တောင်ကြီး တပ်ပိုင်ဈေးဆိုင်ခန်းများ ဘူဒိုဇာဖြင့် ဖြိုဖျက်၊ အမျိုးသားတစ်ဦး အုတ်တံတိုင်းပိပြီး သေဆုံး

သျှမ်းပြည် တောင်ကြီးခရိုင် တောင်ကြီးမြို့ ကျောင်းကြီးစု ရပ်ကွက်တွင် တပ်ပိုင် ဈေးဆိုင်ခန်း နှင့် တိုက်ခန်းများ ဘူဒိုဇာဖြင့် ဖြိုဖျက်ခံရပြီး အမျိုးသားတစ်ဦး အုတ်တံတိုင်းပိပြီး သေဆုံးသွားကြောင်း စုံစမ်းသိရှိရသည်။

သျှမ်းရိုးမတိုက်တန်း

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၈ ရက် နံနက်ပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့ နှင့် လက်အောက်ခံ ဌာနဆိုင်ရာများ ပူးပေါင်းပြီး သျှမ်းရိုးမ တိုက်တန်းမှ ဆိုင်ခန်းများကို “တပ်ပိုင်မြေ မကျူးကျော်ရ” ဆိုပြီး စာစောင်ကပ်ထားကာ လူသွားလမ်းများ ပိတ်ထားကြောင်း၊ 212 ဈေးရှိ ဆိုင်ခန်းများကို ဘူဒိုဇာဖြင့် ဖြိုဖျက်ပျက်စီးခဲ့ကြောင်း ကျောင်းကြီးစု ရပ်ကွက်နေ ဒေသခံတစ်ဦးက ပြောသည်။

ထိုသို့ မဖြိုဖျက်ခင် ဖေဖော်ဝါရီ ၁၇ ရက်တွင် ဆိုင်ခန်းထဲရှိ ပစ္စည်းသိမ်းယူနေသည့် အသက် ၂၀ ကျော် အမျိုးသားတစ်ဦး အုတ်တံတိုင်းပိပြီး သေဆုံးသွားကြောင်း ၎င်းက ပြောသည်။

“သူတို့ ဆိုင်ခန်းကို ဖျက်ယူနေရင်း အုတ်နံရံ ပြိုကျလာတာ။ အဲ့ဒီ တစ်ယောက်က ဖိနပ်ကျန်ခဲ့လို့ ပြန်ယူတဲ့အချိန် ပိသွားတာဗျ၊ ဦးခေါင်းပွင့်သွားတယ်။ ဈေးကတော့ အကုန်ဖျက်ပြီးသွားပြီ၊ ချက်ချင်း သံဆူးကြိုးကာထားတယ်။ သျှမ်းရိုးမတိုက်တန်းက အင်းဝဘဏ်တစ်ခုဘဲ ကျန်တယ်။ ကျန်တာ အကုန်ထွက်ရပြီး တပ်မြေမကျူးကျော်ရ ကပ်သွားတယ် “ ဟု ၎င်းကပြောသည်။

စစ်ကောင်စီမှ ဈေးဆိုင်ခန်းများနှင့် တိုက်ခန်းများကို ဖေဖော်ဝါရီ ၁၇ ရက် နောက်ဆုံးထားကာ အပြီးအစီး ရွှေ့ပြောင်းခိုင်းနေသဖြင့် အချိန်မှီ ပစ္စည်းရွှေ့ပြောင်းနေသည့် အမျိုးသားတစ်ဦး အုတ်တံတိုင်း ပိပြီး သေဆုံးခဲ့ရသည်။

သျှမ်းရိုးမတိုက်တန်း

ထို့အပြင် တပ်ပိုင် ဈေးဆိုင်ခန်း နှင့် တိုက်ခန်း ဈေးဖွင့်လှစ်ရောင်းချနေသူများသည် လက်ရှိမှာ ဆိုင်ခန်းများဖြိုဖျက် ပျက်စီးခံရပြီးနောက် ဆိုင်ခန်းအသစ် ထပ်မံဖွင့်လှစ်ရန် ခက်ခဲနေကြောင်း ဆိုင်ခန်းပိုင်ရှင် အမျိုးသားတစ်ဦးက ပြောသည်။

“အခြေပျက်ကုန်တာပေါ့၊ ပိုက်ဆံရှိ သမားတွေလည်း ခံရမှတော့ မရှိသမားဆို ပိုဆိုးပေါ့ဗျာ။ အမျိုးမျိုးသော ဒုက္ခတွေ ကြုံနေရတာပေါ့။ ဆိုင်ခန်း အသစ်ထပ်ဖွင့်ဖို့လည်း မတတ်နိုင်တော့ဘူး။ အခုက ဆိုင်ခန်းခလည်း ဈေးကြီးတယ်” ဟု ဆိုင်ခန်းပိုင်ရှင် အမျိုးသားတစ်ဦးက ပြောသည်။

သျှမ်းရိုးမတိုက်တန်းအတွင်း နေထိုင်သူများသည် စစ်တပ် နှင့် စာချုပ်နှစ် ၃၀ ချုပ်ပြီး ငှားထားကြောင်း လက်ရှိ စာချုပ်မပြီးသေးချိန် ၁၀ နှစ်ကျော် ကျန်သေးချိန်မှာ စစ်တပ်က ဆိုင်ခန်းများကို ဘူဒိုဇာဖြင့် လာရောက် ဖြိုဖျက်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၂၈ ရက်မှစပြီး တပ်ပိုင်နယ်မြေအတွင်းရောက် ဆေးတပ်ရင်း၊ အမှတ် (၂၆၂) တပ်ထိန်း၊ စုဆောင်းရေး တပ်ဖွဲ့ရုံး နှင့် GE ရှိ ဆိုင်ခန်းများကို စစ်ကောင်စီတပ်ဖွဲ့မှ ဘူဒိုဇာဖြင့် ဖြိုဖျက်ပျက်စီးခဲ့ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီး လမ်းဘေးစျေးသည်များကို စည်ပင်က ရိုက်နှက်ပြီး ပစ္စည်းများ သိမ်းဆည်း

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ မြို့မဈေးအနီးရှိ လမ်းဘေးဈေးသည်များကို စည်ပင်က ရိုက်နှက်ပြီး ပစ္စည်းများ သိမ်းဆည်းသွားကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဩဂုတ်လ ၁၂ ရက်တွင် တောင်ကြီးမြို့ နံနက်ခင်းဈေးတခုတွင် လမ်းဘေးဈေးသည်များကို “ဈေးမသိမ်း”ဟူသော အကြောင်းပြချက်ဖြင့် စည်ပင်များကို ဝင်ရောက်ရိုက်နှက်ကာ ပစ္စည်းများကို သိမ်းဆည်းကာ ကားပေါ်တင်သွားကြောင်း သိရသည်။ အဆိုပါ...

ယာဉ်နံပတ်ပွား ဆီထုတ်မှုကြောင့် QR အသစ် ပြန်လျှောက်ရမည်

0
သျှမ်းပြည်အတွင်း စက်သုံးဆီများကို တန်းစီဝယ်ရာတွင် ယာဉ်နံပတ်များကို ပွားပြီး ဝယ်ယူမှုများတွေ့ရှိနေသဖြင့် ယာဉ်ပိုင်ရှင်များ QR ကုတ်အသစ် ပြန်လည်လျှောက်ထားရမည်ဟု လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန က ယမန့်နေ့ (ဇူလိုင် ၃၀)ရက်တွင် ထုတ်ပြန်ခဲ့သည်။  ထို QR ကုတ် အသစ် ပြန်လည်လျှောက်ထားရာတွင် မော်တော်ယာဉ်မှတ်ပုံတင် သက်သေခံ လက်မှတ် အစစ်အမှန်ဖြစ်ကြောင်း သက်ဆိုင်ရာ (ကညန)၏ ထောက်ခံချက်...

သျှမ်းတောင်တွင် ဝက်နာကျ သေဆုံးမှုဖြစ်ပြီးနောက် ဝက်သားစျေးကျ

0
သျှမ်းပြည်တောင်ပိုင်းတွင် ဝက်နာရောဂါဖြစ်ပွားပြီး ဆက်တိုက်သေဆုံးမှုများလာပြီးနောက် ဝက်သားစျေးနှုန်း ကျဆင်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇွန်လမှစပြီး သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်တွင် ဝက်နာရောဂါ စတင်ဖြစ်ပွားခဲ့ပြီးနောက် သေဆုံးမှု များရှိခဲ့ပြီးနောက် ဝက်သားဈေးနှုန်းများ ကျဆင်းလာပြီး ဝက်ဝယ်သူများလည်း နည်းပါးလာကြောင်း သိရသည်။ “ဝက်ကလည်း ရောင်းချင်နေပြီ ဝယ်သမားကလည်း မရှိဘူး၊ အရင်က သိန်း (၃၀)...

တောင်ကြီးတွင် ခွေးများကို ပစ်မှတ်ထား အစာအဆိပ်ခတ်ခံနေရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် အိမ်မွေးခွေးနှင့် လမ်းဘေးခွေးများကို ပစ်မှတ်ထားပြီး အစာအဆိပ်ခတ် နေသည့် အုပ်စုများရှိနေကြောင်း စုံစမ်းသိရသည်။ တောင်ကြီးမြို့တွင် အိမ်မွေးခွေးနှင့် လမ်းဘေးခွေးများကို ပစ်မှတ်ထားပြီး ထမင်းကဲ့သို့သော အစားအစာများဖြင့် အဆိပ်ခတ်သည့် ဖြစ်စဉ်သည် နေ့စဉ်နှင့်အမျှ ဖြစ်လာကြောင်း၊ ထိုအဆိပ်ခတ်နေသည့် ပုံစံသည် တူညီမှုများရှိနေသဖြင့် ခွေးများကို ဉီးတည်ပြီး သတ်နေသည့်...

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...