Thursday, May 16, 2024

CATEGORY

ပညာရေး

၁၀ တန်းအောင် ထူးချွန်ကျောင်းသားလေးများအား နမ့်ခုံးပရဟိတအသင်းမှဂုဏ်ပြု

နမ့်ခုံး သျှမ်းများပရဟိတအသင်းဝင်သားသမီးများ၏ တက္ကသိုလ်ဝင်တန်းအောင် ထူးချွန်ကျောင်းသူကျောင်းသားများအား ဂုဏ်ပြုပွဲတရပ်ကို တောင်ကြီးမြို့ တွင်ကျင်းပခဲ့သည်။ “ဒီနှစ် နမ့်ခုံးအသင်းကနေ ၁၀ တန်းကိုထူးချွန်စွာနဲ့အောင်မြင်ခဲ့တဲ့ ကျောင်းသား ၁၅ ဦးကို ဆုချီးမြှင့်တယ်။ ၆ ဘာသာဂုဏ်ထူးရှင် ၅ ဘာသာဂုဏ်ထူးရှင်တွေရှိတယ်။ ကလေးအများစုကတော့ တောင်ကြီးမြို့ထဲကဘဲ။ ”- ဟု နမ့်ခုံးသျှမ်းများပရိဟိတအသင်းဥက္ကဌ စိုင်းထွန်းမြ...

ကျောင်းကားမှောက် ကျောင်းသား ၅ ယောက်သေဆုံးခဲ့သည့်ကျောင်းခွဲ အလက အဆင့်တိုးမြှင့်

သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ် ဟမ်းငိုင်းအုပ်စုတွင် အခြေခံပညာအလယ်တန်းကျောင်းခွဲအဆင့်မှ အလယ်တန်းကျောင်း အဆင့်တိုးမြှင့်ပေးရန် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၏ တင်ပြတောင်းဆိုမှုအား ပညာရေးဝန်ကြီးက အတည်ပြု တိုးမြှင့် ပေးကြောင်း ယမန်နေ့က ကျင်းပသော ပြည်သူ့လွှတ်တော်အစည်း အဝေးတွင် အစည်းအဝေးတွင် ဖြေကြားလိုက်သည်။ ၄င်းအဆိုကို မိုင်းကိုင်မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်စိုင်းဆိုင်မိုင်းက ပြီးခဲ့သည့် ဒီဇင်ဘာလ က ဒုတိယအကြိမ် တင်ပြတောင်းဆိုခဲ့ပြီးနောက်...

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သျှမ်းပြည်တက္ကသိုလ်ဝင်တန်းအောင်ချက် အဆင့် ၁၂ ရှိ သျှမ်းပြည်နယ် ပညာရေးမှူးရုံးထုတ်ပြန်  

မြန်မာတစ်ပြည်လုံးအတိုင်းအတာဖြင့် သျှမ်းပြည် နယ်မှ တက္ကသိုလ်ဝင်တန်းစာမေး ပွဲအောင်ချက် အဆင့် (၁၂) နေရာတွင်ရှိနေကြောင်း သျှမ်းပြည်နယ် ပညာရေးမှူးရုံး ၊ ဒုတိယညွှန်ကြားရေးမှူး ဦစိန်လှိုင် ထံမှသိရသည် ။ ၂၀၁၇-၁၈ ပညာသင်နှစ်အတွင်း သျှမ်းပြည်နယ် တစ်ပြည်နယ်လုံး အနေဖြင့် တက္ကသိုလ် ဝင်တန်းစာမေးပွဲ ဝင်ရောက်ဖြေဆိုသူ ၅ သောင်းကျော်ရှိသည့်အနက်...

လားရှိုးမြို့အရှေ့ဘက် ကျေးလက်ကျောင်းသူတဦး ၆ ဘာသာဂုဏ်ထူးဖြင့် ဆယ်တန်းအောင်

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် ကျေးလက်ကျောင်းသူတဦး ၂၀၁၇-၂၀၁၈ တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် ၆ ဘာသာဂုဏ်ထူးဖြင့် အောင်မြင်ကြောင်းသိရသည်။ ဇွန်လ ၂ ရက်နေ့က ထုတ်ပြန်သော ၂၀၁၇-၂၀၁၈ တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်စာရင်းထုတ်ပြန်ရာတွင် လားရှိုးမြို့အရှေ့ဘက် ၂ မိုင်ခန့်အကွာရှိ ဟတ်ကာကျေးရွာတွင်နေထိုင်သည့် ကျောင်းသူ နန်းမြစိန် အသက် ၁၆ နှစ်သည် ဘာသာစုံဂုဏ်ထူးဖြင့်...

မူဆယ် သျှမ်းစာ ဆရာမွမ်းမံသင်တန်း လူငယ် ၄၀၀ ကျော်တက်ရောက်

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့ သျှမ်းစာပေ နှင့် ယဉ်ကျေးမှု ဆရာအတတ်သင် မွမ်းမံ သင်တန်းကို လဝက်ကြာဖွင့်လှစ်ရာ သင်တန်းသား ၄၀၀ ကျော် တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။ သင်တန်းကိုမူဆယ်မြို့ ရွှေသမင် ဘုန်းကြီးကျောင်းတွင် မေ ၁၁ ရက်မှ မေ ၂၆ ရက်နေ့ထိ ၁၅ ရက်ကြာ...

RCSS/SSA ဆရာမွမ်းမံသင်တန်း သျှမ်းပြည်တောင်ပိုင်း နမ်စန်မြို့တွင် ကျင်းပ

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော် RCSS/SSA မှ ကမကထပြုကာ ဆရာမွမ်းမံသင်တန်းကို သျှမ်းပြည်တောင်ပိုင်း နမ်စန်မြို့တွင်ကျင်းပခဲ့သည်။ ဆရာမွမ်းမံသင်တန်းသို့ သင်တန်းသား သင်တန်းသူစုစုပေါင်း ၅၀ ခန့်ရှိပြီး သင်တန်းကာလမှာ မေလ ၂၁ မှ ၂၇ ရက်နေ့အထိ ရ ရက်ကြာမြင့်ပါသည်။ သင်တန်းဖြစ်မြောက်ရေးအတွက်နမ့်စန်မြို့ သံဃာတော်များနှင့် RCSS/SSA တို့...

လားရှိုးမြို့နယ် ကျေးလက်ဒေသလူငယ်များစွမ်းရည်မြင့်တင်ရေးသင်တန်းပြုလုပ်

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် မိုင်းယော်တိုက်နယ်တွင် ဒေသတွင်းလူငယ်ထု ဖွံ့ဖြိုးတိုးတက်ရေးအတွက်ရည်ရွယ်ကာ နိုင်ငံရေးပါတီ၊ လူမှုအခြေပြုအဖွဲ့အစည်းတို့ ပူးပေါင်းပြီး ၃ ရက်သင်တန်းဖွင့်လှစ်ပေးခဲ့ကြောင်းသိရသည်။ သင်တန်းအား မေလ ၁၆ ရက်နေ့မှ ၁၈ ရက်နေ့အထိ ၃ ရက်တာ လူငယ်စွမ်းရည်မြင့်တင်ရေးသင်တန်းနှင့် လူ့အခွင့်အရေးဆိုင်ရာဗဟုသုတမျှဝေရေးသင်တန်းအား မိုင်းယော်တိုက်နယ်ရှိ သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်၊ သျှမ်းလူငယ်ကွန်ယက် Tai Youth...

ကော်တိုင်း သျှမ်းပညာရေးအဖွဲ့အစည်း တည်ထောင်ခြင်း ၁၉ နှစ်ပြည့်အခမ်းအနား ကာလိတွင်ကျင်းပ

ကော်တိုင်း သျှမ်းပညာရေးအဖွဲ့အစည်း တည်ထောင်ခြင်း ၁၉ နှစ်ပြည့်အခမ်းအနားတရပ်ကို သျှမ်းပြည်တောင်ပိုင်းကွန်ဟိန်းမြို့နယ် ကာလိမြို့နယ်ခွဲရှိ အမျိုးသားကောလိပ်တွင် ကျင်းပရာ တက်ရောက်သူလူဦးရေစုစုပေါင်း ၃၀၀ ရှိကြောင်းသိရသည်။ အဆိုပါအခမ်းအနားတွင် ကော်တိုင်းအမျိုးသားကောလိပ်မှအကြီးအကဲများ ဆရာ ဆရာမ များ က ကော်တိုင်းပညာရေးအဖွဲ့ ဖြစ်ပေါ်လာပုံ၊ ကော်တိုင်းကောလိပ်၏လုပ်ငန်းများကိုရှင်းပြရာ အခမ်းအနားတက်ရောက်သူများက ပြန်လည်မေးမြန်းမှု ၊ ဖြေကြားမှုများရှိခဲ့ကြောင်းသိရသည်။ ကော်တိုင်းကောလိပ်မှ...

အိန္ဒိယနယ်စပ် တမူးမြို့ရှိ တိုင်းလျန်သျှမ်းလူမျိုးများ ပထမအကြိမ် သျှမ်းစာပေနှင့်သျှမ်းစကားသင်တန်းပြုလုပ်

စစ်ကိုင်းတိုင်း တမူးမြို့နယ်တွင် ဒေသတွင်းအကြီးအကဲများနှင့်လူငယ်များစုပေါင်းကာ နွေရာသီ သျှမ်းစာပေနှင့်သျှမ်းစကားသင်တန်း တရပ်ပြုလုပ်ခဲ့ကြောင်းသိရသည်။ စစ်ကိုင်းတိုင်း ကဘော်ဒေသ တမူးမြို့နယ် မန်းဆာရွာအထက်တန်းကျောင်း တွင် အဆိုပါသင်တန်းပြုလုပ်ခဲ့ခြင်းဖြစ်ပါသည်။ “ တမူးက ပီနောင့်တိုင်းလျန် (သျှမ်းနီ) ရဲ့အကြီးအကဲဖြစ်တဲ့ စိုင်းကျော်သန်းနဲ့ စိုင်းထွန်းရှိန်တို့ကနေ တိုင်းလျန်လူငယ်တွေ ကို သျှမ်းစာပေနဲ့ သျှမ်းစကား ၂ ခုလုံး သင်ကြားပေးချင်တယ်လို့ပြောဆိုလာတယ်။...

ရိုးရာစာပေယဉ်ကျေးမှုထိမ်းသိန်းရေးနှင့် လူငယ်များတာဝန်ယူမှု စာပေဟောပြောပွဲ ပင်လုံမြို့တွင်ပထမဆုံးအကြိမ် ကျင်းပ  

သျှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင် ပင်လုံမြို့ သျှမ်းစာပေယဉ်ကျေးမှုခန်းမတွင် ပထမအကြိမ် သျှမး်စာပေဟောပြောပွဲ ပြုလုပ်ကျင်းပရာ လူငယ်နှင့် စာပေ ၊ တာဝန်ယူမှု တာဝန်ခံမှု နှင့်ပတ်သက်ပြီး သျှမ်းစာပေကျွမ်းကျင်းပညာရှင် ၂ ဦးက ဟောပြောသွားခဲ့ကြောင်း သိရသည်။ ပင်လုံမြို့ရှိ သျှမ်းစာပေယဉ်ကျေးမှု အသင်းက ဦးဆောင်ကာ မတ်လ ၂၀ ရက်နေ့...

Latest news