ရွှေသွားရောင်းသည့် သားမိခင်နှစ်ဦး ဓားပြတိုက်ခံရ၊ သမီးဖြစ်သူ ကျည်ထိမှန်

သျှမ်းပြည် မူဆယ်ခရိုင် နမ့်ခမ်းမြို့မှ ဟင်လုံကျေးရွာရှိ စျေးထဲ ရွှေသွားရောင်းသည့် သားအမိ နှစ်ဦးဓားပြတိုက်ခံရပြီး၊ သမီးဖြစ်သူ ကျည်ထိမှန် ဒဏ်ရာ ရရှိခဲ့ကြောင်း စုံစမ်းသိရသည်။

ပုံ – ခရက်တစ် (ဟင်လုံရွာ)

ဓားပြတိုက်အမျိုးသားတစ်ဦးက သေနတ်ပစ်ဖောက်ကာ အမျိုးသမီးတစ်ဦး ကျည်ထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရှိရသည်။

ယမန်နေ့ ဖေဖော်ဝါရီ ၂၀ ရက် နံနက်အစောပိုင်းတွင် နမ့်ခမ်းမြို့ နှင့် ၇ မိုင်ခန့် ဝေးကွာသော ဟင်လုံကျေးရွာသို့ ရွှေသွားရောင်းရန်သွားသည့် သားအမိနှစ်ဦးသည် ဓားပြတိုက်ခံရပြီး ကျပ်ငွေသိန်း (၁၀၀) ကျော်နှင့် ရွှေအများပြား ပါသွားကြောင်း နမ့်ခမ်းဒေသခံ အသက် ၃၅ နှစ်ကျော် အမျိုးသားတစ်ဦးက ပြောသည်။

ဓားပြတိုက်သည့် အမျိုးသား တစ်ဦးဖြစ်ပြီး၊ အရပ်သားအဝတ်ဖြင့် သေနတ်ကိုင်ထားရာ ၎င်းသားအမိနှစ်ဦးတို့ကို ဓားပြတိုက်ပြီးနောက် သေနတ်ဖြင့် ထပ်မံပစ်ဖောက်ခဲ့သဖြင့် သမီးဖြစ်သူ ကျည်ထိမှန်ခဲ့သည်။

“ မန့်ဝိန်းစျေးကြီးအသွား ဆိုင်ကယ် နဲ့ ရွှေသွားရောင်းတာ။ ဟင်လုံရွာအနီးရောက်တော့ လမ်းမပေါ်မှာ ဓားပြတိုက်ခံရတာဗျ။ အိတ်ထဲက ကျပ်ငွေ သိန်း (၁၀၀) ကျော်၊ ရွှေတွေလည်း အများအပြား ပါသွားတယ်။ ပြီးလည်းပြီးရော ဓားပြတိုက်တစ်ယောက်က သေနတ်ပစ်ဖောက်လိုက်တယ်။ သူ့သမီးရဲ့ ခြေထောက်ကျည်မှန်သွားတယ်” ဟု ၎င်းက ပြောသည်။

အဆိုပါ သေနတ်ပစ်ခံရသူမှာ နန်းဖောင်နွန်း ဆိုသူဖြစ်ပြီး ခြေထောက်တွင် ကျည်ထိမှန် ဒဏ်ရာများဖြင့် နမ့်ခမ်းဆေးရုံကို ပို့ဆောင်ထားပြီး ဆေးဝါးကုသမှု ခံယူထားကြောင်း သိရသည်။

ထို့အပြင် ဓားပြတိုက်မှု နှင့် ပတ်သက်ပြီး ၅ ရက် တစ်ဈေးသွားရောင်းသည့် ဈေးသည်များအပါအဝင် ဒေသခံများမှာ အသွားအလာ ပြုလုပ်ရန် လုံခြုံရေး မရှိတော့ကြောင်း၊ စိုးရိမ်နေကြကြောင်း ၎င်းက ဆက်ပြောသည်။

“အခုချိန်မှာ ဘယ်လက်နက်ကိုင်မှ ဒေသခံတွေကို မကာကွယ်ပေးဘူး။ ခဏနေ သျှမ်းလက်နက်ကိုင်က ဝင်လာလိုက်၊ TNLA ဝင်လာလိုက်၊ ပြည်သူ့စစ်က မြို့ကိုဖြတ်သွားလိုက်၊ စစ်တပ် မြို့ကို ဖြတ်သွားလိုက်နဲ့ ဘယ်လက်နက်ကိုင်မှ ဒေသခံတွေကို လုံခြုံရေး မလုပ်ပေးဘူး “ ဟု နမ့်ခမ်းဒေသခံ အမျိုးသားက ထပ်လောင်းပြောသည်။

နမ့်ခမ်းမြို့နယ်အတွင်း တိုင်းရင်းသား လက်နက်ကိုင်ဖြစ်သည့် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA)၊ တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)၊ စစ်ကောင်စီ တပ်ဖွဲ့၊ စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့ နှင့် စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်များ လှုပ်ရှားသည့် ဒေသဖြစ်သော်လည်း ဓားပြတိုက်မှု၊ ခိုးမှုသည် နေ့စဥ်နှင့်အမျှ ရှိနေကြောင်း ဒေသခံများက ပြောဆိုလိုက်သည်။

ထို့အပြင် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း နမ့်ခမ်းတွင် တရားဥပဒေ စိုးမိုးမှု မရှိတော့သဖြင့် ခိုးဆိုးလုယက်၊ ဓားပြတိုက်မှု များသည် ဒေသခံများထံ ဒုစရိုက် ပုံစံအမျိုးမျိုး ပြုလုပ်နေကြောင်း၊ ထိုသို့ ဒေသခံများက ဒုစရိုက် ခံစားရချိန်မှာ လမ်းသွားလမ်းလာ ဒေသခံများကို စစ်တပ်မှ ဆက်ကြေးကောက်ခံနေသေးကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျိုင်းတုံတွင် ရွှေဆိုင်ပိုင်ရှင်အမျိုးသမီး ဓားပြတိုက်ခံရပြီး သေနတ်ပစ်ခံရသေဆုံး၊ ရွှေ ၃ ပိဿ ပါသွား

0
သျှမ်းပြည် ကျိုင်းတုံမြို့ နေ ရွှေဆိုင်ပိုင်ရှင် အမျိုးသမီးတစ်ဦးကို အမည်မသိ လက်နက်ကိုင် လူတစ်စုက သေနက်ဖြင့် ပစ်ခတ်ခဲ့ပြီး ရွှေ ၃ ပိဿ နှင့် ကားကို ဓားပြတိုက်လုယူခဲ့ကြောင်း သတင်းရရှိသည်။ ယမန်နေ့ (မေလ ၁၃ ရက်) နေ့လည် ၁ နာရီကျော်တွင် ကျိုင်းတုံမြို့...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

နမ့်ခမ်းမြို့ထဲ ပြန်လည်ဝင်ရောက်ရန် Non-CDM များကို စစ်အစိုးရ အသင့်ပြင်ခိုင်းထားဟုဆို

0
သျှမ်းပြည် နမ့်ခမ်းမြို့နယ်ရှိ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများတွင် တာဝန်ပြန်လည် ထမ်းဆောင်နိုင်ရန် မူဆယ်မြို့ဘက်ရှိ Non-CDM ဝန်ထမ်းများကို အသိပေး ပြင်ဆင်ခိုင်းနေကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့ထဲသို့ ပြန်လည်ဝင်ရောက်၍ အုပ်ချုပ်ရေးယန္တရား လည်ပတ်ရန် စစ်ကော်မရှင် အသွင်ပြောင်း စစ်အစိုးရမှ မူဆယ်နှင့်...