Friday, January 30, 2026

သီပေါမြို့နယ်တောင်ကျရေများကြောင့် မြေနိမ့်ပိုင်း ရေလျှံ ၊ ရေမြုပ်ဖြစ်ပွား

သျှမ်းပြည်မြောက်ပိုင်း နမ့်လန်မြို့အတွင်း ကောင်းလန်းရပ်ကွက်တွင် တောင်ကျရေများ ရုတ်တရက် ကျလာသဖြင့် မြေနိမ့်ရပ်ကွက် အချို့ ရေလျှံ ၊ ရေမြှုပ် ရှိနေသည်ဟု စုံစမ်းသိရသည်။

(စက်တင်ဘာလ ၁ရက်) နေ့လည် ၁၂ နာရီတွင် တောင်ကျရေ ရုတ်တစ်ရက်စတင်တက်လာပြီး ပြည်သူများကြိုတင်ပြင်ဆင်မှု မရှိသည့်အတွက် နေအိမ်ပစ္စည်းများ ရေထဲမျှောပါသွားကြောင်း နမ့်လန်ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

နမ့်လန်တောင်ကျချောင်းရေ

‘’ မနေ့က ၁၂ နာရီမှာ ရေက ရုတ်တရက်တက်လာတော့ ပစ္စည်းတွေ ကြိုမသိမ်းလိုက်ရဘူး။ တစ်ချို့လည်း ရေထဲပါသွားတယ် ။ ဒီနေ့တော့ ရေတဝက်ကျသွားပြီ။ ကောင်းလန်းရပ်ကွက်က မြေနိမ့်ပိုင်းဖြစ်တော့ နေအိမ်တော်တော်များများပါသွားတယ် ‘’ ဟု ၎င်းက ပြောသည်။

နမ့်လန်တောင်ကျချောင်းရေ

ယခုတောင်ကျရေ ရုတ်တရက်ကျမှုသည် ယခင်နှစ်ထက် ပိုပြီးရေကြီးရေလျှံမှုများဖြစ်ပွားခဲ့ပြီး၊ ရေထပ်မံပြန်တက်လာမည်ကို စိုးရိမ်နေကြောင်း သိရသည်။

လက်ရှိ တိုက်ပွဲများ ငြိမ်သက်မှု မရှိသေးသည့်အပြင် ရေဘေးထပ်မံကြုံတွေ့ရသည်ကို ပြည်သူအတွက် အလွန်ခက်ခဲနေသည်ဟု မြို့နယ်ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

နမ့်လန်တောင်ကျချောင်းရေ

‘’ အရင်နှစ်ကလည်း ရေကြီးတယ်။ ခုက ရေကျတယ်ဆိုပေမဲ့ ပြန်တက်လာမှာကို စိုးရိမ်ရတာပေါ့ ။ တိုက်ပွဲကမငြိမ်သေးဘူး။ ရေဘေးထပ်ကြုံနေရတော့ တကယ်ကို ဒုက္ခရောက်တယ် ‘’ ဟု ၎င်းကပြောသည်။

ထို့အပြင် ယနေ့ (စက်တင်ဘာလ ၂ ရက်) နေ့လည် ၁၀နာရီဝန်းကျင်တွင်လည်း စစ်ကောင်စီဘက် ပစ်ခတ်မှုကြောင့် မြို့အနီးရှိ ပြောင်းခြံထဲ ဗုံးတစ်လုံးကျကာ လူထိခိုက်မှုမရှိကြောင်း သိရသည်။

အလုပ်သင် သတင်းထောက် နန်းဆိုင်ခမ်း ရေးသားသည်။​

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုင်းရယ် တောင်ယာထဲ ကျားဖြန့်လုပ်ကိုင်သူများ ပုန်းအောင်းနေခြင်းကြောင့် ဒေသခံစိုးရိမ်ထိတ်လန့်

0
သျှမ်းပြည် မိုင်းရယ်မြို့နယ် ဟိုယကျေးရွာအုပ်စုရှိ တောင်ယာများတွင် အွန်လိုင်းငွေလိမ် ( ကျားဖြန့်)လုပ်ကိုင်သူများ လာရောက်ပုန်းအောင်းနေခြင်းကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေရကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ တတိယပတ်မှ စတင်ပြီး မိုင်းရယ်မြို့နယ် ဟိုယကျေးရွာအုပ်စုရှိ တောင်ယာတဲများသို့ သီပေါမြို့နယ် မန်မော်ကျေးရွာအုပ်စုဘက်မှ ထွက်ပြေးလာသည့် အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ကိုင်သူများ လာရောက်ပုန်းအောင်းနေခြင်းကြောင့် ဒေသခံများမှာ လုံခြုံရေးနှင့်...

မိုးဗြဲမြို့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကော်မရှင်တပ် လက်နက်ကြီး ရမ်းသမ်းပစ်ခတ်

0
သျှမ်း - ကရင်နီနယ်စပ် ဖယ်ခုံမြို့နယ်ရှိ မိုးဗြဲမြို့ အနီးတဝိုက်တွင် စစ်ကော်မရှင်တပ်မှ နေ့စဉ်နီးပါး လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှု ပြုလုပ်နေကြောင်း စုံစမ်းသိရသည်။ ယခု ဇန်နဝါရီလ နောက်ဆုံးပတ်တွင် ဖယ်ခုံမြို့နယ်အတွင်း တိုက်ပွဲများ ငြိမ်သက်နေသော်လည်း မိုးဗြဲမြို့အခြေစိုက် စစ်ကော်မရှင်တပ် ခြေမြန်တပ်ရင်း ခမရ - ၄၂၂ ဘက်မှ...

လားရှိုးမြို့ ဆရာတော် လုပ်ကြံခံရမှုအပေါ် တော်လှန်ရေးအင်အားစုများ လက်ချက်ဟု စစ်တပ်ဝါဒဖြန့်ချန်နယ်များ သတင်းအမှားဖြန့်ဝေနေ

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့တွင် ဆရာတော်တစ်ပါး လုပ်ကြံသတ်ဖြတ်ခံရသည့် ဖြစ်စဉ်အပေါ် အခြေခံ၍ စစ်တပ်ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်များက တော်လှန်ရေးအင်အားစုများ၏ လက်ချက်ဖြစ်သည်ဟု သတင်းအမှားဖြန့်ဝေသည်ကို တွေ့ရှိရသည်။ စစ်တပ်ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တစ်ခုဖြစ်သော Ko Chit (MDY) က ဇန်နဝါရီလ ၂၈ ရက်နေ့တွင် “လားရှိုးမှာ မဘသ ဆရာတော်တစ်ပါးအား အကြမ်းဖက်များက လုပ်ကြံသတ်ဖြတ်ကြောင်း”...
Ming_Families_Sentence_Death_in_China

ကိုးကန့်‘မြီ’မိသားစုအပါအဝင် ၁၁ ဦးကို ကျားဖြန့်မှုဖြင့် တရုတ်သေဒဏ်စီရင်ကွပ်မျက်

0
သျှမ်းပြည် ကိုးကန့်ဒေသမှ အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းကို အဓိက လုပ်ကိုင်ခဲ့သည့် ကိုးကန့်ခေါင်းဆောင်ဟောင်း ‘မြီ’မိသားစုဝင်များ အပါအဝင် (၁၁) ဦးတို့ကို တရုတ်နိုင်ငံ တရားရုံးတစ်ခုမှ သေဒဏ်ချမှတ်ပြီးနောက် စီရင်ကွပ်မျက်လိုက်ကြောင်း သတင်းသိရသည်။ ယမန်နှစ် ၂၀၂၅ စက်တင်ဘာလအတွင်း အွန်လိုင်းငွေကြေး လိမ်လည်မှု၊ လူကုန်ကူးမှုနှင့် အဓမ္မ ညှင်းပမ်းနှိပ်စက်မှု၊ လူသတ်မှုတို့ဖြင့်...

နိုင်ငံခြားဆေးဝါးများ ပြတ်လပ် နာတာရှည်လူနာများ အခက်တွေ့နေ

0
နိုင်ငံခြားကုန်ပစ္စည်းများ တင်ဆောင်ခွင့်ကို စစ်ကော်မရှင်က ယာယီပိတ်ပင်ထားသည်မှာ ၅ လနီးပါး ရှိလာပြီဖြစ်သဖြင့် သျှမ်းပြည်တောင်ပိုင်းတွင် အခြေခံဆေးဝါးများ ပြတ်လပ်ကာ ဈေးနှုန်းများမှာ ယခင်ထက် ၃ ဆခန့်အထိ အဆမတန် မြင့်တက်နေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၅ သြဂုတ်လ ဒုတိယပတ်မှစတင်၍ နိုင်ငံခြားသုံးငွေ ကြီးကြပ်မှုကော်မတီ၏ ညွှန်ကြားချက်ဖြင့် နိုင်ငံခြားမှ...