတ်ဆို့မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ “ခုရက်ပိုင်း မိုးက နေ့တိုင်းရွာနေတော့ မြေပြိုပြီး...

မိုင်းရယ်မြို့နယ်အတွင်း ချောင်းရေလျှံမှုကြောင့် လယ်ပေါင်းများစွာ ရေလွှမ်း

သျှမ်းပြည် မြောက်ပိုင်း လားရှိုးခရိုင် မိုင်းရယ်မြို့တွင် မိုးများ အဆက်မပြတ်ရွာသွန်းနေမှုကြောင့် ချောင်းများ ရေလျှံကာ လယ်ကွက်ပေါင်းများစွာ ရေလွှမ်းမှုကြောင့် လယ်ပိုင်ရှင်များ ဒုက္ခရောက်နေ ကြရကြောင်း သတင်း သိရသည်။ မိုင်းရယ်မြို့တွင် ပြီးခဲ့သည့် သြဂုတ်လ ၁၃ ရက်နေ့မှ စတင်ကာ မိုးများအဆက်မပြတ် ပြင်းထန်စွာ ရွာသွန်း နေမှုကြောင့်...

Latest news