Tuesday, January 27, 2026

နှစ်ပေါင်း ရာကျော်ရှိ ညောင်ရွှေစော်ဘွားကြီးများ၏ လျှော်ဖွတ်ပြုပြင်ပြီးသော ၀တ်ရုံတော်များအား ရန်ကုန်မြို့အမျိုးသားပြတိုက်တွင် ၉ ရက်ကြာပြသသွားမည်

သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့တွင်တည်ရှိသော သျှမ်းပြည်နယ်၏ တခုတည်းသော ယဉ်ကျေးမှုပြ တိုက်ဖြစ်သည့် ညောင်ရွှေဟော်နန်းမှ ဘိုးဘွားပိုင်စော်ဘွားအသုံးအဆောင်နှင့်ဝတ်စုံများ ၊ မြန်မာနိုင်ငံ၏ ပထမဆုံးသောသမ္မတကြီး ညောင်ရွှေစော်ဘွားကြီးစဝ်ရွှေသိုက်၏ ၀တ်စုံများ ရန်ကုန်သို့သယ် ဆောင်ကာ တနှစ်အကြာ သန့်စင်ဆေးကြောမှုပြုပြီးနောက် လက်ရာတင့်တယ်လှပသော သမိုင်းဝင် အဖိုးတန်ဝတ်စုံ တချို့အား ရန်ကုန်မြို့ အမျိုးသားပြတိုက်တွင် ဇွန်လ ၉ ရက်နေ့မှ ၁၈ ရက်နေ့အထိ ပြသသွားမည်ဖြစ်ကြောင်း သိရသည်။ သက်တမ်းကြာရှည် စော်ဘွားဝတ်စုံများအား ရန်ကုန်မြို့အမျိုးသားပြတိုက်မှ ခေတ်မှီနည်းပညာဖြင့် ပထမဆုံးအကြိမ် လျှော်ဖွတ်ပြုပြင်ခဲ့ခြင်းဖြစ်ပြီး အများပြည်သူများကြည့်ရှုနိုင်ရန်၊ ကမ္ဘာလှည့်ခရီးသွားများ ကြည့်ရှုလေ့လာနိုင်ရန်ရည်ရွယ်ပြီးပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။အဆိုပါစော်ဘွားဝတ်စုံများနှင့်ပတ်သက်ပြီး ညောင်ရွှေစော်ဘွားကြီး စဝ်ရွှေသိုက်၏သမီးတော်တပါးဖြစ်သော စဝ်ဟေမာသိုက်အား သျှမ်းသံတော်ဆင့် မှ နန်းဆိုင်ဖူးက ဆက်သွယ်မေးမြန်းထားပါသည်။


မေး။ ။ ညောင်ရွှေဟော်နန်းက စော်ဘွားဝတ်စုံတွေ ရန်ကုန်ကို တနှစ်အကြာ ယူသွားပြီး သွားလျှော်တာ အကုန်ပြန်ပို့ပြီလားရှင့်။

ဖြေ။ ။ တချို့တဝက်ကို ပြန်ပို့ပါပြီ။ ကျန်တဲ့ ၁၁ စုံကိုတော့ ဇွန်လ ၉ ရက်နေ့ကျရင် ရန်ကုန်အမျိုးသားပြတိုက်မှာ ပထမဦးဆုံး ပြသမှာဖြစ်တယ်။ နန်းလောင်ဝ်ငင်းလေ ညောင်ရွှေဟော်နန်းက ၀တ်စုံတွေ ကမ္ဘာကိုပြသမယ်ဆိုပြီးမှ စီစဉ်လိုက်တာဖြစ်ပါတယ်။

မေး။ ။ ဟော်နန်းက စော်ဘွားဝတ်စုံတွေ ရန်ကုန်ကိုယူသွားလျှော်ပြီးပြန်ပို့လိုက်တဲ့အချိန်မှာ ဘယ်လိုထူးခြားတာတွေတွေ့လည်းရှင့် မလျှော်ရသေးစဉ်ကအခါကနဲ့ယှဉ်ကြည့်ရင် ။

ဖြေ ။ ။ လျှော်တယ်ဆိုတာက ပါပါ တို့ သာမာန် ရိုးရိုးလျှော်သလိုမျိုးမဟုတ်ဘူးလေ ယိင်း။ ကြိုးတွေဘာတွေပြတ်နေတာတွေကို ပြန်တပ်ပေးတယ်။ချုပ်ရိုးပြေနေတာတွေကိုသူတို့ပြင်ပေးတယ်။ အပေါက်ဖြစ်နေတာတွေကို ဖာပေးတယ်။ သူတို့နည်းပညာနဲ့သူတို့ လျှော်ပေးတာလေ။ တထည်လုံးလျှော်လိုက်တာမဟုတ်ဘူး။ ဘယ်လိုထူးခြားမှုတွေ့သလဲဆိုတော့ အရင်က ဟောင်းနွမ်းလို့အကွက်အကွက်တွေဖြစ်နေတဲ့ဟာတွေမရှိတော့ဘူးပေါ့နော်။ အသစ်စက်စက်လိုတော့မဟုတ်ဘူး။ လက်ရာတော့မပျက်ဘူး။ ဒါပေမယ့် ကြည့်ကောင်းလာတယ်။အဆင်ပြေလာတယ်ပြောလို့ရတယ်။


မေး။ ။ စော်ဘွားကြီးတွေရဲ့ အမွေအနှစ် ၀တ်စုံတွေကို ယူသွားလျှေ်ာပေး ပြုစုထိန်းသိမ်းပေးတဲ့အပေါ် ကျေနပ်ပါ သလားဘယ်လိုမြင်ပါသလဲရှင့်။

ဖြေ ။ ။ နန်းလောင်ဝ်ငင်းက သျှမ်းအမျိုးသမီးတယောက်လည်းဖြစ်တယ်။ အရင်တုန်းကလည်း သူ ဒီညောင်ရွှေဟော်နန်းပြတိုက်မှာ ၂၈ နှစ်လောက် နေလာခဲ့ဖူးတယ်ဆိုတော့ သူ ဒီအပေါ်မှာ သံယောဇဉ်ရှိခဲ့တယ်။ သူလုပ်ပေးနိုင်တုန်းသူက လုပ်ပေးထားခဲ့ချင်တဲ့စေတနာပေါ့။ ပြည်ထောင်စုအစိုးရ သျှမ်းပြည်နယ်အစိုးရဆီမှာခွင့်တောင်းပြီးတော့မှ သူလုပ်ပေးတာ။ ဒါ ပါပါ တို့ သျှမ်းပြည်နယ် ညောင်ရွှေဟော်နန်းကဝတ်စုံတွေကိုလုပ်ပေးတာ ပထမဦးဆုံးအကြိမ်ဘဲ။ သူပြောပြချက်အရဆိုရင် ဒါ ကမ္ဘာပေါ်မှာတောင် ပထမဦးဆုံးအကြိမ် ဖြစ်တယ်တဲ့။ ညောင်ရွှေဟော်က ကိုယ့်အပိုင်မဟုတ်ပေမယ့် ဒီမှာက ပါပါ က ဥက္ကဌ ဖြစ်နေတော့လေ။ တဖက်ကလည်း ကိုယ့် မိဘ ဘိုးဘွားတွေရဲ့ ၀တ်စုံတွေကို နှစ်ပေါင်းများစွာ ဒီတိုင်းဘဲပစ်ပယ်ခံထားရတဲ့အနေအထားကနေ အခုလို နှစ်ပေါင်းများစွာ ထပ်ခံနိုင်အောင် ထပ်မံပြသထားနိုင်အောင် နောင်လာနောက်သားတွေလည်း မြင်ရအောင် သန့်စင်မှုတွေလုပ်ပေးတဲ့အပေါ် ပါပါ ကကျေနပ်ဝမ်းသာအားရမိပါတယ်။ ကျေးဇူးလည်း တင်တယ်။ ကိုယ့်ဟာနဲ့ကိုယ်ဆိုရင် မလုပ်နိုင်ဘူးလေနော်။ လုပ်ချင်ပေမယ့်လဲ။ကော်မတီ ဥက္ကဌအနေနဲ့ သျှမ်းပြည်နယ်အစိုးရကလည်း ခွင့်ပြုထားတယ်ဆိုတော့ လေ။ ပြင်ဆင်ဖို့အတွက် အခု တင်ဒါလည်း အောင်သွားပြီဆိုတော့ လေ။ ဟော်နန်းပြင်ဖို့လေ။

မေး။ ။ ဒီဝတ်စုံတွေ လျှော်ဖွတ် ပြသပြီးရင်ကော် ဘယ်မှာဆက်ထားဖို့ရှိပါသလဲ။

ဖြေ ။ ။ ညောင်ရွှေဟော်နန်းမှာဘဲထားချင်ပါတယ်။ ညောင်ရွှေဟော်နန်းက သျှမ်းပြည်နယ်ရဲ့ တခုတည်းသော သျှမ်းယဉ်ကျေးမှုပြတိုက်လေ။ အဲ့ကြောင့် ၀တ်စုံတွေကို တခြား ရန်ကုန်၊ မန္တလေးတွေမှာ သွားထားရင်တော့ သဘောမတူဘူး။နေရာမှန် လူမှန်သဘောဘဲဖြစ်ရမှာလေ။ ညောင်ရွှေဟော်နန်းကိုပြုပြင်မွမ်းမံပြီးရင် ပြခန်းကို ညောင်ရွှေမှာလည်းလုပ်မှာ။ အခုက ၀တ်စုံတွေ ထုတ်ယူသွားတာ ၁၃၈ စုံရှိတယ်လေ။ ခေါင်းပေါင်းတွေရော ခါးပတ်တွေရော အပါအဝင်ပေါ့နော်။တခြားအသုံးအဆောင်တွေလည်းပါတယ်။ လျှော်တာ ပြင်တာပြီးကုန်ပြီ။ ခုမှ ပြခန်းအတွက် ၁၁ စုံကိုသူတို့ပြန်ယူသွားတာပါ။

မေး။ ။ အခုရန်ကုန်မှာလုပ်မယ့် စော်ဘွားဝတ်စုံပြပွဲလုပ်တဲ့အပေါ်ကော ဘယ်လိုမြင်ပါသလဲရှင့်။

ဖြေ ။ ။ ညောင်ရွှေမှာဘဲ နေနေတာ နှစ်ပေါင်း ၅၀ ကျော်ပြီ။ နိုင်ငံခြားသားတွေလာကြည့်တယ်။ ရှင်းပြတဲ့သူကမရှိဘူး။ ၀န်ထမ်းမလုံလောက်လို့။ ခုတော့ ရန်ကုန်မှာလုပ်မယ့်ဟာက နိုင်ငံခြားသားတွေရော UNDP ကိုပါခေါ်မယ်ဆိုတော့ ကမ္ဘာသိသွားရင်တော့ ပိုပြီးအဆင်ပြေသွားမှာပေါ့။ အဲ့ကြောင့် ဒီအတွက် နန်းလောင်ဝ်ငင်းကိုတော်တော်လေးကိုကျေးဇူးတင်တာပေါ့။

 

မေး။ ။ အခုလုပ်မယ့်ပြပွဲနဲ့ပတ်သက်ပြီး ဘယ်လိုပြောချင်ပါသလဲရှင့် ။

ဖြေ ။ ။ ဟုတ်ကဲ့ လောလောဆယ်ညောင်ရွှေဟော်မှာဝန်ထမ်းက ၆ ယောက်ဘဲရှိတယ်လေ။ အဲ့မှာ သျှမ်းပြည်နယ်အစိုးရကို နောက်ထပ် ၅ ယောက်လောက်တိုးပေးဖို့တင်ထားတယ်။ ဒီဝတ်စုံတွေဟော်နန်းပြန်ရောက်ရင် ဒါ နိုင်ငံခြားသားတွေကို ရှင်းပြပေးဖို့ ။ ညောင်ရွှေဟော်နန်းကတော့ ခုနပြောသလိုဘဲ သျှမ်းပြည်အတွက် ဂုဏ်ယူစရာတခုဖြစ်နေတယ်လေ။ ၀မ်းသာဂုဏ်ယူ ပီတိဖြစ်ရပါတယ်လို့ပြောချင်ပါတယ်။

ညောင်ရွှေ ယဉ်ကျေးမှုပြတိုက်သည်၁၉၆၀ ခုနှစ် နောက်ပိုင်းတွင် စော်ဘွားကြီးများပြတိုက် ၊ယဉ်ကျေး မှုပြတိုက် ၊ဗုဒ္ဓဝင်ပြတိုက် စသည့်အမည် များဖြင့် ယဉ်ကျေးမှု ဝန်ကြီးဌာနက ထိန်းသိမ်း စောင့်ရှောက်ခဲ့ရာမှ ၂၀၁၃ ဂျူလိုင်လ မှစ၍ သျှမ်းပြည်နယ် အစိုးရအဖွဲ့သို့ လွှဲပြောင်းပေးခဲ့ခြင်းဖြစ်ပြီး ပြတိုက်တွင် စော်ဘွား မှတ်တမ်းဓါတ်ပုံ (၉၁) ပုံ ၊ အဝတ်အထည် (၁၃၈) မျိုး၊ ပစ္စည်း အမယ်ပေါင်း ( ၃၃၈) မျိုး ကို ပြသထားကြောင်း ၊ နိုင်ငံခြားသား ဧည့်သည်တစ်ဦးလ ျှင် နှစ်ဒေါ်လာ၊ ပြည်တွင်း ဧည့်သည် တစ်ဦးလ ျှင် ၂၀၀ ကျပ် နှင့် ကျောင်းသား/သူ များ အခမဲ့ လေ့လာကြည့်ရှုနိုင်ကြောင်း နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြခဲ့ဖူးသည်။ညောင်ရွှေဟော်နန်းမှ ဟောင်းနွမ်းပေရေပျက်စီးနေသော စော်ဘွားများ၏ ၀တ်ရုံတော် ၁၃၈ ခုအား ခေတ်မှီနည်းပညာဖြင့် လျှော်ဖွတ်ပြုပြင်ထိန်းသိမ်းရန်အတွက် ၂၀၁၈ ဇန်နဝါရီလက ရန်ကုန်မြို့သို့ သယ်ဆောင်သွားခဲ့ခြင်းဖြစ်ပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

‌ညောင်ရွှေမြို့ရှိ စပါးခင်းများ တောင်ကျရေကြောင့် ပျက်စီး

0
သျှမ်းပြည် ညောင်ရွှေမြို့နယ်တွင် မိုးသည်းထန်ကာ တောင်ကျရေများကြောင့် စပါးခင်း ဧကများစွာ ရေမြှုပ် ပျက်စီးဆုံးရှုံးခဲ့ရကြောင်း သတင်းရရှိသည်။ ညောင်ရွှေမြို့နယ်တွင် ပြီးခဲ့သည့် (ဇွန်လ ၁၁ရက်မှ ၁၃ ရက်) အထိ မိုးသည်းထန်စွာ ရွာသွန်းပြီး တောင်ကျရေကြောင့် စပါးခင်းနှင့် မြေအနိမ့်ပိုင်းရှိ ရပ်ကွက်အချို့ ရေနစ်မြှုပ်ခဲ့ကြောင်း ညောင်ရွှေဒေသခံများက ပြောသည်။ ထိုသို့...

ညောင်‌ရွှေမြို့ရှိ စစ်ဘေးရှောင် ၃၀၀ အတွက် စားနပ်ရိက္ခာ အရေးပေါ်လိုအပ်

0
သျှမ်းပြည် ညောင်ရွှေမြို့နယ်တွင် ထွက်ပြေးတိမ်းရှောင်နေသည့် စစ်ဘေးရှောင် (၃၀၀)ဝန်းကျင်အတွက် စားနပ်ရိက္ခာများ အရေးပေါ် လိုအပ်နေကြောင်း စုံစမ်းသိရသည်။ သျှမ်း-ကရင်နီ နယ်စပ် တလျှောက်နှင့် ကရင်နီ (ကယား) ပြည်နယ်အတွင်း “ ၁၁.၁၁ စစ်ဆင်ရေး” ခေါင်းစဉ်ဖြင့် စစ်ကောင်စီတပ်နှင့် ကရင်နီတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံများစွာ...

ညောင်ရွှေတွင် စစ်ကောင်စီ လက်နက်ကြီးကြောင့် ဒေသခံ နှစ်ဦးသေဆုံးပြီး နှစ်ဦး ဒဏ်ရာရ

0
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် တောင်ပို့ကွဲကျေးရွာသို့ စစ်ကောင်စီမှ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံ နှစ်ဦးသေဆုံးပြီး၊ နှစ်ဦး ထိခိုက်ဒဏ်ရာ ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယမန်နေ့ (ဖေဖော်ဝါရီလ ၁၂ ရက်) ညနေ (၅)နာရီ ဝန်းကျင်တွင် စစ်ကောင်စီနှင့် ပအိုဝ်းပြည်သူ့စစ် (PNO)တို့သည် ဖယ်ခုံ အနောက်ဘက်ကမ်းမှ...

ညောင်ရွှေမြို့ ရေပူကျေးရွာတွင် စစ်ကောင်စီ လက်နက်ကြီးပစ်ခတ်မှုကြောင့် နေအိမ် ၃ လုံးပျက်စီး

0
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ် ရေပူကျေးရွာတွင် စစ်ကောင်စီနှင့် ပအိုဝ်းပြည်သူ့စစ်(PNO) တပ်ဖွဲ့၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် နေအိမ် ၃ လုံးပျက်စီးခဲ့ရကြောင်း စုံစမ်းသိရသည်။ ယခုနှစ် ဇန်နဝါရီလ အတွင်း စစ်ကောင်စီတပ်နှင့် PNO တပ်ဖွဲ့တို့သည် ရေပူကျေးရွာကို လက်နက်ကြီးဖြင့် ပစ်ခတ်မှုပြုလုပ်ရာ ၂ ကြိမ်ရှိပြီး ဒေသခံနေအိမ် ၃ လုံးပျက်စီးသွားကြောင်း...

ညောင်ရွှေမြို့ရောက် စစ်ရှောင်များကို လာမည့် မတ်လကုန် နေရပ်သို့ အပြီးပြန်နေခိုင်း

0
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်အတွင်းသို့ရောက်ရှိလာသည့် စစ်ဘေးရှောင်များကို လာမည့်နှစ် မတ်လတွင် ၎င်းတို့၏ နေရပ်သို့ အပြီးပြန်နေခိုင်းကြောင်း စစ်ကောင်စီလက်အောက်ခံအုပ်ချုပ်ရေးမှူးများက အကြောင်းကြားထားကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် (နိုဝင်ဘာလ တတိယပတ်)တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးမှ ကျေးရွာ ၊ရပ်ကွက် အုပ်ချုပ်ရေးမှူးများ ခေါ်ယူ၍ ညောင်ရွှေမြို့နယ်ရှိ ဘုန်းကြီးကျောင်းများတွင် တည်းခိုနေသည့် စစ်ရှောင်ပြည်သူများ လာမည့် ၂၀၂၅...