Tuesday, May 21, 2024

CATEGORY

သဘာဝအရင်းအမြစ်

အဆင့်မြင့် အိမ်ယာစီမံကိန်း သက်တမ်းရှည်ကြာသစ်တောမြေပါသဖြင့် သျှမ်းပြည်နယ်အစိုးရခွင့်မပြုဟုဆို

တောင်ကြီမြို့ပြင် (၂) မိုင်တွင် ပန်းချယ်ရီအဆင့်မြင့် အိမ်ယာစီမံကိန်းအတွက်ခြံစည်းရိုးခတ်ရာတွင် နှစ်ပေါင်း ၃၀ ခန့်အကြာ ထိန်းသိမ်းထားသော ထင်းရှူးတောများ ပါ၀င်နေသည့်အတွက် သျှမ်းပြည်နယ်အစိုးရက ဆောက်ခွင့်မပြုဟု ပြောဆိုလိုက်သည်။ အဆိုပါကိစ္စနှင့် ပတ်သက်၍ သျှမ်းပြည်နယ်အစိုးရအဖွဲ့၏ပြောရေးဆိုခွင့်ရှိသူ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးစိုးညွှန့်လွင်အား သျှမ်းသံတော်ဆင့်မှ ဆက်သွယ်မေးမြန်းရာ - ပန်းချယ်ရီအိမ်ရာစီမံကိန်းသည်ယခင် အစိုးရလက်ထက်နှင့်...

ခွင့်ပြုမိန့်သက်တမ်းကုန်သည်အထိ မိုင်းကိုင်ကျောက်မီးသွေးတူးဖော်ခွင့်ပေးကြောင်းပြည်ထောင်စုအစိုးရပြော

သျှမ်းပြည် တောင်ပိုင်း လွိုင်လင်ခရိုင် မိုင်းကိုင်မြို့နယ်အတွင်း ကျောက်မီးသွေး တူးဖော်ရေး ကုမ္မဏီအား ဒေသခံလူထု ဆန့်ကျင်ကန့်ကွက်နေသည့်ကြားမှ သျှမ်းပြည်နယ်အစိုးရပေးထားသည့် သက်တမ်းကုန်သည့်အထိ ဆက်လက်တူးဖော်ရန် ပြည်ထောင်စု အစိုးရ က ခွင့်ပြုမိန့် ပေးလိုက်ကြောင်း သတင်းရရှိသည်။ မိုင်းကိုင် ကျောက်မီးသွေး တူးဖော်မည့် ကုမ္ပဏီ သည် ၂၀၂၀ ခုနစ်ထိ...

တောင်ကြီးမြို့တွင်လေပြင်းတိုက်ခတ် သစ်ပင် ဓါတ်တိုင်များပြိုကျ ပျက်စီးဆုံးရှုံးမှုများပြား

သျှမ်းပြည်တောင်ပိုင်းတောင်ကြီးမြို့တွင် မေလ ၂၉ ရက်ညနေ ကစပြီးလေပြင်းမုန်တိုင်းတိုက်ခတ်ရာ သစ်ပင်သစ်ကိုင်းကျိုးကျ ၊ ဓါတ်တိုင်များလဲပြို၊ ဆိုင်းဘုတ်များလဲကျမှုကြောင့်ပျက်စီးဆုံးရှုံးမှုများ ရှိခဲ့ကြောင်းသိရသည်။ ကနေ့မနက်အထိ မရပ်ဘူး။ မိုးသဲ လေတိုက်နေတုန်းဘဲ။ မနေ့က တနေ့လုံးလေတိုက်တယ်။ မိုးကတော့ ရွာနေတာ ၂ ရက်လောက်ရှိပြီ။ မိုးအုံ့တယ်။ မီးလဲပြတ်တယ်။ - ဟု တောင်ကြီးသူ...

မိုင်းတုံရေကာတာစီမံကိန်းအနီး အရပ်သား၂ ဦး သေနတ်ပစ်ခံရမှု လူထုဘဝလုံခြုံရေးအားခြိမ်းခြောက်နေ ASSR အဖွဲ့ပြော

သျှမ်းပြည်နယ် တောင်ပိုင်း မိုင်းပန်မြို့နယ် သံလွင်မြစ်ကူး တာ့ဆန်းတံတားအထက်ပိုင်းတွင်တည်ဆောက် ရန်စီစဉ်နေသည့် မိုင်းတုံရေကာတာ လုပ်ငန်းခွင်အနီး အရပ်သား ၂ ဦး ပစ်သတ်ခံရသည့်အပေါ် လူထု၏ လုံခြုံမှုအား ခြိမ်းခြောက်နေကြောင်း သျှမ်းပြည် မြစ်ချောင်းများ အတွက်လှုပ်ရှားမှုအဖွဲ့ (Action for Shan State River )...

မိုးသည်းထန် ရွာသွန်းမှုကြောင့် နားဟိုင်းလုံ ကျေးရွာ နေအိမ်များအတွင်း ရေများဝင်ရောက်

သျှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်မြို့နယ် ရွှေတူးဖော်မှု ပြုလုပ်နေသည့် တာလေမြို့ နယ်ခွဲ နားဟိုင်းလုံ ကျေးရွာတွင် ယခုလဆန်းပိုင်းက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် နေအိမ်ထဲသို့ရေများဝင်ရောက်ကာ တိရိစ္ဆာန်များ သေကြကြောင်း သတင်းရရှိသည်။ “ မိုးရွာတာကတော့ မေလ ၃ ရက် ည ၁၀ နာရီကနေ မနက်...

ဟိုင်းပါအလှကို အမှိုက်များဖုံးလွှမ်း

(သတင်းဆောင်းပါး) သျှမ်းပြည်နယ် တောင်ပိုင်း မိုင်းရှူးမြို့နယ် ဟိုင်းပါ ကျေးရွာမှာ တည်ရှိတဲ့ ရေတံခွန် ဟာ အရှေ့တောင် အာရှမှာ အလှဆုံးရေတံခွန်လို့ ပြောဆိုကြပါတယ်။ မိုင်းရှူးမြို့နယ် အတွင်းမှာ ယခုနှစ်အတွင်း တိုက်ပွဲဖြစ်ပွါးမှုမရှိတော့တဲ့အတွက် ဟိုင်းပါ ရေတံခွန် ကို လာရောက်လည်ပတ်တဲ့ ခရီးသွားဧည့်သည်တွေ ပိုများလာတယ်လို့ ဟိုင်းပါ ကျေးရွာမှ ဥက္ကဌ...

ယခုနှစ်အပူပိုင်းရာသီ ယခင်နှစ်များထက် အင်းလေးကန် ရေကျန်ရှိနေ

သျှမ်းပြည်နယ်တောင်ပိုင်း ၊ အင်းလေးကန်ဒေသတွင် အပူပိုင်းရာသီ ဖြစ်သော ဧပြီ၊ မေလတို့တွင် နှစ်စဉ်ရေခမ်းခြောက်မှုများဖြစ်ပွားလေ့ရှိရာ ယခုနှစ်အင်း လေးကန် ရေ သည်ယခင်နှစ်များထက်ရေပိုမိုကျန်ရှိနေသေးကြောင်း အင်းလေး ဒေသခံများထံမှသိရသည် ။ “ အင်းရေကတော့နှစ်တိုင်းထက်စာရင် မကျတော့ဘူး ၊ ရေရှိလာတယ် ။ အင်းထဲမှာ တာတွေရိုက် ၊ လက်လုပ်ဆည်တွေရိုက်...

မိုးနဲမြို့ဒေသခံများ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် နမ့်ဟူး ရေထွက်ဦးအား သန့်ရှင်းရေး စုပေါင်းပြုလုပ်

သျှမ်းပြည်တောင်ပိုင်း မိုးနဲမြို့တွင် ကဆုန်လပြည့်နေ့ လွယ်စက်တော် ဘုရားပွဲအတွက်ပြင်ဆင်ရေး ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအထိမ်းအမှတ် ကုသိုလ်ပြုသည့်အနေဖြင့် ဒေသခံတောင်သူလယ်သမားများက နမ့်ဟူး ရေထွက်ကန်အား ရှင်းလင်းမှုပြုလုပ်ကြကြောင်းသိရသည်။ ဧပြီလ ၂၅ ရက်နေ့ကတည်းကစပြီး ဒေသခံတောင်သူလယ်သမားများ၊ ရပ်မိရပ်ဖများ၊ လူငယ်များစုပေါင်းအင်အားဖြင့် မိုးနဲမြို့ မြောက်ဘက် ၁၀ မိုင်ခန့်အကွာ နားခံအုပ်စုအတွင်း ၀မ့်ယေးရွာနှင့် ပန်အူရွာအကြား...

တာလေမြို့နယ်ခွဲရွှေတူးဖော်ရေး စွန့်ပစ်မြေစာများကြောင့် ပျက်စီးခဲ့သော လယ်ယာမြေများ လျော်ကြေးမရသေးကြောင်း သျှမ်းပြည်နယ်လွှတ်တော်တွင် တင်ပြ

သျှမ်းပြည်အရှေ့ပိုင်းတာလေမြို့နယ်ခွဲတွင် ရွှေတူးဖော်မှုကြောင့်ပျက်စီးသွားသောလူထု၏ လယ်ယာမြေဧက ၃၇၀ ကျော်အားပြန်လည်ဖော်ထုတ်ပေးရေး သျှမ်းပြည်နယ်လွှတ်တော်တွင်မေးမြန်းရာ အမှန်တကယ် ပျက်စီးသည်မှာ ဧက ၂၄၀ ခန့်သာရှိကြောင်း သျှမ်းပြည်နယ်အစိုးရကပြောဆိုပါသည်။ မတ်လ ၂၈ ရက်နေ့ကစတင်ကျင်းပခဲ့သော ဒုတိယအကြိမ် ၊ သျှမ်းပြည် နယ် လွှတ် တော် နဝမပုံမှန်အစည်းအဝေးတွင် တန့် ယန်းမြို့နယ် မဲဆန္ဒနယ်အမှတ်...

သံလွင်မြစ်ရေကာတာနှင့် ပတ်သက်၍ ပြည်ထောင်စုအစိုးရမှ တိတ်တဆိတ်အကောင်အထည်ဖော်မည်ကို စိုးရိမ်

တာ့ဆန်း ခေါ်သံလွင်မြစ်အထက်ပိုင်း (မိုင်းတုံ) ရေအားလျှပ်စစ်စီမံကိန်း နှင့်ပတ်သက်၍ ပြည်ထောင်စုအစိုးရမှ တိတ်တဆိတ်အကောင်အထည်ဖော်မည်ကို အရပ်ဖက်အဖွဲ့ အစည်းများ မှစိုးရိမ် နေကြကြောင်းသိရသည် ။ “ဖေဖော်ဝါရီလတုန်းက Three Gorges တရုတ်ကုမ္ပဏီက နိုင်ငံခြားသားတွေ ကျမတို့ သျှမ်းအရှေ့ကိုရောက် လာတယ်။မိုင်းတုံမှာရှိတဲ့ဝမ်ဆာလားကိုဝင်လာတယ်ဆိုတဲ့သတင်းရတယ်၊ဒေသခံလူထုတွေကလဲစိတ်ပူပြီးကျမတို့ကိုသတင်းပို့တယ်။ကျမတို့အရပ်ဖက်အဖွဲ့အစည်းတွေအနေနဲ့စိတ်ပူကြတယ်၊ဒါနဲ့ကျမတို့ဖတ်ရတဲ့စာအရ ပြည်ထောင်စုအစိုးရ ရဲ့ခွင့်ပြုချက်နဲ့သူတို့ဝင် လာ တယ် သျှမ်းပြည်နယ်အစိုးရတောင်...

Latest news