မြို့တော်တောင်ကြီးတွင် သျှမ်းသင်္ကြန် စည်ကားစွာ ကျင်းပ

0

သျှမ်းပြည်နယ်မြို့တော် တောင်ကြီးတွင် သျှမ်းလူမှုအဖွဲ့အစည်းများစုပေါင်းကာ ပထမအကြိမ်အဖြစ် သျှမ်းတိုင်းရင်းသားလူငယ်များက စုပေါင်းရိုးရာသင်္ကြန် ပွဲ ကျင်းပရာ ပါ၀င်ပူးပေါင်းသူများပြားစည်ကားလျှက်ရှိကြောင်းသိရသည်။

Photo by Sai Yan Naung- သျှမ်းပြည်နယ်မြို့တော် တောင်ကြီးတွင် ပထမအကြိမ်အဖြစ် သျှမ်းတိုင်းရင်းသားလူငယ်များက ရိုးရာသင်္ကြန် ပွဲ ဧပြီလ ၁၉ ရက်နေ့က စည်ကားသိုက်မြိုက်စွာ ကျင်းပ

သျှမ်းတိုင်းရင်းသားများ ရိုးရာသင်္ကြန်ပွဲ ဟုအမည်ပေးကာ ကမ္ဘောဇလမ်း ၊ ရေအေးကွင်းရပ်ရှိ C3 cafe ၀င်းတွင် ဧပြီလ ၁၉ ရက်နေ့က စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည် ။

Photo by Sai Yan Naung- သျှမ်းပြည်နယ်မြို့တော် တောင်ကြီးတွင် ပထမအကြိမ်အဖြစ် သျှမ်းတိုင်းရင်းသားလူငယ်များက ရိုးရာသင်္ကြန် ပွဲ ဧပြီလ ၁၉ ရက်နေ့က စည်ကားသိုက်မြိုက်စွာ ကျင်းပ

” အဓိက ကတော့ သျှမ်းလူငယ်တွေ စည်းစည်းလုံးလုံး ရှိဖို့နဲ့ သျှမ်း ပြည်နယ်တိုင်းရင်းသား များ သင်္ကြန် ၊ ပြည်ထောင်စု တိုင်းရင်းသားများ သင်္ကြန် အထိပါ ကျင်းပဖို့ ရည်ရွယ် ချက်ရှိပါတယ် ” ဟု သျှမ်းသင်္ကြန် ပွဲဖြစ်မြောက်ရေးကော်မတီဝင် နန်းမြဦး က ပြောသည် ။

Photo by Sai Yan Naung- သျှမ်းပြည်နယ်မြို့တော် တောင်ကြီးတွင် ပထမအကြိမ်အဖြစ် သျှမ်းတိုင်းရင်းသားလူငယ်များက ရိုးရာသင်္ကြန် ပွဲ ဧပြီလ ၁၉ ရက်နေ့က စည်ကားသိုက်မြိုက်စွာ ကျင်းပ

သျှမ်းတိုင်းရင်းသားရိုးရာ သင်္ကြန် ပွဲသို့ တက်ရောက်လာသော တောင်ကြီး ဒေသခံ နန်းဟွမ်ခေး ကလည်း “ အနယ်နယ်အရပ်ရပ်က သျှမ်းလူငယ်တွေ လာစု ရုံးကြပြီး ရိုးရာဝတ်စုံ တွေနဲ့ ယဉ်ယဉ်ကျေးကျေး ရေကစားကြတာ ဒီဘက်ခေတ်မှာ သိပ်မရှိတော့ဘူးလေ ၊ ကောင်းပါတယ်လို့ပဲ မှတ်ချက် ပြုမိတယ်”ဟုဆိုသည်။

Photo by Sai Yan Naung- သျှမ်းပြည်နယ်မြို့တော် တောင်ကြီးတွင် ပထမအကြိမ်အဖြစ် သျှမ်းတိုင်းရင်းသားလူငယ်များက ရိုးရာသင်္ကြန် ပွဲ ဧပြီလ ၁၉ ရက်နေ့က စည်ကားသိုက်မြိုက်စွာ ကျင်းပ

ရန်ကုန် ၊ မန္တလေး ၊ ပင်လုံ ၊ ပင်လောင်း နှင့် တောင်ကြီး မြို့နယ်မှ သျှမ်းလူငယ်များ ပူးပေါင်းပါ ဝင် ခဲ့ပြီး လူအင်အား ငါးရာကျော်ခန့်သည် ကျိုင်းတုံ ဘုန်းကြီး ကျောင်းရှေ့မှစ၍ C3 cafe အထိ အိုးစည်ဗုံမောင်းများဖြင့် လှည့်လည်ခဲ့ကြသည် ။

Photo by Sai Yan Naung- သျှမ်းပြည်နယ်မြို့တော် တောင်ကြီးတွင် ပထမအကြိမ်အဖြစ် သျှမ်းတိုင်းရင်းသားလူငယ်များက ရိုးရာသင်္ကြန် ပွဲ ဧပြီလ ၁၉ ရက်နေ့က စည်ကားသိုက်မြိုက်စွာ ကျင်းပ

C3 cafe ၀င်းတွင် သျှမ်းရိုးရာ အက များဖြင့်ဖျော်ဖြေ တင်ဆက်ကြပြီး စတုဒိသာစျေးတန်း များဖြင့် ပွဲလာပရိသတ်များအား ကျွေးမွေး ခဲ့ကြောင်း ဆက်လက်သိရှိရပါသည် ။

ဢုပ်ႇဢူဝ်း ၽူႈတွႆႇႁွၵ်ႈ

SHARE