တာချီလိတ်မြို့ ရှိ ဇွဲသာယာကမ်းခြေ အမျိုးသမီးတစ်ဦး သေနတ်ပစ်ခံရ သေဆုံး

သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့ မိုင်းဖုန်း (က) ကျေးရွာအုပ်စုအတွင်း မြန်မာ – ထိုင်းနယ်စပ် မဲခေါင်မြစ်ဘေးရှိ ဇွဲသာယာကမ်းခြေတွင် သေနတ်ပစ်ခတ်မှု ဖြစ်ပွားပြီး အမျိုးသမီးတစ်ဦး သေဆုံးသွားကြောင်း စုံစမ်း သိရှိရသည်။

ယမန်နေ့ အောက်တိုဘာ ၂၅ ရက် ညပိုင်း ၇ နာရီ ဝန်းကျင်တွင် ဇွဲသာယာကမ်းခြေ ပိုင်ရှင် ဦးဇွဲ၏ နေအိမ်ခြံဝန်းထဲတွင် ခွေးအချင်းချင်း ကိုက်နေစဉ်အတွင်း ၎င်းက ပစ္စတိုသေနတ်ဖြင့် ပစ်ပြီး ခွေးများ မောင်းထုတ်ခဲ့ကြောင်း ဆိုသည်။


အဆိုပါ ပစ်ဖောက်လိုက်သော ကျည်ဆံသည် ခွေးများကို မထိပဲ အနီးရှိ ဈေးသည်အမျိုးသမီးတစ်ဦးကို ကျည်ထိမှန်ခဲ့ပြီး သေဆုံးသွားကြောင်း တာချီလိတ်ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ဦးဇွဲ

“ ဇွဲသာယာ ကမ်းခြေပိုင်ရှင် ကိုယ်တိုင်က သေနတ်နဲ့ ပစ်မိတာ။ ခြံဝန်းထဲက ခွေးကိုချိန်ပြီး ပစ်တာမမှန်ပဲ၊ ဈေးသည်ကို သွားမှန်တယ်။ ကျည်က ရင်ဘတ်ကို မှန်သွားတော့ တာချီလိတ် ပြည်သူ့ဆေးရုံကို ခေါ်သွားတယ်။ အဲ့ဆေးရုံမှာပဲ ဆုံးသွားတယ်။ ဈေးသည်ကတော့ ဘယ်သူမှန်း မသိဘူး “ ဟု ၎င်း အမျိုးသားတစ်ဦး ကပြောသည်။

ပစ္စတိုသေနတ်ဖြင့် ပစ်ခတ်ခံရသော အမျိုးသမီးသည် အသက် (၄၀) အရွယ်ရှိပြီး ဇွဲသာယာကမ်းခြေတွင် ဈေးရောင်းနေကြောင်း သိရသည်။

ပြစ်မှုကျုးလွန်သူ ဇွဲသာယာကမ်းခြေပိုင်ရှင် ဦးဇွဲဆိုသူမှာ လက်ရှိတွင် ရာဇာသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် ရဲတပ်ဖွဲ့များက အမှုဖွင့် အရေးယူထားကြောင်း ဆိုသည်။

“ အခု သူတို့တော့ အရေးယူထားတယ်။ ဇွဲသာယာကမ်းခြေက တာချီလိတ်မြို့ရဲ့ အပြင်ဘက်မှာရှိတယ်။ ကျနော်တို့နဲ့တော့ ၂၀ ကီလိုမီတာလောက်တော့ ဝေးတယ်။ အဲ့နေရာမှာ အပန်းသွားဖြေတဲ့ နေရာတစ်ခုဖြစ်ပြီး ရေသွားဆော့လို့လည်း ရတယ်။ ဦးဇွဲ ဆိုသူက တပ်ထွက်ဖြစ်ပြီး အခု ဇွဲသာယာကမ်းခြေကို ဖွင့်လှစ်ထားတာ။ ဈေးသည်တွေအတွက် တဲတွေဆောက်ထားပြီး အဌားပေးတယ်။ သူဖွင့်ထားတာက ၁၀ နှစ်ခန့်တော့ ရှိပြီ” ဟု ၎င်းဒေသခံတစ်ဦးက ထပ်လောင်းပြောသည်။

ဦးဇွဲသည် စစ်တပ်မှ ထွက်လာသော စစ်ထွက်တစ်ဦးဖြစ်ပြီး ထိုင်း-မြန်မာ နယ်စပ်မဲခေါင်မြစ်ဘေးတွင် ၁၀ နှစ်ခန့်ကြာ ဇွဲသာယာကမ်းခြေအမည်ဖြင့် ပုဂ္ဂလိက ကမ်းခြေ ဖွင့်လှစ်ထားကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တာချီလိတ်မြို့ စက်သုံးဆီ ရောင်းချမှုကို ပြန်လည်ကန့်သတ်

0
သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့တွင် စက်သုံးဆီ ရောင်းချမှုကို  ယာယီ အကန့်အသတ်ဖြင့် ပြန်လည်ပြုလုပ်လာကြောင်း သတင်းရရှိသည်။  သျှမ်းပြည် အရှေ့ပိုင်းအတွက် လိုအပ်သည့် စက်သုံးဆီများကို ထိုင်းနိုင်ငံဘက်မှ အဓိက တင်သွင်းလျက်ရှိနေ သော်လည်း သယ်ယူပို့ဆောင်ရေး အခက်အခဲများကြောင့် စက်သုံးဆီတင်သွင်းမှု နှောင့်နှေးနေသဖြင့် စက်သုံးဆီလက်ကျန်များကို မျှတစွာခွဲဝေရောင်းချနိုင်ရန် ယာယီ ကန့်သတ် ရောင်းချ...

မဲခေါင်မြစ် ရေအားလျှပ်စစ်စီမံကိန်းအတွက် မြန်မာနှင့် လာအို သဘောတူ

0
မြန်မာနှင့် လာအို နိုင်ငံတို့အကြား နယ်စပ်ဖြတ်သန်းစီးဆင်းသည့် မဲခေါင်မြစ်ပေါ်တွင် လျှပ်စစ်ဓာတ်အား ၂,၇၉၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်မည့် ရေအားလျှပ်စစ်စီမံကိန်းတစ်ခု အကောင်အထည်ဖော်ရန်အတွက် သဘောတူညီချက်တစ်ရပ်ကို နှစ်နိုင်ငံအစိုးရများက လက်မှတ်ရေးထိုးလိုက်ကြကြောင်း စစ်ကော်မရှင်က ထုတ်ပြန်သည်။ အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင်၏ ၃ ရက်ကြာ လာအိုနိုင်ငံ ချစ်ကြည်ရေးခရီးအတွင်း ဇူလိုင်လ ၄ ရက်နေ့က...

တာချီလိတ်မြို့တွင် ရေကြီးရေလျှံလို့ ဈေးဆိုင်အချို့ ပိတ်သိမ်းထားရ

0
သျှမ်းပြည်အရှေ့ပိုင်း ၊တာချီလိတ်မြို့တွင် မိုးအနည်းငယ်ရွာသည်နှင့် ရေတက်လာကာ ရေကြီးရေလျှံမှုကြောင့် ဈေးဆိုင် အချို့ပိတ်ထားကြောင်း သတင်းရရှိသည်။ ယမန်နေ့ ဇွန်လ (၁)ရက်တွင် တာချီလိတ်မြို့တွင် မိုးဆက်တိုက် ရွာသွန်းခဲ့သောကြောင့် တာလောရပ်ကွက်ရှိ တာလောဈေးနှင့် သစ်တောရုံးလမ်း နှင့် မကာအိုခမ်း လမ်းကြားဘက်တွင် ရေတက်လာပြီး သွားလာရခက်ခဲကြောင်း သိရသည်။ “တာလောဈေးဘက်ဆို ဈေးဆိုင် တော်‌တော်များများ...

တာချီလိတ် ရေကြီးရေလျှံဖြစ်ပွား

0
သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့ပေါ်တွင် မိုးဆက်တိုက်ရွာသွန်းခြင်း နှင့် တောင်ကျရေကြောင့် ရေကြီး‌ ရေလျှံမှု ကြုံတွေ့နေကြောင်း စုံးစမ်းသိရသည်။ တာချီလိတ်မြို့တွင် မိုးဆက်တိုက်ရွာသွန်းခြင်း နှင့် တောင်ကျရေကြောင့် ဆန်ဆိုင်းရပ်ကွက်၊ တာလော့ရပ်ကွက်၊ မယ်ခေါင်ရပ်ကွက် နှင့် မြန်မာ - ထိုင်း အမှတ် (၂) ချစ်ကြည်ရေးတံတား အနီးတဝိုက်တွင်...

တာချီလိတ် ဘိန်းစာရွက်ရည်‌ ရောင်းသည့် ဆိုင်များ ဖမ်းဆီးခံရ

0
သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့တွင် ဘိန်းစာရွက်ရည် (ကရထွမ့်)‌ ရောင်းချသည့် ဆိုင်များကို စစ်ကော်မရှင် လက်အောက်ခံ တာဝန်ရှိသူများက ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ ဇွန်လ (၂၈) ရက် နေ့လည် ၂ နာရီဝန်းကျင်တွင် တာချီလိတ်မြို့ ရန်အောင်မြေ ရပ်ကွက်၊ ပါလျံရပ်ကွက်၊ မယ်ခေါင်ရပ်ကွက် နှင့်...