Tuesday, January 27, 2026

တောင်ကြီးတန်ဆောင်တိုင် ရိုးရာမီးပုံးပျံပွဲတော်ရက် မလျှော့ရေး သျှမ်းပြည်နယ်ဝန်ကြီးချုပ်ထံတောင်းဆို

တောင်ကြီးတန်ဆောင် မီးပုံးပျံ ပွဲတော်ကို ပွဲရက်လျှော့ချလိုက်သည့် ကိစ္စနှင့် ပတ်သက်၍ တောင်ကြီး မီးပုံးပျံ ပညာရှင်များနှင့် ဒေသခံများက ယခင်နှစ်များ အတိုင်း ပြန်လည်သတ် မှတ်ပေး ရန် သျှမ်းပြည်နယ်ဝန်ကြီးချုပ်ထံ တင်ပြ တောင်းဆို ထားသည်ဟု သိရသည် ။

Photo # ko sao tit & Facebook

စက်တင်ဘာ ၆ ရက် ယနေ့ရက်စွဲ ဖြင့် စာတင်ပြခြင်းဖြစ်ပြီး မီးပုံးပျံပွဲတော်အား ယခင်နှစ်များအတိုင်း ၁၀ ရက် ကျင်းပပေးရန်တောင်းဆိုထားသည်။

 

“ ဒီနှစ်က မီးပုံးပျံ အလုံးရေ ပိုများမယ့်သဘောမှာရှိတယ် ။ မီးပုံးပျံကလဲများမယ်။ ပွဲရက်ကလျှော့ မယ်ဆိုရင် ကျနော် တို့က လွတ်တင်ရေးအပိုင်း မှာ ကျပ်တည်းသွား နိုင်တယ်။ သွားရေးလာရေးကအစ ။အများကြီးအခက်အခဲကြုံနိုင်တယ် ။ ဒီနေ့ရက်စွဲနဲ့ ၀န်ကြီးချုပ်ဆီကို စာတင်သွားတာ ဖြစ်ပါတယ် ” ဟု မီးပုံးပျံ ပညာရှင် ၀ိဇ္ဇာမီးအဖွဲ့ခေါင်းဆောင် ဖြိုးမင်းသန့်ကပြောသည် ။

Photo # ko sao tit & Facebook

စက်တင်ဘာ (၃) ရက်နေ့က သျှမ်းပြည်နယ်အစိုးရရုံး ၊ အစည်းအဝေးခန်းမတွင် တောင်ကြီးမြို့တန်ဆောင်တိုင် ရိုးရာ မီးပုံးပျံ ပွဲတော်ပြုလုပ်ကျင်းပနိုင်ရေး ပထမအကြိမ် ညှိနှိုင်း အစည်းအဝေးပြုလုပ်ရာ ပွဲတော်ရက်အား နိုဝင်ဘာလ(၄) ရက်နေ့မှ (၁၂) ရက်နေ့အထိ (၈) ည (၉) ရက်သာကျင်းပရန် ဆုံးဖြတ်ထားကြောင်းသိရသည် ။

မီးပုံးပျံပွဲတော်ကျင်းပသည့်ရက်လျှော့ချပါက မီးပုံးပျံအဖွဲ့အပြင် စျေးသည်များအတွက်လည်းနစ်နာမည်ဖြစ်သကဲ့သို့ နိုင်ငံတော်စီးပွါးရေးနှင့်ခရီးသွားလုပ်ငန်းများပါ လျော့ကျမည်ဖြစ်ကြောင်း မီးပုံးပျံပညာရှင်များကပြောသည်။

Photo # ko sao tit & Facebook

၂၀၁၄ ခုနှစ်တောင်ကြီး တန်ဆောင်တိုင်ရိုးရာမီးပုံးပျံပွဲတော် တွင်ရာသီဥတု ကြောင့် ပြိုင်ပွဲဝင် မီးပုံးပျံ(ညမီးကြီး) အလုံး ၄၀ ခန့်လွတ်တင်ရန်ကျန်ရှိပြီး ရှေ့လွတ်တင်ပြီးခဲ့ သော မီးပုံးပျံများကိုသာ ဆုပေးရွေးချယ် သွားခဲ့ခြင်းကြောင့် လွတ်တင်ရန်ကျန်ခဲ့သော မီးပုံးပျံ အဖွဲ့များအတွက် ဆုံးရှံုးနှစ်နာမှုများ ကြံုတွေ့ခဲ့ဖူးကြောင်း သိရှိရပါသည်။

 

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးတန်ဆောင်တိုင်ပွဲ ယာဉ်ရပ်နားခ ၅သောင်းကျပ် အထိ ပေးဆောင်ရ

0
သျှမ်းပြည် တောင်ကြီးမြို့ တန်ဆောင်တိုင် မီးပုံးပျံပွဲတော်တွင် ယာဉ်ရပ်နားခအတွက် ကျပ် ၅၀,၀၀၀ အထိ ပေးဆောင်နေရကြောင်း ဒေသခံများထံမှ သိရသည်။ တောင်ကြီးမြို့ အဝေရာမီးပုံးပျံကွင်းတွင် ကျင်းပပြုလုပ်နေသည့် တန်ဆောင်တိုင် မီးပုံးပျံပွဲတော်တွင် ယာဉ်ရပ်နားခအတွက် ဆိုင်ကယ်တစ်စီးလျှင် ၃,၀၀၀ ကျပ်မှ ၁၀,၀၀၀ ကျပ်အထိ ပေးဆောင်ရသလို ကားတစ်စီးလျှင် ကျပ်...

တောင်ကြီးတန်ဆောင်တိုင်ပွဲတော်ကို ယူနက်စကို (UNESCO) စာရင်းဝင် တင်သွင်းရန် ကြိုးစားနေ

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့တွင် နှစ်စဉ်ကျင်းပသည့် တန်ဆောင်တိုင်မီးပုံးပျံပွဲတော်ကို ကမ္ဘာ့အမွေအနှစ် ယူနက်စကို (UNESCO) စားရင်းဝင် တင်သွင်းရန် ကြိုးစားနေကြောင်း သတင်းရရှိသည်။ တောင်ကြီးတန်ဆောင်တိုင် ပွဲတော်ကို ကမ္ဘာ့ယဉ်ကျေးမှု အမွေနှစ် စာရင်းဝင်နိုင်ရန်အတွက် ကြိုးစားလျှက်ရှိကြောင်းနှင့် ယခင်နှစ်များထက် ယခုနှစ်တန်ဆောင်တိုင် ပွဲတော်သည် ပို၍ စည်ကားလာနိုင်ကြောင်း ရှမ်းပြည်နယ်တောင်ပိုင်း ရိုးရာမီးပုံးပျံပညာရှင်များအသင်းက တာဝန်ရှိသူ...

အဝေရာ မီးပုံးပျံကွင်းတွင် တန်ဆောင်တိုင် မီးပုံးပျံပွဲတော်ဖွင့်ပွဲ အတွက် အကြို လေ့ကျင့်မှုများ ပြုလုပ်

0
သျှမ်းပြည် တောင်ကြီးမြို့ရှိ အဝေရာကုန်းသာယာ မီးပုံးပျံကွင်းတွင် နိုဝင်ဘာ (၂၁)ရက်နေ့ ကျင်းပမည့် တန်ဆောင်တိုင် ပွဲတော် ဖွင့်ပွဲအတွက် အစမ်းလေ့ကျင့်မှု ပြုလုပ်နေကြောင်း စုံစမ်းသိရသည်။ အဆိုပါ ဖွင့်ပွဲ အခမ်းအနား‌ေန့တွင် တက်ရောက်လာသူများနှင့် လာရောက်လည်ပတ်သူများကို သျှမ်းပြည် တောင်ပိုင်းအတွင်း နေထိုင်ကြသော တိုင်းရင်းသား အဖွဲ့များမှ ရိုးရာ အကများဖြင့်...

တောင်ကြီး တန်ဆောင်တိုင် ဖွင့်ပွဲ စစ်ကောင်စီ တစ်ယောက် ၁ သောင်းကျပ်ပေးပြီး လူခေါ်နေ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ စစ်ကောင်စီ ဉီးစီးပြီး ပြုလုပ်သော တန်ဆောင်တိုင် ဖွင့်ပွဲအတွက် တစ်ယောက်ကို ကျပ်ငွေ ၁ သောင်းပေးပြီး လူခေါ်ယူနေကြောင်း စုံစမ်းသိရှိရသည်။ ယနေ့ နိုဝင်ဘာလ ၇ ရက်မှစပြီး ၉ ရက်ထိ တောင်ကြီး တန်ဆောင်တိုင် ပွဲတော်ကို စိန်နပန် မီးပုံးပျံ ၂...