Thursday, January 29, 2026

ဖခင် အရင်းကို သားဖြစ်သူက ဓါးဖြင့် ထိုးသတ်

သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ် တုံးလည်ကျေးရွာ အုပ်စု တောင်ပို့ ကြီးကျေးရွာတွင် သားဖြစ်သူက ဖခင်ကိုအရက်မူးပြီး ဓါးဖြင့်ထိုးသတ်ခဲ့ကြောင်း သတင်းရရှိသည်။

Photo Credit to Lay Nge ညောင်ရွှေသတင်းစုံ- ဓါးထိုးမှုတရားခံ သားဖြစ်သူ မောင်ဆန်းမွန်း

ဖြစ်စဉ်မှာ အောက်တိုဘာ ၂၁ ရက်က အသက် ၃၄ နှစ် အရွယ် သားဖြစ်သူ မောင်ဆန်းမွန်းသည် အရက်သောက်စားပြီး နေအိမ်အပြန် အသက် ၅၅ နှစ်အရွယ် ဖခင်ဖြစ်သူ ဦးဝင်း နှင့် စကားများ ရာမှ ဖခင်ဖြစ်သူအား ဓါးဖြင့်ထိုးသတ်လိုက်ကြောင်း နမ့်ပန်နယ်မြေ ရဲစခန်းမှူး ရဲအုပ်နေလင်းအောင်က သျှမ်းသံတော်ဆင့် သို့ပြောသည်။

Photo Credit to Lay Nge ညောင်ရွှေသတင်းစုံ- ဓါးထိုးခံရသဖြင့် သေဆုံးသွားသည့် ဖခင်ဖြစ်သူ ဦးဝင်း

“ သားအဖ ၂ ယောက်တည်းနေတယ်။ အမြဲတမ်းရန်ဖြစ်နေကျပါ။ စကားများတော့ ဖခင်ဖြစ်သူက သူ့ရဲ့ညီမ (ဓါးထိုးသူရဲ့ဒေါ်လေး) အိမ်ရှောင်ထွက်သွားတယ်။ ညီမအိမ်ရှေ့ ရောက်တော့ သားက နောက်ကနေ လိုက်လာပြီး ပါလာတဲ့ ဓါးနဲ့ ထိုးလိုက်တာပါ” ဟု ရဲအုပ် နေလင်းအောင် က ရှင်းပြသည်။

သားဖြစ်သူသည် အရိုးအသွား ၁၄ လက်မ ခန့်ရှိဓါးဖြင့် ဖခင်ဖြစ်သူ၏ ရင်ညွန့်ကို ထိုးလိုက်ကာ ဖခင်ဖြစ်သူ ဦးဝင်း အခင်းဖြစ်သည့်နေရာတွင် ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။

လက်ရှိမှာတော့ မောင်ဆန်းမွန်းကို နမ့်ပန်နယ်မြေရဲစခန်းတွင် (ပ)၄၁/၂၀၁၉။ ရာဇသတ်ကြီး ပုဒ်မ ၃၀၂ အရ အမှုဖွင့်အရေးယူထားကြောင်း နမ့်ပန်နယ်မြေစခန်းမှူး ရဲအုပ် နေလင်းအောင် က ပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News