ကျိုင်းတုံ ဟော်နန်း မြေနေရာ ပြန်ရဖို့ တောင်းဆိုသွားမည်

သျှမ်းပြည်နယ် အရှေ့ပိုင်း ကျိုင်းတုံ ဟော်နန်းမြေနေရာ ပြန်ရရေး အတွက် သမ္မတထံ စာတင်ပြ တောင်းဆိုသွားမည် ဟု သိရသည်။

Photo Credit to Sai Lat Mike- ကျိုင်းတုံ ဟော်နန်း ပြန်လည် ဖော်ဆောင်ရေး ကော်မတီဝင်ဖွဲ့စည်းရန်အတွက် သြဂုတ်လ ၃ ရက်နေ့က တွေ့ဆုံဆွေးနွေးမှုပြုလုပ်စဉ်

သျှမ်းသမိုင်းဝင် ကျိုင်းတုံမြို့ အထင်ကရ စော်ဘွားများ၏ အမွေအနှစ် ဟော်နန်းကြီးသည် လွန်ခဲ့သည် ၁၉၉၁ ခုနှစ် နိုဝင်ဘာ ၉ ရက် မနက် ရ နာရီ ၄၁ မိနစ် က ဖြိုချ ဖျက်ဆီးခံခဲ့ရပြီး ဟော်နန်းနေရာ ကို ကျိုင်းတုံ ဟိုတယ် အစားထိုးတည်ဆောက် ထားသည်။

လက်ရှိ ကျိုင်းတုံဟိုတယ်မြေနေရာ ကို ပြန်ရရှိပြီး ဟော်နန်းပုံတူ ပြန်လည် တည်ဆောက်နိုင်ရေး အတွက် ကျိုင်းတုံ ဟော်နန်း ပြန် လည်ဖော်ဆောင်ရေး ကော်မတီနှင့် နိုင်ငံရေး ပါတီများ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ လူမှုရေးအသင်းများနှင့် ပြည်သူလူထုများက သြဂုတ် ၃ရက်နေ့တွင် တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့ကြောင်းသိရသည်။

Photo Credit to Sai Lat Mike- ကျိုင်းတုံ ဟော်နန်း ပြန်လည် ဖော်ဆောင်ရေး ကော်မတီဝင်ဖွဲ့စည်းရန်အတွက် သြဂုတ်လ ၃ ရက်နေ့က တွေ့ဆုံဆွေးနွေးမှုပြုလုပ်စဉ်

အဆိုပါ တွေ့ဆုံဆွေးနွေးမှု တွင် သြဂုတ်လ ၃ရက်နေ့ ကျိုင်းတုံ ပါလျံ ဘုန်းကြီးကျောင်း တွင် နေ့လည် ၂နာရီတွင် ကျင်းပခဲ့ပြီး၊ ကျိုင်းတုံ စော်ဘွားမျိုးနွယ်များ တက်ရောက် ပူးပေါင်းပါဝင်လာသည် ဟု လည်း ကျိုင်းတုံ ဟော်နန်း ပြန်လည် ဖော်ဆောင်ရေး ကော်မတီဝင်က သျှမ်းသံတော်ဆင့် သို့ ပြောသည်။

“စော်ဘွားမျိုးနွယ်တွေလည်း လာပြီး ကူညီတယ်။ သူတို့ မျိုးနွယ်အ တွက်တောင်းဆိုတာ မဟုတ်ဘူး။ တောင်းလို့ ရရင် လည်း ပြည်သူတွေ အတွက်ပါပဲ” ဟု အစည်းအဝေးတက်ရောက်သူ ဦးစိုင်းဆမ်တစ်ဆေ က ပြောသည်။

လက်ရှိ မှာ ကျိုင်းတုံ ဟော်နန်း မြေနေရာ ပြန်လည်ရရှိရေး နှင် ရှေးမူမပျက် ပြန်လည် တည်ဆောက်ရေး အတွက် နိုင်ငံတော် သမ္မတ ၊ သျှမ်းပြည်နယ် ဝန်ကြီးချုပ်၊ ယဉ်ကျေးမှု ဝန်ကြီးဌာန နှင့် ဟိုတယ် နှင့် ခရီးသွား ဝန်ကြီး ဌာနတို့ထံ စာတင်သွားမည် ဟု လည်း သိရသည်။

ထို တွေ့ဆုံဆွေးနွေးမှုတွင် ကျိုင်းတုံစော်ဘွားမျိုးနွယ် တဦးဖြစ်သည့် စဝ်ဆိုင်မိန်း ၏ သမီးတော် ဒေါက်တာ ရင်ရင်နွယ်လည်း ပါဝင်တက်ရောက်ခဲ့သည်။

ကျိုင်းတုံ ဟော်နန်း မြေ ပြန်ရရှိရန်နှင့်ဟော်နန်း ပုံတူ ပြန်လည် တည်ဆောက်ရန် အတွက် သျှမ်းပြည် ရှေးဟောင်း အမွေ အနှစ် များ ပြန်လည် ဖော်ထုတ်ရေး ကော်မတီ (ယာယီ) ကို ၂၀၁၇ ခုနှစ်မှ စတင်ကာ ဖွဲ့စည်းခဲ့ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျိုင်းတုံ ဘုန်းကြီးကျောင်းအတွင်း အာဏာပိုင်၏ ခွင့်ပြုချက်ဖြင့် လောင်းကစားဖွင့်လှစ်နေ

0
သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့နယ် ဘုန်းကြီးကျောင်းအတွင်းတစ်ခုတွင် လောင်းကစားဝိုင်းမျိုးစုံကို အာဏာပိုင်များ၏ ခွင့်ပြုချက်ဖြင့် ဖွင့်လှစ်ခွင့်ပေးနေကြောင်း ဒေသခံများက ပြောသည်။ ကျိုင်းတုံမြို့နယ် မိုင်းဇင်းကျေးရွာအုပ်စု နောင်နွန်းကွက်သစ်ရှိ ဝိသုဒ္ဓါရုံစာသင်တိုက်အတွင်း၌ ဧပြီလ ၁ ရက်နေ့မှစတင်ကာ လောင်းကစားဝိုင်းများကို တစ်လကြာ ဖွင့်လှစ်ခွင့်ပေးထားခြင်း ဖြစ်သည်။ အဆိုပါ ဝိုင်းများတွင် ကြက်ဝိုင်း၊ ဂျင်ဝိုင်း၊ ပိုက်ကျူး၊ ငါးပစ်ဂိမ်း၊...

ကျိုင်းတုံမှာ စစ်ကော်မရှင်တပ်က လူငယ်များကိုပေါ်တာဆွဲ ကျပ်သိန်းတစ်ရာဖြင့် ပြန်ရွေးခိုင်း

0
သျှမ်းပြည်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့တွင် စစ်ကော်မရှင်တပ်က လူငယ်များကို ပေါ်တာဆွဲဖမ်းဆီးမှုများ လုပ်ဆောင်နေပြီး ဖမ်းဆီးခံရသူများကို ငွေကျပ်သိန်း တစ်ရာဖြင့် ပြန်ရွေးခိုင်းကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ နောက်ဆုံးပတ်မှစပြီး ကျိုင်းတုံမြို့တွင် စစ်ကော်မရှင်တပ်က လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးမှုများ ပေါ်ပေါ်ထင်ထင်လုပ်လာပြီး ညနေခင်းအချိန်တွင် စစ်ကော်မရှင်တပ်က အိမ်စီးကားများဖြင့် လူငယ်များကို ဖမ်းဆီးနေကာ...

စက်သုံးဆီ ကန့်သတ်ရောင်းချမှုကြောင့် မိုင်းလား-ကျိုင်းတုံ ကားခ ဈေးနှုန်းမြင့်တက်လာ

0
သျှမ်းပြည် အရှေ့ပိုင်းတွင် စက်သုံးဆီဈေးနှုန်းမြင့်တက်ပြီး အကန့်သတ်ဖြင့် ဝယ်နေရခြင်းကြောင့် မိုင်းလား - ကျိုင်းတုံ ကားခများ ဈေးနှုန်းမြင့်တက်လာကြောင်း စုံစမ်းသိရသည်။ လက်ရှိ အရှေ့အလယ်ပိုင်း စစ်ရေးပဋိပက္ခကြောင့် စက်သုံးဆီစျေး ပြဿနာဖြစ်လာပြီး စျေးနှုန်းမြင့်တက်လာသည့်အပြင် စက်သုံးဆီ ရှားပါးမှု ဖြစ်လာသည့်အတွက် မိုင်းလား-ကျိုင်းတုံ ပြေးဆွဲနေသည့် ကားများသည် တနေ့လျှင့်...

ကျိုင်းတုံ ဆိုင်ကယ်သူခိုးသောင်းကျန်းနေ

0
သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့တွင် ဆိုင်ကယ်များ ခိုးယူခံရခြင်း၊ လုယက်ခြင်းများ မကြာခဏ ဖြစ်ပွားနေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်မှစပြီး ကျိုင်းတုံမြို့သည် ပြည်သူများ အတွက် လုံခြုံမှုကင်းမဲ့နေသည့်အပြင် စစ်ကော်မရှင် လက်အောက်ခံတာဝန်ရှိသူများမှ ဆိုင်ကယ်သူခိုးများ၊ လုယက်သူများကို ဖမ်းဆီး အ‌ရေးယူးဆောက်ရွက်မှုကြောင်း လည်း ကျိုင်းတုံမြို့ ဒေသခံ...

အိန္ဒိယသံအမတ်ကြီး ကျိုင်းတုံနှင့် တာချီလိတ်မြို့သို့ လာရောက်လေ့လာ

0
သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့နှင့် တာချီလိတ်မြို့သို့ အိန္ဒိယနိုင်ငံ သံအမတ်ကြီး လာရောက်ပြီး မြန်မာ-ထိုင်း-လာအို နယ်စပ်ကုန်သွယ်ရေးဂိတ်များကို လေ့လာခဲ့ကြောင်း သတင်းသိရသည်။ ဇန်နဝါရီလ (၃၁) ရက်တွင် ကျိုင်းတုံမြို့ရှိ ဗုဒ္ဓဂါယာ ပုံစံတူ ဆောက်လုပ်ထားသည့် ဗုဒ္ဓဥယျာဉ်တွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ကိုးကွယ်သည့် ဝစီပိတ်ဆရာတော်ကို အိန္ဒိယသံအမတ်ကြီး Mr. Abhay...