ယခု ၂၀၂၄ ခုနှစ်အတွင်းမှာ ရာသီဥတု ဖောက်ပြန်တာ ပိုပြီးများလာခဲ့ပြီး နွေရာသီတွင် အရမ်းပူပြင်းပြီး အပူလိုင်းဖြတ်တာကြောင့် လူသေဆုံးမှုတွေအထိ ရှိခဲ့ပါတယ်။ အခု မိုးနှောင်းရာသီမှာလည်း မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးရေလျှံမှုကြောင့် အပျက်အစီး များပြားတာ၊ လူထိခိုက် သေဆုံးတာတွေလည်း ဖြစ်ပေါ်စေခဲ့ပါတယ်။ ဒါကြောင့် ယခုနှစ်အတွင်း သဘာဝ...
မိုင်းဆတ်မြို့ ကုန်သွယ်ရေးခက်ခဲ စားသောက်ကုန်များ ဈေးနှုန်းမြင့်တက်
သျှမ်းပြည် အရှေ့ပိုင်း မိုင်းဆတ်မြို့တွင် တစ်လကျော်ကြာ လမ်းပန်းဆက်သွယ်ရေးပြတ်တောက်မှုကြောင့် ကုန်သွယ်ရေးခက်ခဲကာ အခြေခံစားသောက်ကုန်များ ဈေးနှုန်းမြင့်တက်နေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့်လ (စက်တင်ဘာ ၁၀ ရက်) တွင် မိုးရွာသွန်းမှုကြောင့် မိုင်းဆတ်-တာချီလိတ်သွားသည့် ဆိုက်ခေါင်တံတားသည် တောင်ကျရေတိုက်စားမှုကြောင့် ပျက်စီးခဲ့သည်။ ပြီးခဲ့သည့် စက်တင်ဘာလ ဒုတိယပတ်မှစပြီး မိုင်းဆတ်-တာချီလိတ်ကို ဆက်သွယ်သော လမ်း၊ တံတားများ...
ထိုင်းနိုင်ငံမြောက်ပိုင်း ရေကြီးမှုကြောင့် မြန်မာရွှေ့ပြောင်းအလုပ်သမား အခက်အခဲများစွာ ရင်ဆိုင်နေရ
SHAN -
ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင်ခရိုင်နှင့် ချင်းရိုင်းခရိုင်အတွင်း ရေကြီးမှု ရုတ်တရက် ဖြစ်ပွားသဖြင့် မြန်မာရွှေ့ပြောင်း အလုပ်သမားများ အခက်အခဲများစွာ ရင်ဆိုင်ခဲ့ရကြောင်း စုံစမ်းသိရသည်။ စက်တင်ဘာ ၂၄ရက်မှ စတင်ပြီး မိုးသည်းထန်စွာရွာသွန်းကာ ချင်းမိုင်မြို့တွင် နမ့်ပင်ချောင်းရေ မြင့်တက်လာပြီး အောက်တိုဘာ (၄)ရက်တွင် အနိမ့်ပိုင်းမြို့နယ်တွင်နေထိုင်သူများ ရေကြီးမှုကို ရုတ်တရက် ကြုံလာရသည်။ ထိုရေကြီးမှုကြောင့်...
တောင်ကြီး ကျောင်းကြီးစု ရပ်ကွက်အတွင်း မြေပြိုမှုစတင်ဖြစ်ပေါ်နေ
SHAN -
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ကျောင်းကြီးစု နယ်မြေ ၆ ရပ်ကွက်ထဲတွင် မြေပြိုမှုစတင်ဖြစ်ပေါ်နေပြီး နေအိမ်တစ်လုံးထိခိုက်ထားကြောင်း စုံစမ်းသိရှိရသည်။ အောက်တိုဘာ ၆ ရက် နံနက်ပိုင်းမှစတင်ပြီး ကျောင်းကြီးစု နယ်မြေ ၆ အတွင်း တောင်စောင်းမှ မြေပြိုဆင်းလာမှုကြောင့် နေအိမ်ထိခိုက်မှုပါရှိကြောင်း ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။ “၆ ရက်နေ့ မနက်တည်းက...
ရွာငံ “ပိတုန်းကိုင်း” ရေပိုက်လိုင်း သောက်သုံးရေပြတ်လပ် မိုးရေခံသုံးနေရ
SHAN -
သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့ နှင့် အနီးတဝိုက်ကျေးရွာများသို့ ဖြန့်ဝေနေသည့် “ပိတုန်းကိုင်း” ရေပိုက်လိုင်းပြတ်တောက်မှုကြောင့် သောက်သုံးရေ ပြတ်လတ်မှုကြုံနေပြီး၊ မိုးရေကို ခံသောက်နေရကြောင်း စုံစမ်းသိရသည်။
ရေကြီးခဲ့သည့်ဒေသများ မိုးထပ်ရွာပြီးနောက် ရေပြန်တက်လာ
ရာဂီမုန်တိုင်းအရှိန်ကြောင့် ရေကြီး၊ မြေပြိုမှု ဖြစ်ပွားခဲ့သော သျှမ်းပြည်အရှေ့ပိုင်းနှင့် တောင်ပိုင်းတွင် ယခုအောက်တိုဘာလဆန်းမှ စတင်ကာ မိုးရွာသွန်းပြီးနောက် ရေပြန်တက်လာနေကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (အောက်တိုဘာလ ၂ ရက်)တွင် မိုးရွာသွန်းမှုကြောင့် မြန်မာ-ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့ရှိ မယ်ခေါင်ရပ်ကွက်အတွင်း ရေကြီးရေလျှံမှု ထပ်မံဖြစ်ပေါ်ကြောင်း ဒေသခံများထံမှသိရသည်။ “မနေ့ညလည်း မယ်ဆိုင်ချောင်းရေ ပြန်တက်လာလို့ အချို့ရပ်ကွက်မှာလည်း...
မိုင်းကိုင်-နမ့်လန်ကြား ဆားတော့တံတား ရေတိုက်စားမှုကြောင့် ပြိုကျ ကုန်စည်ပို့ဆောင်ရန်ခက်ခဲ
SHAN -
သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်-နမ့်လန်ကြားရှိ တုံလောကျေးရွာရှိ ဆားတောတံတားသည် ပြင်းထန်စွာ ရေတိုက်စားမှုကြောင့် တံတားပြိုသွားပြီး ကုန်စည်ပို့ဆောင်ရန် ခက်ခဲကြောင်း စုံစမ်းသိရသည်။ အဆိုပါ တံတားသည် သျှမ်းပြည်မြောက်ပိုင်းနှင့် သျှမ်းပြည်တောင်ပိုင်း ကုန်သွယ်စီးဆင်းမှုအတွက် အရေးပါသည့် တံတားတစ်စင်းဖြစ်ကာ ယမန်နေ့ (အောက်တိုဘာ ၁)ရက်တွင် တံတားပျက်ကျသွားကာ ခရီးသွားကားများနှင့် ကုန်စည်ပို့ဆောင်သည့် ကားများ အခက်ကြုံနေရကြောင်း...
ကလောမြို့ ရေပြန်တက်၍ ပြည်သူများ စိုးရိမ်
SHAN -
သျှမ်းတောင်၊ ကလောမြို့ရှိ ကလောချောင်း ယနေ့ (အောက်တိုဘာလ ၁ ရက်) ညနေ ၅ နာရီခန့်က ရေပြန်တက်လာသဖြင့် ရေကြီးမှုများ ထပ်မံ ဖြစ်ပွားမည်ကို စိုးရိမ်နေရကြောင်း ဒေသခံပြည်သူများက ပြောသည်။ ပြီးခဲ့သည့် စက်တင်ဘာလ ၁၀ ရက်နေ့က စတင်ခဲ့သည့် ကလောမြို့ ရေကြီးမှုကြောင့် ဖုန်းနှင့်...
လွိုင်လင်မြို့နယ် တောင်ကျရေကြောင့် နေအိမ် ၈၀ ကျော် ပျက်စီး၊ ပြန်လည်ထူထောင်ရန် ခက်ခဲနေ
သျှမ်းပြည်တောင်ပိုင်း လွိုင်လင်မြို့နယ်တွင် တောင်ကျရေကြောင့် မြေပြို၍ ပျက်စီးသွားသည့် ဒေသခံနေအိမ် (၈၀) ကျော် ပြန်လည်ထူထောင်ရန်အတွက် အခက်အခဲ ဖြစ်နေကြောင်း စုံစမ်းသိရသည်။ လွိုင်လင်မြို့နယ် ခေါင်းနွဲ့ကျေးရွာအုပ်စုရှိ အိမ်ခတ်ရွာ၊ နောင်နိန်းရွာ၊ ဆဟောင်းရွာ၊ နောင်ဆိုင်ရွာ စသည့် ကျေးရွာများတွင် ပြီးခဲ့သည့် စက်တင်ဘာလ ဒုတိယပတ်အတွင်း တောင်ကျရေကြောင့် မြေပြို၍...
နိုင်ငံတဝှမ်း ၅ ရက် မိုးသည်းထန်ပြီး လေပြင်းတိုက်ခတ်နိုင်၍ ရေကြီးမြေပြိုမှုများ သတိပြုရန်လို
SHAN -
သျှမ်းပြည် အပါအဝင် နိုင်ငံတဝှမ်း၌ လာမည့် အောက်တိုဘာလ ၁ ရက်နေ့မှ ၅ ရက်နေ့ အတွင်း နေ့ရာအနှံ့အပြား မိုးရွာပြီး နေရာကွက်၍ မိုးကြီးခြင်း၊ လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်၍ ရေကြီးမှုနှင့် မြေပြိုမှုများ သတိပြုရန် လိုအပ်ကြောင်း မိုးလေဝသဌာနက စက်တင်ဘာလ ၂၈ ရက်...





