CATEGORY

မှုခင်း

မူဆယ်မြို့ မြန်မာ-တရုတ်ငွေလဲလှယ်အိမ် ဓားပြတိုက်ခံရ

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့ တောင်ရပ်ကွက်ရှိ မြန်မာ - တရုတ်ငွေလဲလှယ်သည့် အိမ်ကို ယနေ့ (စက်တင်ဘာ ၇)ရက် နံနက် (၆)နာရီဝန်းကျင်တွင် အမည်မသိလက်နက်ကိုင် (၃)ဦးက ဝင်ရောက်ဓားပြတိုက်ခဲ့ကြောင်း သတင်းရရှိသည်။ အဆိုပါ အမည်မသိ လက်နက်ကိုင် (၃)ဦးသည် ယနေ့ နံနက် (၆)နာရီဝန်းကျင်တွင် ကားတစ်စီးဖြင့် မြန်မာ--တရုတ်ငွေလဲလှယ်သည့်နေအိမ်ကိုရောက်လာပြီး...

ကျိုင်းတုံမြို့ လူမှုဝန်ထမ်းကျောင်း လျှပ်စစ်မီးကြောင့် မီးလောင်မှုဖြစ်ပွား

သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့ ရပ်ကွက် (၁) ယန်းခမ်းအထက် လူမှုဝန်ထမ်းကျောင်းတွင် ယနေ့ နံနက် (၆) နာရီဝန်းကျင်၌ လျှပ်စစ် ဝါယာကြိုးရှောခ်ဖြစ်ပြီး မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ “ဒီနေ့ မနက်ကလောင်တာဗျာ။ မနက် (၆) နာရီဝန်းကျင်လောက်က မီးလောင်တာ။ လျှပ်စစ်မီး ဝါယာကြိုး ရှောခ်ဖြစ်လို့ မီးလောင်သွားတယ်။...

လားရှိုးမြို့ ကျောင်းသား (၁) ဦး ဆိုင်ကယ်လုယက်ခံရ

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ရှိ ကျောင်းသားတစ်ဦးသည် ယနေ့ (စက်တင်ဘာ ၄) ရက် နံနက် (၇) နာရီဝန်းကျင်၌ ကျောင်းသို့ သွားနေစဉ် ဆိုင်ကယ် လုယက် ခံရကြောင်း စုံစမ်းသိရှိရသည်။ ဖြစ်စဥ်မှာ ကျောင်းသားတစ်ဦးသည် ယနေ့ နံနက် (၇) နာရီဝန်းကျင်၌ ကျောင်းသို့ သွားနေစဥ် လားရှိုးမြို့...

မိုးနဲမြို့ (၂) နှစ် ကလေးငယ် အပါအဝင် မိသားစုဝင် (၃) ဦး ဓားခုတ်သတ်ခံရ

သျှမ်းပြည်တောင်ပိုင်း မိုးနဲမြို့တွင် ၂ နှစ် အရွယ် ကလေးငယ် အပါအဝင် မိသားစုဝင် (၃) ဦးကို ဆွေမျိုးတော်စပ်သည့် အမျိုးသားတစ်ဦးက ဓားဖြင့် ခုတ်သတ်လိုက်ကြောင်း စုံစမ်းသိရသည်။ စက်တင်ဘာ (၂) ရက် မနက်ပိုင်းတွင် မိုးနဲမြို့ လွိုင်မြေရပ်ကွက်တွင် နေထိုင်သည့် အသက် (၅၀) ကျော်...

ရပ်စောက်မြို့နယ် စစ်ကောင်စီတပ်သားကို ဓားဖြင့်ခုတ်သတ်သူ ကိုဖမ်းဆီးရန် မိသားစုဝင်များခြိမ်းခြောက်နေ

သျှမ်းပြည်တောင်ပိုင်း ရပ်စောက်မြို့နယ် ကျောက်ဂူတိုက်နယ် ထမင်းပေါင်းကျေးရွာတွင် စစ်ကောင်စီတပ်သား တစ်ဦးကို ဓားဖြင့်ခုတ်သတ်ခဲ့သည့် လူငယ်ကို ယနေ့ထိ မဖမ်းဆီးနိုင်သေးကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် သြဂုတ်လ ၃၁ ရက် ညနေပိုင်းတွင် ကျောက်ဂူတိုက်နယ်၊ ထမင်းပေါင်းကျေးရွာကို စစ်ကောင်စီ တပ်သားများက ရောက်လာပြီး ကျွဲရောင်းသူ အသက် ၅၀ ဝန်းကျင်...

မိုင်းဆတ်မြို့ အသက် ၆၀ရှိ အမျိုးသမီးတစ်ဦး ရိုက်ခံရပြီး ပိုက်ဆံအိတ်လုခံရ

သျှမ်းပြည် အရှေ့ပိုင်း မိုင်းဆတ်မြို့တွင် အသက် ၆၀အရွယ်ရှိ အမျိုးသမီးတစ်ဦးသည် ယနေ့ (စက်တင်ဘာ ၃)ရက် မနက် ၄နာရီဝန်းကျင်၌ တုတ်ဖြင့်ရိုက်ခံရပြီး ပိုက်ဆံအိတ်ပါ လုယက်ခံရကြောင်း သတင်းသိရသည်။ ဖြစ်စဥ်မှာ ယနေ့ မနက် (၄)နာရီဝန်းကျင်တွင် အသက် (၆၀) အရွယ်ရှိ အမျိုးသမီးသည် မိုင်းဆတ်မြို့ရှိ စျေးသို့...

နမ့်စန်လေတပ်မှ တပ်ကြပ်အရာရှိတစ်ဦး အဆိပ်သောက်သေဆုံး

သျှမ်းပြည်တောင်ပိုင်း နမ့်စန်မြို့ အခြေစိုက် စစ်ကောင်စီ လေတပ်စခန်းမှ တပ်ကြပ်အရာရှိတစ်ဦးသည် နေအိမ်၌ အဆိပ်သောက်ကာ သေကြောင်းကြံခဲ့ကြောင်း သတင်းသိရသည်။ သြဂုတ်လ ၃၁ ရက်နေ့ ညနေ ၃ နာရီ ဝန်းကျင်တွင် ဖြစ်စဥ်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ပြင်းထန်သော ဝေဒနာဖြင့် နမ့်စန်ဆေးရုံသို့ ပို့ဆောင်ပေးစဥ် လက်မခံသဖြင့် အောင်ပန်းမြို့ရှိ...

ပင်းတယမြို့နယ် အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံး

သျှမ်းပြည်တောင်ပိုင်း ပင်းတယမြို့နယ်တွင် အမျိုးသားတစ်ဦးသည် ကြိုးဆွဲချကာ ကိုယ့်ကိုယ်ကို အဆုံးစီရင်ခဲ့ကြောင်း သတင်းသိရသည်။ သြဂုတ်လ ၂၇ ရက်တွင် ပင်းတယမြို့ ကသာကျေးရွာနေ အသက် ၄၀ ဝန်းကျင် အမျိုးသားတစ်ဦး သည် ရွာထိပ်နားရှိ ရေထွက်နားတွင် ပုဆိုးကွင်းဖြင့် ကြိုးလုပ်ကာ ကြိုးဆွဲချသေဆုံးကြောင်း ဒေသခံအမျိုးသမီး တစ်ဦးက...

မိုင်းဖြတ်မြို့ အ.ထ.က ကျောင်းအုပ်ရုံးခန်းမီးလောင်

သျှမ်းပြည်အရှေ့ပိုင်း မိုင်းဖြတ်မြို့ ယနေ့ ( ဩဂုတ် ၃၀) ရက် မနက် ၂ နာရီခွဲဝန်းကျင်တွင် အ.ထ.က. ကျောင်းအုပ်ရုံးခန်း မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ အဆိုပါ မီးလောင်မှုအပြီး မီးသတ်နိုင်ချိန်တွင် စာရွက်စာတမ်းပေါ် ဒီဇယ်နံ့ကျန်ရှိထားကြောင်းသိရသည်။ “ဘာကြောင့် မီးလောင်လဲတော့ ကျနော်တို့လည်းမသိဘူး။ မီးလောင်တာတော့သေချာတယ်။ ရှို့မီးလား၊ သာမာန်မီးလောင်မှုလားတော့...

မိုင်းရယ် ပန့်ဆီဆိုင်ပိုင်ရှင် တစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ

သျှမ်းပြည်မြောက်ပိုင်း မိုင်းရယ်မြို့ အတွင်းရှိ စက်သုံးဆီ ပန့်ဆီဆိုင် ပိုင်ရှင် အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရပြီး သေဆုံးသွားကြောင်း သတင်းသိရသည်။ ယမန်နေ့ (သြဂုတ် ၂၈) ရက် ည ၁၀ နာရီဝန်းကျင်တွင် မိုင်းရယ်မြို့ အမှတ် ၁ ရပ်ကွက် မိုင်းရယ် -...

Latest news