တောင်ကြီး တန်ဆောင်တိုင် ဖွင့်ပွဲ စစ်ကောင်စီ တစ်ယောက် ၁ သောင်းကျပ်ပေးပြီး လူခေါ်နေ

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ စစ်ကောင်စီ ဉီးစီးပြီး ပြုလုပ်သော တန်ဆောင်တိုင် ဖွင့်ပွဲအတွက် တစ်ယောက်ကို ကျပ်ငွေ ၁ သောင်းပေးပြီး လူခေါ်ယူနေကြောင်း စုံစမ်းသိရှိရသည်။

တန်ဆောင်တိုင်ပွဲတော်

ယနေ့ နိုဝင်ဘာလ ၇ ရက်မှစပြီး ၉ ရက်ထိ တောင်ကြီး တန်ဆောင်တိုင် ပွဲတော်ကို စိန်နပန် မီးပုံးပျံ ၂ လုံးနှင့် နေ့လွှတ် (အရုပ်) မီးပုံးပျံ လွှတ်တင်ခြင်း ပြိုင်ပွဲကို ပြုလုပ်မည်ဖြစ်ပြီး ထို ပွဲတော်ဖွင့်ပွဲ နှင့် ပိတ်ပွဲအတွက် စစ်ကောင်စီက တစ်ဦးလျှင် ကျပ်ငွေ ၁ သောင်း ပေးပြီး လူခေါ်ယူနေကြောင်း တောင်ကြီး ဒေသခံ အသက် ၂၀ နှစ် အရွယ် လူငယ်တစ်ဦးက သျှမ်းသံတော်ဆင့် ကိုပြောသည်။

“ မနေ့ကတော့ ဖွင့်ပွဲအနေနဲ့ မီးပုံးငယ်လေးတွေ စပြီးလွှတ်နေတယ်။ ပွဲထဲက လူတော့မစည်ဘူး၊ အဲ့ကြောင့် စစ်ကောင်စီက ပွဲထဲမှာ လူစည်ဖို့အတွက် မနေ့တစ်နေ့ ကတည်းက တစ်ယောက်ကို ကျပ်ငွေ ၁ သောင်းပေးပြီး လူခေါ်နေတယ် “ ဟု ၎င်း လူငယ်တစ်ဦးက ပြောသည်။

ယခု ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၇ ရက်မှစပြီး စစ်ကောင်စီက ဦးစီးပြီး ပြုလုပ်မည့် တောင်ကြီး တန်ဆောင်တိုင်ပွဲတော်ကြီးသည် မြန်မာနိုင်ငံတွင် ငြိမ်းချမ်း သာယာဖွယ်နေကြောင်းကို ဝါဒဖြန့်နေသည်ဟု ၎င်းက ဆက်ပြောသည်။

ထို့အပြင် နှစ်စဉ်နှစ်တိုင်း မီးပုံးပျံများကို ပြုလုပ်နေသည့် အဖွဲ့များကိုလည်း စစ်ကောင်စီ လက်အောက်ခံ ရပ်ကွက်လူကြီးများက အစည်းအဝေးခေါ်ယူပြီး မီးပုံးပျံများ လွှတ်တင်ခြင်းအတွက် အကြောင်းကြားနေကြောင်း တောင်ကြီးဒေသခံ တစ်ဦးက ပြောသည်။

“ ယခင်နှစ်တွေတုန်းက မီးပုံးပျံ လုပ်နေတဲ့ အဖွဲ့အစည်းတွေကို ရပ်ကွက် လူကြီးတွေက အစည်းအဝေး ခေါ်တယ်။ မီးပုံးပျံလုပ်ဖို့၊ လွှတ်ဖို့အတွက်ခေါ်တာ။ သူတို့ ဟိုရှေ့ကတည်းက ခေါ်ပြီးလုပ်ခိုင်းနေတော့ တော်တော်များများတောင် ဘယ်သူမှ မသိကြဘူး။ ကျနော်တို့ ရပ်ကွက်တော့ ဘယ်သူမှ မလုပ်ကြပါဘူး။ ရိုးရာပွဲကြီးကို ပိုက်ဆံပေးပြီး လူခေါ်လိုက်၊ မီးပုံးလုပ်ဖို့အတွက် အမိန့်ပေးလိုက်နဲ့ အနှစ်တွေ လုံးဝမတူတော့ ကျနော်က သဘောမကျဘူး “ ဟု ၎င်း ဒေသခံတစ်ဦးက ပြောသည်။

စက်တင်ဘာလ ၂၀ ရက်တွင် စစ်ကောင်စီ တပ်ဖွဲ့များက မီးပုံးပျံလုပ် ယမ်းများကို ဖောက်ခွဲရေး ပစ္စည်းဟု သတ်မှတ်ပြီး ယမ်းအသုံးပြုသူများ၊ ဝယ်ယူသူများကို လိုက်လံဖမ်းခဲ့သလို မီးပုံးပျံ အဖွဲ့အစည်းမှ ပါဝင်သူများကိုလည်း စစ်ကောင်စီမှ ဖမ်းဆီး အရေးယူ ဆောင်ရွက်ခဲ့ဖူးသည်။

ယမန်နေ့ နိုဝင်ဘာလ ၆ ရက်ကစပြီး တောင်ကြီးမြို့ပေါ်တွင် စစ်ကောင်စီ တပ်သားများ၊ ပြည်သူ့စစ် PNO နှင့် ရဲတပ်ဖွဲ့များက စစ်ဆေးရေးဂိတ်တွေမှာ စစ်ဆေးရေး တင်းကြပ်ထားနေပြီး မြို့ပေါ်လမ်းမကြီး နှင့် ရပ်ကွက်အတွင်းတွင်လည်း စစ်ကောင်စီ တပ်သားများ ကင်းလှည့်လည် စောင့်ဆိုင်းနေကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့ပြင်ဘက် စစ်တပ် က ဖုန်းများ စစ်ဆေးနေ

0
သျှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့ပြင်ဘက်တွင် စစ်ကောင်စီတပ်သားများက လမ်းသွားလမ်းလာများကို တားဆီးကာ ဖုန်းများကို စစ်ဆေးမှု ပြုလုပ်နေကြောင်း သတင်းရရှိသည်။ ယခုတစ်ပတ်အတွင်း တောင်ကြီးမြို့ သျှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ်ဘက်သို့ သွားသည့်လမ်းတွင် စစ်ကောင်စီတပ်သားများက ဆိုင်ကယ်များကို တားဆီးပြီး ဖုန်းအတွင်းရှိ အချက်အလက်များနှင့် အွန်လိုင်းလောင်းကစားဆိုင်ရာ အသုံးပြုမှုများကို စစ်ဆေးနေကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့သည့် အသက်...

ဘဏ်အကောင့်ဖွင့်ပေးမည်ဆိုပြီး မှတ်ပုံတင်များကို ပုံရိုက်ယူကာ ကျားဖြန့်ထံရောင်းစားသူများရှိ

0
သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့နယ်အတွင်းတွင် ကားရပ်နားရာ နေရာများနှင့် အခြားသော လူသွားလူလာ များပြားသည့် နေရာများတွင် လူတစုမှ ဧရာဝတီဘဏ်အကောင့်နှင့် ကမ္ဘောဇဘဏ် အကောင့် ဖွင့်ပေးမည်ဆို၍ မှတ်ပုံတင်နှင့် မျက်နှာကို ပုံရယူကာ ကျားဖြန့်များထံ ရောင်းစားမှုရှိနေကြောင်း စုံစမ်းသိရသည်။ သျှမ်းတောင်၊ တောင်ကြီးမြို့နယ် အောင်ပန်းမြို့ ဘက်တွင် သက်လတ်ပိုင်းလူတစုက...

တောင်ကြီး ရပ်ကွက်အချို့ စစ်တပ်က ဧည့်စာရင်းလိုက်လံစစ်ဆေး အသက်ပြည့်သူများကို စစ်မှုထမ်းရန် စာရင်းသွင်း

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ ရပ်ကွက်အချို့တွင် စစ်တပ်က ဧည့်စာရင်းလိုက်လံ စစ်ဆေးပြီး အသက်ပြည့်သည့် လူငယ်အမျိုးသားများကို စစ်မှုထမ်းရန် စာရင်းသွင်းထားကြောင်း သတင်းရရှိသည်။ စစ်ကော်မရှင်တပ်သည် တောင်ကြီးမြို့အတွင်း စစ်ဘေးလာရှောင်သူများကိုလည်း တစ်လတစ်ကြိမ် ပုံမှန် ဧည့်စာရင်းတိုင်ခိုင်းနေပြီး ရပ်ကွက်အတွင်း စစ်မှုထမ်းရန်လူလိုလျှင် အသက်ပြည့်ပြီးသည့် လူငယ် စစ်ဘေးရှောင်များကိုလည်း စစ်မှုထမ်းရန် စာရင်းသွင်းခိုင်းထားကြောင်း ဒေသခံများက...

ရက် ၁၀၀ စီမံချက်အပြီး နိုင်ငံခြားကုန်စည် သွားတိုက်ဆေး ပါ တင်ခွင့်မပြု

0
စစ်ကောင်စီ၏ ရက် ၁၀၀ စီမံချက်ကာလ ပြီးဆုံးသော်လည်း သျှမ်းပြည်အတွင်း နိုင်ငံခြား ကုန်စည်များ တင်ဆောင်သည့် ကားများကို စစ်ဆေးဖမ်းဆီးမှုများ ဆက်လက်ရှိနေပြီး နိုင်ငံခြားကုန်ပစ္စည်းဖြစ်သည့် သွားတိုက်ဆေးပါ တင်ခွင့်မပြုကြောင်း သတင်းရရှိသည်။ လက်ရှိ သျှမ်းပြည် တောင်ပိုင်း ကျေးသီး၊ လဲချား၊ မိုင်းပွန်၊ တောင်ကြီး ၄ မိုင်...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...