Friday, April 19, 2024

နှာခေါင်းစည်းမပါဘဲ အိမ်ပြင်မထွက်ရစနစ် ကျိုင်းတုံတွင်ထုတ်ပြန်

Must read

သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့နယ်အတွင်း Covid-19 ထိန်းချုပ်ကာကွယ်နိုင်ရန်အတွက် အိမ်ပြင်ထွက်ပါက မဖြစ်မနေ နှာခေါင်းစည်း တပ်ကာ သွားလာရမည် ဖြစ်ကြောင်း သိရသည်။

Photo Credit to ကျိုင်းတုံဟစ်တိုင်- ကျိုင်းတုံမြို့တွင်းသွားလာသည့်လူထုအား နှာခေါင်းစည်းတပ်ရန် ပညာပေး မှုများဆောင်ရွက်နေစဉ်

နေအိမ်ပြင်ပထွက်ပါက မဖြစ်မနေ နှာခေါင်းစည်း တပ်ရမည့်အကြောင်းကို မေလ ၁၀ ရက်နေ့မှ ၁၃ ရက်နေ့ထိ အသိပညာပေး ဆောင်ရွက်သွားခဲ့ပြီး ကြေငြာချက်လည်းထုတ်ပြန်ခဲ့ကြောင်းသိရသည်။

“ယနေ့ မေလ ၁၄ ရက်နေ့မှ စတင်ကာ အပြင်ထွက်တဲ့ခါ လုံခြုံစွာ Mask တပ်ဆင်ထားရမယ်” ဟု ကျိုင်းတုံဒေသခံ နန်းတစ် ကပြောသည်။

နှာခေါင်းစည်း( Mask) ကို စနစ်တကျ တပ်ဆင်ထားခြင်း မရှိဘဲ အိမ်ပြင်ထွက်ပါက ကျိုင်းတုံမြို့နယ် (Covid-19 ) ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းကော်မတီအားနှာခေါင်းစည်း ၁၀ ခု ပြန်ဝယ် ပေးရမည် ဟူသည့် ပြစ်ဒဏ် ပါရှိကြောင်း ကော်မတီဝင် စိုင်းဟွမ်နွဲ့ ကသျှမ်းသံတော်ဆင့် ကိုပြောသည်။

Photo Credit to ကျိုင်းတုံဟစ်တိုင်- ကျိုင်းတုံမြို့တွင်းသွားလာသည့်လူထုအား နှာခေါင်းစည်းတပ်ရန် ပညာပေး မှုများဆောင်ရွက်နေစဉ်

“ဒီလိုဒဏ်တပ်ခြင်းအားဖြင့် ရောဂါပိုးကိုလည်း ကာကွယ်ရာရောက်တယ်။ မထည့်ပဲ သွားလာနေမယ်ဆိုရင် အန္တရာယ်များတယ်။” ဟု စိုင်းဟွမ်နွဲ့ ကပြောသည်။

နှာခေါင်းစည်း စနစ်တကျ တပ်ဆင်ထားခြင်း မရှိလျှင် ၁၀ ခု ပြန်ဝယ်ကာ ၉ ခုအား ကော်မတီထံ ပြန်လည် လှူဒါန်းပေးရခြင်းပြုလုပ်ရမည်။ထို mask ဝယ်ယူခြင်းကို ငြင်းဆိုလျှင် တည်ဆဲ ဥပဒေနှင့် အညီ အရေးယူဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article