Tuesday, January 27, 2026

တာချီလိတ်မြို့ ရှိ ဇွဲသာယာကမ်းခြေ အမျိုးသမီးတစ်ဦး သေနတ်ပစ်ခံရ သေဆုံး

သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့ မိုင်းဖုန်း (က) ကျေးရွာအုပ်စုအတွင်း မြန်မာ – ထိုင်းနယ်စပ် မဲခေါင်မြစ်ဘေးရှိ ဇွဲသာယာကမ်းခြေတွင် သေနတ်ပစ်ခတ်မှု ဖြစ်ပွားပြီး အမျိုးသမီးတစ်ဦး သေဆုံးသွားကြောင်း စုံစမ်း သိရှိရသည်။

ယမန်နေ့ အောက်တိုဘာ ၂၅ ရက် ညပိုင်း ၇ နာရီ ဝန်းကျင်တွင် ဇွဲသာယာကမ်းခြေ ပိုင်ရှင် ဦးဇွဲ၏ နေအိမ်ခြံဝန်းထဲတွင် ခွေးအချင်းချင်း ကိုက်နေစဉ်အတွင်း ၎င်းက ပစ္စတိုသေနတ်ဖြင့် ပစ်ပြီး ခွေးများ မောင်းထုတ်ခဲ့ကြောင်း ဆိုသည်။


အဆိုပါ ပစ်ဖောက်လိုက်သော ကျည်ဆံသည် ခွေးများကို မထိပဲ အနီးရှိ ဈေးသည်အမျိုးသမီးတစ်ဦးကို ကျည်ထိမှန်ခဲ့ပြီး သေဆုံးသွားကြောင်း တာချီလိတ်ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ဦးဇွဲ

“ ဇွဲသာယာ ကမ်းခြေပိုင်ရှင် ကိုယ်တိုင်က သေနတ်နဲ့ ပစ်မိတာ။ ခြံဝန်းထဲက ခွေးကိုချိန်ပြီး ပစ်တာမမှန်ပဲ၊ ဈေးသည်ကို သွားမှန်တယ်။ ကျည်က ရင်ဘတ်ကို မှန်သွားတော့ တာချီလိတ် ပြည်သူ့ဆေးရုံကို ခေါ်သွားတယ်။ အဲ့ဆေးရုံမှာပဲ ဆုံးသွားတယ်။ ဈေးသည်ကတော့ ဘယ်သူမှန်း မသိဘူး “ ဟု ၎င်း အမျိုးသားတစ်ဦး ကပြောသည်။

ပစ္စတိုသေနတ်ဖြင့် ပစ်ခတ်ခံရသော အမျိုးသမီးသည် အသက် (၄၀) အရွယ်ရှိပြီး ဇွဲသာယာကမ်းခြေတွင် ဈေးရောင်းနေကြောင်း သိရသည်။

ပြစ်မှုကျုးလွန်သူ ဇွဲသာယာကမ်းခြေပိုင်ရှင် ဦးဇွဲဆိုသူမှာ လက်ရှိတွင် ရာဇာသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် ရဲတပ်ဖွဲ့များက အမှုဖွင့် အရေးယူထားကြောင်း ဆိုသည်။

“ အခု သူတို့တော့ အရေးယူထားတယ်။ ဇွဲသာယာကမ်းခြေက တာချီလိတ်မြို့ရဲ့ အပြင်ဘက်မှာရှိတယ်။ ကျနော်တို့နဲ့တော့ ၂၀ ကီလိုမီတာလောက်တော့ ဝေးတယ်။ အဲ့နေရာမှာ အပန်းသွားဖြေတဲ့ နေရာတစ်ခုဖြစ်ပြီး ရေသွားဆော့လို့လည်း ရတယ်။ ဦးဇွဲ ဆိုသူက တပ်ထွက်ဖြစ်ပြီး အခု ဇွဲသာယာကမ်းခြေကို ဖွင့်လှစ်ထားတာ။ ဈေးသည်တွေအတွက် တဲတွေဆောက်ထားပြီး အဌားပေးတယ်။ သူဖွင့်ထားတာက ၁၀ နှစ်ခန့်တော့ ရှိပြီ” ဟု ၎င်းဒေသခံတစ်ဦးက ထပ်လောင်းပြောသည်။

ဦးဇွဲသည် စစ်တပ်မှ ထွက်လာသော စစ်ထွက်တစ်ဦးဖြစ်ပြီး ထိုင်း-မြန်မာ နယ်စပ်မဲခေါင်မြစ်ဘေးတွင် ၁၀ နှစ်ခန့်ကြာ ဇွဲသာယာကမ်းခြေအမည်ဖြင့် ပုဂ္ဂလိက ကမ်းခြေ ဖွင့်လှစ်ထားကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တာချီလိတ်တွင် ပြန်ပေးဆွဲမှု၊ ဓားပြတိုက်မှုများ ဆက်တိုက်ဖြစ်ပွားနေ

0
ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့ပေါ်တွင် ပြန်ပေးဆွဲမှု၊ ဓားပြတိုက်မှုများ ဆက်တိုက်ဖြစ်ပွားနေသဖြင့် လုံခြုံရေးအတွက် စိုးရိမ်နေရကြောင်း မြို့ခံများက ပြောသည်။ ဖြစ်စဉ်မှာ ယမန်နေ့ ဇန်နဝါရီလ ၂၄ ရက် နံနက် ၉ နာရီကျော် အချိန်တွင် ဆန်ဆိုင်း (က) ရပ်ကွက်နေ အသက် (၅၀) အရွယ်ခန့် အမျိုးသမီးတစ်ဦးသည်...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...