လင်မယားချင်း ရန်ဖြစ်ရာ အမျိုးသားဖြစ်သူ မှ အမျိုးသမီးကို ပုဆိန်ဖြင့်ပေါက်

သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ် မိုင်းယုတ်အုပ်စု ကုန်းဆာယာကျေးရွာတွင် လင်မယားချင်းရန်ဖြစ်ပြီး အမျိုးသားဖြစ်သူက အမျိုးသမီးကို ပုဆိန်ဖြင့် ရိုက်ပေါက်ခဲ့ကြောင်း သတင်းသိရသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၂၂ ရက်နေ့ မနက် ၈ နာရီဝန်းကျင်တွင် ကုန်းဆာယာကျေးရွာမှ အရက်မူး နေသည့် အမျိုးသားတစ်ဦးသည် ၎င်း၏ ဇနီးဖြစ်သူ နှင့် ရန်ဖြစ် စကားများပြီး ပုဆိန်ဖြင့် ဦးခေါင်းကို ရိုက်ပေါက် လိုက်ကြောင်း ဒေသခံ အမျိုးသမီး တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“သူက အရက်မူးလာပြီး သူ့ရဲ့ အမျိုးသမီးဖြစ်သူနဲ့ စကားများ ရန်ဖြစ်ပြီးတော့ အမျိုးသားဖြစ်သူက သူ့မိန်းမ ကို ပုဆိန် နဲ့ ပေါက်လိုက်တာ၊ အမျိုးသမီးက ရှောင်ထွက်တာ မြန်လို့ တော်သေးတယ်။ ဒဏ်ရာ သိပ်မပြင်းဘူး၊ သွေးထွက်တာတော့ရှိတယ်” ဟု အထက်ပါ အမျိုးသမီးက ပြောသည်။

အဆိုပါ အမျိုးသမီးမှ အကူအညီတောင်းမှုကြောင့် ပတ်ဝန်းကျင် အိမ်နီးချင်းများ ရောက်ရှိလာကာ အမျိုးသားကို ဖမ်းဆီးထားပြီး TNLA တပ်ဖွဲ့ကို အပ်ထားလိုက်ကြောင်း သိရှိရသည်။

ပုဆိန်

အမျိုးသမီး ဦးခေါင်း၏ ဒဏ်ရာသည် မစိုးရိမ် ရသော်လည်း သွေးထွက်များသည့်အတွက် ကျေးလက်ဆေးပေးခန်းရှိ သူနာပြုများထံမှ ဆေးကုသမှု ခံယူခဲ့ကြောင်း ဒေသခံများ ထံမှ သိရသည်။

“အမျိုးသမီး ဖြစ်သူကလည်း ဖြစ်စဥ်တွေနဲ့ ရွာလူကြီးကို တိုင်တယ်လေ၊ ရွာလူကြီးကနေ အမျိုးသားကို ဖမ်းပြီး TNLA ကို အပ်လိုက်တာ၊ အခု TNLA တပ်ဖွဲ့က ထိန်းချုပ်ထားတယ်၊ အမျိုးသမီး ဒဏ်ရာကိုတော့ ဆေးထည့် ပေး ထားတယ်” ဟု အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။

ယင်းဖြစ်စဥ် နှင့် ပတ်သက်ပြီး တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) အနေဖြင့် ကျူးလွန်သူ အမျိုးသားကို မည်ကဲ့သို့ အပြစ်ပေး အရေးယူမည်ကို ဆက်သွယ်မေးမြန်းပေမယ့် အဆက်အသွယ် မရခဲ့ပေ။

ပြီးခဲ့သည့် အောက်တိုဘာ ၉ ရက်တွင်လည်း ကွတ်ခိုင်မြို့နယ် ဟိုနောင်ကျေးရွာ မှ အမျိုးသားတစ်ဦး အရက်မူးပြီး မိခင်ကို ပြန်ရိုက်နှက်သောကြောင့် ဦးခေါင်းပေါက်ကွဲဒဏ်ရာရရှိသည့် ဖြစ်စဉ်ရှိခဲ့ဖူးကြောင်း သတင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...

ကွတ်ခိုင်မြို့နယ် TLEC ကျောင်းကို MNDAA ပိတ်သိမ်း အစားထိုး ဖွင့်လှစ်သွားမည်

0
သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ တအာင်းစားသင်ကျောင်း (TLEC)ကို ကိုးကန့်တပ်ဖွဲ့ (MNDAA)ကပိတ်သိမ်းပြီး အစားထိုး ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၆ ဖေဖော်ဝါရီ လဆန်ပိုင်းတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် MNDAA တို့သည် ကွတ်ခိုင်းမြို့နယ်အတွင်း အချင်းချင်းကြား ပဋိပက္ခစတင်ဖြစ်ပွားခဲ့သည့်။ ထို့နောက် MNDAAသည်...

သျှမ်းမြောက် BRI စီမံကိန်း အမြန်ဖော်ဆောင်နိုင်ရန် တရုတ် နှင့် တိုင်းရင်းသားလက်နက်ကိုင်တွေ့ဆုံ

0
တရုတ်နိုင်ငံ၏ ဘီလီယံနှင့်ချီတန်သော (BRI) ပိုးလမ်းမစီမံကိန်းထဲမှ ရထားလမ်း အကောင်အထည်ဖော်နိုင်ရေး အတွက် တရုတ်ကိုယ်စားလှယ်အဖွဲ့သည် စစ်ကောင်စီနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို တွေ့ဆုံခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ သျှမ်းပြည်မြောက်ပိုင်း၊ မန္တလေးတိုင်းတို့ကို ဖြတ်သန်းကာ ရခိုင်ပြည်နယ် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းအထိ ပေါက်ရောက်မည့် အဆိုပါ ပိုးလမ်းမစီမံကိန်းသည် အာဏာသိမ်းပြီး...