CATEGORY

မှုခင်း

မိုင်းရှူးမြို့ တွင် နေအိမ်တလုံးမီးလောင် အသက် ၆ နှစ် ကလေး သေဆုံး၊ တဦးဒဏ်ရာရ

သျှမ်းပြည် မြောက်ပိုင်း မိုင်းရှူးမြို့နယ်အတွင်းနေအိမ်မီးလောင်မှုကြောင့် ကလေးတဦး သေဆုံးကာ တဦး ဒဏ်ရာရရှိကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၈ ရက်နေ့ ည ၇ နာရီကျော် မိုင်းရှူးမြို့ တောင်ပေါ် (ဝမ်ကန်) ကျေးရွာ တွင် ဖယောင်းတိုင် ထွန်းရာမှ မီး စတင် လောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး...

ချင်းမိုင်ခရိုင်တွင် သျှမ်း ရွှေ့ပြောင်းအလုပ်သမားမိသားစု ၃ ဦး သတ်ခံရ

ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင် ချင်းဒေါင်းဝ် (Chiang Dao) မြို့နယ်အတွင်း အလုပ်လုပ်ကိုင် နေ သည့် ရွှေ့ပြောင်းအလုပ်သမား မိသားစု ၃ ဦး အသတ်ခံရကြောင်း သတင်းရရှိသည်။ အဆိုပါ မိသားစု ၃ ဦး၏ ရုပ်အလောင်းကို ထိုင်းရဲတပ်ဖွဲ့ က ယမန်နေ့  အောက်တိုဘာ ၂၂...

ခေးနင်းကျောင်းထိုင်ဆရာတော် ပစ်သတ်ခံရသည့် ကိစ္စ တအာင်းသံဃာတော်များကန့်ကွက်ရှုံ့ချ

သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့နယ် ခေးနင်းကျောင်းတိုက် ကျောင်းထိုင်ဆရာတော် အား အမည်မသိသေနတ်သမားမှ လုပ်ကြံသတ်ဖြတ်ခဲ့သည့် ကိစ္စ တအာင်း သံဃာတော်များအနေဖြင့် ကန့်ကွက်ရှုံ့ချကြောင်း ထုတ်ပြန်ကြေညာလိုက်သည်။ အောက်တိုဘာလ ၂၁ ရက် မြန်မာနိုင်ငံလုံးဆိုင်ရာ တအာင်းသံဃာတော်များအဖွဲ့ (ဗဟို) က ထုတ်ပြန်ကြေညာခြင်းဖြစ်သည်။ လားရှိုးမြို့နယ် ခေးနင်းကျောင်းတိုက် ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တပညာဇောတ (ဓမ္မာစရိယ)...

ဖခင် အရင်းကို သားဖြစ်သူက ဓါးဖြင့် ထိုးသတ်

သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ် တုံးလည်ကျေးရွာ အုပ်စု တောင်ပို့ ကြီးကျေးရွာတွင် သားဖြစ်သူက ဖခင်ကိုအရက်မူးပြီး ဓါးဖြင့်ထိုးသတ်ခဲ့ကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၂၁ ရက်က အသက် ၃၄ နှစ် အရွယ် သားဖြစ်သူ မောင်ဆန်းမွန်းသည် အရက်သောက်စားပြီး နေအိမ်အပြန် အသက် ၅၅ နှစ်အရွယ်...

မူဆယ်တွင် ကျပ်သိန်း ၁ ထောင်ကျော်တန်ဖိုးရှိ မူးယစ်ဆေးချက်မည့်ကုန်ကြမ်းများဖမ်းဆီးရမိ 

သျှမ်းပြည်မြောက်ပိုင်း တရုတ်-မြန်မာ နယ်စပ် မူဆယ်မြို့နယ်အတွင်း ကျပ်သိန်းပေါင်း ၁ ထောင်ကျော်တန်ဖိုးရှိ ဓာတုဆေးရည်များနှင့် မူးယစ်ဆေး ချက် မည့်ပစ္စည်းများ ဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။ အောက်တိုဘာ ၁၇ ရက်နေ့ မနက် ၁၀ နာရီခန့်က မူဆယ်မြို့ ပန်ခမ်းကျေးရွာ အုပ်စု၊ နောင်ရမ်းကျေးရွာ ရှိ (အသက်...

ကျောက်မဲ DENKO စက်သုံးဆီဆိုင် လက်လုပ်မိုင်းတု ဖြင့် ခြိမ်းခြောက်ခံရ

သျှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲမြို့ DENKO စက်သုံးဆီ ဆိုင်တွင် လက်လုပ်မိုင်း အတု ဖြင့် ခြိမ်းခြောက်ခံရကြောင်း သတင်းရရှိသည်။ ယနေ့ အောက်တိုဘာ ၂၁  ရက် မနက်ပိုင်းတွင် ကျောက်မဲမြို့အဝင် ပြည်ထောင်စု လမ်းမကြီးဘေးရှိ DENKO စက်သုံးဆီဆိုင်တွင် လက်လုပ်မိုင်းအတုဖြင့်ခြိမ်းခြောက်ကာ ငွေကျပ် (၁၀) သိန်းတောင်းခံရန်ကြိုးစားခဲ့ကြောင်း...

လားရှိုးမြို့အနီးကကျေးလက်ကျောင်းထိုင်ဆရာတော်တပါး ပစ်ခတ်ခံရပြီး ပျံလွန်တော်မူ

အောက်တိုဘာ ၂၀ ရက် ၂၀၁၉ ခု ယနေ့ ညနေ ၆ နာရီ ၄၅ မိနစ် သံဃာတော်များ ဘုရား၀တ်ပြုနေစဉ် လက်နက်ကိုင် လူနှစ်ဉီး   ကျောင်းထိုင်ဆရာတော်အား ၀င်ရောက်ပစ်ခတ်ရာ ကျည် ၅ ချက် ထိမှန်ပြီး ပျံလွန်တော်မူ သွားသည်ဟု သိရသည်။ “သံဃာတော်တွေ...

သီပေါမြို့ နယ် လယ်သမား ၂ ဦး လယ်ရေလုရင်း ရိုက်နှိက်မှု ဖြစ်ပွား

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် ပန်ဆင်မ် ကျေးရွာနေ လယ်သမား ၂ ဦးသည် လယ်ယာရေသွင်းရန် ရေလုကြရာမှ အချင်းများပြီး ရိုက်နှိက်သည့် အဆင့်အထိ ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၆ ရက် မနက် ၉ နာရီ တွင် လယ်ချင်းကပ်လျက်ရှိသော အသက် ၆၀...

မြန်မာရဲ ယောင်ဆောင်ပြီး ခိုးဝင်လာသည့် တရုတ်နိုင်ငံသား ၅ ဦး လောက်ကိုင်မြို့တွင်ဖမ်းဆီးရမိ

သျှမ်းပြည် မြောက်ပိုင်း တရုတ်-မြန်မာ နယ်စပ် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့နယ်တွင် မြန်မာရဲ  ယောင်ဆောင်ပြီး ခိုးဝင်လာသည့် တရုတ် နိုင်ငံသား ၅ ဦး ဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။   အောက်တိုဘာ ၁၅ ရက် ညနေပိုင်းတွင် လောက်ကိုင်မြို့ ရွှေဆင်နယ်မြေ အတွင်းသို့ အဆိုပါ တရုတ်နိုင်ငံသား ၅...

လားရှိုးမြို့နယ်တွင် ကျေးလက်အုပ်ချုပ်ရေးမှူး သေနတ်ပစ်ခံရ

သျှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးမြို့နယ် နားကွန်းလုံ ကျေးရွာ အုပ်စု မန်ကောင်းကျေးရွာ၏ ကျေးရွာ အုပ်ချုပ်ရေးမှူးအား အမည်မသိလက်နက်ကိုင်အဖွဲ့က ပစ်ခတ်ခဲ့ကြောင်းသိရသည်။ အောက်တိုဘာ ၁၅ ရက် မနက်ပိုင်းက အသက် ၆၀ အရွယ် မန်ကောင်းကျေးရွာ အုပ်ချုပ်ရေးမှူး( ရွာသူကြီး) ဦးမာကူးအား အ မည်မသိ လက်နက်ကိုင်...

Latest news