ကျိုင်းတုံမြို့တွင်း ဆိုင်ကယ် သူခိုးများတာဝန်ရှိသူ ဖမ်းဆီးပေးခြင်းမရှိ

သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့တွင်း ဆိုင်ကယ်သူခိုးများပြားလာပြီး သက်ဆိုင်ရာမှ ဖမ်းဆီးနှိမ်နင်းပေးခြင်းမရှိကြောင်း ဒေသခံများထံ စုံစမ်း သိရသည်။

ကျိုင်းတုံမြို့ပေါ် ရပ်ကွက်များတွင် ယခုအောက်တိုဘာလအတွင်း၌ ဆိုင်ကယ် ၅ စီးထက်မနည်း ပျောက်ဆုံး နေလျက်ရှိပြီး ရဲစခန်းသို့ တိုင်ကြားထားသော်လည်း သူခိုးကို ဖမ်းဆီးနိုင်ခြင်း မရှိသေးကြောင်း ဒေသခံများက ပြောသည်။

“ဒီလအတွင်းမှာပဲ ကျနော်တို့ သိရတဲ့ ဆိုင်ကယ်ပျောက်မှုက ၅ စီးရှိနေပြီ၊ ကျနော်တို့ မသိရဘဲ ပျောက်သွားတဲ့ ဆိုင်ကယ်လည်း အများကြီးရှိမှာပဲ၊ ဒီအကြောင်းတွေကို ရဲစခန်းဆီသွားတိုင်လည်း သူခိုးတွေကို မဖမ်းမိသေးဘူး” ဟု ကျိုင်းတုံမြို့မှ ဒေသခံ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ ဆိုင်ကယ်ပျောက်ဆုံးမှုများကို ရဲစခန်းမှ တာဝန်ယူ ဖြေရှင်းပေးမှု မရှိခြင်း၊ ပျောက်ဆုံးသည့် ဆိုင်ကယ်ပိုင်ရှင် မိသားစုများလည်း ငွေကြေး အခက်အခဲကြောင့် အသစ်မဝယ်နိုင်သဖြင့် သွားရေးလာရေး ခက်ခဲနေကြောင်း သိရသည်။

ဆိုင်ကယ်လာရောက်ခိုးယူသူ

“တချို့ မိသားစုဝင်တွေက ဆိုင်ကယ် တစ်စီးတည်းပဲ ရှိတာကို သူခိုးက လာခိုးသွားသေးတယ်၊ အဲ့လိုဆိုတော့ သူတို့ အတွက် ခက်ခဲတာပေါ့၊ သွားရေး လာရေးကအစ ကလေးကျောင်းကြို/ပို့လည်း မလွယ်ဘူး၊ ဆွေမျိုးတွေ ဆီက ခဏငှားစီးရတာရှိသလို တချို့ မိသားစုကျတော့လည်း တစ်နေ့လုပ် တစ်နေ့စားတွေမို့ အသစ်ကို မဝယ်နိုင် တော့တာတွေ ရှိတယ် ” ဟု အထက်ပါ ပုဂ္ဂိုလ်က သျှမ်းသံတော်ဆင့်ကို ပြောသည်။

ဆိုင်ကယ် လာရောက်ခိုးယူသူသည် အနည်းဆုံး ၂ ဦး မှ ၃ ဦးအထိ ရှိကြောင်း ၊ အိမ်ရှေ့ဝင်း အတွင်း ရပ်ထားသည့် ဆိုင်ကယ်များကို သော့ရိုက်ချိုးပြီး၊ ဝါယာကြိုးဖြုတ်ကာ ခိုးယူလေ့ရှိ ကြောင်း ဒေသခံများက ပြောသည်။

“ခိုးယူခံရတဲ့ ဆိုင်ကယ် အများစုက Wave 110 အမျိုးအစားပါ၊ CCTV မှတ်တမ်းနဲ့ ရဲကို တိုင်တော့လည်း ဘာမှ မလုပ်ပေးဘူး၊ သူခိုးတွေကို မဖမ်းမိရင်တောင်မှ ဆိုင်ကယ်ကို ရအောင် လိုက်ပေးရင်လည်း တမျိုးသက်သာ တယ်လေ၊ အခုက သူခိုးလည်း မမိ၊ ဆိုင်ကယ်ပျောက်တာလည်း မဖော်နိုင် ဆိုတော့ ဆိုင်ကယ်ပျောက်မှုတွေက ဆက်ရှိနေအုံးမှာပဲ” ဟု ၎င်းက ပြောသည်။

ပြည်သူများ၏ ဆိုင်ကယ်ပျောက်ဆုံးမှုကို ရဲစခန်းသို့ တိုင်ကြားသော်လည်း စာရွက်စာတမ်း အချက်အလက်များ၊ မှတ်ပုံတင် နှင့် ယာဥ်လိုင်စင် အပြည့်အစုံတင်ပြပြီးမှသာ ဆောင်ရွက်ပေးမည်ဟု ပြောဆိုပြီး ပျောက်ဆုံးသည့် ဆိုင်ကယ်များကို ဖော်ထုတ်ပေးနိုင်ခြင်း မရှိသည့်အတွက် ကျိုင်းတုံမြို့မ ရဲစခန်းကို ဒေသခံများက ဝေဖန် ပြောဆို နေကြောင်း ကျိုင်းတုံဒေသခံ များက ပြောသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကျိုင်းတုံမြို့ အပါအဝင် မြန်မာနိုင်ငံ တစ်ဝှမ်းလုံးတွင် သူခိုး၊ ဓါးပြများ ပြားလာပြီး၊ တရားဥပဒေစိုးမိုးမှုလည်း ကင်းမဲ့လာခြင်း၊ အိမ်ဖောက်ထွင်းမှု မကြာခဏ ဖြစ်ပွားလေ့ရှိကြောင်း သိရှိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...

ကွတ်ခိုင်မြို့နယ် TLEC ကျောင်းကို MNDAA ပိတ်သိမ်း အစားထိုး ဖွင့်လှစ်သွားမည်

0
သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ တအာင်းစားသင်ကျောင်း (TLEC)ကို ကိုးကန့်တပ်ဖွဲ့ (MNDAA)ကပိတ်သိမ်းပြီး အစားထိုး ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၆ ဖေဖော်ဝါရီ လဆန်ပိုင်းတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် MNDAA တို့သည် ကွတ်ခိုင်းမြို့နယ်အတွင်း အချင်းချင်းကြား ပဋိပက္ခစတင်ဖြစ်ပွားခဲ့သည့်။ ထို့နောက် MNDAAသည်...

သျှမ်းမြောက် BRI စီမံကိန်း အမြန်ဖော်ဆောင်နိုင်ရန် တရုတ် နှင့် တိုင်းရင်းသားလက်နက်ကိုင်တွေ့ဆုံ

0
တရုတ်နိုင်ငံ၏ ဘီလီယံနှင့်ချီတန်သော (BRI) ပိုးလမ်းမစီမံကိန်းထဲမှ ရထားလမ်း အကောင်အထည်ဖော်နိုင်ရေး အတွက် တရုတ်ကိုယ်စားလှယ်အဖွဲ့သည် စစ်ကောင်စီနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို တွေ့ဆုံခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ သျှမ်းပြည်မြောက်ပိုင်း၊ မန္တလေးတိုင်းတို့ကို ဖြတ်သန်းကာ ရခိုင်ပြည်နယ် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းအထိ ပေါက်ရောက်မည့် အဆိုပါ ပိုးလမ်းမစီမံကိန်းသည် အာဏာသိမ်းပြီး...

၂၀၂၆ နဲ့ ၂၀၁၀ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုက ဘာတွေကွာခြားလဲ

0
အတုအယောင် ရွေးကောက်ပွဲမှတဆင့် လွှတ်တော်ပေါ်ပေါက်လာပြီးနောက် စစ်ကော်မရှင်ဘက်က စစ်ယူနီဖောင်းချွတ် စစ်အစိုးရ အသွင်ပြောင်းလဲကာ အများမျှော်လင့်ထားသည့်အတိုင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် သမ္မတဖြစ်လာသည်။ အလားတူ တော်လှန်ရေးကို အရှိန်အဟုန် မြှင့်တင်၍ အမြန်ဆုံး အောင်ပွဲရယူနိုင်ရန် “ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF)” ကို ဖွဲ့စည်းပြီး နိုင်ငံရေးဦးတည်ချက် (၆)...