အင်းလေးဒေသ ရေကြီးလာလျှင် ခိုလှုံစရာနေရာ မရှိ
သျှမ်းပြည်တောင်ပိုင်း အင်းလေးဒေသတွင် မိုးရာသီမှာရေကြီးလာလျှင် ပြေးစရာ၊ခိုလှုံစရာ နေရာမရှိတော့သဖြင့် ဒေသခံတွေက စိုးရိမ်ပူပင်နေကြောင်း စုံစမ်းသိရသည်။ အင်းလေးဒေသသည် ပြီးခဲ့သည့် မတ် ၂၈ရက်တွင် လှုပ်ခတ်ခဲ့သည့် ငလျင်ဒဏ်ကြောင့် အိမ်ခြေ ၃၅၀၀ ကျော်ပျက်စီးခဲ့ရာ လက်ရှိအခြေအနေထိ ပြုပြင်ရန် မပြီးသေးသော်လည်း မေလကုန်ပိုင်းတွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် အင်းလေးကန်ရေမြင့်တက်လာခဲ့သည်။ အဆိုပါ ရေမြင့်တက်မှုသည့် လက်ရှိအချိန်ထိ...
မီးပျက်ချိန်များသည့် မိုင်းတုံမြို့တွင် ထင်းရှူးဆီရှာပြီး ရောင်းချခြင်းမပြုလုပ်ရန် စစ်ကောင်စီတားမြစ်
SHAN -
သျှမ်းပြည်အပါအဝင် တိုင်းနှင့်ပြည်နယ်အသီးသီးတွင် အချိန်ပိုင်းစနစ်ဖြင့် အလှည့်ကျမီးပေးရသည်ထိ လျှပ်စစ်မီးပျက်နေသော်လည်း မိုင်းတုံမြို့တွင် ထင်းရှူးဆီရှာပြီး ရောင်းချခြင်းမပြုလုပ်ရန် စစ်ကောင်စီက တားမြစ်ထားကြောင်း ဒေသခံများကပြောသည်။ မေလဆန်းပိုင်းမှစ၍ မိုင်းတုံမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအနေဖြင့် ထင်းရှူးဆီရှာခြင်း၊ ထင်းရှူးဆီ ရောင်းချခြင်းနှင့် ဝယ်ယူခြင်း မပြုလုပ်ရန် စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့က တားမြစ်ထားကြောင်း ဒေသခံများကပြောသည်။ “အခုထင်းရှူးဆီသွားဝယ်ရင် ခိုးဝယ်ရတာ၊ ဝယ်ပြီးရင်လည်း...
တာချီလိတ်မြို့ ကြုံနေရသည့် ရေကြီးမှုပြဿနာတာဝန်ရှိသူများ ဖြေရှင်းကူညီမှုမရှိ
ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့တွင် ရေနုတ်မြောင်းများ ပိတ်ဆို့ခြင်းကြောင့် မိုးသည်းထန်စွာ ရွာသွန်းလျှင် မကြာခဏ ရေကြီးမှုများ ကြုံတွေ့နေရသော်လည်း ဌာနဆိုင်ရာ တာဝန်ရှိသူများက ကူညီဖြေရှင်းပေးခြင်းမရှိကြောင်း သိရသည်။ မုတ်သုံအဝင် ဦးစီးအစမှာပင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် တာချီလိတ်မြို့ပေါ်ရှိ နေအိမ်၊ ရပ်ကွက်နှင့် လမ်းများပေါ်တွင် ရေများဝင်ရောက်ကာ ရေကြီးမှုဒဏ်အား ထပ်မံရင်ဆိုင်နေရပြီ ဖြစ်သည်။ သို့သော် ရေကြီးမှုဖြစ်ပေါ်ရသည့်...
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ ဧရာဝတီမြစ်ရေသည် စိုးရိမ်ရေမှတ် အထက်တွင်ရှိနေပြီး မြစ်ကမ်းဘေးနှင့် မြေအနိမ့်ပိုင်းတွင် နေထိုင်သည့် နေအိမ်များ ရေကြီးမှုကြုံနေရသဖြင့် ပြောင်းရွှေ့နေရကြောင်း သတင်းရရှိသည်။ ယမန်နေ့ (ဇွန်လ ၁ ရက်) မှ ယနေ့အချိန်ထိ မြစ်ကြီးနားမြို့ရှိ ဧရာဝတီ မြစ်ဘေးအနီးနှင့် မြေနိမ့်ပိုင်းတွင် နေထိုင်နေသည့် ဒေသခံများသည် ဘေးလွတ်ရာသို့...
နမ့်ခုတ်မြစ်ရေညစ်ညမ်းမှု ဆွေးနွေးဖြေရှင်းရန် စစ်ကောင်စီနှင့် တွေ့ဆုံမည်ဟု ထိုင်းဒုဝန်ကြီးချုပ်ပြော
SHAN -
ထိုင်း-မြန်မာနယ်စပ် မြေရှားသတ္တုနှင့် ရွှေတူးဖော်မှုများမှ စွန့်ပစ်ပစ္စည်း ညစ်ညမ်းမှုများကြောင့် နမ့်ခုတ်မြစ်အတွင်း အာဆင်းနစ် ပါဝင်မှု သတ်မှတ်စံချိန်ထက် လွန်ကဲနေသည့် ကိစ္စရပ်များကို ဆွေးနွေးရန် စစ်ကောင်စီနှင့် တွေ့ဆုံမည်ဟု ထိုင်းနိုင်ငံ ဒုဝန်ကြီးချုပ် ပရာဆတ် ချန်တရာရွန်ထောင် (Prasert Jantararuangtong) က ပြောသည်။ ယမန်နေ့ (မေလ ၂၇...
သျှမ်းပြည်တောင်ပိုင်း ဂေါ်ဖီထုပ်ဈေးနှုန်းများ ကျဆင်း၊ တောင်သူများ အရှုံးနှင့် ရင်ဆိုင်နေရ
သျှမ်းပြည် တောင်ပိုင်းတွင် ဂေါ်ဖီထုပ်များ ဝယ်သူမရှိဘဲ ဈေးနှုန်းများ ကျဆင်းနေခြင်းကြောင့် စိုက်ပျိုးထားသည့် တောင်သူများ အရှုံးပေါ်နေကြောင်း စုံစမ်းသိရသည်။ ကလောမြို့နယ် အောင်ပန်းမြို့တကြောတွင် ဂေါ်ဖီထုပ်ရာသီချိန် ဖြစ်သော်လည်း ဝယ်သူမရှိသည့်အပြင် ဂေါ်ဖီတစ်ထုပ်လျှင် ၂၀၀ ကျပ်အထိ ဈေးကျနေသည့်အတွက် စိုက်ပျိုး ထားသူများ အရှုံးနှင့်သာ ရင်ဆိုင်နေကြရကြောင်း အောင်ပန်းမြို့ ဒေသခံအမျိုးသမီးတစ်ဦးက...
ငလျင်ဘေးဒဏ်သင့် နလန်မထူနိုင်သေးသည့် အင်းလေးဒေသ ရေပြန်ကြီးလာနိုင်
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် ငလျင်ဘေးဒဏ်သင့်ခဲ့သည့် အင်းလေးဒေသအတွင်း ယခုရက်ပိုင်း မိုးထပ်မံရွာသွန်းမှုကြောင့် ရေပြန်ကြီးလာမည်ကို စိုးရိမ်နေကြကြောင်း သတင်းရရှိသည်။ ယခုရက်ပိုင်း သျှမ်းပြည်တဝှမ်းတွင် မိုးသည်းထန်ရွာသွန်းမှုကြောင့် ငလျင်ဘေးဒဏ်သင့်ခဲ့သည့် အင်းလေးဒေသတွင်လည်း မိုးအဆက်မပြတ်ရွာသွန်းကာ ရေတပေကျော် မြင့်တက်လာသည်။ ထိုရေမြင့်တက်လာမှုကြောင့် ငလျင်ဘေးဒဏ်ကြောင့် နလန်မထူနိုင်သေးသည့် အင်းလေးဒေသ အချို့ကျေးရွာများ ရေဘေးထပ်မံကြုံနေရကာ နေရာထိုင်ခင်း အခက်အခဲဖြစ်နေသကဲ့သို့ အချို့လည်း...
ထိုင်း-မြန်မာနယ်စပ် မယ်ဆိုင်ချောင်းထဲ အမျိုးသားအလောင်းတွေ့
ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့တွင် မယ်ဆိုင်ချောင်းရေ မြင့်တက်နေစဉ် ချောင်းထဲတွင် အမျိုးသားတစ်ဦး၏ သေဆုံးနေလျက် အလောင်းမျောပါလာခဲ့ကြောင်း ဒေသအတွင်း လူမှုကူညီရေးအသင်းထံမှ သိရသည်။ ယမန်နေ့ မေလ ၂၅ ရက် နံနက်ပိုင်းတွင် မယ်ဆိုင်ချောင်းထဲတွင် အမျိုးသားတစ်ဦး သေဆုံးနေလျက် အလောင်းမျောပါလာခဲ့သဖြင့် ဒေသအတွင်း လူမှုကူညီရေးအသင်းမှ ဆယ်ယူခဲပြီး ထိုအလောင်းကို ပြည်သူ့ဆေးရုံကြီးသို့...
တာချီလိတ်တွင် ရေပြန်ကျပြီးနောက် ရွှံ့နွံများ ကိုယ်တိုင်ရှင်းထုတ်နေရ
ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့ပေါ်ရှိ နေအိမ်၊ ရပ်ကွက်နှင့် လမ်းများပေါ်တွင် ရေများကျဆင်း သွားပြီးနောက် ရွှံ့နွံများအား ကိုယ်တိုင်ရှင်းထုတ်နေရကြောင်း သိရသည်။ ပြီးခဲ့သည့် မေလ ၂၃ ရက် ညပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းပြီး မယ်ဆိုင်ချောင်းရေလျှံမှုကြောင့် တာချီလိတ်မြို့ပေါ်ရှိ နေအိမ်၊ ရပ်ကွက်နှင့် လမ်းများအတွင်း ရေများဝင်ရောက်ကာ ရေကြီးရေလျှံမှု ဖြစ်ပေါ်ခဲ့သည်။ ယနေ့ နံနက်ပိုင်းအထိ...
SHAN -
ထိုင်း-မြန်မာနယ်စပ်တလျောက် ချင်းရိုင်နှင့် ချင်းမိုင်ခရိုင်ကို ဖြတ်သန်းစီးလာသော နမ့်ခုတ်မြစ်ရေညစ်ညမ်းမှု ပြဿနာကို သုံးလကြာ ထိုင်းအစိုးရမှ ဖြေရှင်းရန်ပျက်ကွက်ပြီးနောက် လက်ရှိဝန်ကြီးချုပ်ရာထူးမှ နှုတ်ပေးရန် ထိုင်းအတိုက်အခံ အမတ်ဖြစ်သူ ကန်နဝီက The Reporters သတင်းတွင် ပြောသည်။ မိုင်းဆတ်မြို့နယ် ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ထိန်းချုပ်ရာဒေသရှိ တရုတ်သတ္တုလုပ်ငန်း များမှ စွန်ပစ်ပစ္စည်းများကြောင့်...






