မိုးနဲမြို့အဝင် ကြာဖူးတိုင်အားအသစ်ပြန်လည်ပြုပြင်ဆောက်လုပ်ပြီးစီး အန္တရာယ်ကင်းပရိတ်ရွတ်ဖတ်သရဇ္ဇာယ်
သျှမ်းပြည်တောင်ပိုင်း မိုးနဲဒေသခံများ၏ သမိုင်းဝင်အမွေအနှစ်ဖြစ်သော မြို့အမှတ်အသား ကြာဖူးတိုင်အား ပြန်လည်ပြုပြင်မွမ်းမံပြီးစီးပြီဖြစ်ရာ မြို့နယ်သံဃာတော်များက မင်္ဂလာဘိသိက်ဆောင် ရေစက်သွန်းချအလှူပြုကြကြောင်းသိရသည်။ စက်တင်ဘာလ ၁၃ ရက် တော်သလင်းလပြည့်နေ့ ယနေ့မနက်ပိုင်း က သံဃာတော်များဦးဆောင်သည့်ရပ်မိရပ်ဖများ ၊ ဂေါပကများ၊ ဒေသခံများ ၁၅၀ ခန့်က ကြာဖူးတိုင်နေရာတွင် မင်္ဂလာဘိသိက်ရွတ်ကာ ရေစက်ချခဲ့ကြကြောင်း မိုးနဲမြို့သမိုင်းဝင်အမွေအနှစ်မြတ်နိုးသူ...
မာလိန်တိုင်အကြောင်းမပြောခင် မိုးနဲရဲ့နောက်ခံသမိုင်းအကျဉ်းလေးကို မိတ်ဆက်ပေးချင်ပါတယ်။ မိုးနဲမြို့က သျှမ်းပြည်တောင်ပိုင်းမှာ တည်ရှိပြီး သျှမ်းပြည်ရဲ့မြို့တော် တောင်ကြီးကနေ အရှေ့တောင်ဘက် မိုင် ၁၀၀ အကွာမှာတည်ရှိပါတယ်။ မိုးနဲကို BC 441 (သျှမ်းသမိုင်း ၊ ခူးခေးသျှန်) မှာ တည်ထောင်တယ်လို့ပြောသလို ၊ BC 519 (သျှမ်းလူမျိုးများသမိုင်း) မှာ တည်ထောင်တယ်လို့လည်းဆိုပါတယ်။...
တောင်ကြီးတန်ဆောင်တိုင် ရိုးရာမီးပုံးပျံပွဲတော်ရက် မလျှော့ရေး သျှမ်းပြည်နယ်ဝန်ကြီးချုပ်ထံတောင်းဆို
တောင်ကြီးတန်ဆောင် မီးပုံးပျံ ပွဲတော်ကို ပွဲရက်လျှော့ချလိုက်သည့် ကိစ္စနှင့် ပတ်သက်၍ တောင်ကြီး မီးပုံးပျံ ပညာရှင်များနှင့် ဒေသခံများက ယခင်နှစ်များ အတိုင်း ပြန်လည်သတ် မှတ်ပေး ရန် သျှမ်းပြည်နယ်ဝန်ကြီးချုပ်ထံ တင်ပြ တောင်းဆို ထားသည်ဟု သိရသည် ။ စက်တင်ဘာ ၆ ရက် ယနေ့ရက်စွဲ...
ကျိုင်းတုံ ဟော်နန်း မြေနေရာ ပြန်ရဖို့ တောင်းဆိုသွားမည်
သျှမ်းပြည်နယ် အရှေ့ပိုင်း ကျိုင်းတုံ ဟော်နန်းမြေနေရာ ပြန်ရရေး အတွက် သမ္မတထံ စာတင်ပြ တောင်းဆိုသွားမည် ဟု သိရသည်။ သျှမ်းသမိုင်းဝင် ကျိုင်းတုံမြို့ အထင်ကရ စော်ဘွားများ၏ အမွေအနှစ် ဟော်နန်းကြီးသည် လွန်ခဲ့သည် ၁၉၉၁ ခုနှစ် နိုဝင်ဘာ ၉ ရက် မနက် ရ...
နမ့်လန်မြို့တွင် သျှမ်းစာဖြင့်ရေးသားထားသော လမ်းအမည်ဆိုင်းဘုတ်များ စုပေါင်းစိုက်ထူ
သျှမ်းပြည်မြောက်ပိုင်း နမ့်လန်မြို့တွင် မြို့သူ မြို့သားများစုပေါင်းကာ မိခင်ဘာသာစာပေဖြစ်သော သျှမ်းစာ ပါ၀င်သည့် လမ်းမကြီးနှင့် လမ်းသွယ်များဆိုင်းဘုတ် စုပေါင်းစိုက်ထူခြင်းလှုပ်ရှားမှုတရပ်ပြုလုပ်ခဲ့ကြသည်။ ဇူလိုင်လ ၃၀ နှင့် ၃၁ ရက်နေ့တို့တွင် နမ့်လန်မြို့အတွင်းရှိ လူမှုအခြေပြုအဖွဲ့အစည်း၊ လွှတ်တော်ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများ၊ အစိုးရဌာနဆိုင်ရာတို့ ပူးပေါင်းလက်တွဲကာ မြို့တွင်း ရပ်ကွက်တွင်းရှိ လမ်းမကြီး လမ်းသွယ်များ၏အမည်များကို...
သမိုင်းဝင် ရှေးဟောင်းအမွေ အနှစ်တွေ လက်ရှိမှာအများအပြားကျန်ရှိနေသေးတဲ့ သျှမ်းပြည်တောင်ပိုင်း မိုးနဲမြို့ နယ်မှာ ပျောက်ကွယ်လုနီးပါးရှိနေတဲ့ ရှေးဟောင်းစေတီပုထိုးတွေကို ကျားဖြူပါတီပြည်နယ်လွတ်တော် ကိုယ်စား လှယ်ဟောင်း ရှေးဟောင်းအမွေအနှစ်မြတ်နိုးတန်ဖိုးထားတဲ့ မိုးနဲဒေသခံ စိုင်းမောင်ကြီးတို့အဖွဲ့ဟာ လက်ရှိမှာ ရှေးဟောင်းအမွေအနှစ်တွေကို ကိုယ်ထူကိုယ်ထ ပြန်လည်ရှာဖွေဖော်ထုတ် နေကြတယ်လို့သိရပါတယ်။လွန်ခဲ့တဲ့ ၂၀၁၉ ဖေဖော်ဝါရီ လ တွင်...
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့တွင်တည်ရှိသော သျှမ်းပြည်နယ်၏ တခုတည်းသော ယဉ်ကျေးမှုပြ တိုက်ဖြစ်သည့် ညောင်ရွှေဟော်နန်းမှ ဘိုးဘွားပိုင်စော်ဘွားအသုံးအဆောင်နှင့်ဝတ်စုံများ ၊ မြန်မာနိုင်ငံ၏ ပထမဆုံးသောသမ္မတကြီး ညောင်ရွှေစော်ဘွားကြီးစဝ်ရွှေသိုက်၏ ၀တ်စုံများ ရန်ကုန်သို့သယ် ဆောင်ကာ တနှစ်အကြာ သန့်စင်ဆေးကြောမှုပြုပြီးနောက် လက်ရာတင့်တယ်လှပသော သမိုင်းဝင် အဖိုးတန်ဝတ်စုံ တချို့အား ရန်ကုန်မြို့ အမျိုးသားပြတိုက်တွင် ဇွန်လ...
မြို့တော်တောင်ကြီးတွင် သျှမ်းသင်္ကြန် စည်ကားစွာ ကျင်းပ
သျှမ်းပြည်နယ်မြို့တော် တောင်ကြီးတွင် သျှမ်းလူမှုအဖွဲ့အစည်းများစုပေါင်းကာ ပထမအကြိမ်အဖြစ် သျှမ်းတိုင်းရင်းသားလူငယ်များက စုပေါင်းရိုးရာသင်္ကြန် ပွဲ ကျင်းပရာ ပါ၀င်ပူးပေါင်းသူများပြားစည်ကားလျှက်ရှိကြောင်းသိရသည်။ သျှမ်းတိုင်းရင်းသားများ ရိုးရာသင်္ကြန်ပွဲ ဟုအမည်ပေးကာ ကမ္ဘောဇလမ်း ၊ ရေအေးကွင်းရပ်ရှိ C3 cafe ၀င်းတွင် ဧပြီလ ၁၉ ရက်နေ့က စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည် ။ " အဓိက...
သျှမ်းပြည်တောင်ပိုင်းလဲချားမြို့ရှိ လဲချားစော်ဘွားကြီး စဝ်ခွန်နွံ၏ အုတ်ဂူတွင် သျှမ်း၊ မြန်မာ၊ အင်္ဂလိပ်ဘာသာ တို့ ပါသော စော်ဘွားကြီး၏ အမည်ဆိုင်းဘုတ်အား လဲချားလူငယ်များစုပေါင်းအင်အားဖြင့်ပြုလုပ်ကာ ဆိုင်းဘုတ်ပြားတပ်ဆင်ကြောင်းသိရသည်။ ပင်လုံစာချုပ်လက်မှတ်ရေးထိုးရာတွင် တဦးအပါအဝင်ဖြစ်သော လဲချားစော်ဘွားကြီး စဝ်နွံ အား အနာဂတ် လူငယ်များ အမှတ်ရစေရန်ရည်ရွယ်ကာ စော်ဘွားကြီး၏အုတ်ဂူအား လဲချားမြို့သျှမ်းလူငယ်အဖွဲ့က ၃ နှစ်ကြာ...
အတွေးများစွာပေါက်ဖွားနိုင်စွမ်းလှတဲ့ လွယ်ဖီမျဲန်း
SHAN -
(ကိုယ်တိုင်ကိုယ်ကျကွင်းဆင်းလေ့လာပြီး ပြုစုရေးသားထားတဲ့ ဆောင်းပါးရှင် - စိုင်းမျိုး မိန်းနိုင်း (phimenologist)) မိုးနဲမြို့နယ်တလျှောက်မှာရှိတဲ့ရှေးဟောင်းဗိသုကာအနုပညာတွေအပါအဝင် တွေးခေါ်စဉ်းစားအဖြေထုတ်နိုင်စွမ်းငှာမတတ်နိုင်တဲ့ ထူးဆန်းအံ့ဖွယ်တွေလည်းရှိနေပါတယ် ။ ကျွန်တော်တို့စွန့်လွတ်စွန့်စားရှာဖွေစူးစမ်းလေ့လာတဲ့အဖွဲ့က ခက်ခဲကြမ်းတမ်းတဲ့ မိုးနဲ ထမ်ဖီမျဲန်းခရီးကိုတော့ အောင်မြင်စွာဖြတ်သန်းခဲ့ကြပြီးပြီ။
ထမ်ဖီမျဲန်းခရီးစဉ်အကြောင်းကို ကျွန်တော်ရဲ့ပိုစ့်ချစ်သူတွေ သိမြင်ခံစားနိုင်ဖို့လည်း ပိုစ့်ရေးသားခဲ့ပြီးပါပြီ ။ ဒီတခါတော့ ထမ်ဖီမျဲန်း (ကြတ်ဂူ) အကြောင်းမဟုတ်ဘဲနဲ့ လွယ်ဖီမျဲန်း...






