သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နှင့် နောင်တရားမြို့တွင် အာလူးဈေးမြင့်သော်လည်း မိုးများခြင်းကြောင့် ပျက်စီးရှုံးဆုံးမှုများနေကြောင်း စုံစမ်းသိရသည်။
ပင်လောင်းမြို့နှင့် နောင်တရားမြို့တွင် အာလူးအထွက်များသည့် ဒေသများဖြစ်ပြီး ယခု (ဩဂုတ်လ) ဈေးနှုန်းသည် တစ်ပိဿာ ကျပ်ငွေ (၃၀၀၀)နှင့် ကျပ်ငွေ (၅၀၀၀)ကြားအထိ ဈေးမြင့်ပေးရောင်းရသော်လည်း မိုးများခြင်းကြောင့် ပျက်စီးဆုံးရှုံးမှု များလာသည်ဟု ပင်လောင်းမြို့ အားလူးစိုက်ပျိုးသူ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
‘’နောင်တရားမှက ပိုအထွက်များတယ်။ ဒီဩဂုတ်လတော့ အာလူးဈေးနှုန်းတွေမြင့်လာတယ် တပိဿာကို (၃၀၀၀)နဲ့ (၅၀၀၀) ကြားအထိ ဈေးမြင့်တယ်။ မိုးများတော့ အာလူးတွေ ပုပ်ကုန်တယ် ပျက်ကုန်တယ်’’ ဟု ၎င်းကပြောသည်။
အာလူးစိုက်ပျိုးသည့်အချိန်တွင် မြေဩဇာတင်မကဘဲ ပိုးသတ်ဆေးတွေပါသုံးရသည့်အတွက် ယခုလို မိုးများခြင်းကြောင့် ပျက်စီးဆုံးရှုံးမှုတွေ ပိုများသည်ဟု နောင်တရားမြို့ အာလူးစိုက်ပျိုးသူ အမျိုးသမီးတစ်ဦးက ပြောသည်။
‘’ အာလူးစိုက်ရင် မြေဩဇာတွေ ပိုးသတ်ဆေးတွေ သုံးရတယ်။ အခုလို မိုးများတော့ မြေပြင်နဲ့ ကုန်ပေါတွေစိုက်ကြတယ်လေ မြေပြင်ပေါစိုက်တဲ့သူက ပိုပျက်တယ် ဆုံးရှုံးမှုပိုများတယ်လေ’’ ဟု ၎င်းကပြောသည်။
အာလူးစိုက်ပျိုးတင်မကဘဲ အခြားသီနှံစိုက်ပျိုးသူများသည်လည်း ဆုံးရှုံးမှု ပိုများလာသည်ဟု ဒေသခံပြောပြချက်အရ သိရသည်။
ယခုကဲ့သို့ကုန်ဈေးနူန်းတက်လာခြင်းသည် စက်သုံးဆီများပြတ်လပ်ခြင်းကြောင့် သယ်ယူပို့ဆောင်ရေးအတွက်ပါ ခက်ခဲနေကြောင်း သျှမ်းပြည်လူထုက ပြောသည်။
ငွေဈေးမတည်ငြိမ်မှုများကြောင့် ဘတ်ငွေသာလျှင် ကိုင်ဆောင်ထားကြပြီး စက်သုံးဆီများလည်း ပြတ်လပ်နေတာကြောင့် ကုန်ပစ္စည်းများ ပြတ်လပ်သွားမည်ကို စိုးရိမ်နေကြောင်း သိရသည်။
အလုပ်သင် သတင်းထောက် နန်းဆိုင်ခမ်း ရေးသားသည်။







Leave a Comments