Wednesday, January 28, 2026

CATEGORY

မူးယစ်ဆေးဝါး

မြန်မာနိုင်ငံသည် ကမ္ဘာ့ဘိန်းစိုက်ပျိုးမှုဧရိယာ၏ ၂၀ ရာခိုင်နှုန်းရှိ သျှမ်း-မြောက်ပြည်နယ်အုပ်ချုပ်ရေးမှူးပြော

ယနေ့မြန်မာနိုင်ငံအနေနှင့် ရင်ဆိုင်နေရသည့် မူးယစ်ဆေးဝါးဆိုင်ရာပြသနာအရင်းအမြစ်မှာ ဘိန်းစိုက် ဧရိယာများပြားစွာရှိနေမှု ကြောင့်ဖြစ်ကြောင်း အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးစားမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးအခမ်းအနားတွင် သျှမ်း-မြောက် ပြည်နယ် ဒု အုပ်ချုပ်ရေးမှူး ကပြောသည်။ ဇွန်လ ၂၆ ရက် မနက်၈နာရီမှ ၁၀နာရီအထိ လားရှိုးမြို့ ရှိမြို့တော်ခန်းမတွင်ကျင်းပခဲ့သော အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးစားမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးအခမ်းအနား အဖွင့်အမှာစကားပြောရာတွင် သျှမ်းပြည်နယ်(မြောက်ပိုင်း) ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူး...

SSPP/SSA ဌာနချုပ် ဝမ့်ဟိုင်းတွင် ကျပ်သိန်းပေါင်း ၁ သောင်းကျော်တန်ဖိုးရှိမူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီးသည့်အခမ်းအနား ကျင်းပပြုလုပ်

သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော် SSPP/SSA ဌာနချုပ် စိုက်ရာ ကျေးသီးမြို့နယ် ဝမ့်ဟိုင်းတွင်လည်း မူးယစ်ဆေးဝါးတန်ဖိုးကျပ်သိန်းပေါင်း ၁ သောင်းထက်မနည်း မီးရှို့ဖျက်ဆီးခြင်းအခမ်းအနားပြုလုပ်ခဲ့ကြောင်းသိရသည်။ ဇွန်လ ၂၆ ရက်နေ့ ကမ္ဘာ့မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့တွင် ၂၀၁၈ ခုနှစ်အတွင်း  SSPP/SSA မှဖမ်းဆီးရမိခဲ့သော ယာဘအပြားပေါင်း ၅ သိန်းကျော်နှင့် ဘိန်းဖြူ ၊ ဘိန်းမဲ၊...

မူးယစ်ဆေးသုံးသည်လင်းခေးမြို့ ၁၀ ကျော်သက် ၁၀ ဦးကျော် ဖမ်းဆီးခံရ

သျှမ်းပြည်တောင်ပိုင်းလင်းခေးမြို့တွင် ယာဘမူးယစ်ဆေးဝါးများ ပေါများလျှက်ရှိရာ ဆေးစွဲနေသည့်ကျောင်း သားတချို့အား လက်နက်ကိုင်အဖွဲ့တဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။ ဇွန်လ ၁၁ ရက်ညနေပိုင်းက အမည်မသိလက်နက်ကိုင်အဖွဲ့တဖွဲ့က ဆေးစွဲသူလူငယ် ၁၀ ကျော်အား ဖမ်းဆီးခေါ်ဆောင် သွားခြင်းဖြစ်ကြောင်း၊ ၄င်းတို့ဘဝ ပြန်လည်ထူထောင်ပေးရန်အတွက် ဟုပြောဆို သွား ကြောင်း နီးစပ်သည့်ဒေသခံ များပြောပြချက်အရသိရသည်။ “ဦးလေးတို့ကလေးရဲ့ဆိုင်ကယ် မြို့အဝင်လမ်းမှာလာယူပါ-...

နမ့်စန်မြို့နယ်အတွင်း ပြည်သူ့စစ်နှင့်ရဲပူပေါင်းပြီး ဘိန်းမည်းပိဿာချိန် ၉၀၀ ကျော်ဖမ်းမိ

လွိုင်လင်ခရိုင် နမ့်စန်မြို့နယ် ပန်လျန်းဆိုင်ဒေသရှိ မကျိုင်းပြည်သူ့စစ်တပ်ဖွဲ့နှင့်ရဲတပ်ဖွဲ့ပူးပေါင်းနယ်လှည့် အဖွဲ့ သည် ဘိန်းစိမ်းပိဿာချိန် ၉၂၀ ကျော်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ မေလ ၂၄ ရက်နေ့က မေတ္တာခမ်းတန် ဟုရေးထားသည့် ကား ၂ စီးအား တားဆီးစစ်ဆေးရာ အဆိုပါ ဘိန်းစိမ်း များဖမ်းဆီးရမိခြင်းဖြစ်ကြောင်း ပန်လျန်းဆိုင်ဒေသ  မကျိုင်းပြည်သူ့စစ်တပ်ဖွဲ့မှ အကြီးအကဲတဦးက...

မူးယစ်ဆေးဝါးရောင်းဝယ်မှု တာဝန်ရှိသူများထံ သတင်းအချက်အလက်ပေးရန် ပြည်သူများအယုံအကြည်မရှိ

မူးယစ်ဆေးဝါးရောင်းဝယ်မှုနှင့်ပတ်သက်၍ သတင်းအချက်အလက်ပေး တိုင်တန်းရန် ပြည်သူများအယုံအကြည်မရှိဟု Justice Drum လူမှုအဖွဲ့အစည်းကွန်ရက်မှ ထုတ်ဖော်ရှင်းလင်းသည် ။ တောင်ကြီးမြို့နယ် ၊ ကလောမြို့နယ် ၊ ဟိုပုံးမြို့နယ် များတွင်းတစ်နှစ်သာ မူးယစ်ဆေးဝါးလျှော့ချရေး လုပ်ငန်းတွေ့ရှိချက်များကိုချပြရှင်းလင်းသည့် ဆွေးနွေးပွဲ ကို Justice Drum အဖွဲ့မှ မေလ (၁၁) ရက်နေ့က...

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး အောင်မြင်မှုအတွက် ပြည်သူလူထုလက်တွဲပူးပေါင်းမှုလိုအပ်  

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးတွင် လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်၊ အဖွဲ့အစည်းတစ်ခုတည်း လုပ်ဆောင်၍မရကြောင်းနှင့် တားဆီးနှိမ်နင်းရေးအောင်မြင်မှုအတွက် ပြည်သူများ ပူးပေါင်းပါဝင်ဆောင်ရွက်ရန်လိုအပ်ကြောင်း မှူးယစ်တပ်ဖွဲ့စုမှူး ရဲမှူးရီထွန်းသန်းက လူငယ်နှင့်မူးယစ်ဆေးဝါး ပြည်သူ့စကားဝိုင်းတွင်ပြောသည်။ လားရှိုးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကြီးမှူး၍ လူငယ်နှင့် မူးယစ်ဆေးဝါး ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်းကို မေလ ၁၀ ရက်နေ့ မွန်းလွဲ ၁ နာရီမှ ညနေ...

နမ္မတူမြို့တွင်ကိုယ်ထူကိုယ်ထမူးယစ်တိုက်ဖျက်ရေးအဖွဲ့ ဖွဲ့စည်း

သျှမ်းပြည်မြောက်ပိုင် နမ္မတူမြို့တွင် ဒေသတွင်းလူငယ်များ မူးယစ်ဆေးဝါးနှင့်ကင်းဝေးစေရေး အတွက်ရည်ရွယ်ကာ ကိုယ်ထူကိုယ်ထ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့ ဖွဲ့စည်းခဲ့ကြောင်းသိရသည်။ ပြီးခဲ့သည့် ၂၆ ရက်နေ့က လူမှုအသင်းအဖွဲ့ ၊ NGO အဖွဲ့၊ ရပ်ကွက်၊ အုပ်စုအုပ်ချုပ်ရေးမှူး ၊ ကျောင်းဆရာများအဖွဲ့၊ ရဲ အာဏာပိုင်များနှင့်နမ္မတူဒေသခံများ စုပေါင်းကာ နမ္မတူမြို့ ဓမ္မာရုံတွင် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့ကို...

မူစယ်ခရိုင် မိုင်းယုအုပ်စုတွင် မူးယစ်ဆေးဝါးရောင်းဝယ်သူပေါများ

လောင်းကစားဝိုင်းများ ဂိမ်းဆိုင်များ ပေါများနေသော သျှမ်းပြည်မြောက်ပိုင်းကွတ်ခိုင်မြို့နယ် မိုင်းယုအုပ်စုတွင် ယာဘ မူးယစ်ဆေးဝါးလည်းအဆမတန် ပေါများနေကြောင်းဒေသခံများကပြောသည်။ “ယာဘ မူးယစ်ဆေးဝါးပေါချက်ကတော့ပြောမနေနဲ့တော့။ မုန့်ကောင်းကောင်းရှာစားရင်တောင်ခက်ဦးမယ်။ ယာဘမုူးယစ်ဆေးဝါးက လမ်းကောင်းကောင်းမလျှောက်ရင် ခလုတ်တောင်တိုက်သွားနိုင်တယ်။ စျေးလည်းပေါ ၊ရှာဝယ်လည်းလွယ်။ တပြားကျပ် ၄၀၀ ဘဲရှိတယ်။ လူတန်းစားမရွေးဝယ်စားနိုင် တယ်။အဲလောက် ထိပေါတာ။ လူငယ်တွေကိုယ့်အားကိုယ်ကိုး တိုက်ဖျက်မှုမလုပ်ရင် အနာဂတ်က...

မူးယစ်ဆေးဝါးပတ်သက်ဆက်နွယ်သူများအား လားရှိုးကျေးလက်လူငယ်များစုပေါင်းဖမ်းဆီး

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် နမ့်ပေါင်အုပ်စုတွင် ဒေသတွင်းလူငယ်ထုနှင့် အုပ်စုအုပ်ချုပ်ရေးမှူးများ ရပ်မိရပ်ဖများပူးပေါင်းကာ ကိုယ်ထူကိုယ်ထမူးယစ်ဆေးဝါးတိုက်ဖျက်ရေးလှုပ်ရှားမှုတခုပြုခဲ့ကြောင်းသိရသည်။ မတ်လ ၆ ရက်နေ့ ည ၉ နာရီက နမ့်ပေါင်ဒေသခံလူငယ်များနှင့်ရပ်မိရပ်ဖများစုပေါင်းကာ မူးယစ်ဆေးဝါးနှင့်ပတ်သက်ဆက်နွယ်သည်ဟု သင်္ကာမကင်းရှိသူများအား စောင့်ကြပ်စစ်ဆေးကာ မိုင်းရယ်မြို့မှ စိုင်းဆန်လ ဆိုသူထံမှ ယာဘ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိပြီး ၄င်းနှင့်ဆက်နွယ်နေသူ နမ့်ပေါင်ရွာသား...

မူစယ် ၁၀၅ မိုင်အနီး မူးယစ်ဆေးသုံးသူများအား ဒေသတွင်းလူထုနှင့်အာဏာပိုင်များရှင်းလင်းဖမ်းဆီး

သျှမ်းပြည်မြောက်ပိုင်း မူစယ်မြို့နယ် ၁၀၅ မိုင်ရှိမိုင်းယုရွာဘက်တွင် မူးယစ်ဆေးဝါးသုံးစွဲသူလူငယ်များအား ဒေသတွင်းအာဏာပိုင်များရှင်းလင်းမှုပြုလုပ်ခဲ့ကြောင်း သိရသည်။ ဂျန္နဝါရီလ ၂၆ ရက်နေ့ညနေပိုင်းက ဒေသခံလူထုတောင်းဆိုမှုကြောင့် ဒေသတွင်းအာဏာပိုင်များ ရဲများ ပူးပေါင်းကာ မူးယစ်ဆေးဝါးသုံးစွဲသူလူငယ်များအား ရှာဖွေဖမ်းဆီးရာ ၂၇ ဦးဖမ်းဆီးရမိကြောင်း လားရှိုးရောက်မူစယ်ဒေသခံကပြောသည်။ ကျား ၂၅ ယောက်နဲ့ မ ၂ ယောက်ဖမ်းမိတယ်။ မိုင်းယုအနောက်ဘက်က...

Latest news