Sunday, May 5, 2024

ချင်းမိုင်ခရိုင်တွင် သျှမ်း ရွှေ့ပြောင်းအလုပ်သမားမိသားစု ၃ ဦး သတ်ခံရ

Must read

ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင် ချင်းဒေါင်းဝ် (Chiang Dao) မြို့နယ်အတွင်း အလုပ်လုပ်ကိုင် နေ သည့် ရွှေ့ပြောင်းအလုပ်သမား မိသားစု ၃ ဦး အသတ်ခံရကြောင်း သတင်းရရှိသည်။

Photo by Sai Tai / သတ်ခံရသည့် မိသားစုဝင် ၃ ဦးပုံ

အဆိုပါ မိသားစု ၃ ဦး၏ ရုပ်အလောင်းကို ထိုင်းရဲတပ်ဖွဲ့ က ယမန်နေ့  အောက်တိုဘာ ၂၂ ရက် မနက်ပိုင်းက ချင်းဒေါင်းဝ်  မြို့နယ်အတွင်း စိုက်ပျိုးရေး လုပ်ငန်းလုပ်ကိုင်နေသည့် ၎င်းတို့၏ နေအိမ်  တွင် တွေ့ခဲ့ကြောင်း ချင်းမိုင် တွင် ရွှေ့ပြောင်းအလုပ်သမားများ သာရေးနာရေး ကူညီ ပေးနေသည့် စိုင်းတိုင်း က သျှမ်းသံတော်ဆင့် သို့ပြောသည်။

“ သူတို့မိသားစု ၃ ဦးကို ဓားနဲ့လာခုတ်သွားတာ။  ၃ ဦး စလုံးသေသွားတယ်။ သူတို့ပစ္စည်း တွေလည်း ဘာမှ မကျန်တော့ဘူး။ ဓားပြ လာတိုက်တယ်လို့ပဲ ယူဆရတယ်” ဟု စိုင်းတိုင်းက ဆိုသည်။

Photo by Sai Tai / သတ်ခံရသည့် မိသားစုဝင် ၃ ဦးပုံ

သေဆုံးသွားသည့် အသက် ၄၅ နှစ် ကျော် အရွယ် အမျိုးသား သည် ဦးခေါင်း၊ လက်နှင့်ခန္ဓာကိုယ် ဒဏ်ရာရရှိပြီး၊ အမျိုးသမီး ၂ဦးမှာ ခန္ဓာကိုယ် ဓားထိုး ဒဏ်ရာဖြင့် သေဆုံး ကြောင်း သိရသည်။

“ အသတ်ခံရတဲ့ မိသားစု ၃ ယောက် အနေအေးတယ်။ သူများနဲ့ရန်ဖြစ်တာ မရှိဘူး။ အလုပ်ကြိုးစားတယ်။ ပိုက်ဆံလည်း စုကြတယ်။ ပိုက်ဆံ ရှိတယ်။ ဘာကြောင့် သတ်သွားလဲတော့ မသိဘူး” ဟု သတ်ခံရသည့် မိသားစု ၃ ဦး၏ ဆွေမျိုးများပြောပြချက် အရ သိရသည်။

Photo by Sai Tai / သတ်ခံရသည့် မိသားစုဝင် ၃ဦးပုံ

အသတ်ခံရသည့် မိသားစု ၃ ဦးမှာ အမျိုးသား သည် သျှမ်းပြည်နယ် တောင်ပိုင်း နမ့်စန် ဇာတိဖြစ်ပြီး၊ အမျိုးသမီးသည် လဲချားမြို့ ဇာတိဖြစ်ကာ ထိုင်းနိုင်ငံ ချင်းမိုင် ခရိုင် အတွင်း စိုက်ပျိုးရေးခြံတွင် အလုပ်လုပ်ကိုင်သည်မှာ ကြာခဲ့ပြီ ဖြစ်ကြောင်း လည်း သိရသည်။

ထို သေဆုံးသူမိသားစု ၃ဦး ၏ ရုပ်အလောင်းကို လက်ရှိတွင်ဆွန်ဒေါက်ဆေးရုံ ( Suan Dok) သို့ပို့ဆောင်ထားကြောင်း၊ အသုဘအခမ်းအနားအတွက် ချင်းမိုင်တွင် ရွှေ့ပြောင်းအလုပ်သမားများ သာရေးနာရေး ကူညီ ပေးနေသည့် အဖွဲ့ကကူညီဆောင်ရွက်ပေးကာ ချင်းမိုင်မြို့ ဝပ်ကူတောက်ဘုန်းကြီးကျောင်းတွင်အလှူပြုပေးမည်ဖြစ်ကြောင်း၊  တရားခံများကို ထိုင်းရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေကြောင်း ရွှေ့ပြောင်းအလုပ်သမားများကို ကူညီပေးနေသူများက ပြောသည်။

 

Leave a Comments

- Advertisement -spot_img

Latest article