တာချီလိတ် ယခုရက်ပိုင်း ဓား၊ တုတ်ဖြင့် ရိုက်နှိက် မှု ၅ ကြိမ် ဖြစ်ပွားနေ

မြန်မာ – ထိုင်းနိုင်ငံ နယ်စပ်ဒေသဖြစ်သည့် တာချီလိတ်မြို့တွင် ယခု (ဖေဖော်ဝါရီလ ၁၇ ရက်) ထိ ဓား၊ တုတ်ဖြင့် ရိုက်နှိက်မှု ၅ ကြိမ်ထက် မနည်း ဖြစ်ပွားနေကြောင်း စုံစမ်းသိရှိရသည်။

ရိုက်နှိက်ခံရသူ

နယ်စပ်ဒေသဖြစ်သည့် တာချီလိတ်မြို့တွင် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း လူအများအပြား လာရောက် အလုပ်လုပ်ကိုင်နေကြပြီး တချို့မှာ အလုပ်လက်မဲ့အဖြစ် အိမ်ခြေမဲ့ နေထိုင်သည့်လူများလည်း ယခင်ထက် ပိုများလာကြောင်း တာချီလိတ် ဒေသခံများထံမှ သိရသည်။

ထိုထဲတွင် မူးယစ်ဆေးဝါး သုံးစွဲသူများလည်း ယခင်နှစ်ထက် ပေါများလာကာ ဒေသခံ ဆိုင်ကယ် လုယက်မှု၊ ခိုးဆိုး လုယက်မှုများ ပြုလုပ်ပြီး မရလျှင် ဓား၊ တုတ်ဖြင့် ရိုက်နှိက်ပြီး ပစ္စည်းများ လုယူသွားကြောင်း တာချီလိတ် ဦးလှမိုး ပရဟိတအသင်းမှ တာဝန်ခံတစ်ဦးက ပြောသည်။

“ ဓား၊ တုတ် နဲ့ ရိုက်နှိက်မှုကတော့ ဒီလထဲမှာ ကျနော်တို့ ၃ ကြိမ်လောက် သွားကူညီခဲ့ပြီဗျ။ အဓိကတော့ မူးယစ်ဆေးဝါး သုံးစွဲတဲ့ သူတွေ၊ သူခိုး၊ ဓားပြတွေကပေါ့။ ဆိုင်ကယ်တွေ လုယူတယ်၊ မရရင် ဓား၊ တုတ်နဲ့ ရိုက်နှိက်တယ် “ ဟု ၎င်း တာဝန်ခံတစ်ဦးက ပြောသည်။

ရိုက်နှိက်ခံရသူများ

ပြီးခဲ့သည့် (ဖေဖော်ဝါရီ ၁၃ ရက်) မှစပြီး (ဖေဖော်ဝါရီ ၁၇ ရက်) ထိ သျှမ်းသံတော်ဆင့် သတင်းဌာနမှ မှတ်တမ်းစုစည်းထားရာ ရိုက်နှိက်မှု (၅) ကြိမ်ဖြစ်ပွားပြီး အမျိုးသား ၆ ဦးသည် ဦးခေါင်းပေါ်၌ ဓား၊ တုတ်ဖြင့် ရိုက်နှိက်ခံရသည့် ထိခိုက်ဒဏ်များ ရရှိခဲ့ကြသည်။

ထို့အပြင် ခေတ်ကာလ အခြေအနေ မကောင်းသည့် ကာလဖြစ်သဖြင့် ပြည်သူများ အနေဖြင့် အပြင်သို့ ထွက်တိုင်း မူးယစ်ဆေးဝါးသုံးစွဲသူများကို သတိပြုပြီး သွားလာကြရန် ၎င်းက တိုက်တွန်းထားသည်။

“မူးယစ်ဆေးဝါးဆွဲတဲ့ သူများလာတော့ အားလုံး သွားလာတဲ့ချိန်မှာ သတိထားဖို့၊ ဆင်ခြင် ဂရုစိုက်သွားလာကြပါ။ မူးယစ်ဆေးဝါး သားကောင်တွေက လူစိတ်ရှိသာ မဟုတ်ဘူး၊ လုပ်ချင်ရာ လုပ်ကြတယ်။ အဲ့တော့ သတိထားသွားလာကြပါ “ ဟု ၎င်းက တိုက်တွန်းထားသည်။

တာချီလိတ်မြို့တွင် ဓား၊ တုတ် ရိုက်နှိက်ခံရသူများ နေစဉ်ဆက်တိုက် ဆိုသလို ဖြစ်ပွားနေသော်လည်း သက်ဆိုင်ရာ ရဲတပ်ဖွဲ့များက ပြစ်မှုကျူးလွန်သူများကို လိုက်လံဖမ်းဆီးဆောင်ရွက်ပေးခြင်း မရှိသေးကြောင်း တာချီလိတ် ဒေသခံများထံမှ သိရှိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သျှမ်းပြည်ကျားဖြန့်များ မြေရှားတွင်းများတွင် အဓမ္မခိုင်းစေခံနေရဟု SHRF ဆို

0
သျှမ်းပြည်အရှေ့ပိုင်းရှိ တရုတ်မြေရှားသတ္တုတွင်းများတွင် လူကုန်ကူးခံထားရသည့် အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်) မှ မြန်မာအလုပ်သမားများကို ကျွန်အဖြစ် အဓမ္မခိုင်းစေနေကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် (SHRF) က မေလ ၁၈ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။ ထိုင်း-မြန်မာနယ်စပ်အနီး မိုင်းဆတ်မြို့နယ်တောင်ပိုင်းရှိ တရုတ်ကုမ္ပဏီတစ်ခု လုပ်ကိုင်နေသော မြေရှားသတ္တုတွင်းများကို တာချီလိတ်မြို့မှ လူကုန်ကူးခံရသည့် မြန်မာအလုပ်သမားများကို အဓမ္မခိုင်းစေနေခြင်း...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...