မဲနယ်တောင် သနပ်ဖက်ခြံစောင့် (၃)ဦး တောင်ကျရေကြောင့် မျှောပါသေဆုံး
SHAN -
ယမန်နေ့ (စက်တင်ဘာလ ၁၉ ရက်)တွင် ဟိုပုံးမြို့နယ် တောင်ယာ၊ သနပ်ဖက်ခြံသို့ သွားရောက် အိပ်စောင့်သည့် အရပ်သား ၃ဦးသည် တောင်ကျရေကြောင့် မျှောပါပြီး အသက်ဆုံးရှုံးသွားကြောင်း၊ ထို ၃ဦး၏ အလောင်းကို တောင်ပြိုကျသည့် နေရာလက်ရှိ ပြန်တွေ့ထားကြောင်း အလောင်းသွားရောက်ထုတ်သည့် အမျိုးသားတစ်ဉီးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
ကလော ရေဘေးရှောင်များအတွက်လှူဒါန်းသော ပစ္စည်းများကို အုပ်စုဖွဲ့ လိမ်လည်ရယူနေသူများရှိနေ
SHAN -
သျှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်တွင် ဖြစ်ပွားခဲ့သောရေကြီးရေလျှံမှုကြောင့် နေအိမ်ပျက်စီးဆုံးရှုံးပြီး ရေလွှတ်ရာသို့ တိမ်းရှောင်နေရသည့် ပြည်သူများအား လှူဒါန်းသည့် ပစ္စည်းများကို ဒုက္ခသည်အဖြစ်ဟန်ဆောင်ကာ အုပ်စုဖွဲ့လာရောက် ယူဆောင်မှုများရှိနေကြောင်း စုံစမ်းသိရှိရသည်။ ယမန့်နေ (စက်တင်ဘာလ ၁၈ ရက်) သျှမ်းပြည်တောင်ပိုင်း ကလောမြို့၌ ရေဘေးရှောင်များကို လှူဒါန်းသည့် အစားအစာ၊ အထောက်အပံ့ပစ္စည်းများကို ဒုက္ခသည်ဟန်ဆောင်ကာ အုပ်စုဖွဲ့...
ဟိုပုံး တောင်ပြိုမှုကြား သေဆုံးအလောင်း နှစ်လောင်း တစ်ပတ်ကျော်ကြာမှ ထုတ်နိုင်ခဲ့
သျှမ်းပြည် ဟိုပုံးမြို့နယ် စံဖူးကျေးရွာအုပ်စု ဗန်းစောက်ကျေးရွာတွင် ဖြစ်ပွားခဲ့သည့် တောင်ပြိုကြောင့် သေဆုံးသွားသော မြေအဖွား နှစ်ဦး အလောင်းကို တစ်ပတ်ကျော်ကြာမှ ပြန်သယ်ထုတ်နိုင်ခဲ့ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် (စက်တင်ဘာလ ၁၁ ရက်) တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဟိုပုံးမြို့နယ် ဗန်းစောက်ရွာတွင် တောင်ပြိုမှု ဖြစ်ပွားကာ မြေးအဖွား ၂...
ကျိုင်းတုံ နှင့် တုံတာကား တွဲကားကြီး အစီးရေ ၃၀၀ ကျော် ပိတ်မိ
သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့နှင့် တုံတာမြို့ကြားတွင် တောင်ပြို နှင့် တံတားအပ်ကွဲခြင်းတို့ကြောင့် ကုန်တင်ကားကြီး ၃၀၀ ကျော်ပိတ်မိနေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် စက်တင်ဘာလ ဒုတိယပတ်မှစပြီး မိုးရွာသွန်းမှုကြောင့် ကျိုင်းတုံမြို့ နှင့် တုံတာမြို့ ကြားတွင် တောင်ပြိုခြင်း၊ တာလေမြို့ရှိတံတားအပ်ကွဲခြင်းကြောင့် စပယ်ရှယ်တောင် နှင့် ကိုးကွေ့တောင်တို့တွင် ကုန်စည်ပစ္စည်းတင်သည့်ကား...
” ဘဘာဝဘေးကြောင့် ထိခိုက်ပျက်စီးခဲ့မှုများကို တကယ်စိတ်မကောင်းဘူး” ဟု စစ်ခေါင်းဆောင်ပြော
မြန်မာနိုင်ငံ ဒေသအတော်များများတွင် ယခုဖြစ်ပေါ်နေသည့် သဘာဝဘေးကြောင့် ထိခိုက်ပျက်စီးမှုများကို တကယ်စိတ်မကောင်းဘူးဟု စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားလိုက်သည်။ ယမန်နေ့ စက်တင်ဘာလ ၁၈ ရက်နေ့တွင် ပျဉ်းမနားမြို့နယ် မင်္ဂလာဗျူဟာသာသနာ့ဗိမာန်ခန်းမဆောင်၌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးတို့နှင့် တွေ့ဆုံခဲ့ရာတွင် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်က ထိုကဲ့သို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။ ”သဘာဝဘေး အန္တရာယ်ဆိုတာက...
တောင်ကြီးမြို့အနောက်မြို့ပတ်လမ်း တလျှောက်ရှိ နေအိမ်များတွင် မြေအောက်ရေစိမ့်ထွက်မှုများရှိနေ
SHAN -
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ် အနောက်မြို့ပတ်လမ်းတလျှောက်ရှိ ရပ်ကွက်အချို့တွင် မြေအောက်ရေစိမ့်ထွက်မှုများရှိနေပြီး ရေစုပ်စက်များဖြင့်ပါ စုပ်ထုပ်နေရကြောင်း စုံစမ်းသိရှိရသည်။ စက်တင်ဘာလ ၁၁ ရက်နေ့မှ စ၍ တောင်ကြီးမြို့တွင် မိုးသည်းထန်စွာရွာသွန်းခဲ့ပြီးနောက် ရေကြီးရေလျှံမှုများပါဖြစ်ပွားခဲ့သည်။ လက်ရှိတွင် ရေကျသွားပြီဖြစ်သော်လည်း အချို့ရပ်ကွက်များတွင် မြေအောက်ရေပြန်လည်စိမ့်ထွက်မှုများရှိလာကြောင်း တောင်ကြီး တက္ကသိုလ်အနီးတွင် နေထိုင်သည့် ဒေသခံအမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်သို့ပြောသည်။ “ရေက တစိမ့်စိမ့်နဲ့ထွက်နေတာ၊ ခု...
SHAN -
ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့တွင် ရေကြီး၊ ရေလျှံဖြစ်ပွားမှုကြောင့် သေဆုံးသူ ၁၃ ဦးထက်မနည်းရှိလာပြီး ရေဘေးရှောင်နေစဉ် နေအိမ်ဖောက်ထွင်း ခိုးခံမှုများရှိကြောင်း စုံစမ်းသိရသည်။ ယခုလ စက်တင်ဘာလ (၁၁ ရက်)မှ ယနေ့(စက်တင်ဘာ ၁၉)ရက် ကောက်ယူရရှိထားသည့် စာရင်းတွေဖြစ်ပြီး ရေကြီး၊ မြေပြိုမှုကြောင့် သေဆုံးသူ ၁၃ ဦးထက်မနည်းရှိကြောင်း ရေဘေးကူညီသူတစ်ဦးက...
နောင်ချို-ပြင်ဦးလွင်ကြား တောလမ်းတွင် ကားရာနှင့်ချီ ပိတ်မိ
သျှမ်း-မန္တလေးနယ်စပ် နောင်ချိုနှင့် ပြင်ဦးလွင်မြို့အကြား တောလမ်းတွင် မိုးရွာသွန်းမှုကြောင့် ကားရာနှင့်ချီ ပိတ်မိနေကြောင်း စုံစမ်းသိရသည်။ စက်တင်ဘာလ ဒုတိယပတ်မှ စတင်ပြီး နောင်ချိုမြို့နယ် အုမ္မသီးကျေးရွာ လမ်းခွဲမှ စတင်၍ ပြည်ထောင်စုလမ်းမကြီးကို အသုံးပြု၍ မရတော့ခြင်းကြောင့် ပြင်ဦးလွင်မြို့သို့ သွားရောက်ရာတွင် တောလမ်းမှတဆင့် သွားလာနေရပြီး မိုးရွာသွန်းမှုကြော်င့ ကားအစီးရေ (၅၀၀)...
လွိုင်လင်မြို့နယ် တောင်ကျရေကြောင့် လူဦးရေ ၂၀ ကျော်သေဆုံး
သျှမ်းပြည် တောင်ပိုင်း လွိုင်လင် မြိုနယ်တွင် တောင်ကျရေကြောင့် မြေပြို၍ သေဆုံးသူ လူဦးရေ ၂၀ ကျော်ရှိကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် စက်တင်ဘာလ ဒုတိယပတ် လွိုင်လင် မြို့နယ်တွင် မိုးရွာသွန်းကာ တောင်ကျရေကြောင့် မြေပြို၍ ခေါင်းနွဲ့ကျေးရွာ နှင့် အိမ်ခစ်ရွာ တွင် သေဆုံးသူ လူဦးရေ...
အင်းလေးတွင် သောက်ရေပြတ်လပ်၊ ရေနောက်များ သောက်သုံးနေရ
SHAN -
သျှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် ရေကြီးမှုကြောင့် သောက်ရေသန့်ပြတ်လပ်နေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် စက်တင်ဘာလ ၁၁ ရက်မှစပြီး အင်းလေးဒေသဘက်တွင် စံချိန်တင် ရေမြင့်တက်လာပြီး ကျေးရွာအများပြား ရေနစ်မြုပ်ကာ ဒေသခံပြည်သူအများပြား ရေဘေးသင့်နေကြသည်။ ထိုသို့ ရေကြီးရေလျှံမှုကြောင့် သောက်သုံးရေများပြတ်လပ်ကာ မိုးရေခံပြီး သောက်ရေအတွက် ဖြေရှင်းနေကြရကြောင်း ဒေသခံ အမျိုးသမီး တစ်ဉီးက...





