လွတ်လပ်ရေးအကြို လောက်ကိုင်မြို့တွင်း စစ်အင်အားပြ၊ ပြည်သူများ ထိတ်လန့်နေ
သျှမ်းပြည် လောက်ကိုင်ခရိုင် လောက်ကိုင်မြို့တွင်းတွင် လွတ်လပ်ရေးနေ့ အကြို အနေဖြင့် စစ်ကောင်စီမှ စစ်အင်အား လှည့်ပတ် ပြသမှုကြောင့် ပြည်သူများ ထိတ်လန့်နေကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၄ ရက်မှ စတင်ကာ လောက်ကိုင်မြို့ အတွင်းတွင် လွတ်လပ်ရေးအတွက် အလံတိုင် စိုက်ထူခြင်းများ စတင်ပြုလုပ်ခဲ့ပြီး ဒီဇင်ဘာ...
ပင်လုံမြို့ အိမ်၊ ခြံပေါင်ပြီး လောင်းကစားဆော့နေကြ
သျှမ်းပြည် လွိုင်လင်ခရိုင် လွိုင်လင်မြို့နယ် ပင်လုံမြို့အတွင်း အိမ်၊ ခြံပေါင်ပြီး လောင်းကစားသွားရောက် ကစားနေကြကြောင်း စုံစမ်း သိရှိရသည်။ ထိုသို့ အိမ်၊ ခြံ ပေါင်ပြီး လောင်းကစားများကို သွားရောက် ကစားသည့်သူများ များလာသည့်အတွက်ကြောင့် ယခင်ကထက် သူခိုးပေါများလာကြောင်း ပင်လုံမြို့ ဒေသခံ ၂၂...
ကွတ်ခိုင် – တာမိုးညဲကြား ခရီးသည်ကား ဓားပြတိုက်ခံရ၊ အမျိုးသား ၂ ဦး သတ်ခံရ
သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့ နှင့် တာမိုးညဲကြား ပြည်ထောင်စု ကားလမ်းမပေါ်တွင် ခရီးသည်တင်ကား တစ်စီးဓားပြတိုက်ခံရပြီး အမျိုးသား ၂ ဦး ပစ်သတ်ခံရကြောင်း စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ဒီဇင်ဘာလ ၃၀ ရက် နေ့လည်ပိုင်း ၂ နာရီခွဲ ဝန်းကျင်က ကွတ်ခိုင်- တာမိုးညဲကြား မော်ဟန်ရွာအနီးတွင် ခရီးသည်တင်ကားတစ်စီး...
မူဆယ်မြို့ လောင်းကစားဝိုင်းများ ၂၄ နာရီ ပိတ်ရက်မရှိ ဖွင့်လှစ်၊ အရေးယူမှုမရှိ
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့ စွမ်စော်ရပ်ကွက်အတွင်း လောင်းကစားဝိုင်းများကို ၂၄ နာရီ ပိတ်ရက်မရှိ ပေါ်တင် ပြုလုပ်နေပြီး သက်ဆိုင်ရာမှ အရေးယူမှုမရှိကြောင်း စုံစမ်းသိရသည်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ လမ်းဆိုင်းဘုတ်များတွင် တရုတ်စာများ ရေးသားခြင်း၊ လောင်းကစား( ကြက်တိုက်) ခြင်းများကိုလည်း တရုတ်စာများဖြင့် လမ်းထိပ်တွင် ရေးသားကြေငြာ ထားမှုများလည်းရှိကြောင်း...
အရက်မူးသည့် သားက ဖခင်ကို ဓားဖြင့် ခုတ်သတ်
သျှမ်းပြည် မြောက်ပိုင်း သိန္နီမြို့နယ် မိုင်းပါးကျေးရွာ အုပ်စု၊ နားမိုင်းကျေးရွာတွင် သားဖြစ်သူမှ ဖခင်အရင်းကို ဓားဖြင့် ခုတ်သတ်မှု ဖြစ်ပွားခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဒီဇင်ဘာလ ၂၆) ရက်တွင် ညနေပိုင်း ၅ နာရီခွဲဝန်းကျင်တွင် အသက် ၃၀ ဝန်းကျင်ရှိ အမျိုးသား တစ်ဦးသည် အရက်မူးပြီး...
ဟိုပုံးတွင် ကားတစ်စီးချောက်ထဲကျ လူ ၆ ဦးထိခိုက်ဒဏ်ရာရ
သျှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့နယ်အတွင်း ကားတစ်စီးချောက်ထဲထိုးကျပြီး လူ ၆ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဒီဇင်ဘာလ ၂၇ )ရက် နံနက်ပိုင်းတွင် ဟိုပုံးမြို့နယ်အတွင်း ပြည်ထောင်စု ကားလမ်းမပေါ်တွင် မောင်းနှင်နေသော Light Truck ယာဉ်(၁) စီး ဘရိတ်ပေါက်ပြီး ချောင်းထဲသို့ ထိုးကျသွားကြောင်း...
ဆီဆိုင်မြို့နယ် အတွင်း စစ်ကောင်စီ တပ်သားအချင်းချင်း ပစ်ခတ်မှုဖြစ်ပွား
သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ် ဘန်းယဉ်ကျေးရွာအုပ်စု စစ်ကောင်စီ တပ်ရင်း ၄၂၅ မှ တပ်သား အချင်းချင်း ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း စုံစမ်း သိရှိရသည်။ ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၄ ရက် နံနက် ၉ နာရီ ဝန်းကျင်တွင် ဆီဆိုင်မြို့နယ် ဘန်းယဉ်ကျေးရွာအုပ်စု မင်္ဂလာဦးရပ်ကွက်ထဲမှာ တပ်ရင်း...
ပြည်တွင်း လူကုန်ကူးမှု ကြီးထွားလာတဲ့ “ဝ”ဒေသ
သေနတ်ကိုင်ဆောင်ထားပြီး ရဲဝတ်စုံအပြည့် ဝတ်ဆင်ထားတဲ့ အမျိုးသားတွေဟာ တိုက်ရှေ့ မှာ ၂၄ နာရီလုံး လုံခြုံရေးအပြည့်နဲ့ စောင့်ကြည့်နေပါတယ်။ အဲ့ဒီ နေရာကတော့ မြန်မာအလုပ်သမားတွေ အလုပ်လုပ်တဲ့ ၃ ထပ်တိုက် တစ်ခုဖြစ်ပြီး မြန်မာလုပ်သားတွေကို ထားတဲ့ အောက်ဆုံးထပ်မှာတော့ ပြတင်းပေါက်တိုင်းမှာ သံတိုင်တွေခတ်ထားကာ အလုပ်သမားတွေ ထွက်ပြေးမရအောင် တင်းတင်းကြပ်ကြပ်...
ဆီဆိုင်မြို့နယ် လယ်ထွန်စက်ရှိအိမ်ကို PNO/PNA ပိုက်ဆံကောက်
သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ် တဘက်ကျေးရွာအုပ်စုမှ လယ်ထွန်စက် ရှိသည့် နေအိမ်များကို ပအိုဝ်းပြည်သူ့စစ်တပ်ဖွဲ့ PNO/PNA များက ပိုက်ဆံ အဆမတန်ကောက်ခံနေကြောင်း စုံစမ်းသိရှိရသည်။ ယမန်နေ့( ဒီဇင်ဘာလ ၂၃) ရက် နံနက်ပိုင်း ၁၀ နာရီတွင် ဆီဆိုင်မြို့နယ် တဘက်ကျေးရွာအုပ်စု နောင်မိုကျေးရွာကို ပအိုဝ်းပြည်သူ့စစ် PNO/PNA တပ်သား...
တန့်ယန်း ယာဉ်တိမ်းမှောက် ကလေးအပါအဝင် လူ ၅ ဦး ထိခိုက်ဒဏ်ရာရ၊ အမျိုးသား ၁ ဦးသေဆုံး
သျှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့အဝင် မုခ်ဦးအကျော်တွင် အိမ်စီးကားတစ်စီး တိမ်းမှောက်ပြီး ကားပေါ်လိုက်ပါသူ ၁၀ နှစ် ကလေးငယ် အပါအဝင် ၅ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ယမန်နေ့ ဒီဇင်ဘာလ ၂၁ ရက် ညနေ ၄ နာရီခွဲအချိန် တန့်ယန်း...





