သီပေါမြို့နယ်တောင်ကျရေများကြောင့် မြေနိမ့်ပိုင်း ရေလျှံ ၊ ရေမြုပ်ဖြစ်ပွား

သျှမ်းပြည်မြောက်ပိုင်း နမ့်လန်မြို့အတွင်း ကောင်းလန်းရပ်ကွက်တွင် တောင်ကျရေများ ရုတ်တရက် ကျလာသဖြင့် မြေနိမ့်ရပ်ကွက် အချို့ ရေလျှံ ၊ ရေမြှုပ် ရှိနေသည်ဟု စုံစမ်းသိရသည်။

(စက်တင်ဘာလ ၁ရက်) နေ့လည် ၁၂ နာရီတွင် တောင်ကျရေ ရုတ်တစ်ရက်စတင်တက်လာပြီး ပြည်သူများကြိုတင်ပြင်ဆင်မှု မရှိသည့်အတွက် နေအိမ်ပစ္စည်းများ ရေထဲမျှောပါသွားကြောင်း နမ့်လန်ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

နမ့်လန်တောင်ကျချောင်းရေ

‘’ မနေ့က ၁၂ နာရီမှာ ရေက ရုတ်တရက်တက်လာတော့ ပစ္စည်းတွေ ကြိုမသိမ်းလိုက်ရဘူး။ တစ်ချို့လည်း ရေထဲပါသွားတယ် ။ ဒီနေ့တော့ ရေတဝက်ကျသွားပြီ။ ကောင်းလန်းရပ်ကွက်က မြေနိမ့်ပိုင်းဖြစ်တော့ နေအိမ်တော်တော်များများပါသွားတယ် ‘’ ဟု ၎င်းက ပြောသည်။

နမ့်လန်တောင်ကျချောင်းရေ

ယခုတောင်ကျရေ ရုတ်တရက်ကျမှုသည် ယခင်နှစ်ထက် ပိုပြီးရေကြီးရေလျှံမှုများဖြစ်ပွားခဲ့ပြီး၊ ရေထပ်မံပြန်တက်လာမည်ကို စိုးရိမ်နေကြောင်း သိရသည်။

လက်ရှိ တိုက်ပွဲများ ငြိမ်သက်မှု မရှိသေးသည့်အပြင် ရေဘေးထပ်မံကြုံတွေ့ရသည်ကို ပြည်သူအတွက် အလွန်ခက်ခဲနေသည်ဟု မြို့နယ်ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

နမ့်လန်တောင်ကျချောင်းရေ

‘’ အရင်နှစ်ကလည်း ရေကြီးတယ်။ ခုက ရေကျတယ်ဆိုပေမဲ့ ပြန်တက်လာမှာကို စိုးရိမ်ရတာပေါ့ ။ တိုက်ပွဲကမငြိမ်သေးဘူး။ ရေဘေးထပ်ကြုံနေရတော့ တကယ်ကို ဒုက္ခရောက်တယ် ‘’ ဟု ၎င်းကပြောသည်။

ထို့အပြင် ယနေ့ (စက်တင်ဘာလ ၂ ရက်) နေ့လည် ၁၀နာရီဝန်းကျင်တွင်လည်း စစ်ကောင်စီဘက် ပစ်ခတ်မှုကြောင့် မြို့အနီးရှိ ပြောင်းခြံထဲ ဗုံးတစ်လုံးကျကာ လူထိခိုက်မှုမရှိကြောင်း သိရသည်။

အလုပ်သင် သတင်းထောက် နန်းဆိုင်ခမ်း ရေးသားသည်။​

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သျှမ်းပြည်တွင် ကျောင်းတက်သူ ၅ သောင်းကျော် လျော့နည်းလာ

0
သျှမ်းပြည်အတွင်း စစ်ရေးပဋိက္ခနှင့် စီးပွားရေးကျပ်တည်းမှုများကြောင့် ယခု ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် ကျောင်းတက်ရောက်သူဦးရေ ၅ သောင်းကျော်အထိ သိသိသာသာ လျော့နည်းသွားကြောင်း သျှမ်းပြည်နယ်လွှတ်တော် အစည်းအဝေးတွင် ဆွေးနွေးခဲ့ကြသည်။ ပြီးခဲ့သည့် ဩဂုတ် ၁၉ ရက်က ပြုလုပ်သည့် လွှတ်တော်အစည်းအဝေးတွင် ဟိုပုံးမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်...

ဆီဆိုင် ယာယီမြို့မဈေး မိုးကြီးတိုင်း ရေကြီးရေလျှံဖြစ်

0
သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့ရှိ ယာယီမြို့မဈေးတွင် ရေထွက်ပေါက်စနစ် စနစ်တကျမရှိသဖြင့် မိုးသည်းထန်စွာ ရွာသွန်းတိုင်း ဈေးအတွင်း ရေဝပ်နေကြောင်း စုံစမ်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၀ ရက်) ဆီဆိုင်မြို့ ဈေးနေ့ကျရောက်သည့် နေ့ဖြစ်ပြီး မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ယာယီမြို့မဈေးအတွင်း ရေများဝင်ရောက်ကာ ရေဝပ်နေကြောင်း ဆီဆိုင်မြို့နေ ဒေသခံအမျိုးသားတစ်ဦးက...

PV ပတ်စ်ပို့အသစ်လဲရန် နေပြည်တော်ခွင့်ပြုချက် လိုအပ်လာမှုကြောင့် ထိုင်းရောက်မြန်မာများ စိုးရိမ်နေ

0
ထိုင်းနိုင်ငံတွင် အလည်အပတ်နိုင်ငံကူးလက်မှတ် (PV) ကိုင်ဆောင်ထားသူများ ပတ်စ်ပို့သက်တမ်းတိုးခြင်းနှင့် အမျိုးအစားပြောင်းလဲခြင်း လုပ်ငန်းစဉ်များတွင် နေပြည်တော်၏ တိုက်ရိုက်ခွင့်ပြုချက် ရယူရမည်ဆိုသည့် သတင်းများကြောင့် ထိုင်းရောက်မြန်မာလုပ်သားများကြား စိုးရိမ်မှု မြင့်တက်နေသည်။ ယခင်က PV အမျိုးအစားမှ PJ အလုပ်သမားပတ်စ်ပို့သို့ ပြောင်းလဲခြင်းကို ဘန်ကောက်မြို့ရှိ မြန်မာသံရုံးတွင် ဆောင်ရွက်နိုင်သော်လည်း ယခုအခါ နေပြည်တော်သို့...

တာချီလိတ်-မယ်ဆိုင် တံတားဖြတ်ခ သတ်မှတ်နှုန်းထက်ပိုကောက်နေ

0
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့နှင့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ကို ဆက်သွယ်ထားသည့် ချစ်ကြည်ရေးအမှတ် (၁) တံတားတွင် မြန်မာနိုင်ငံသားများ ထိုင်းနိုင်ငံဘက်သို့ ဖြတ်သန်းရာ၌ သတ်မှတ်ထားသည့် အခကြေးငွေထက် စစ်ကော်မရှင် လက်အောက်ခံ လူဝင်မှုကြီးကြပ်ရေးအဖွဲ့ (လဝက) က ပိုပေးဆောင်နေရကြောင်း စုံစမ်းသိရသည်။​ လုပ်ထုံးလုပ်နည်းအရ တံတားဖြတ်သန်းမည့် မြန်မာနိုင်ငံသားများအနေဖြင့် UID စမတ်ကတ်၊...

တောင်ကြီးမြို့နယ် အတွင်း စစ်တပ်နှင့် PNO က စစ်အသုံးစရိတ် တလ ကျပ်ငါးသောင်းကောက်

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ် အတွင်း စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) က စစ်အသုံးစရိတ်အတွက် တစ်လ ကျပ်ငါးသောင်း ကောက်ခံနေကြောင်း သတင်းရရှိသည်။ စစ်ကော်မရှင်တပ်သည် တောင်နီကျေးရွာနှင့် ကျောက်နီကျေးရွာဘက်တွင် စစ်မှုထမ်းကြေးနှင့် စစ်အသုံးစရိတ်အတွက်ဟု ဆိုကာ တစ်အိမ်လျှင် ကျပ်ငါးသောင်းကို တစ်လတစ်ကြိမ် ပေးဆောင်ရန် ညွှန်ကြားခဲ့သည်။ ထိုသို့ ညွှန်ကြားထားသောကြောင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက...