Wednesday, January 28, 2026

ပင်လုံမြို့တွင် ၁၉၇၇ မှ ၂၀၁၈ ကျောင်းသားဟောင်းများ အာစရိယပူဇော်ပွဲကျင်းပရေး စီစဉ်နေ

သျှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင် ပင်လုံမြို့ ရှိ အခြေခံပညာအထက်တန်းကျောင်းတွင် နှစ်ပေါင်း ၄၀ အတောအတွင်း ပညာဆည်းပူးခဲ့ရသော ကျောင်းသူ/သား ဟောင်းများ ဦးဆောင်ကာ အာစရိယ ပူဇော်ပွဲ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

Photo Credit to -ပင်လုံကျောင်းသားဟောင်း- ပင်လုံမြို့ အခြေခံပညာအထက်တန်းကျောင်း

၁၉၇၇ ခုနှစ်မှ ၂၀၁၈ ခုနှစ်ထိ အထက ကျောင်းတွင် ပညာသင်ယူခဲ့သော ကျောင်းသား/သူ ဟောင်း နှင့် ဆရာ/မ အားလုံး အာစရိယပူဇော်ပွဲတွင် ပါဝင် နိုင်ရေးအတွက် လုပ်ဆောင် သွားမည်ဖြစ်ကြောင်း သိရသည်။

“ကျောင်းသားဟောင်းတွေ အကုန်လုံးပါဝင်လာတယ်၊ ဝမ်းသာဂုဏ်ယူတယ်၊ အထက ဆိုတာကလည်း အရင်ခေတ်က ပင်လုံတစ်မြို့လုံးရဲ့ တစ်ခုတည်းသော အထက ကျောင်း ၊ ပင်လုံ တစ်မြို့လုံးရဲ့ကျောင်းလို့ ပြောနိုင်သလို ကျောင်းသားကျောင်းသူ ဟောင်းကလည်း တစ်မြို့လုံး နီးပါးရှိနေတာပေါ့နော်။အဲတာကြောင့် ကြီးကျယ်ခမ်းနားစွာ လုပ်ချင်တဲ့ ရည်ရွယ်ချက် နဲ့ အာစရိယပူဇော်ပွဲ ဖြစ် စေချင်တယ်” ဟု ပင်လုံဒေသခံလည်းဖြစ် ၁၉၈၁ က ကျောင်းသားဟောင်း လည်းဖြစ်သည့် စိုင်းသီဟအုန်းမြင့် ကပြောသည်။

လက်ရှိတွင် ပင်လုံမြို့၌ အခြေခံ ပညာအထက်တန်းကျောင်း ၃ ကျောင်း ရှိပြီသည်။

Photo Credit to -ပင်လုံကျောင်းသားဟောင်း- ပင်လုံမြို့ အခြေခံပညာအထက်တန်းကျောင်း

အာစရိယ ပူဇော်ပွဲ ဖြစ်မြောက်ရန်အတွက် ဦးဆောင်ကော်မတီများ တလတကြိမ် တွေ့ဆုံဆွေးနွေး သွားမည်ဖြစ်ပြီး လာမည့် ၂၀၂၀ ဧပြီလ တတိယအပတ်တွင်ကျင်းပပြုလုပ် ရန်စီစဉ်ထားကြောင်း ပင်လုံမြို့ဒေသခံလည်းဖြစ် ၁၉၈၁ ကျောင်းသားဟောင်းလည်းဖြစ်သည့် စိုင်းနောင့် ကပြောသည်။

“ပင်လုံမြို့ အခြေခံ ပညာအထက်တန်းကျောင်း ပထမအကြိမ် အာစရိယပူဇော်ပွဲ စည်စည်ကားကား သိုက်သိုက်ဝန်းဝန်းနဲ့ ဖြစ်မြောက်အောင် ရပ်ဝေးရောက်နေတဲ့ သူငယ်ချင်း အားလုံး ကျောင်းသားသူ အားလုံး နှစ်လဲ မခွဲခြား ကျောင်းသားအားလုံး ဘာသာလူမျိုး အဆင့်တန်းမခွဲခြားပဲနဲ့ အကုန်လုံး ဝိုင်းဝန်းပါဝင်နိုင်အောင် တစ်ယောက်မကျန် ပါဝင်ဆင်နွဲနိုင်အောင် ဆက်သွယ်ပြီးတော့မှ အားဖြည့်လှုပ်ရှားပေးကြပါလို့ တိုက်တွန်းချင်ပါတယ်” ဟု ၁၉၈၆ က ကျောင်းသူဟောင်း နန်းနွန်းမို ကပြောသည်။

အာစရိယပူဇော်ပွဲ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်သည် ၂၀၂၅ ခုနှစ်တွင် ပင်လုံအခြေခံပညာအထက် တန်းကျောင်း နှစ်တစ်ရာပြည့်အခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်နိုင်ရန် နှင့် ဝေးကွာနေသော ကျောင်းသူ ကျောင်းသားများအချင်းချင်း ရင်းနှီး နွေးထွေးစွာ ပြန်လည် တွေ့ဆုံ နိုင်စေရန်၊ ဝေးကွာ နေသော ဆရာ/မ များ နှင့် ကျောင်းသူ
ကျောင်းသားဟောင်း များ ရင်းနှီး နွေးထွေးစွာတွေ့ဆုံ ဂါရဝ ပြု နိုင်ရန်၊ စာရင်း ဇယား အချက် အလက်များကို မျို းဆက်လူငယ် များသို့ လက်ဆင့် ကမ်းပြီး နောင်ကာလ
များတွင်လည်း လုပ်ဆောင်မှုများပိုမိုလွယ်ကူ အဆင်ပြေ စေရန် ရည်ရွယ် ကြောင်း သိရသည်။

အခြေခံ ပညာအထက်တန်းကျောင်း အထက ( တောင်ကျောင်း) တွင် ပညာသင်ယူခဲ့ဖူးသော ကျောင်းသား ကျောင်းသူများအားလုံးကို ငွေအားဖြင့်သော်လည်းကောင်း လူအားဖြင့်သော်လည်းကောင်း ပါဝင် စေလိုကြောင်း နှင့် လှူဒါ န်းနိုင်ရန်အတွက် ဘဏ်အကောင့်ဖွင့်ထားကြောင်း စိုင်းနောင့် ကပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ပင်လုံမြို့တွင် စစ်ခေါင်းဆောင်မိသားစု ကျောင်းဆောင်ရေစက်ချပွဲ ပြုလုပ်၊ ဒေါ်ကြူကြူလှနှင့် သားသမီးများ တက်ရောက်ခဲ့

0
သျှမ်းပြည် လွိုင်လင်မြို့နယ် ပင်လုံမြို့တွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင် မိသားစုမှ လှူဒါန်းသည့် ကျောင်းဆောင်သစ် ရေစက်ချပွဲ ပြုလုပ်ခဲ့ပြီး စစ်ခေါင်းဆောင်ဇနီးဖြစ်သူ ဒေါ်ကြူကြူလှနှင့် သားသမီးများ တက်ရောက်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဧပြီလ ၁၀ ရက်) နေ့လယ်ပိုင်းတွင် ပင်လုံမြို့ မေတ္တာအေးရိပ် ပရဟိတကျောင်း (ဝမ်လုံ) တွင်...

ပင်လုံမြို့ သင်္ကန်းပရိက္ခရာဆိုင် မီးလောင်ကျွမ်းမှုကြောင့် အမျိုးသမီး (၃) ဦး အပါအဝင် (၄) ဦး သေဆုံး

0
သျှမ်းပြည် လွိုင်လင်မြို့နယ် ပင်လုံမြို့တွင် သင်္ကန်းပရိက္ခရာဆိုင် မီးလောင်ခြင်းကြောင့် အမျိုးသမီး (၃) ဦး အပါအဝင် ဆိုင်ရှင်မိသားစု (၄) ဦး သေဆုံးသွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဧပြီလ ၁ ရက်) နံနက် ၁ နာရီခွဲကျော်တွင် ပင်လုံမြို့ ရပ်ကွက် (၁) ဈေးအရှေ့ဘက်ရှိ...

“တမြို့တည်းနေပေမယ့် မီးပေးမှုက တရားမျှတမှုမရှိ “

0
သျှမ်းပြည် လွိုင်လင်ခရိုင် ပင်လုံမြို့မှာ လျှပ်စစ်မီးပေးဝေမှုနဲ့ ပတ်သက်ပြီး မျှတမှုမရှိကြောင်း ရင်ဖွင့်ချင်လို့ ဒီစာကိုရေးလိုက်ခြင်း ဖြစ်ပါတယ်။ ကျနော်တို့ ပင်လုံမြို့ ရပ်ကွက် ၃ မှာ ညဘက်ဆို မီးပျက်နေတာကြာပါပြီ။ နေ့ပိုင်းဆိုရင်လည်း ၅ မိနစ်လောက် မီးလာပြီး ပြန်ပျက်လိုက်နဲ့ တောက်လျှောက်ကို ဖြစ်နေတာပါ။ မီးပျက်တဲ့အကြောင်းအရင်းကို မေးကြည့်တော့ မီးအားမနိုင်လို့...

ထွက်ပြေးသည့် လားရှိုး အဆင့်မြင့် ဆက်သွယ်ရေးတပ်မှူး ဒုဗိုလ်မှူးကြီး ညီညီထွန်း ပင်လုံမြို့တွင် ဖမ်းဆီးခံရ

0
သျှမ်းမြောက်၊ လားရှိုးမြို့တွင် အခြေစိုက်ခဲ့သည့် အဆင့်မြင့် ဆက်သွယ်ရေးတပ် (အမှတ် ၇) တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီးညီညီထွန်း ပင်လုံမြို့တွင် ဖမ်းဆီးခံခဲ့ရကြောင်း စစ်ရေးသတင်းရင်းမြစ်က ယနေ့ (စက်တင်ဘာလ ၂၇ ရက်) တွင် အတည်ပြု ပြောသည်။ သျှမ်းတောင်၊ ပင်လုံမြို့၊ စိန်နန်းတော် မိုတယ်တွင် တည်းခိုနေသည့် ဒုတိယ...

ပင်လုံမြို့နယ် ပြောင်းတွဲကား လက်နက်ကိုင်တပ်ဖွဲ့ က ငွေ တိုးကောက်

0
သျှမ်းပြည် ပင်လုံမြို့နယ်တွင် ပြောင်းဖူးများဈေးကျနေချိန် ရှမ်းပြည် တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် SSPP ၏ဂိတ်များတွင် ပြောင်းတင် တွဲကားများကို ပိုက်ဆံ တိုးကောက်နေကြောင်း စုံစမ်းသိရသည်။ သျှမ်းပြည် ပင်လုံမြို့နယ် နောင်လိုင်ကျေးရွာတွင် ယခု မတ်လ ပထမပတ်မှစ၍ SSPP ဂိတ်မှလည်း ပြောင်းဖူးတင်သည့် တွဲကားများကို ငွေတိုးကောက်လာမှုကြောင့် ပြောင်းပိုင်ရှင်များ...