သီပေါရီရှင်း ရွှေဆိုင်ဓားပြတိုက်ခံရ၊ ရွှေ ၆ ပိသာကျော်ပါသွား

သျှမ်းပြည် ကျောက်မဲခရိုင် သီပေါမြို့ မြို့မဈေးရှိ ရီရှင်းရွှေဆိုင် ဓားပြတိုက်ခံရပြီး၊ ရွှေ ၆ ပိသာကျော် ပါသွားကြောင်း စုံစမ်းသိရှိရသည်။

ရီရှင်းရွှေဆိုင်

ယမန်နေ့ ဖေဖော်ဝါရီ ၂၁ ရက် ညနေပိုင်း ၄ နာရီခွဲတွင် ရီရှင်းရွှေဆိုင် ပိုင်ရှင်မိသားစု (၃) ဦး ရွှေဧည့်သည်ဟိုတယ်အပြန် ဟိုတယ်အရောက်တွင် အမျိုးသား ၄ ဦး ဆိုင်ကယ်နှစ်စီးဖြင့် စီးလာကာ သေနတ်ပါကိုင်ဆောင်လာပြီး သေနတ်ဖြင့် ခြိမ်းခြောက် ဓားပြတိုက်သွားကြောင်း သီပေါမြို့ ဒေသခံ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိ ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များ အသင်းရုံး (YGEA) ဈေးတွင် အခေါက်ရွှေ ၁ ကျပ်သား (၂,၁၇၂,၄၀၀) ကျပ်ရှိပြီး၊ စစ်ကောင်စီ၏ သတ်မှတ်ထားသော ရွှေဈေးမှာ ၁ ကျပ်သားလျှင် (၂,၅၃၀,၀၀၀) ကျပ် ရှိကြောင်း ယမန်နေ့ ဖေဖော်ဝါရီ ၂၁ ရက်စွဲ၏ ရွှေဈေးနှုန်းအရ သိရသည်။

“ ဆိုင်သိမ်းပြီး သူတို့ ဟိုတယ်ကို ပြန်ရောက်တဲ့အချိန်မှာ အမျိုးသား ၃ ယောက် ဆိုင်ကယ် တစ်စီး နဲ့ နောက်ထပ် အမျိုးသားက ဆိုင်ကယ် ၁ စီးနဲ့လာတယ်။ ရွှေပိုင်ရှင် လင်မယားနှစ်ဦး ကားပေါ်က ဆင်းတဲ့အချိန်မှာ အဲ့ဒီ ဓားပြတိုက်အဖွဲ့က သေနတ်နဲ့ချိန်ပြီး ကားထဲက ရွှေအိတ် ၆ ပိသာကျော်လောက် ယူသွားတယ်။ လူကတော့ ဘာမှမဖြစ်ဘူး “ ဟု ၎င်းက ပြောသည်။

အဆိုပါ ဓားပြတိုက်ခံရသည့် ရီရှင်းရွှေဆိုင်ပိုင်ရှင်သည် ရွှေဧည့်သည် ဟိုတယ်ပိုင်ရှင်လည်း ဖြစ်ကြောင်း သိရသည်။

ရီရှင်းရွှေဆိုင်

ရီရှင်းရွှေဆိုင်သည် လွန်ခဲ့သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၂၁ ရက်တွင်လည်း ဓားပြတိုက်မှု တကြိမ် ကြုံခဲ့ရပြီး ရွှေ ၁ ပိသာခန့် ပါသွားကြောင်း၊ ယခု ဒုတိယ အကြိမ်မြောက် ဓားပြတိုက်ခံရခြင်း ဖြစ်ကြောင်း သီပေါမြို့ဒေသခံ တစ်ဦးက ဆက်ပြောသည်။

“ တိုက်တိုက်ဆိုင်ဆိုင် သူတို့ ရွှေဆိုင် ဓားပြတိုက်ခံရတာ ၂ နှစ်ပြည့်တဲ့နေ့မှာ နှစ်ကြိမ်မြောက် ဓားပြတိုက်ခံရတာ။ ဆန်းတော့ ဆန်းတယ်ဗျ၊ ကျနော်တို့တောင် ဒီနေ့ရက် သူတို့ ဓားပြတိုက်ခံရဖူးတာ မသိဘူး။ အခုက တိုက်တိုက်ဆိုင်ဆိုင် ဓားပြတိုက်ခံရတာ ၂ နှစ်ပြည့် ကာလမှာ ထပ်ပြီး ဓားပြတိုက်ခံရတာ အံ့သြစရာဘဲ “ ဟု ၎င်းက ထပ်လောင်းပြောသည်။

ထို့အပြင် ဓားပြတိုက်ခံရမှု နှင့် ပတ်သက်ပြီး သျှမ်းပြည်တိုးတက်ရေးပါတီ၊ သျှမ်းပြည်တပ်မတော် (SSPP/SSA)၊ တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် စစ်ကောင်စီ၏ လက်အောက်ခံ ရဲတပ်ဖွဲ့ကို ဓားပြတိုက်သည့် အမျိုးသား ၄ ဦးကို ဖမ်းဆီးအရေးယူ ဆောင်ရွက်ပေးရန် တိုင်ကြားထားကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...