မင်္ဂလာမူဆယ်အနီး ပါဂျဲရိုးကားဖြင့် လာပြီး ကားခိုးသွား
SHAN -
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ် မင်္ဂလာမူဆယ်အနီးတွင် ကားစက်နှိုးထားသည့် ကားကို ခိုးယူမောင်းနှင်သွားကြောင်း စုံစမ်းသိရှိရသည်။ ယမန်နေ့ ဇွန် (၂၀) ရက် ည (၁၀) နာရီခွဲဝန်းကျင်တွင် ကားသမားတစ်ဦး ကားစက်နှိုးပြီး ပစ္စည်းချနေချိန် ဓားပြတစ်စုက ကားစီးလာပြီး ကားပေါ်ဆင်းကာ ကားစက်နှိုးထားသည့် ကားသမား၏ ကားထဲတွင် အမျိုးသမီးတစ်ဦးရှိထားသော်လည်း...
လားရှိုးမြို့ စစ်ကောင်စီလက်အောက်ခံ ရဲ (၂) ဦး သေနတ်ပစ်ခံရ
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ရှိ စစ်ကောင်စီ လက်အောက်ခံ ရဲ (၂) ဦး သေနတ် ပစ်သတ်ခံ ရကြောင်း စုံစမ်းသိရှိရသည်။ ဖြစ်စဥ်မှာ ယမန်နေ့ ဇွန် (၂၀) ရက် ည (၁၀)နာရီ အချိန်မှာ လားရှိုးမြို့ သိန္နီလမ်းမကြီး ရပ်ကွက် (၁၂) စစ်မှုထမ်းဟောင်းဘေးလမ်းကြားတွင် စစ်သားများ၊ရဲသားများ...
သီပေါမြို့ မာရှယ်လောထုတ်ပြီးနောက် သေနတ်ပစ်သံများကြားရ
သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်အတွင်း ညမထွက်ရ အမိန့်ထုတ်ပြန်ပြီးနောက်ပိုင်း ပထမဆုံးအကြိမ် သေနတ်ပစ်သည့်အသံ ကြားလာရကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ ဇွန် ၁၉ ရက် သီပေါမြို့ တောင်မြို့ရပ်ကွက်တွင် ည ၁၁ နာရီ၌ တဖက်ဖြသတ် သေနတ်ပစ်သံကြားရကြောင်း၊ လက်ရှိအချိန်ထိ လူထိခိုက်မှုရှိ၊ မရှိမသိသေးကြောင်း သီပေါမြို့ ဒေသခံအမျိုးသားတစ်ဦး က...
မိုင်းဆတ်မြို့ မိန်းကလေးငယ်တစ်ဦး မုဒိမ်းကျင့်ခံရ
SHAN -
သျှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့မှ အသက် ၁၀ နှစ်အရွယ်ရှိ အမျိုးသမီးငယ်တစ်ဦးကို တရပ်ကွက်တည်း နေထိုင်သည့် အမျိုးသားတစ်ဦးက မုဒိမ်းကျင့်ခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇွန်လ ၁၅) ရက် ညနေပိုင်း ၃ နာရီကျော်ချိန်တွင် မိုင်းဆတ်မြို့ မယ်ဆွမ်း မြောက်ရပ်ကွက်တွင်နေထိုင်သည့် အသက် ၁၀ နှစ်အရွယ်ရှိ...
တာချီလိတ်တွင် နေ့စဉ်နှင့်အမျှ လိမ်လည်ခိုးယူနေ သက်ဆိုင်ရာအရေးယူမှုမရှိ
SHAN -
မြန်မာ - ထိုင်းနယ်စပ် သျှမ်းပြည်အရှ့ပိုင်း တာချီလိတ်မြို့တွင် နေ့စဉ်နှင့်အမျှ လိမ်လည်ခိုးယူမှုဖြစ်ပွားပြီး သက်ဆိုင်ရာမှ အရေးယူမှု မရှိကြောင်း စုံစမ်းသိရှိရသည်။ သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့တွင် နေ့စဉ် လုယက် ခိုးယူမှုများဆက်လက် ဖြစ်ပွားပြီး သက်ဆိုင်ရာများက အရေးယူမှုမရှိသဖြင့် ပြည်သူများ လုံခြုံရေး စိုးရိမ်နေရကြောင်း တာချီလိတ်မြို့...
သီပေါမြို့ ညမထွက်ရ အချိန်နေအိမ် နှင့် ဖုန်းဆိုင် ဖောက်ခံရ
သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့တွင် မာရှယ်လော ညမထွက်ရအမိန့်အချိန်အတွင်းနေအိမ်တစ်လုံး နှင့် ဖုန်းဆိုင် တစ်ဆိုင် ဖောက်ထွင်းခံရကြောင်း စုံစမ်းသိရှိရသည်။ ယမန်နေ့ (ဇွန် ၁၄ ရက်) ည ၁၁နာရီကျော် တွင် သီပေါမြို့ရှိ မြို့မစီးပွားရေးဘဏ် အဟောင်းအနီး တွင်ဖွင့်လှစ်ထားသည့် ဖုန်းဆိုင်တစ်ဆိုင် နှင့် တောင်ရပ်ကွက်တွင်ရှိသည့် အိမ်တစ်လုံ ဖောက်ထွင်းခံရကြောင်း သီပေါမြို့တွင် နေထိုင်သည့် အမျိုးသားတစ်ဦးက...
စည်းကမ်းမဲ့ ယာဥ်မောင်းနှင်မှုကြောင့် အသက်မပြည့်သေးသည့် လူငယ်များအသက်ဆုံးရှုံး
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့တွင် ယခုရက်ပိုင်း ယာဥ်များ စည်းကမ်းမဲ့ မောင်းမှုကြောင့် အသက်မပြည့်သေးသည့် လူငယ်များ အသက်ဆုံးရှုံးနေရကြောင်း စုံစမ်းသိရှိရသည် ။ လားရှိုးမြို့တွင် နှစ်ပတ်အတွင်း ယာဉ်တိုက်မှု ၁၂ ကြိမ်ခန့်ဖြစ်ပွားပြီး အသက်မပြည့်သည့် လူငယ် နှစ်ဦး နှင့် အသက် ၃၀ နှစ်အောက် အမျိုးသားတစ်ဦး...
နမ့်စန်မြို့ ညလောင်းကစားပွဲမှ သီချင်းကျယ်လောင်စွာဖွင့်လှစ် ပြည်သူများ ညအိပ်ရန်ခက်ခဲ
SHAN -
သျှမ်းပြည်တောင်ပိုင်း နမ့်စန်မြို့တွင်ဖွင့်လှစ်ထားသည့် ညလောင်းကစားဝိုင်းများမှ Song Box (အသံချဲ့စက်) သည် အသံကျယ်လောင်စွာ ဖွင့်လှစ်သဖြင့် သက်ကြီးရွယ်အို နှင့် ပြည်သူများ အိပ်စက်ရန်ခက်ခဲနေကြောင်း စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ဇွန်လ ၁၂ ရက်နေ့ မနက် ၂ နာရီဝန်းကျင်အထိ အသံချဲ့စက်နဲ့ သီချင်းများကို ကျယ်လောင်စွာအော်ဆိုသောကြောင့် ဘေးပတ်ဝန်းကျင်က...
မိုင်းခတ်မြို့ ကလေးငယ်တစ်ဦးကို ရောင်းစားရန် ကြိုးစားသူ ထောင်ဒဏ် နှစ် ၂၀ ချမှတ်ခံရ
သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့နယ်၊ မိုင်းခတ်မြို့မှ ကလေးငယ်တစ်ဦးကို ရောင်းစားရန် ကြိုးစားသည့် တရားခံနှစ်ဦး ထောင်ဒဏ် နှစ် ၂၀ ချမှတ်ခံရကြောင်း သတင်းသိရသည်။ မိုင်းခတ်မြို့မှ အသက် ၇ နှစ်အရွယ် ကလေးငယ်တစ်ဦးကို လွန်ခဲ့သည့် ၂၀၂၁ ခုနှစ်တွင် တရုတ်နိုင်ငံသို့ ရောင်းစားရန် လိမ်လည်ခေါ်ဆောင်သည့် တရားခံနှစ်ဦးကို ဖမ်းဆီးစစ်ဆေးပြီး...
သီပေါမြို့နယ် ရုန်းရင်းဆန်ခတ်မှုရှိလာသည့် အတွက် ညမထွက်ရအမိန့်ကို ထုတ်ပြန်ရ
SHAN -
သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်အတွင်းရှိ ရုန်းရင်းဆန်ခတ်မှုများဖြစ်ပွားသဖြင့် မာရှယ်လော ထုတ်ပြန်ခဲ့ရကြောင်း စုံစမ်းသိရှိရသည်။ သီပေါမြို့နယ်အတွင်း ရပ်ရွာ ငြိမ်းချမ်းရေးကို ထိခိုက်လာမှု၊ ရုန်းရင်းဆန်ခတ်မှုများ ဖြစ်ပွားသည့်အတွက် ည (၈) နာရီ မှ မနက် (၄) နာရီအထိ ညမထွက်ရ အမိန့်ကို ဇွန် (၈) ရက်နေ့က ထုတ်ပြန်လိုက်ကြောင်း...





