Tuesday, January 27, 2026

လမ်းပန်း ခက်ခဲတဲ့ တိမ်ပေါ်က ကလေးငယ်များဆီသို့

ညစ်ပေတဲ့ အဝတ်အစားတွေ၊ ညစ်ပေတဲ့ အိတ်ကို လွယ်တဲ့သူက လွယ်၊ တချို့ကလေးတွေကတော့ ဖိနပ်တွေမပါဘဲ မြေနီလမ်းပေါ် လျှောက်ကာ ကျောင်းတော်ကြီး ဆီသို့ အပူအပင်ကင်းစွာဖြင့် ချီတက်လာကြပါတယ်။

 

Photo Credit to zawnyi nyikyi -သီပေါမြို့နယ် သီခြား ကမ္ဘာ တခု သဖွယ် တည်ရှိတဲ့ ကွန်ဟောက် ရွာက စာသင်ကျောင်းလေး

ကလေးတွေ ချီတက်သွားတဲ့ ကျောင်းကို ကြည့်လိုက်သည့် အခါ မြေနီပေါ် ဝါးနံရံကပ်ဖြင့် သာ တည်ဆောက်ထားတဲ့ ကျောင်းတကျောင်း ဖြစ်နေပါတယ်။

ထိုကလေးငယ်တွေက လမ်းပန်း ဆက်သွယ်ရေး ခက်ခဲပြီး၊ ဖွံ့ဖြိုးမှု အားနည်းတဲ့ တောင်ပေါ် ဒေသ မှာ ပညာသင်ကြားနေတဲ့ ကလေးငယ်တွေပါပဲ။

Photo Credit to zawnyi nyikyi -သီပေါမြို့နယ် သီခြား ကမ္ဘာ တခု သဖွယ် တည်ရှိတဲ့ ကွန်ဟောက် ရွာက စာသင်ကျောင်းလေး

မြို့ ပေါ် က ကလေးတွေ ကျောင်းဖွင့်ချိန်မှာ ကျောင်းဝတ်စုံ အသစ်၊ ကျောင်းသုံးပစ္စည်း အသစ်တွေနဲ့ ပုဂ္ဂလိက ကျောင်းကောင်းတွေ အပြိုင်အဆိုင် ထားနေတဲ့ ခေတ်ကြီးမှာတော့ တောင်ပေါ်မဖွံ့ဖြိုးတဲ့ ကျေးရွာ ကလေးတွေ အနေနဲ့ ရွေးချယ်စရာ မရှိကြပါဘူး။

ထိုနေရာလေးကတော့ သီပေါမြို့နယ် သီခြား ကမ္ဘာ တခု သဖွယ် တည်ရှိတဲ့ ကွန်ဟောက် ရွာ မှာနေထိုင်တဲ့ ကလေးငယ်တွေပါ။

တောင်ပေါ်မှာတည်ရှိတဲ့အဲ့ဒီရွာဟာ တိမ်တွေရဲ့ အပေါ် မှာ ရှိနေထိုင်တယ်လို့ ထင်ရလောက်အောင် အလွန်မြင့်မား မတ်စောက်ပြီး ကားနဲ့ သွားဖို့ တောင် မလွယ်ကူတဲ့ ဒေသ တခု ဖြစ်ပါတယ်။

“ အဲ့တောင်ပေါ် ရွာသွားလမ်း က တောင်တက်လမ်းပဲ။ ကျနော်တို့အောက်မှာ တိမ်တွေပဲ ရှိတယ်။ လမ်းမကောင်းတော့ ကားနဲ့ က တက်ရခက်တယ်” လို့ Dear Ranger လူမှုကူရေး အသင်းမှ ဇော်ညီ က လမ်းပန်း ဆက်သွယ်ရေး ခက်ခဲမှု ကြောင့် ကြုံတွေ့ခဲ့ရတာကို ပြန်ပြောပြပါတယ်။

ကျောင်းဖွင့်ရာသီ ဖြစ်ပြီး လမ်းပန်း ဆက်သွယ်ရေး မဖွံ့ဖြိုးသေးတဲ့ တောင်ပေါ် ဒေသတွေနဲ့ တိုက်ပွဲ ဒဏ်ခံထားရတဲ့ ကျေးရွာတွေ ကို ပညာရေး ထောက်ကူပြု ပစ္စည်းတွေ ကို သက်နိုင်သလောက် လိုက်ဝေငှ ပေးသွားမယ်လို့ ဇော်ညီ က ပြောပြပါတယ်။

လက်ရှိ မြို့ ပြနဲ့ ဝေးကွာပြီး မဖွံ့ဖြိုးသေးတဲ့ ကျေးရွာတွေ ကို ပညာရေး ထောက်ကူပစ္စည်းတွေ ကူညီထောက်ပံ့တာက ကလေးငယ်တွေ ပညာရေး တက်စေချင်တဲ့ ဆန္ဒတခုလည်း ဖြစ်ပါတယ် လို့ ကိုဇော်ညီ က ပြောပါတယ်။

Photo Credit to zawnyi nyikyi -သီပေါမြို့နယ် သီခြား ကမ္ဘာ တခု သဖွယ် တည်ရှိတဲ့ ကွန်ဟောက် ရွာက စာသင်ကျောင်းလေး

“ သူတို့ဝတ်စားဆင်ယင်မှု ၊သူတို့သုံးစွဲနေတဲ့ ပစ္စည်းမြင်လိုက်တော့ ကျနေ်ာ တော်တော်လေး အံ့သြမှင်တက်သွားတယ်။ မြို့ပေါ်မှာ ဘယ်ကလေးမှ မသုံးတဲ့ ပစ္စည်းမျိုးလေးတွေ။ နောက် ကျနော်တို့အကျင်္ ီဝယရင်ထည့်ပေးတဲ့အိတ်။ အဲဒီအိတ်တွေ နဲ့ ကျောင်းလာကြတယ်” လို့ ကိုဇော်ညီ က မြင်ခဲ့တဲ့ မြင်ကွင်းကို ပြန်လည် ပြောပြနေခြင်း ဖြစ်ပါတယ်။

လက်ရှိမှာတော့ Dear Ranger အနေဖြင့် အလှူရှင်တွေ လှူဒါန်းလာတဲ့ပစ္စည်းများကို လမ်းပန်း ခက်ခဲတဲ့ သီပေါမြိုု့နယ် ကွန်ဟောက်တောင်ပေါ်ရွာ၊ ကျေးသီးမြို့နယ် ဝမ်ကျောင်းရွာ၊ သီပေါမြို့နယ် စယ်ခံ၊နားအုံ၊ နားလော့ ကျေးရွာတွေ ရှိ ကလေးငယ်တွေရဲ့ ပညာထောက်ကူ ပစ္စည်းတွေကို သွားရောက် ထောက်ပံ့နိုင်ခဲ့တယ်လို့ ကိုဇော်ညီ က ပြန်ပြောပြပါတယ်။

Photo Credit to zawnyi nyikyi -သီပေါမြို့နယ် သီခြား ကမ္ဘာ တခု သဖွယ် တည်ရှိတဲ့ ကွန်ဟောက် ရွာက စာသင်ကျောင်းလေးအသွားလမ်းမှာ

“ အဲ့ဒေသတွေမှာ လမ်းတွေက အရမ်းဆိုးတယ်။ ကားလမ်းမရှိဘူး။ ထော်လဂျီ တွေသွားထားတဲ့ ဗွက်လမ်းဆိုတော့ ကားဘီးက နစ်။ ဝိုင်းတွန်းရတယ်” ဟု လမ်းပန်းခက်ခဲမှုကို ကို ဇော်ညီ က ပြန်လည် ပြောပြပါတယ်။

ဗွက်အိုင် ကြား ကားဘီးကို ခက်ခဲစွာ တွန်းပြီး တောင်ပေါ် ဒေသ ကလေးဆီရောက်တဲ့ အခါ ကလေးတွေဆီက ပျော်ရွှင်တဲ့ အ ပြုံးတွေ မြင်ရတဲ့အတွက် ပင်ပန်းမှု အလိုအလျောက် ပျောက်ကွယ်သွားတယ် လို့ လည်း သူက ပြောပြ ပါတယ်။

“ တကယ်လိုအပ်တဲ့ ကလေးတွေကို ထောက်ပံ့ရတာစိတ်ထဲမှာ တကယ်ကျေနပ်တယ်။ ထပ်ပြီးတော့လည်း လိုအပ်နေတဲ့ ကျောင်းတွေကို ထောက်ပံ့နိုင်ဖို့ ကြိုးစားနေပါတယ်” ဟု ၎င်းက ဆို ပါတယ်။

Photo Credit to zawnyi nyikyi -သီပေါမြို့နယ် သီခြား ကမ္ဘာ တခု သဖွယ် တည်ရှိတဲ့ ကွန်ဟောက် ရွာက စာသင်ကျောင်းလေး

သျှမ်းပြည်နယ်အတွင်း လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုကြောင့် ကလေးငယ်များ ပညာရေးနဲ့ ဒေသခံများ ကျန်းမာရေး အတွက် လမ်းများပြုပြင်ပေးဖို့ ဒုတိယ အကြိမ်မြောက် သျှမ်းပြည်နယ် လွှတ်တော် ၁၅ကြိမ်မြောက် ပုံမှန် အစည်းအဝေးမှာ အဆိုတင်သွင်းမှု များရှိခဲ့တာကိုတွေ့ရပါတယ်။

လွန်ခဲ့တဲ့ ဇွန် ၁၂ရက်နေ့ တွင် ကျင်းပသည့် သျှမ်းပြည်နယ် လွှတ်တော် တွင် အဆိုတင်သွင်းသူ မေးခွန်း ၁၅ခုတွင် လမ်းပန်း ဆက်သွယ်မှု ၁၂ခု ခန့်ပါဝင်နေပါတယ်။

ထို အရာကို ကြည့်ခြင်းအားဖြင့် သျှမ်းပြည်နယ် တဝှမ်း လမ်းပန်း ခက်ခဲမှုကြောင့် ကလေးငယ်တွေရဲ့ ပညာရေး နှင့် ဒေသခံ တွေရဲ့ ကျန်းမာရေး အခြေအနေ သွားလာမှု မည်မျှ ခက်ခဲနေသည်ကို သိမြင်နိုင်ပါတယ်။

Photo Credit to zawnyi nyikyi -သီပေါမြို့နယ် သီခြား ကမ္ဘာ တခု သဖွယ် တည်ရှိတဲ့ ကွန်ဟောက် ရွာက စာသင်ကျောင်းလေး

သီပေါမြို့နယ် မဲဆန္ဒနယ် အမှတ်(၁) ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် နန်းစမ်းစမ်းအေး ရဲ့ အဆိုတင် သွင်းသည့် မေးခွန်းမှာ မူလတန်း ကလေးငယ် တွေ နေ့စဉ် လမ်း ၂ မိုင် ကျော် လျှောက်ပြီး ကျောင်းသွားတက်နေရမှုကြောင့် ကလေးငယ်တွေ အတွက် လုံခြံုရေး နှင့် နာမကျန်းတဲ့ အခါ ဆေးရုံ ဆေးခန်း သွားနိုင်ဖို့ လမ်းပန်းခက်ခဲတာတွေ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

သက်ဆိုင်ရာ အာဏာပိုင် နဲ့ အစိုးရ အနေနဲ့ မဖွံ့ဖြိုးသေးတဲ့ တောင်ပေါ်ဒေသ ကလေးငယ်တွေ အတွက် လမ်းတွေ ကောင်းမွန်အောင် ပြုပြင်ပေးရန်၊ ထို လမ်းပန်း ဆက်သွယ်ရေး ကောင်းမွန်မှသာ ကလေးငယ်တွေရဲ့ ပညာရေး၊ ကျန်းမာရေးအဖက်ဖက် ဖွံ့ဖြိုးလာမယ် လို့ သျှမ်းပြည် လူထုများက ပြောဆိုကြပါတယ်။

“ လမ်းမကောင်းတဲ့အတွက် အရာရာနိမ့်ကျသွာမးယ်။ ပညာရေးဆိုရင်လည်း ၄တန်းအောင်သွားပြီး အလယ်တန်း ကျောင်းခွဲ တွေ သွားတက်ရမယ်။ လမ်းမကောင်းတော့ ဆရာ၊ဆရာမတွေလည်း မသွားချင်ဘူး။ ကလေးတွေလည်း မသွားချင်ဘူး။ ဒါနဲ့ ပညာရေး ကနေ ကျောခိုင်းသွားရမယ်” လို့ သီပေါမြို့ ဒေသခံ အမျိုးသား စိုင်းသန်း က ပြောပါတယ်။

Photo Credit to zawnyi nyikyi -သီပေါမြို့နယ် သီခြား ကမ္ဘာ တခု သဖွယ် တည်ရှိတဲ့ ကွန်ဟောက် ရွာက စာသင်ကျောင်းလေး

တောင်ပေါ် ဒေသ မဖွံ့ဖြိုးသေးတဲ့ ဒေသတွေမှာ ကျေးရွာပြည်သူတွေ ဘဝခက်ခဲမှုတွေ၊ အရာရာ မပြည့်စုံမှုတွေကြောင့် စာဝတ်နေရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးတွေမှာလည်း များစွာ ခက်ခဲနေဆဲ လို့ ကျေးသီမြို့နယ် ဝမ်ကျောင်းကျေးရွာ က ဆရာမနန်းအိန္ဒြေမေ က ပြောပြပါတယ်။

“ ဒီဘက်မှာက တော်တော်လေးကို ဖွံ့ဖြိုးမှု လိုအပ်သေးတယ်။အဖက်ဖက် အားနည်းတော့ ကလေးတွေ ကိုလည်း မိဘတွေက သေချာ မကြည့်နိုင်ဘူး။ အဲ့ဘက်က ကလေးတွေ က အရမ်းကို သနားစရာကောင်းတယ်” ဟု ဆရာမ နန်းအိန္ဒြေမေ က ဆိုပါတယ်။

ကျေးရွာ ဒေသရှိ ကလေးငယ်တွေက ဘာသာစကား ခက်ခဲမှု များစွာ ရှိသလို ကလေးငယ်တွေကို ပညာသင်ကြားပေးမယ့် ကျောင်းဆရာမ အင်အားကလည်း အရမ်းနည်းပါးပါတယ်လို့ သူမက ဆိုပါတယ်။

“ တကယ်လိုအပ်နေတဲ့ ကလေးတွေ ဆီကို ဘယ်လောက်ပဲ ခက်ခဲပါစေ။ ကျနော်တို့လှူလိုက်တဲ့ ပစ္စည်းတွေနဲ့ သူတို့တွေပျော်ရင် ကျနော်တို့ ဝမ်းသာတယ်။ ပင်ပန်းမှုတွေလည်း ဖြေပျောက်သွားတယ်” ဟု ကိုဇော်ညီ က ဝမ်းသာမှုတွေနဲ့ ပြောပြပါတယ်။

တိမ် ပေါ်မှာ သီးခြား ကမ္ဘ္ဘာ အလား နေထိုင်တဲ့ အဖက်ဖက် ချို့တဲ့ အားနည်းနေတဲ့ ကလေးတွေ ရဲ့ ကျောင်းဆင်းချိန်ဟာ အလှူရှင်တွေ ပေးအပ်တဲ့ ကျောင်းဝတ်စုံအသစ် ၊ ကျောပိုးအိတ်အသစ် နဲ့ ထီးလေး အသစ်တွေ ကိုယ်စီ ဆောင်းပြီး အ ပြုံးပန်းတွေဝေနေတာကို မြင်တွေ့နေရပါတယ်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

MNDAA တပ်သားများက သီပေါမြို့နယ် အမျိုးသားနှစ်ဦးကို ဖမ်းဆီး၊ အမျိုးသားတစ်ဦးကို ရိုက်နှက်

0
သျှမ်းပြည် သီပေါမြို့နယ်တွင် လှုပ်ရှားနေသည့် ကိုးကန့်တပ်ဖွဲ့ (MNDAA)တပ်သားများသည် နမ့်မကျေးရွာနေ အမျိုးသားနှစ်ဦးကို ဖမ်းဆီးခဲ့ပြီး၊ ခြံသွားသည့် အမျိုးသားတစ်ဦးကို ထိုးကြိတ်ရိုက်နှက်ခဲ့ကြောင်း သိရသည်။ ယမန်နေ့ (ဇန်နဝါရီလ ၁၁ ရက်) မွန်းလွဲ ၂ နာရီဝန်းကျင်တွင် သီပေါမြို့နယ် နမ့်မကျေးရွာမှ ကြံစိုက်ခင်းသို့ သွားသည့် အမျိုးသားတစ်ဉီးကို MNDAA...

စစ်ကော်မရှင် သီပေါမြို့နယ်ထဲ လေကြောင်းဗုံးကြဲမှု ဆက်တိုက်ပြုလုပ်နေ

0
စစ်ကော်မရှင်သည် သီပေါမြို့နယ်အတွင်း ယနေ့ (အောက်တိုဘာ ၁၄)ရက် ညနေ ၄နာရီခွဲတွင် လေကြောင်းဖြင့် အဆက်မပြတ်ကြဲနေကြောင်း သတင်းရရှိသည်။ ထိုစစ်ကော်မရှင်လေကြောင်းဗုံးကြဲသည့်နေရာသည် သီပေါမြို့နယ် ဘော်ကြို၊ တိုးဂိတ်ဘက်တို့ဖြစ်ကြောင်း သီပေါမြို့ ဒေသခံတစ်ဉီးပြောပြချက်အရသိရသည်။ “ မြို့ထဲတော့ မပစ်သေးဘူး။ ၁၁ လုံးလောက်ရှိနေပြီ။ ဘယ်နားပစ်ချတာလဲတော့ အတိကျမသိဘူး။ မြို့နဲ့တော့ဝေးနေသေးတယ်။ တိုးဂိတ် ၊...

သီပေါမြို့နယ် ဘော်ကြိုကျေးရွာ စစ်ကော်မရှင် လေးကြောင်းဗုံးကြဲ အရပ်သားတစ်ဉီးထိခိုက်

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်ထားသော သီပေါမြို့နယ်ကို စစ်ကော်မရှင်မှ ယနေ့​(စက်တင်ဘာ ၃)ရက် နေ့လည် ၂နာရီဝန်ကျင်တွင် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အရပ်သားတစ်ဉီးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။​ ယနေ့ (စက်တင်ဘာ ၃ ရက်) နေ့လည် ၂ နာရီဝန်းကျင် သီပေါမြို့နယ် ‌ဘော်ကြိုကျေးရွာကို  စစ်ကော်မရှင်မှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ်ပျက်စီးမှုများရှိကြောင်း  သီပေါမြို့နယ် ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။  “လေယာဉ်နဲ့ ဗုံးကြဲသွားတဲ့နေရာကို ခဏကမှ...

TNLA ထိန်းချုပ် သီပေါမြို့ထဲ (၉) ကြိမ်မြောက် စစ်ကောင်စီတပ်ဗုံးထပ်ကြဲ

0
သျှမ်းပြည် သီပေါမြို့ထဲသို့ စစ်ကောင်စီတပ်မှ နှစ်လအတွင်း (၉) ကြိမ်မြောက် ထပ်မံဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဩဂုတ်လ ၉ ရက်) ညနေ ၄ နာရီခွဲခန့်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် သီပေါမြို့ထဲ မြန်မာရပ်နှင့် ပန်းတိမ်တောင်ရပ်ကွက်သို့ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့်...

သီပေါမြို့နယ် SSPP ထိန်းချုပ် စိန်ကျော့တပ်စခန်းအနီး MNDAA ဆက်လက်ပိတ်ဆို့တပ်စွဲထား

0
ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် SSPP/SSA ထိန်းချုပ်မှုအောက်ရှိ စိန်ကျော့တပ်စခန်းသို့ ဦးတည်ထားသည့် လမ်းကြောင်းအားလုံးတွင် ကိုးကန့်တပ်ဖွဲ့ MNDAA က နေရာယူ တပ်စွဲထားဆဲဖြစ်ကြောင်း စုံစမ်းသိရသည်။ ဧပြီလ ၂၈-၂၉ ရက်တွင် သီပေါမြို့နယ် နမ္မကျောက်မီးသွေးတွင်း၌ စတင်ဖြစ်ပွားခဲ့သည့် SSPP/SSA နှင့် MNDAA တို့အကြား စစ်ရေးပဋိပက္ခသည် နှစ်ပတ်ကျော်...