Wednesday, January 28, 2026

ကိုဗစ် ကာလအတွင်း ကလေးများကျောင်းလွှတ်ရန် အဆင့်သင့်မဖြစ်သေး

ကိုဗစ် -၁၉ ဆက်လက် ကူးဆက်နေမှုကြောင့် သျှမ်းပြည် အတွင်းရှိ ကျောင်းသားမိဘများ ကျောင်းလွှတ်ရန် အဆင်သင့်မဖြစ်သေးကြောင်း စုံစမ်းသိရသည်။

Photo by SHAN

ဇူလိုင် ၂၁ရက်မှစတင်ကာ မြန်မာတဝှမ်းရှိ ကျောင်းများပြန်လည် ဖွင့်လှစ်ရန် ပညာရေးဝန်ကြီးဌာန က ထုန်ပြန်ကြေညာခဲ့သည်။

လက်ရှိကာလသည် မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်မှု ဆက်လက်တည်ရှိနေသေးသဖြင့် မိမိကလေးငယ်ကို ကျောင်းလွှတ်ရန် အဆင်သင့်မဖြစ်သေးကြောင်း၊ ကလေးငယ်များသည် မိမိ ကျန်းမာရေးကို သေချာ ဂရုမစိုက်တတ်သေးသဖြင့် ကျောင်းလွှတ်ရန် မဖြစ်နိုင်သေးကြောင်း ကျောင်းသားမိဘများ၏ ပြောပြချက် အရသိရသည်။

“ကျောင်းဖွင့်ရင်လည်း ကျနော်တို့ ကလေးတွေတော့ မလွှတ်ချင်သေးဘူး။ တစ်နှစ်အောက်ရင် အောက်သွားပါစေ” တောင်ကြီးမြို့နယ် ၃တန်းကျောင်းသားတဦး၏ မိခင် က သျှမ်းသံတော်ဆင့် ကို ပြောသည်။

ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွါးမှု မလျော့ကျဘဲ ဆက်လက်တိုးများလာဉီးမည်ဆိုပါက ကျောင်းလွှတ်မည်မဟုတ်ကြောင်း ကျောင်းတနှစ်နားထားမည်ဖြစ်ကြောင်းလည်း ၎င်း မိခင်က ပြောသည်။

သျှမ်းပြည် တောင်ကြီးမြို့ ရှိ အမှတ် ၄ အခြေခံအထက်တန်းကျောင်းတွင် ကိုဗစ်-၁၉ ကာလ  စာသင်ချိန် ၂ကြိမ် ခွဲပြီး ဇူလိုင် ၂၁ ရက်တွင် ဖွင့်လှစ်သွားမည် ဟု အထက ၄  ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းမြင့်မြင့်အေး က သျှမ်းသံတော်ဆင့် ကို ပြောသည်။

လာမည့် ဇူလိုင် ၂၁ရက်တွင် အထက်တန်းကျောင်းသားများကို စတင်ဖွင့်မည်ဖြစ်ကြောင်း၊ လက်ရှိမှာ ကျောင်းဖွင့်ရန် အတွက် ကြိုတင်ပြင်ဆင်မှုများပြုလုပ် နေကြောင်း၊ စာသင်ချိန်ကို  ၂ သုတ်ခွဲပြီး သင်ကြားသွားမည် ဟုလည်း ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းမြင့်မြင့်အေး က ပြောသည်။

“ကျမ တို့ကျောင်းမှာ ကျောင်းသားပေါင်း ၂၅၀၀ ကျော်ရှိတယ်။ တပြိုင်တည်း ဖွင့်လို့ အဆင်မပြေဘူး။တခန်းကို ကျောင်းသား၂၀ ဦးထားပြီး ကျောင်းသားတွေကို Social Distancing ထားပြီးမှ သင်ကြားမှာ ဖြစ်ပါတယ်” ဟုကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းမြင့်မြင့်အေး က ဆိုသည်။

ကျောင်းအဝင်ဝ တွင် အပူချိန်တိုင်းခြင်း၊ စာသင်ခန်းတိုင်းမှာ လက်ဆေးပေစင် ထားခြင်း၊ ကျောင်းသူ/သား များ mask တပ်ပြီး စာသင်ကြားခြင်း၊ Face Shield များ တပ်ဆင်ခြင်း များ ပြုလုပ်ရမည် ဖြစ်ကြောင်း သိရသည်။

“၂ ကြိမ်ခွဲပြီး သင်မယ်ဆိုတော့ စာသင်ချိန်တွေ လုံလောက်ပါတယ်။ ထိုင်ခုံတွေ အဆောက်အဦးတွေ လုံလောက်မှု ရှိတယ်။ ကျန်းမာရေး ဆေးပေးခန်းလည်း ဖွင့်သွားပါမယ်။ ကျောင်းဖွင့်ဖို့ အဆင်သင့် ဖြစ်နေပါပြီ။” ဟု တောင်ကြီး အထက ၄ ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းမြင့်မြင့်အေး က သျှမ်းသံတော်ဆင့် ကိုပြောသည်။

သျှမ်းပြည် တွင် အခြေခံပညာအထက်တန်းကျောင်း (၄၆၂) ကျောင်း၊ အလယ်တန်းကျောင်း( ၆၂၁) ၊ မူလတန်းကျောင်း(၅၃၀၈) နှင့် ပုဂ္ဂလိက ကိုယ်ပိုင် အခြေခံပညာကျောင်း(၁၁၀) ကျောင်း တို့ ဖွင့်လှစ်ထားသည်။

“ မြန်မာပြည်က အွန်လိုင်း ပညာသင်ဖို့ဆိုတာလည်း မဖြစ်နိုင်၊ ကိုဗစ်ကလည်း ဆက်ဖြစ်နေတော့ ကလေးကို ကျောင်းပို့ဖို့ဒွိဟဖြစ်နေတယ်။ ကလေးတွေက ကိုယ့်ကိုကိုယ်မကာကွယ် ဂရုမစိုက်တတ်တော့ ကျောင်းလွှတ်ဖို့ တော်တော်စဉ်းစားနေရတယ်” ဟု အလယ်တန်းကျောင်းသား တဦး၏ မိခင် နန်းမွေ က သျှမ်းသံတော်ဆင့် သို့ပြောသည်။

အခြေခံကျောင်းများပြန်လည်ဖွင့်လှစ်သည့် ကိစ္စကို သက်ဆိုင်ရာမှ ပြန်လည်စိစစ်ပေးသင့်ကြောင်း လည်း ကျောင်းသားမိဘများက ပြောဆိုလိုက်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

အခြေခံပညာကျောင်းသို့ ကလေးများကို စိုးရိမ်စိတ်ဖြင့် ပို့ရ

0
ယခုနှစ် ၂၀၂၄ ဇွန်လသည် ကျောင်းစတင်ဖွင့်သည့်ရက်ဖြစ်ကာ အခြေခံ ပညာကျောင်းသို့ ကလေးများကို စိုးရိမ်စိတ်ဖြင့် ပို့ဆောင်နေရကြောင်း မိဘများက ပြောသည်။ မြန်မာတဝှမ်းတွင် ၂၀၂၄ -၂၀၂၅ ပညာသင်နှစ်အတွက် မေ ၂၃ရက်နေ့မှ ဇွန်လ ၂ ရက်နေ့ တွင် ကျောင်းအပ်ကာလအဖြစ် သတ်မှတ်ခဲ့သည်။ ထို့နောက် ယမန်နေ့ (ဇွန်...

ထိုင်းနယ်စပ်သွားမည့်ကားများ စစ်ဆေးမှုတင်းကြပ် ခရီးသည်နည်းပါးလာ

0
သျှမ်းပြည် တောင်ပိုင်း မှ ထိုင်းနယ်စပ် တာချီလိတ်သို့ သွားသည့် လမ်းပိုင်းတွင် လက်နက်ကိုင်တပ်ဖွဲ့များ စစ်ဆေးမှု တင်းကြပ်လာပြီး ခရီးသည်များ နည်းပါးလာကြောင်း ကားသမားများထံ စုံစမ်းသိရသည်။ စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်း ဥပဒေ အကောင်အထည်ဖော်မှု၊ တိုင်းရင်းသားလက်နက်ကိုင်များ၏ တပ်သားသစ် စုဆောင်းမှုများကြောင့် ထိုင်းနယ်စပ် တာချီလိတ်မြို့ လမ်းကြောတလျောက်တွင် စစ်ဆေးမှုတင်းကြပ်လာပြီး၊...

မျှော်ပေမယ့် ဖြစ်မလာတဲ့ တာချီလိတ်နယ်စပ်ဂိတ်

0
“နယ်စပ်ဂိတ် ပြန်ဖွင့်တော့မယ်” ဆိုတဲ့ သတင်းတွေဟာ နယ်စပ်ကို အမှီပြုပြီး ရောင်းဝယ်ရေး လုပ်နေကြတဲ့ ပြည်သူတွေအနေနဲ့ မျှော်လင့်စောင့်စားနေကြရတာ ဖြစ်သလို မကြာခဏလည်း ကြားရတတ်တဲ့ သတင်းတွေလည်း ဖြစ်နေပါတယ်။ ဒါပေမယ့် မကြာခဏ သတင်းကြားရတဲ့ အတိုင်း မကြာခဏလည်း မျှော်လင့်ချက်တွေ ရိုက်ချိုးခံရတဲ့ နယ်စပ်သတင်းတွေ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ...

မြန်မာ-တရုတ် မန့်ဝိန်း-ကျယ်ဂေါင်နယ်စပ်ဂိတ် အကန့်အသတ်ဖြင့် ဖွင့်

0
ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် ၃နှစ်နီးပါး ပိတ်ထားသည့် မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ မန့်ဝိန်း-ဂျယ်ဂေါင်ဂိတ်ကို ယနေ့ (ဇန်နဝါရီ ၁၄)ရက် နံနက်ပိုင်းတွင် မြန်မာနိုင်ငံဘက်မှ ပြန်လည်ဖွင့်လှစ်လိုက်ကြောင်း သတင်းရရှိသည်။ မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ မန့်ဝိန်း- ဂျယ်ဂေါင် နယ်စပ်ဂိတ်ကို ယနေ့ (ဇန်နဝါရီ ၁၄)ရက် နံနက် ၇ နာရီတွင်...

ရွှေလီမြစ်ဝှမ်း ကြံစိုက်သူများ အခက်ကြုံနေ

0
ထုန့်မောဝ် (ရွှေလီမြစ်ဝှမ်း) ကြံစိုက်ခင်းပိုင်ရှင်များသည် တရုတ်နိုင်ငံတွင်းသို့ ကြံတင်ပို့ရောင်းချပေးပြီးသော်လည်း လက်ရှိအချိန်ထိ ငွေပြန်မရရှိသေးသည့်အတွက်ကြောင့် အခက်အခဲဖြစ်နေကြောင်း စုံစမ်းသိရှိရသည်။ ဒီဇင်ဘာ ပထမပတ်ကစပြီး သျှမ်းပြည်မြောက်ပိုင်း ရွှေလီမြစ်ဝှမ်းဒေသဖြစ်သည့် မူဆယ်မြို့နယ် နှင့် နမ့်ခမ်းမြို့နယ်တွင်း ကြံစိုက်ခင်းပိုင်ရှင်များက တရုတ်နိုင်ငံတွင်း တင်ပို့ပေးပြီးငွေပြန်မရရှိသေးသည့်အတွက်ကြောင့် ထပ်မံစိုက်ပျိုးရန်အတွက် အခက်ခဲဖြစ်နေကြောင်း သိရသည်။ “ အရမ်းခက်ခဲတယ်။ ကျနော်တို့လည်းစိုက်ပျိုးဖို့ ငွေအင်အား၊...